Wednesday, 13 May 2009

အချစ်ပါရမီ


မျက်စိကိုမှိတ် အသက်ကိုအောက်ပြီး နေရာတစ်ရပ်စာရဖို့ ပါရမီကားပေါ်ကို အတင်းတိုးတက်ရတဲ့ အလေ့အကျင့်ကို ကျွန်မအနေနဲ့ အခုဆို တော်တော်ကျင့်သားရနေပါပြီး. တက္ကသိုလ် စတက်ကတည်းကပင် သူငယ်ချင်းများနှင့် ပါရမီကားကို တိုးဝှေ့စောင့်စီးရတာကို ပျော်ခဲ့သည်မှာ အခုတက္ကသိုလ်မှာ ဆရာမပြန်လုပ်နေချိန်အထိပင်... အခုလည်း ကားပေါ်ကို တွန်းရင်း... တိုက်ရင်းနဲ့ အလိုလို ကားနောက်ပိုင်းကို ရောက်ခဲ့ရသည်

ကျောင်းဆင်းချိန် ရုံးဆင်းချိန် ဖြစ်သောကြောင့် ထိုင်ခုံရဖို့ မမျှော်လင့်ပါ... ရုတ်တရက် ကျွန်မရင်နှီးနေတဲ့ အနံ့အသက်တစ်ခုကို ရလိုက်တော့ ကျွန်မ ပြောမပြ တတ်လောက်အောင် ရင်တွေ ခုန်သွားတာ အမှန်ပင်.. ဟိုဟိုဒီဒီ ရှာပေမယ့် လူတွေ ပိတ်ကျပ်နေတဲ့အတွက် ဘာမှမမြင်...

သေချာတယ်.. ဒါသူ့ရဲ့ရေမွှေးအနံ့.. ကျွန်မတော်တော် ခုန်မင်စွဲလမ်းရတဲ့ သူ့ရဲ့ပင်ကိုအနံ့... နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကျွန်မအနားမှ ပျောက်သွားသော သူ့အငွေ့ကို ကျွန်မသိတယ်.. သူအခုဒီကားမှာ ပါလာတာ ကျိန်းသေတယ်.. သူနဲ့ကျွန်မ စတွေ့တာလဲ ဒီပါရမီကားပေါ်မှာ...

အဲဒီနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စိတ်ကောက်ပြီး အဖော်မပါဘဲ ကားစီးတာ အနံ့အသက်တစ်ခုကြောင့် သူကို သတိထားမိတာလေ သူက ထိုင်ခုံရလို့ အငြိမ့်သားနဲ့.. သူ့အရှေ့မှာ ရပ်မိတဲ့ ကျွန်မကို ပြုံးတောင်မပြုံးသူ့က ရှပ်လက်ရှည်အဖြူ ကချင်ပုဆိုးနဲ့ဆိုတော့ ကျောင်းသားတော့မဖြစ်နိုင်..ဆရာလို့ပြောရအောင်လဲ ရုပ်ရည်က တက္ကသိုလ်ဆရာပုံမပေါက် သူကိုင်ထားတဲ့ဖိုင်တွဲမှာသူ့နာမည်လို့ထင်ရတဲ့ နာမည်အတိုကောက် (N A) သူကိုယ် လှမ်းကြည့်တော့ ဘယ်သူမျက်နှာမှ မကြည့်ချင် မမြင်ချင်တဲ့ ခပ်တည်တည်မျက်နှာ. ဘယ်လိုဘဲဖြစ်ဖြစ် သူကိုဒီပုံစံလေးနဲ့ စွဲလမ်းခဲ့တာပါ....နောက်နေ့တွေမှာလဲ ကျွန်မစီးတဲ့ ကားပေါ်ပါပါလာတယ်....

