အမှတ်တရ ဖိုးစိန် ဖြစ်တည်ရာ

ဖိုးစိန်ဆိုတဲ့ ကျနော့်ရဲ့ ဖြစ်တည်ရာ မြစ်ဖျားကို သွားမယ်ဆိုရင်......

ငယ်ငယ်က ကျနော် ကျန်းမာရေး ချုချာတဲ့အတွက် မွေးပြီးစကတည်းက ဆေးရုံမှာ အမေနဲ့အတူ ကန်ထရိုက်ဆွဲပြီး ပျော်ပွဲစား(၂)လ ထွက်ရတယ်... သေမလား ရှင်မလားမသိတဲ့ ကျနော့်ကို အဖွားလုပ်သူက ဝိုင်းစောင့်တယ်... သေမလို ရှင်မလို ကျနော်က သတိရတဲ့ အချိန်ကျ လူသံကြားရင် ကိုယ်လေးလှုပ် ခေါင်းလေးလှုပ်တဲ့ အကျင့်လဲရှိလို့ ကျမ်းမာအောင်ဆိုပြီး “ဖိုးထောင်”လို့ နာမည်ပေးခဲ့တယ်... (မွေးကင်းစ ကတည်းက လူသံကြား ခေါင်းထောင်တဲ့သူ ဆိုတော့ နေရာတကာ စပ်စပ်စပ်စပ် ပါချင်တဲ့စိတ်က အဲဒီကတည်းက ရှိတာနေမှာ... တော်သေးတာက ငယ်သေးတော့ ခေါင်းပဲထောင်နိုင်လို့ ဖိုးထောင်လို့ပဲခေါ်တာ... မတွေးရဲစရာ)


ဒီလိုနဲ့ သုံးလပြည့်လို့ ပျော်ပွဲစားကနေ ပါမစ်နဲ့ အိမ်ပြန်တော့ အဖေက နာမည်ပေးဖို့လုပ်တယ်... ဖြစ်ချင်တော့ ကျနော်မွေးတဲ့အချိန် အဖေက ပြည်တွင်း ရေကြောင်းလိုင်းမှာ သဘောင်္သားလုပ်နေတာ... ကျနော့်ကိုလဲ မွေးပြီး တစ်လအတွင်းမှာ စက်ခန်းအုပ် ရာထူးတက်ပြီး သဘောင်္ပြောင်းစီးရတယ်... စီးတဲ့သဘောင်္ နာမည်က “စိန်လျှံ”ဒါနဲ့ အင်္ဂါသား ဖြစ်တဲ့ ကျနော့်ကို သူရာထူးတက်လို့ ပြောင်းစီးတဲ့နာမည်နဲ့ အမှတ်တရ အဖြစ် အဖေ့နာမည်ပါအောင် “စိန်လျှံထွန်း” လို့ပေးခဲ့ပါတယ်... အမေကလဲ သူနာမည်ပါချင်သေးတယ်တဲ့ ပါများပါရင် “စိန်လျှံထွန်းကြူ” များဖြစ်မလားဘဲ... နောက်တစ်ခုက အဖေသဘောင်္ပြောင်းတာကို ကျေးဇူးတင်ရမယ်... ပထမစီးတာက “စိန်ပန်းပြာ”တဲ့... ကံကောင်းတယ်မှတ် နောက်မဟုတ်ရင် အဖွားကြိုက်တဲ့ “ဖိုးထောင်”နာမည်နဲ့ပေါင်းပြီး “စိန်ပန်းထောင်ထွန်းကြူ” ဖြစ်မလားထင်ရတယ်...


နောက်ဆုံတော့ “စိန်လျှံထွန်း” ဆိုတဲ့နာမည်တွင်လာတယ် ဒါပေမယ့် နှစ်ငယ်တဲ့ ဝမ်းကွဲညီ ညီမတွေက စိန်လျှံဆိုတဲ့ နာမည်ခေါ်မထိတော့ “ကိုကြီးစိန်နံနံ” “ကိုကြီးစိန်နီလာ” ဖြစ်လာတယ်ပေါ့...


