အမှတ်တရ

ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ဆိုက်ပရပ်စ်သင်္ကြန်ကတော့ ဆိုက်ပရပ်စ်ကမြန်မာတွေပြောစမှတ်ဖြစ်လောက်အောင် အောင်မြင်ပြီးဆုံးသွားခဲ့ပါတယ် ပျော်လဲပျော်ခဲ့ကြပါတယ် အားလုံးသောကျနော့်ရဲ့ကိုကိုမမ ညီညီမလေးများကကြည့်ချင်တယ်ဆိုပြီးပြောနေကြတာ ပထမတော့ ကျနော်လဲမတင်တော့ဘူးလို့ဆုံးဖြတ်ထားတယ် မတင်ဘူးဆိုတာကလည်း အခုလုပ်ထားတဲ့ဗီဒီယိုကွာလတီကိုအရမ်းစိတ်ပျက်လို့လေ အော်ရီဂျင်နယ်ခွေက ကြည့်လို့ကောင်းပါတယ် ရိုက်ကူးပေးတဲ့အကိုတွေ ကူးပေးတော့တခါတည်း ဒီဗွီဒီနဲ့ကူးတော့ ကျနော်ဖြတ်ဆက်လုပ်ရတာအရမ်းကြာတယ် အစကအဆုံးဆိုတော့ နှစ်နာရီနီးပါးလေ ကျနော်လဲအလုပ်ကတစ်ဖက်ဆိုတော့ အဲဒီအတွက်အချိန်မပေးနိုင်ဘူးဖြစ်နေတယ် ဒါနဲ့အဲဒီအခွေကိုအခန်းလေးတွေစုံအောင် ဗွီဒီယိုပြန်ရိုက်ပြီး တင်ပေးလိုက်တာပါ ကွာလတီအရမ်းညံ့ပေမယ့် အကိုအမတွေ ညီတွေညီမတွေ ကြည့်လို့ရအောင်သာတင်ပေးလိုက်ပါတယ် ကိုနေညိုရင့်(နွေမ)လဲကြည့်ချင်မှာပေါ့ သူလဲမကြည့်ရသေးဘူးလေ ကိုနေညို့ဆီသွားလည်ပြီးပေးမလို့ တနင်္ဂနွေတိုင်းကြိုးစားပေမယ့် မဖြစ်ခဲ့ပါဘူး


(ကြည့်စေချင်လို့ပါဗျာ ကွာလတီမကောင်းတာတော့ခွင့်လွတ်ပေးပါနော် ကျနော့်အသံမကြားချင်လဲနားပိတ်ထားလေ)





ကျနော်တို့ရဲ့အစီအစဉ်လေးကိုမနက် (၁၁)နာရီမှစတယ်လေ
ပထမကသင်္ကြန်အကြောင်းကိုသရုပ်ဖော်ပြပေးတယ် ပြီးတော့အဲဒီက ဖာသာတွေ စစ်စတာတွေကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ့လက်အုပ်ချီကန်တော့ခဲ့ကြတယ် ပြီးတော့နီးကိုရှားကသင်္ကြန်မယ်လေးများက သင်္ကြန်မိုးနဲ့ဖွင့်တယ် ပြီးတော့ကျနော်ကရွင်လန်းချမ်းမြေ့ပါစေချင်သီချင်းကိုဆိုပြီး အမတစ်ယောက်ကတယ် ပြီးတော့ရွှေရိုးဒေါ်မိုးအက ညိုမြ ရှာပုံတော်မင်းသားကြီး ကိုနေညို့ဆိုတဲ့နွေမ ကြည်လင်ပါစေသင်္ကြန်ရေ ကျနော်ထပ်ဆိုတဲ့နွေဦးကဗျာ ရေတွေစိုကုန်ပြီးသီချင်းတွေ ပြီးတဲ့နောက်မှာ မြနန္ဒာနဲ့ပိတ်ခဲ့ပါတယ် အဲဒီမှာဖာသာကြီးက နိုင်ငံတော်သီချင်းနားထောင်ချင်တယ်ဆိုလို့ ကျနော့်တိုမြန်မာတော်တော်များများစင်ပေါ်တက်ပြီးကမ္ဘာမကြေကိုဆိုခဲ့ကြတယ် သီချင်းဆုံးတာနဲ့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ကိုကြီးကျော်သီချင်းနဲ့ အကုန်လုံးဒန့်ကြတယ်လေ ဘယ်သူအကဲဆုံးလဲဆိုတာ ကိုနေညို့ကိုမေးလိုက် (ဘယ်သူရှိမလဲ ဖိုးစိန်ပေါ့လို့မျက်နှာနေမျက်နှာထားနဲ့ပြောမှာ)