ဒီလိုနဲ့ ကျွန်မတို့ မျက်လုံးချင်း ရင်နှီး.. ပြီးတော့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...နာမည်နဲ့ လိုက်အောင် တည်ငြိမ်အေးဆေးလွန်းတဲ့ ကိုငြိမ်းအေးနဲ့ ကျွန်မက တခြားစီ... ကျွန်မက ပတ်ဝန်းကျင်ကို ဂရုမစိုက်သလောက် “ကို”က ပတ်ဝန်းကျင်ကို သူ့မိဘလို လေးစားသူ အရာရာကို ဒေါသရှေ့ထားပြီး လုပ်တတ်တဲ့ ကျွန်မကို ပညာတတ်နည်းနဲ့ ဥပေက္ခာပြုတတ်သူ... ကျွန်မ“ကို့”ကိုအရမ်းချစ်သော်လည်း သူကျွန်မကိုချစ်မချစ်ကျွန်မ မသိရလောက်အောင် နေတတ်သူ... အလိုလိုက်ဖို့ ချော့ဖို့ မဆိုထားနဲ့ ကျွန်မလုပ်မိခဲ့သော အမှားတစ်ခုခုကို အမြဲ ထောက်ပြတတ်သူ. ယုတ်စွအဆုံး ပါရမီကားပေါ်မှာ သူကနေရာရထားရင် ပတ်ဝန်းကျင်က ပြောမှာကြောက်ပြီး ချစ်သူဖြစ်တဲ့ ကျွန်မကို နေရာမဖယ်ပေးတတ်သူ အဖြူနဲ့အမဲ လိုဖြစ်နေတဲ့ ကျွန်မတို့နှစ်ယောက်.. တစ်နေ့မှာ ကျွန်မကို နှုတ်မဆက်ဘဲ ကျွန်မဘဝကခွဲခွာခဲ့တဲ့ “ကို” .....

ကျွန်မ”ကို့”ကိုအရမ်းချစ်တယ်...
”ကို့”အတွက် နေ့နေ့ညညအရူးတစ်ယောက်လိုခံစားခဲ့ရတယ်...
ညတိုင်းလိုလိုငိုဖြစ်တဲ့ကျွန်မ...ငိုတိုင်း”ကို့“အတွက်စာတွေရေးဇြစ်တယ်...
”ကို့”အတွက်သောကခံစားရလို့မုန်းမိပေမယ့်...”ကို့”အတွက်အချစ်က ပိုနေတယ်.....


”အမ ဆရာမ” .... ”အမဆရာမ”

ခေါ်သံကြောင့် ကျွန်မအသိတို့ ရုတ်တရက် ပြန်ဝင်လာတယ်...

“အမဆရာမကို ဟိုက အကိုဆရာလေး ခေါ်နေတာကြာပြီး.. အမဆရာမ စိတ်ကူးယဉ် နေတာလား.... ဟီးဟီး.....”ကားစပယ်ရာ ကောင်လေး စကားကြောင့် ပြုံးနေကြတဲ့ သူတွေကိုကြည့်ပြီး ကျွန်မရှက်သွားတယ်.. လှည့်ကြည့်လိုက်တော့ပြုံးစိစိနဲ့ ကျွန်မကို မျက်စနဲ့လှမ်းခေါ်တဲ့ အကြည့်နဲ့“ကို” ကျမပြောမပြ တတ်လောက်အောင် ရင်ထဲကို ချင်သွားလောက်အောင် အရမ်းဝမ်းသာသွားမိတယ်.. ဒီလိုဟိုရွေ့ဒီတိုက်နဲ့ ကို့အနားကို တိုးသွားမိတဲ့ကျမ ”ကို့” အနားရောက်တော့ ထူးထူးဆန်းဆန်း နေရာကထပေးတယ်လေ အံ့သြမင်သက်စွာကြောင် ကြည့်နေတဲ့ကျမကို ”ကို”က အားမလိုအားမရစွာ ကြည့်ရင်း ထိုင်ဖို့ပြောပြန်တယ် ပြီးတော့လဲ “ကို”က ကျွန်မနား တိုးတိုးလေး ကပ်ပြောတော့ ကျွန်မအားရပါးရ ရယ်မောမိတော့တယ်...
“ကို”ပြောလိုက်တာက ”ငါကိုတော်တော် ဒုက္ခပေးတဲ့အချစ်ပါရမီ.... အခုထိ ဒုက္ခကပြီးတယ်လို့ကိုမရှိဘူး”

ကျမပီတိများစွာနဲ့ “ကို့”မျက်နှာလေးကို မျက်ရည်ဝဲသွားလောက်တဲ့ထိ ငေးမောရင်း....


ဖိုးစိန်

25 comments:

အိုက်ခီလောက် said...

ဦးသွားပြီ ဗျာ
ပြီးမှဖတ်မယ်

မငုံ said...