ဒါပေမယ့် မျောက်ရှုံးအောင် မျက်စိနောက်လွန်းတဲ့ ကျနော့်ကို အဖေကတော့ “မျောက်ဖိုးစိန်” လို့ချစ်စနိုးခေါ်တယ်လေ... များသေားအားဖြင့် “သားစိန်” လို့ခေါ်ပါတယ် အမေလုပ်သူကတော့ ခေါ်လိုက်တိုင်း ရင်ထဲအေးတယ်ဆိုတဲ့ “စိန်” တစ်လုံးထဲကို ခေါ်တယ်လေ... အမေခေါ်တဲ့ “စိန်” ကလည်း ကျနော့်ရင်ကို အေးမြစေပါတယ်... အဖေကအိမ်ပြန်ရောက်ရင် “မိန်းမရေ မျောက်ကြီးဖိုးစိန် နွားထုံမီလေး ဝက်ပေါက်သီရိ ဘယ်မှာပုန်းနေလဲ အဖေတုတ်ပါတယ်” လို့ အိမ်ပြန်ရောက်တိုင်းမေးတဲ့အကျင့်... အိမ်ကညီ ညီမတွေ ကျနော့်ကို စိတ်ဆိုးရင်လဲ အဖေ့သား “မျောက်လောင်းကြီးဖိုးစိန်” ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့... အဲဒီကတည်းက “ဖိုးစိန်” ဆိုတာခေါ်နေခဲ့တာ...


နိုင်ငံခြားဘာသာ တက္ကသိုလ် စတက်တဲ့ အချိန်ကျတော့ ကျနော့်ကို သူငယ်ချင်းတွေက “ဗိုလ်စိန်” ဆိုပြီး နှစ်ဆုံးလို့ ကျောင်းပြီးတဲ့ အထိခေါ်ခဲ့ကြတယ်... ပထမနှစ် အတန်းထဲမှာ အမှတ်တရ စုထုတ်ဖြစ်တဲ့ ကဗျာစာအုပ်အတွက် ကလောင် နာမည်ရွေးတော့ ကျနော် “ဖိုးလျှံ” ဆိုပြီးရေးခဲ့တယ်... ဒါပေမယ့် ကျနော့်ညီမလေးက သူရေးတဲ့ ကဗျာတို စာတိုတွေမှာ “မလျှံ”(မရှန်လို့ထွက်ကြတယ်)ဆိုပြီး နာမည်တပ် ဆိုင်းထိုးတာမြင်တော့ ညီမလေးနဲ့ ဒီနာမည်လေး လိုက်တယ်ဆိုပြီး ညီမလေးမူပိုင် ဖြစ်စေချင်တာနဲ့ ကျနော်လဲ ဒုတိယနှစ် အရောက်မှာ “ဖိုးကြံ” ဆိုပြီးပြောင်းခဲ့တယ် (အကြံအစည်သမားပေါ့) ဒါပေမယ့် သူငယ်ချင်းတွေက “ဖိုးကျန်”(ကျန်ရစ်သူကြီး) ဆိုပြီးစကြတော့ နံမိတ် မကောင်းပါဘူး ဆိုပြီး နာမည် ပြောင်းမလို့လုပ်တယ်... ဒါနဲ့ အဖေ ချစ်လို့စနောက်ပြီး ခေါ်တဲ့ “ဖိုးစိန်” ကိုသဘောကျသွားတယ်...