ပွဲတော်လာသမျှလူအားလုံးကို မြန်မာပြည်ကတကူးတကမှာယူထားတဲ့မုန့်လုံးရေပေါ် လက်ဖက်သုတ် ကြာဇံချက် ဒန်ပေါက် သာကူချက် စုံနေတာပဲ ပြီးတော့ ကာရာအိုကေတွေဆိုကြ စင်ပေါ်မှာဒန့်ကြ မောရင်ရေလိုက်လောင်းနဲ့ဖတ်ဖတ်ကိုမောပြီး ပျော်ရွှင်စွာပြန်လာကြတယ်ပေါ့ အားလုံးလဲမေ့ကြမှာမဟုတ်ပါဘူး

အလုပ်တွေပင်ပန်းနေတဲ့ကြားက ၄ရက်ဆက်တိုက်မအိပ်ပဲလုပ်ပေးခဲ့ရကြိုးနပ်ပါတယ်ဗျာ
ဒီနေရာကနေပြီးအားလုံးအားလုံးသောသူများကိုကျေးဇူးတင်ပါတယ်
(ဓာတ်ပုံတစ်ချို့ကြည့်ချင်ရင်တော့ ကိုနေညို့ဘလော့မှာသွားကြည့်နိုင်ပါတယ်)
ကျနော်ကတော့ (၄)ညဆက်တိုက်မအိပ်ရတဲ့ ကမငှာန်းရုပ်ပေါက်နေတဲ့အတွက် ကိုယ့်ပုံကိုယ်မကြည့်ချင်ဘူး ဒါကြောင့်မတင်ဘူး

စင်ပေါ်မှာဒန့်ကြတာကိုဒုတိယပိုင်းအနေနဲ့ဆက်တင်ပါ့မယ်
ကိုကိုမမ ညီညီမများ ပျော်ရွှင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

ဟဟ.. အဟီး..
ကိုဖိုးစိန်ဒန့်နေတာလေး ကိုပဲတွေ့ချင်တာ..အဟဟ..
လုပ်ပါဦး.. ဒုတိယအတွဲကိုစောင့်နေတယ်..ဗျ။
အဟား အစီအစဉ် တင်ဆက်သူလေးက ဘူလေးလဲ ဘူလေးလဲ ပြောပါ... ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်ပါ


လေးစားလျက်
တောင်ပေါ်သား
thetpaingthu said…
မြန်မြန်လုပ်နော်.. ဒုတိယပိုင်းဖတိကြည့်တယ်.. ဇါတ်ပုံတွေပါတင်ပေး.. ဘယ်အချိန်ကြည်ကြည့် အကိုက လှပီးသား
မြူးသျှရီ said…
ဒုတိယပိုင်းမျှော်နေသည်
Anonymous said…
အင်း ကိုနေညို့ ဘလော့မှာ ဓာတ်ပုံတော့ ကြည့်ခဲ့ပြီးသား .... ကိုးနက်ရှင်က သိပ်မကောင်းလို့ ဗွီဒီယိုကို ဒေါင်းလုပ်ချကြည့်ရတယ် .. နောက်တစ်ပိုင်းလည်း လာထား .. ဒန့်တာလေးမှ လိုချင်တယ် :D
Anonymous said…
ဟဟ ငါ့မောင်လေးက အသံကောင်းတယ်ဝေးးးးးးး ဒုတိယပိုင်း ဒန့်တာလေးကြည့်ချင်တယ် မြန်မြန်တင်ပါနော့်။ အကြွေးတွေ များနေတယ်။ ဇတ်သိမ်းတွေ၊ ဒုတိယပိုင်းတွေနော့်။