အမ်.ခိလောက်..
ပါရမီကားပေါ်မှာ..လူကျပ်ကျပ်နဲ့များ.တွေ့၇တယ်လို့။
:)) ဖြစ်ရပ်မှန်လား..
ကောင်းတယ်ဗျို့

နေဒေးသစ် said...

ဟောကြည့် မရေးတတ်ဘူး မရေးတတ်ဘူးနဲ့ ရေးချသွားပြန်ပြီ ... မင်းလူးအလား .. တာရာမင်းဝေအလား .. ထင်ယောင်ထင်မှား .. မဟုတ်ပါဘူး တကယ်တော့ သူ ........ ဆိုဒ် ဖိုးစိန် ပါ။
( မှတ်ချက် ... ဆိုဒ် ဖိုးစိန် = ဆိုဒ်ပရပ်စ်မှ ကိုဖိုးစိန် ) :D

အိုက်ခီလောက် said...

အမ် နင်မတွေ့ ဘူးလာ အမ ကိုဖိုးစိန်ပဲလေ
သူ့ ပုံတွေ့ ဖူးလား ပုဆိုးနဲ့ ရှပ်ဖြူနဲ့  အ ပါ့ 
သူ့ ကျောင်းတက်တုန်းက သူ့ ချစ်သူလေ
ဒါကိုပြန်ရေးထားတာ အဟိ
ရမ်းသန်းမှန်းတုပ်ခြင်းသာဖြစ်ပါသည်
ချစ်ကိုဖိုးစိန် သေချာပါတယ်

ဆန်းဦးဇော် said...

အားပါးပါး။ ရီရမှာလား ငိုရမှာလားမသိတောင်ဖြစ်သွားတယ်။ ကောင်းတယ်ဗျာ။
=)

မြူးသျှရီ said...

ကောင်းတယ်ဗျို့ 
အရမ်းကောင်းတယ်
အသုပ်လဲကျွေးမယ်
ဗူးသီးဟင်းချို..ငပိရည်
အားလုံးစားဖို့ သာစောင့်နေနော်

နေညိုရင့် said...

ရန်ကုန် ရောက်ရင် ပါရမီ တက်စီးပြီး ဂိတ်ဆုံးထိ စီးကြည့်ဦးမယ်ဗျာ။ အချစ်ပါရမီ ဖြစ်လဲ နည်းလားဗျာ။ ဟီဟီ ..
ကိုဖိုးစိန်ရေ ဆက်ရေးဗျာ။ အားပေးနေတယ်။

khin oo may said...

သိတ်တော့ဇတ်ရည်မလည်ဘူး ဆက်ရေးဦး

khin oo may said...

ကြို့ကုန်းအကြောင်းဆက်ရေးပါ

ဝသန်မိုး said...

ရင်တွင်းဖြစ်တွေပေါ့
အချစ်ပါရမီ ကားကြီးကို
လွမ်းနေတယ် ထင်တယ်
ကိုဖိုးစိန်တစ်ယောက်း)
ဘလော့ဂ် ပေါ်တောင်
ရောက်လာတယ်
ဆက်ရေး ဗျာ
အားပေးနေတယ်

ဝသန်မိုး

Anonymous said...

အချစ်ပါရမီ...တဲ့
မခင်ဦးမေလိုပါပဲ
ဇာတ်ရည်မလည်ပါဘူး
.................
း)
မနော်

reenoemann said...

သနားပါတရ် ဆရာမ က သူမကို
အလိုမလိုက် ဂရုမစိုက်တာတောင်
ချစ်တယ်ဆိုတော့ ခုလိုနေရာထပေး
လိုက်တယ်ဆိုတော့ ဟာ့ဟာ့ ဟ....
တော်တောာ်လေး ကိုချစ်သွားတော့
မှာပါပဲဗျာ။

ကောင်းတယ် ဖတ်ရတာ ဆက်ကြိုးစားပါ။
အားပေးနေပါတယ်။

ခင်မင်လျှက်
Ree Noe

တလနွန် said...

ပါရမီကားပေါ်က တိုးဝှေ့ ရင်း တွေ့ ခဲ့တဲ့ အချစ်...ဟဟ
ကိုဖိုးစိန် ကျောင်းတက်တုန်းက အဖြစ်အပျက်လား
ဆက်ရန်လေး ဘာလေးများ ဆက်လုပ်ပါလား
ဒီထက် ပိုဖတ်ချင်သေးတယ် ...ကောင်း၏

ခင်မင်ခြင်းနှင့်
တလနွန်

kaungkinpyar said...