“ဖိုးစိန်”လို့ ကြားလိုက်မြင်လိုက်ရင် လူတော်တော်များများက “ဇာတ်မင်းသားကြီး ဦးဖိုးစိန်” လို့မြင်မှာဖြစ်သလို တချို့ကြတော့လဲ “မျောက်ဖိုးစိန်” လို့အလိုလိုနေရင်း သိနေကြမှာပါ... ဒါကြောင့် “ဖိုးစိန်” ဆိုတဲ့နာမည်က အားလုံးတွက် အရင်က ဇာတ်မင်းသားကြီးကို သတိတရ ဖြစ်စေမှာဖြစ်သလို ငယ်ငယ်ကတည်းက မျောက်ရှုံးအောင်ဆော့တဲ့ ကျနော်ကို မျောက်လို့နောက်ပြောင် ခေါ်တာလဲ စိတ်ထဲမှာ(ပျော်နေသေးတယ်ထင်တယ်) ဘယ်လိုမှ မနေတဲ့အတွက် ကျနော့် ဂျီမေးလ်ကနေစလို့ “ဖိုးစိန်” လို့နာမည်ပေးခဲ့တယ်... ပထမဆုံး မြန်မာလိုရိုက်တတ်လို့ စရေးတဲ့ပိုစ့်က အဖေ ကျနော်တို့ ညီအကိုကို ငယ်ငယ်လေးကတည်းက အသဲစွဲအောင် ပြောခဲ့တဲ့ ပုံပြင်လေး ဖြစ်သလို အဖေအမြဲတမ်း ပြောစရာဖြစ်တဲ့ ပုံပြင်လေးကို “အဖေပြောသော မျောက်ပုံပြင်” ဆိုပြီးကျနော် “ဖိုးစိန်” ဆိုတဲ့နာမည်နဲ့ စတင်ရေးခဲ့တယ်... ပထမဆုံးရေးတဲ့ ပိုစ့်ကို ပထမဆုံး ကျနော့်ရဲ့ စာဖတ်ပရိတ်သတ် ကဖေဖေနဲ့မေမေ... ဖတ်ပြီးတော့ အမေက ပြုံးလို့ပျော်လို့ အဖေကတော့ ဝမ်းသာတဲ့လေသံနဲ့ မျက်ရည်ဝဲလို့ ဘယ်သူတွေ ဘာပြောပြော ငါ့သားလေးရဲ့ “ဖိုးစိန်” ဆိုတဲ့နာမည်ကို အဖေ အဓိပါယ် ဖွင့်ပေးမယ် ဒီနာမည်လေးနဲ့ အဖေ့သား တသက်လုံး ပျော်ရွင်ပါစေတဲ့...
အဖေဖွင့်ပေးခဲ့တဲ့ အဓိပါယ်က
“ဖိုးစိန်= အဖိုးအနန္တ ထိုက်တန်သော တန်ဖိုးကြီးမားသော လောကဓံကို ကြံကြံခံ နိုင်သော စိန် လို့ခေါ်တဲ့ အဖေ့ရဲ့ချစ်သား”

ကျနော်အရမ်းကို ကျေနပ် သဘောကျ ပီတိဖြစ်ခဲ့ရပါတယ်... အရမ်းကိုလဲပျော်ခဲ့ပါတယ်... အဖေ့ဖွင့်ပေးခဲ့တဲ့ အဓိပါယ်ကြောင့် “ဖိုးစိန်”ဆိုတဲ့ နာမည်လေးကို ပိုမြတ်နိုးလို့ သံယောဇဉ် ဖြစ်ခဲ့ပါတယ်... အမေခေါ်ခေါ်နေတဲ့“စိန်” အဖေခေါ်နေတဲ့“သားစိန်” လို စိတ်ထဲမှာ မြတ်နိုးမိသွားပါတယ်....


အခုဆို ကျနော့်ကိုချစ်တဲ့ ဘလော့ပေါ်က အကိုတွေ အမတွေ ညီတွေ ညီမတွေ သူငယ်ချင်းတွေက

“ဖိုးစိန်လေး”

“ဖိုးစိန်”

“စိန်”

“စိန်စိန်”

“စိန်မျောက်မျောက်လေး”

“မျောက်လေးဖိုးစိန်”

“စိန်ဖိုးရှုပ်လေး”

“ဖိုးရှုပ်”

“ကဖိုးစိန်” (အပျိုကြီးမငုံ)

“ဖွတ်ချိန်”

“ဦးဦးဖွတ်ချိန်” (မက်မက်ပေးခဲ့တဲ့နာမည်)

“ငစိန်လေး”

“ကိုဖိုးစိန်”

“ကိုစိန်”

“ကိုကိုစိန်” (ကိုကိုပိုင် =သက်ပိုင်သူ)

“ကိုကိုဖိုးစိန်”


“ဖိုးသင်းမျောက်” (ချစ်ကိုကြီးထွေးသတိပေးလို့ထပ်ထည့်ထားသည်)


“ဖိုးစိန်လျှံ” (အလျှံအပယ်ချစ်သော ချစ်ကိုကြီးထွေးခေါ်သည်)