ခင်မင်လျှက်
ချစ်မကြီး
မေတ္တာရောင်ပြန်
yehtutnaung said…
ဟီဟီ.. ကြည့်ပဲ ကြည့်ရသေးတယ်။ အသံမကြားရဘူး။ ရုံးရောက်နေတာ။ အိမ်ရောက်မှ တ၀ကြီး ပြန်ကြည့်မယ်။ ကျေးဇူးပါ ကိုဖိုးစိန်ရေ.....။ နောက်နှစ် ဒီထက် ပိုကဲ ကြမယ်ဗျာ။
လူကြီးတွေ ပြောချင်ဘူး အဟတ်
ကြည့်ပြီးအပျော်လေးတွေကူးစက်သွားတယ်
ကြည့်ချင်သေးတယ်နောက်ထက်ပုံလေးတွေကို တင်ပေးပါ
ချစ်ယောက်ဖ ချစ်ကိုကြီးရေ မြန်မြန်လေး နော်သိလား
WWKM said…
ဖိုးစိန်လေး..တချိန်လုံးရွှင်လန်းချမ်းမြေ့ပါစေသီချင်းဆိုနေတာ မမော
ဘူးလား....း)
ဖိုးစိန်တခြား ပုဆိုးတခြားလားလို့.. ဟတ်ဟတ်.
ဖိုးစိန်က ဘောင်းဘီနဲ့ပိုလိုက်တယ်ပြောမလို့ပါ.း)
MANORHARY said…
ှုသီချင်းနားထောင်သွားတယ်း)
မဝါ နေမကောင်းဘူးနော်
တိုးတိုး...း)
မဇနိ said…
ဖိုးစိန်က မင်းသားဟေ့။ အပျိုချောတွေလည်း ချစ်စရာလေးတွေ။ ပထမဆုံးသင်္ကြန်သရုပ်ဖော်လေးကိုလည်း ကြိုက်တယ်။
လာကြည့်သွားတယ် စိန်ရေ၊ ပျော်စရာကြီး
Unknown said…
Hey Man!
Your voice is cool and u r smart (ahummmm).
I'm wanna see the part II as well.
kiki said…
ဇာတ်မင်းသားလေး ဖိုးစိန် ဖိုးစိန် .. ရွှင်လန်းချမ်းမြေ့ ပါစေလေ ။ နောက်နှစ်ဆိုရင်တော့ ခြေသည်းအညှပ်ခံရတဲ့ နေရာမှာ ဝင်ထိုင်ပေရော့ နော ..
အဟက် ..နာ့မောင်လေး.. ဂျစ်လို့ စတာနော့..
အို..ဘာတဲ့ တုန်း . ဖေ့သားကြီးရေ .. နောက်တဗိုက် ..အဲ .. နောက်တပုဒ်..
Ree Noe Mann said…
အဲ့ဒါ ဖိုးစိန် အသံလား ဝါး ထင်တောင်မထင်ဘူး။ အောင်ရင်ဆိုတယ်လို့ မှတ်နေတာ။ ကောင်းတယ် သယ်ရင်းရေ (အသံ)

ကဲနေတာလေးလည်း စောင့်ကြည့်နေတယ်နော်။

ရီနိုမာန်
mgnge said…
ပျော်စရာကြီး... ကို ဖိုးစိန်ပုံ မတွေ့ ဘူးးးးး
Anonymous said…
ဟိ.. ပျော်ဂျာဂျီး.. တားတားလည်းပက်ချင်တယ် ရေ.. ပျော်ခဲ့တယ်ပေါ့ယေ.. နာလိုဘူး.. တားတားမှာတော့ ပျင်းယို့တေတော့မယ်..း(
thondrae said…
ကြိုပြီးခေါ်ရင်လာဖြစ်မယ်ထင်တယ် အကိုလည်း ၀ါသနာပါတယ် mayD တင်တဲ့ သံချက်မှာတချို့ အပိုင်းစလေးတွေ ကအကိုရေးတာလေ သီချင်းဆိုတာလဲဝါသနာပါတယ် ကြုံတဲ့ အခါဆိုပြမယ် အဓိကပြောချင်တာကတော့ မင်းလေးရဲ့ တင်ဆက်မှုပါသိပ်ကောင်းတယ်ကွာဒီလောက်အချိန်လေးအတွင်းမှာဒီလိုတင်ဆက်နိုင်ဘို့ မလွယ်ဘူးလေကိုတိုင်လုပ်ဘူးလို့ ပြောတာ အားပေးပါတယ်ဆက်လုပ်ရဲဘော်
ရွှင်လန်းချမ်းမြေ့ ပါစေ စိန် ..........
အဆိုတော်လုပ်စားရင် ပေါက်လောက်တယ် နော် (ခေါင်းကိုခဲနဲ့ ထုလို့ )
အဟီး စတာပါ
အသံတကယ်ကောင်းတယ်
မုန့် ဝယ်ကျွေး
စလုံး မှာတွေ့ မှကျွေးလဲရတယ်
မှတ်ထားလိုက်ပြီ

ခင်တဲ့
ဝသန်
Dream said…
ဟယ်... ကောင်လေးက ထင်တောင်မထင်ရဘူး..ကြည့်စမ်း... လုပ်စားလို့ရပြိ..... ဘတ်ဘတ် ၀ါးတန်းဆီမှာ ပါမစ် တင်လိုက်တော့.. ဟားဟား

အူးအူးဖွတ်ချိန်က ဆိုတာ တောင် ဒီလောက်ကောင်းတာ.... မဆိုဘဲ နေရင် ပိုတောင်ကောင်းဦးမှာသိလား.. ခစ်ခစ်....

ခင်လို့
မက်မက်

Popular Posts