နှစ်တွေကြာပီး အနံ့ နဲ့တင် ဘတ်စ်ပေါ်မှာ မှတ်မိနေတာ ကောင်းပ၊

မေတ္တာရောင်ပြန် said...

မောင်လေးဖိုးစိန်က တော်လိုက်တာ။ ကဲပါရမီကားပေါ်က အချစ်ဇတ်လမ်းလေးတော့ ပြီးပြီ။ နောက်တခါ မထသ ကားပေါ်က အချစ်ဇတ်လမ်းလေး ရေးအုံးနော်။ လိုင်းပေါင်စုံပေါ့။ ဟီးဟီ

ကောင်းပါတယ်မောင်လေးရေ။ အားပေးနေမယ့်နော်။

ခင်မင်လျှက်
မကြီ

အဆိပ်ခွက် said...

လာရောက်ခံစားသွားတယ်ဗျ....

ခင်မင်လျှက်
အဆိပ်ခွက်

kiki said...

ကို သုံးတဲ့ရေမွှေးက ဘာတံဆိပ်လဲ ဗျို့  ..၃ နှစ်ကြာတာတောင် အနံ့ မပြယ်သေးတာလား ။ ဒီ ပါရမီ ကားကြီးက ၃နှစ်မှ တခါ ထွက်လို့ လား ။ ဘာကြောင့် မပြောမဆို ကျွန်မကို ခွဲသွားရတာလဲ ။ ကို NA ရေ ။ခုတော့ P.S လို့  နာမယ်ပြောင်းပြီး ဇာတ်မြှုပ်နေတယ်ပေါ့ လေ ..လူဇိုးးးး

WWKM said...

နံပါတ်မှာ ၁၈.း)

အင်းးး မခင်ဦိးမေနဲ့ မနော်ပြောသလိုပဲ လူကြီးတွေက
သိတ်ပြီးဇာတ်ရည် မလည်ဘူး..း)

မြစ်ကျိုးအင်း said...

ဏာလည်း ပါရမီ စီးနေတာပဲ ငါ့ကြတော့ တွေ့ဘူး
တွေ့တော့လည်း ကုန်စိမ်းသည်တွေနဲ့..နေရာဖယ်မပေးဘူး..ရှင်းရှင်းပြောရရင်...ငါကစိတ်ထား ကောင်းတယ် ဒါပေမယ့် လူရွေးတယ်...
ဖိုးစိန်ရေ နောက်တာပါကွာ...ဖတ်တာ အရှိန်လေးရမှ
တုံးတိ ဖြတ်ချလိုက်ရော....။
....ခင်မင်သောအားဖြင့်...

တောင်ပေါ်သား said...

ခုတော့ ဇာတ်ရည်လည်သွားပြီ အဟားးးး တော်တော်ချစ်တတ်တဲ့ ကိုကိုပေါ့နော် ဒီဂလိုကိုးဗျ....


လေးစားလျက်
တောင်ပေါ်သား

မဇနိ said...

အချစ်ပါရမီဖတ်ပြီး ပါရမီကားကိုတောင် သတိရမိသေး။ ဖိုးစိန်လိုတော့ အချစ်မတွေ့ခဲ့ပေါင်။ စွံတဲ့သူများတော့ ဘယ်သွားသွား စွံတယ်ထင်ပါ့။ အဟိ ကိုယ့်တွေ့လို့ မှတ်ယူသွားတယ်။

အိမ် said...

မဟုတ်မှလွဲရော ကို ဆိုတာ ကိုဖိုးစိန်ထင်တယ်
ဟိ....

ဂျပန်ကောင်လေး said...

ဘယ့်နှယ်ကျမတုန်း... ကိုရင်ဖိုးစိန်ရ...

သဇင်ဏီ said...

ဇာတ်လမ်းလေးလှတယ်..
ဇာတ်သိမ်းကိုလည်းကြိုက်တယ်..
အားပေးပါတယ်...

မိုးခါး said...

တညိုးလေးပါလား .. ဧကန်နတော့ ဧကန်နပဲ ဟီးဟီး