“တူစိန်” (ချစ်ကိုကြီးရင်နော် ပေးထားသောနာမည်သစ်)


“ကိုစိန်ကြီး”

“ကိုကြီးစိန်”

ကိုကြီးဖိုးစိန်”

“မောင်” (ဖြူဆိုတဲ့ ကျနော့်ရဲ့ဘလော့ပေါ်ကချစ်သူက လာငိုလို့ ထည့်လိုက်ပါတယ် )


“မိုင်လပ်ဖ်လီးဘရာသား” “ငါ့အစ်ကိုရေ..” တစ်ဦးတည်းသောညီလေးအရဲခေါ်တာ (မိုင်လပ်ဖ်ခေါ်ပြီး မရပ်ဖို့ တဆက်တည်းခေါ်ဖို့ကပြောရသေးတယ် ချစ်ညီကို)




“ဖိုးချစ်” ချစ်သယ်ရင်းကိုကိုနို


“ကိုကြီး ဖိုးပိန်” (ညီလေးပြာ(ခ) ဆရာပြာ(ခ) မောင်မျိုး(ခ) ပျိုသာ ခေါ်ချင်သောနာမည်)

“ကိုစိန်ဖိုးတုတ်” ( ချစ်ညီလေး ကိုကိုပေါ်ပေါ် )

“ကိုစိန်တလုံး” (ညီလေးဝသန်ခေါ်သည်)

“ချစ်ကိုကြီးယောက်ဖ” (ချစ်ညီလေးယောက်ဖ ခွန်ဖ)

ဘယ်လိုခေါ်ခေါ်ပေါ့... ခေါ်လိုက်တဲ့ အခါတိုင်းမှာ ကျနော်ပြန်ထူးနေကြ “ဗျာ” နဲ့အတူ မျက်စိထဲ မိဘနှစ်ပါးကို မြင်ယောင်ပြီး ကျနော်ရင်ထဲက ကြည်နူးပျော်ရွင်မှု ကဘာနဲ့မှ လဲလို့မရအောင် ကျေနပ်ပီတိဖြစ်ရပါတယ်....
ဘဝတစ်သက်စာ အမှတ်တရ ဖြစ်ကျန်နေမှာပါဗျာ...

ချစ်သူငယ်ချင်းကိုနို(ရီနိုမာန်)ရေ ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ... ချစ်သူငယ်ချင်းတက်ဂ် တက်တာကို တလေးတစားရေးပေးတယ်နော့်...


ဒီပိုစ့်လေးနဲ့အတူ ကျနော် ခင်မင်လေးစားရသော မကြီးနော် (မနော်ဟရီ ) ဖြစ်တည်ရာလေးကို သိချင်ပါသေးတယ်
မကြီးနော်ရေ ..မကြီးမအားမှန်း သိပါတယ်.. ဒါပေမယ့် ကျနော် မကြီးရဲ့ နာမည်လေးကို အရမ်းသိချင်ပါတယ်... အခုမကြီးကိုယ်တိုင် ရေးပေးမယ် လို့ဆိုလာတဲ့အတွက် ကျနော် မကြီးနော်ကို ရိုသေလေးစားစွာ တောင်းဆိုပါတယ်
ကျနော် တက်ဂ်တာမဟုတ်ဘူးနော်... ကျနော် သိချင်လို့ပါ ... တက်ဂ်ပို့စ်က သက်သက်ပါဗျ

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

Anonymous said…
အိုင်အမ် 1st !!!!!!!!!!!!!!!!!!!!!!!
Anonymous said…
ပြီးမှ ဖတ်မယ် နေရာ လာဦးတာ .. အဟဲ :D
Anonymous said…
တော်တော်ဆိုးတဲ့ မြေးကလောက် တုတ်ကြီးကြီးနဲ့ ခေါက် .. အဟီး ... ကိုဖိုးစိန်အကြောင်းတော့ သိသွားပြီ ... ကိုဖိုးစိန်ဆိုတာ ... ကျွန်တော့်အထင်တော့ စိန်တကာ့စိန်ထဲမှာ အဖိုးအနန္တ ထိုက်ဆုံး တန်ဖိုးအကြီးဆုံး စိန်ကို ပြောတယ်ထင်တာပဲ .. နော့်နော့် :D
ဖတ်လို့ ကောင်းတယ် ငါ့ညီရေ့...
ဖိုးသင်းမျောက် ဆိုတာတစ်လုံးကျန်ခဲ့သလားလို့ ...

ဖိုးစိန်ဖြစ်တည်ရာဆိုတာ တိရိစ္ဆာန်ဥယျာဉ်ကြီး
လို့ ထင်ထားတာ မဟုတ်ဘူးပေါ...

ဖိုးစိန်လျှံ အလျှံအပယ်ချစ်တဲ့ ချစ်အကိုကြီး
Anonymous said…
အမ်... နေမကောင်းတဲ့ ကြားထဲကထပြီး မန့်တာတောင် တစ်မရဘူနော်။
ဟဟ ငါ့မောင်လေးက ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်တွေအများကြီးနော်။ မကြီးကတော့ မောင်လေး ဖိုးစိန်ပဲခေါ်ပါတယ်။ စကပ် အကြောင်းပြောလို့စိတ်တိုရင်သာ ဖိုးစိန်နော် လို့အော်တာပါနော်။

ချစ်သောမကြီး
မေတ္တာရောင်ပြန်
yehtutnaung said…
အဟား.. ကိုဖိုးစိန်ရေ.. “စိန်ပန်းထောင်ထွန်းကြူ” ဆိုရင် ပိုနာမည်ကြီးမှာ သေချာတယ်..။ :P
ကိုဖိုးစိန် ဖာသားကြီး ဖွင့်ပေးတဲ့ အဓိပ္ပာယ်လေးတော့ တော်တော် အနှစ်သာရ ရှိတယ်ဗျာ။
နဲတဲ့ နာမည် မဟုတ်ဘူး ဟီးးးး သားခေါ်တဲ့ ကိုစိန်ဖိုးတုတ်ကော ဟီးးးး တော်သေးပေါ့ နောက်တမျိုး ပြောင်းပေးမယ်
အဟား ဟား


လေးစားလျက်
တောင်ပေါ်သား
MANORHARY said…
ဖြစ်တည်ရာ ..ကို
လာလေ့လာသွားတယ်....
သိပါဘူး
မြင်းပွဲကရလာတဲ့နာမည်လားလို့..း)
ခုမှ ရှင်းတော့တယ်း)း)
ကိုရဲ said…
ကျေနပ်ဘူး ။ နော်ခေါ်တဲ့နာမည်ပါဘူး ။ ခုပြန်ေ၇းပေးပါ ။ ဒါပဲ ဒါပဲ ။

(အရဲလေး)
ကိုရဲ said…
ကိုနေဒေးသစ် .......... ပထမတဲ့ ကျေနပ်ဖူးးးးးးးးးးး

(ငဂျစ်လေး)
puluque said…
ကိုဖိုးစိန် ပလိန်တိန်တိန်..ဂိန်ဂိန်...
လာနောက်သွားတယ်....
နာမည်တွေ တယ်များသား
ပြောမှ ထပ်ပေါင်း သိလား ကိုစိန်ဖိုးတုတ်
Anonymous said…
ဖိုးစိန်ရေ .... အရေးကြီတာမေ့သွားလို့။ ဘယ်မလဲ (---)ခေါ်တဲ့
စိန်
ချစ်စိန်
စိန်သဲလေး
မော်ငမောင်စိန်လေး
စိန်လျှံလေး
အသည်းတုံးလေးစိန်
ကိုကိုစိန်
ချစ်သည်းအူလေးစိန်

ဟဲဟဲ ဘယ်ရမလဲကွ မကျေနပ်လို့ နောက်တခေါက် ပြန်လာဖွတာ။

ချစ်မကြီး
မေတ္တာရောင်ပြန်
မငုံ said…
နာမည်တွေကတော့ ရှယ်တွေပဲ။။:P
ငါကတော့ ကဖိုးစိန်ပဲနော်
moekhar said…
“ဖိုးစိန်လေး” “ဖိုးစိန်” “စိန်” “စိန်မျောက်မျောက်လေး” “မျောက်လေးဖိုးစိန်” “စိန်ဖိုးရှုပ်လေး” “ဖိုးရှုပ်” “ကဖိုးစိန်” “ဖွတ်ချိန်” “ဦးဦးဖွတ်ချိန်” “ငစိန်လေး” “ကိုဖိုးစိန်” “ကိုစိန်” “ကိုကိုစိန်” “ကိုကိုဖိုးစိန်” “ဖိုးသင်းမျောက်” “ကိုစိန်ကြီး” “ကိုကြီးစိန်” ကိုကြီးဖိုးစိန်” “ဖိုးချစ်” “ကိုစိန်ဖိုးတုတ်” “ချစ်ကိုကြီးယောက်ဖ” အောင်မလေးမောလိုက်တာ .. :P

ကိုကိုစိန် မောင်မောင်စိန် ဒါလင်စိန်ရော မလာသေးဘူးလား .. :P
kiki said…
အံမလေးလေးးးး
အသက်ထွက်ခါနီးဒီနာမယ်တွေ အကုန်ခေါ်ပြီးမှ ထွက်ရမယ်ဆို ဒီလူလဲ ကျွတ်မည်မထင်..
ငါတို့ မောင်ဖိုးစိန် ကတောင် အရင်ကျွတ်မှာ(ပုဆိုး) မြင်ယောင်ရင်းနဲ့ ...
ဒီစိန်တလုံးနဲ့ တင် အတော်ရှုပ်နေတာ..
ဟိဟိ .စိန်စီသောည နဲ့ တွဲလိုက်ရင် အတော်ပွဲကောင်းမည်ဟုထင်။
ကိုဖိုးစိန် ဖြစ်တည်လာတာ ဒီလိုကိုးဗျို့ ...ဟဲဟဲ
နာမည်လေးက တယ်များသကိုးးးးးးးးးးးးးးးးးး
“စည် တကာ စည်ထဲမှာ လူသိအများဆုံးက Lဆိုင်းဇီ”
လို့ ရဲလေး လူရွှင်တော်လုပ်တုန်းက ပြောသလို
“စိန် တကာ စိန် ထဲမှာ တန်ဖိုးအရှိဆုံးက ကိုဖိုးစိန်”
ဖြစ်ပါစေလို့  ကျွန်တော်လည်း အလည်လာတုန်း
ဟစ်သွားပါတရ်...:)

ခင်မင်ခြင်းနှင့်
တလနွန်
JuneOne said…
အားမနာတမ်းပြောရမည်ဆိုလျှင်
ဖိုးစိန်လို့တွေ့တွေ့ချင်း စိန်မျောက်မျောက်ကို မျက်လုံးထဲတန်းမြင်မိတယ်။
တိုကြီးစိန်း.... အဟ နာမည်တွေက မိုက်လှချီလာ.... အဆိပ်လာသွားတယ်.. နော် တိုကြီးစိန်....

ခင်မင်လျှက်
အဆိပ်ခွက်
စိန်
ချစ်စိန်
စိန်သဲလေး
မော်ငမောင်စိန်လေး
စိန်လျှံလေး
အသည်းတုံးလေးစိန်
ကိုကိုစိန်
ချစ်သည်းအူလေးစိန်
ဒါလေးတွေကို ဘီတူခေါ်လဲ ဆိပ်ဆိပ် သိတယ်နော်....

တိုကြီး စိန်း.... အဟဲ..... ဟောကြည့်ရီနေပြီရီနေပြီ.... ရီပါနဲ့....အဲရီပါနဲ့ဆိုရီနေသေးတယ်..အဲဗျာ..ဟော
thetpaingthu said…
ကျွန်တော်က ကိုကိုကျောက်လို့ခေါ်တာပါနော်
ဟီးဟီး
ကိုကိုကျောက် (စိန်မဟုတ်)
:P said…
ဂျွန်ဝမ်းနဲ့ တူတူပဲ
တို့ကတော့ ထောင်ထောင်ပဲခေါ်တယ် မေးကြည့်တော့လဲကြိုက်တယ်တဲ့ ဟီးဟီး အထောင်ရေ နေကောင်းလား
ဖိုးစွန်လေးပါဗျာ..
:P
ကျွန်တော် ခေါ် တဲ့နာမည်
ကိုစိန်တလုံး
ကျန်သေးတယ်
ထပ်ထည့်လိုက်ဦး
း)
ခင်မင်စွာဖြင့်
ချစ်ညီ ၀သန်
“ဖိုးစိန်= အဖိုးအနန္တ ထိုက်တန်သော တန်ဖိုးကြီးမားသော လောကဓံကို ကြံကြံခံ နိုင်သော စိန် လို့ခေါ်တဲ့ အဖေ့ရဲ့ချစ်သား” ..

အနှစ်သာရ ပြည့်ဝလှပါတယ်..
ဘာပဲ ဖြစ်ဖြစ် “ဖိုးစိန်” ဆိုတဲ့ နာမည်က ချစ်ခင်စဖွယ်လေးပါ..

နာမည်တစ်မျိုးထပ်သာတိုးဟေ့..
တူမောင်ကြီးကို ဦးနော်က တစ်မျိုးထူးပြီး ခေါ်မယ်..
“တူစိန်” လို့ တူစိန့် ဖေဖေ အဓိပ္ပါယ် ဖွင်ဆိုသလို ဦးနော်ကလည်း ဖွင့်လိုက်မယ်..

“စိန်ကဲ့သို့ မာကြောသော တူ” လို့..
ကယ် တူမောင်ရေ ထုဖို့သာ ပြင်ထားပေတော့.. လောကဓံကြီး ထုထောင်းခဲ့သမျှကို ပြန်သာထုကွ..။

ချစ်ခင်စွာဖြင့်

ဦးနော်
စိန်ပန်းထောင်ထွန်းကြူ ...
ခေါ်ရတာမောလိုက်တာ...ရေတိုက်ပါဦး....အဲဒီ နာမည်မိုက်ဆုံးဘဲ..
ခင်တဲ့..
ကြယ်ဖြူစင်...
များလိုက်တဲ့နာမည်တွေ...ချစ်တဲ့စိတ်နဲ့ပေးတော့ အားလုံးကောင်းတာပဲ..ဖိုးစိန် ဆိုတဲ့နာမည်က အကောင်းဆုံးပဲ..ကိုဖိုးစိန် အဖေပေးတဲ့ နာမည်မို့လို့
တသက်လုံး စွဲစွဲမြဲမြဲ ရှိစေချင်တယ်...။
Dream said…
စိန်စီသော ဘလော့လေး ပေါ့လေ... များလိုက်တဲ့နာမည်.....

စိန်စီသော နာမည်ရှင် စိန်စီသော ဘလော့လေးမှာ စိန်ပွင့်ထက် တန်ဖိုးအနဂ္ဂ ထိုက်တန်သော သားလေး ဖြစ်ပါစေ...း)
Ree Noe Mann said…
အခုလို တစ်လေးတစ်စား ဂရုတစိုက်နဲ့
ရေးပေးတဲ့ သယ်ရင်းကြီး ဖိုးချစ်ကို
အရမ်းကျေးဇူးတင်ပါတယ်။
ပထမတော့ ကျေးဇူးနဲ့တင်ရပ်မလို့ပါပဲ
ဖိုးချစ်ကို ကြောက်လို့ များများ ထပ်ေ၇းလိုက်ပါတယ်။

အင်းဟုတ်တယ်နော် မကြီးနဲ့ ဖိုးချစ် ကြားမှာ
စကပ်လေး က အမှတ်တရဖြစ်နေတယ်နော်။

အဖေဖွဲ့ ထားတဲ့ ဖိုးစိန်ရဲ့ အနက် ကို “ဖိုးစိန်= အဖိုးအနန္တ ထိုက်တန်သော တန်ဖိုးကြီးမားသော လောကဓံကို ကြံကြံခံ နိုင်သော စိန် လို့ခေါ်တဲ့ အဖေ့ရဲ့ချစ်သား”
ကို ကြိုက်တယ်။

တော်သေးတာပေါ့ မွေးကင်စ ကလေးက ခေါင်းပဲ ထောင်နိုင်လို့ တခြားကော မထောင်ဘူးလား (လက်ညိုး)
ဟဲဟဲ

ခင်မင်လျှက်
ရီနို
ဖြူ said…
မောင်လို့ခေါ်တဲ့ ဖြူကို မေ့နေပြီပေါ့
ဝမ်းနည်းတယ်.ခေါ်တော့ဘူး.. :P
khin oo may said…
ချစ်သူတွေ အများကြီးဘဲ။ အစ်မ..မလိုတော့ဘူး။။။။။။။။။။။။။။။
စိန်ရေ နာမည်တွေ အများကြီးပိုင်ထားတာပဲ၊ ပျော်စရာကြီး:)
မြူးသျှရီ said…
ကိုကြီးဖိုးစိန်းးးးးးးးးးးးးးးးးးးး
နာမည်တွေသထေးပဲနော်
ဒီလောက်အရှည်ကြီးရေးဖို့ 
အချိန်တွေယူနေတာလား
ဒါကြောင့်ပြေားတာပါဆိုနေမှ
ရှဲဒိုးငှါးမယ်လို့ 
WWKM said…
ဖိုးစိန်လေးရဲ့ ဖြစ်တည်ရာလေးကို သဘောတကျ
ဖတ်သွားပါတယ်။ :D
လှလှပြောသလိုပဲ ဖိုးစွန်လေး လို့ ခေါ်ဦးမှပဲ.. အဲ.. ဖိုးစွန်လေး မဟုတ်ဖူး ဖိုးစွံလေး ..း)))))))
အင်း လူချစ်လူခင်တော့များသား ငါ့အကိုတော့
စုံနေတာပဲ နာမည်တွေ
ညီယောက်ဖ ခေါ်တဲ့ နာမည်လည်းပါသေး
ဘာပဲပြောပြောပါ ခုလို အကိုတစ်ယောက်လိုခင်ရ မင်ရ တာ ဝမ်းသာပါတယ် နောက်လည်း ဆွေမျိုးတော်ရမယ်ဆိုတော့ အင်မတန်ဝမ်းသာလိုက်တာ
အမဲရိုးနယ့်ဟင်းအိုးအားမနာလို့ မပြောလိုက်နဲ နော့်
အဟား ကော်နက်ရှင်မကောင်းလို့  ခုတော့နောက်ဆုံးပိတ်အိတ်နဲ့ လွယ်တယ်ဗျာ
နောက်က စပြီးရေရင် နံပါတ်မှာ တစ်ပဲ အဟတ်
ကိုဖိုးချိန် (စကားမပီလို့)း)
“စိန်ပန်းထောင်ထွန်းကြူ” လေး...

စိန် တကာ့စိန်လေး.. လာစိန်သွား..အဲလေ...သူစိန်တာများလို့ ... :-P လာနောက်သွားတယ်...

ခင်တဲ့

နွေး
Maung Myo said…
ဘယ်သူက လာငိုတာ သိပ်မရှင်းလို့း)

ဟိတ် ဟိတ် သင့်ကြောင့် လေးလှိုင်းပေါ်တွင် အနာဟောင်းပြန်ထသည် သတိထားပါ :P

ကျနော်က ကိုကြီး ဖိုးပိန်လို့ခေါ်ချင်တယ် ရလား ???
စိန်စိန်စိန် ပြည်သူ့ အသဲလေး ဖိုးစိန်
အဖိုးထိုက် ကိုဖိုးစိန်ပေပဲ
ပျော်ရွှင်ပါစေဗျာ

ယောက်ဖ မတော်လိုက်ရတဲ့ ညီလေး
ဖိုးဂျယ်
mgnge said…
အကို့ နာမည်တွေ ကအလန်းတွေ ပါလား...။
နာမည်တစ်ခါပြောင်း...ကင်မွန်းတပ် တစ်ခါလုပ်ဆို မွဲ လောက်တယ်..။

ဟာဟာ...။
flowerworld said…
သြော် သြော်သြော် ဟုတ်ပ ဗြဲ :P
အမလေး..ရှည်လိုက်တဲ့ သမိုင်းကြောင်း.. ဒါလေးကလည်း လူကိုမြူးနေတာပဲ..ဖတ်ရတာ..ကိုဖိုးစန်တော်တယ်ဗျာ.. စာရေးတာ

Popular Posts