ရန်ပွဲသတင်းနှင့် ဖိုးစိန် ခရီးစဉ်

အခုတလော ဘလော့ပေါ်မှာ ကြားရတဲ့ သတင်းတွေက မကောင်း… အဆိုးဆုံးက ပြီးခဲ့တဲ့ တစ်ပတ် စနေ၊ တနင်္ဂနွေက ဖြစ်ပျက်ခဲ့တဲ့ကိစ္စ… ဟိုလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ ဒီကိစ္စက အင်တာနက်ခေတ် ဘလော့သမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ရာဇဝင်တွင်စေတဲ့ ခဲ့တယ်… ဘလော့ရွာတစ်ရွာလုံး (၂၄)နာရီစာမျှ အသံတွေ ဆိတ်သုန်း ဆွံ့အ ရပ်တန့် သွားခဲ့ရတယ်… အကြောင်းအရင်းကို ပေါင်းသင်းပြီး ပြန်ဆန်းစစ်လိုက်ရင်တော့ ဖိုးစိန် စမွှေခဲ့တဲ့ဇာတ်လမ်း ဖြစ်သွားတယ်… စိတ်မကောင်းပါဘူး… ဘလော့တိုင်းပြည်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲစေခဲ့သလို ဖြစ်သွားခဲ့တယ်… ဖိုးစိန်အားလုံးကို တောင်းပန်ပါတယ်… အားလုံးကို ပြေလည်စေချင်ပါတယ်… ဖိုးစိန်အားလုံးကို ချစ်ပါတယ်ဗျာ…. မရည်ရွယ်ပါဘူး… တမင်တကာ အကွက်ကျကျ စီစဉ်ခဲ့တာပါ…

ဖိုးစိန်ဆိုတာ ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တုန်းကလိုပဲနာမည်ကြီးသမိုင်းတွင်ခဲ့တဲ့ ဘုရင်မင်းတရားကြီးတွေလိုပဲ… ခုအင်တာနက်ခေတ် မှာ ဘလော့ဂါတိုင်းပြည်ရဲ့ ဘလော့ဂါများ အသေချစ် အရှင်ချစ် ပိုစိုးပက်စက် မြိုးမြိုးမြက်မြက်ချစ်ရတဲ့ သူ ဆိုတာ ဘလော့တိုင်းပြည်တစ်ခုလုံးသိကြတယ်…

အသားအရည်ဖြူဖြူဖွေးဖွေး ချောမော ပြေပြစ် ချစ်စရာ ရုပ်သွင်နဲ့ စိတ်ရင်းကောင်းလှတဲ့ ဖိုးစိန်က နတ်တော်လ မှာ စကာင်္ပူ မြို့တော်ရှိရာ ကိုအလည်သွားဖို့ သတင်းတစ်ခု ထုတ်ပြန်ခဲ့တယ်… အလည်သွားမယ်ဆိုတဲ့အချိန်က စလို့ ဘလော့လောကမှာ တီးတိုးတီးတိုးနဲ့ တွတ်ထိုးဆူညံ နေရာကနေ တဖြည်းဖြည်း အသံတိတ်တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ရတယ်…

မသိမသာ တိုးတိုးတိတ်တိတ် စကားစစ်တွေခင်းနေကြတယ်… အသံတိတ်တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ရသလို လက်သီးဗုန်းတွေနဲ့ အချင်းချင်းပြစ်သွင်းပြီး တိုက်ခိုက်နေခဲ့ကြရတယ်… ပြီးခဲ့တဲ့ အပတ် ဖြစ်ရပ်က ဘလော့တိုင်းပြည်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားပြီး အဖွဲ့အသီးသီး ကွဲထွက်သွားမတတ်ဖြစ်ခဲ့ရတယ်…

ဇာတ်လမ်းက ဒီလို….

ဖိုးစိန်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ချစ်တဲ့သူနှစ်ယောက် ရှိတယ်… တမြေထဲနေ တရေထဲ သောက်ပြီး ညီအကိုလို နေလာကြတဲ့ မိုးကုတ်သားနဲ့ တောင်ပေါ်သား… ဖိုးစိန် စကာင်္ပူကို အလည်လာမယ် သတင်းရတော့ ဖိုးစိန်ကို ချစ်ကြတဲ့သူ ပီပီ စကာင်္ပူလာရင် ဖိုးစိန်ကို ခေါ်နေဖို့ ကြိုးစားကြတယ်… ပေါ်ပေါ်ကလဲ ချစ်ကိုဆိုပြီး သူနဲ့ နေစေချင်သလို ကိုမောင်ဟန် ကလဲ ချစ်ညီ ဆိုပြီး အနားမှ တဖဝါးမှ မကွာ ထားချင်နေတယ်… အဲဒီ အချိန်ကစပြီး မိုးကုတ်သားနဲ့ တောင်ပေါ်သားတို့က တစ်ယောက်ယောက်နဲ့ တစ်ယောက် တစောင်းနဲ့ မျက်ချီးလိုတဖြည်းဖြည်းချင်း အမြင်မကြည် ဖြစ်လာကြတယ်…

တိုးတိုးတိတ်တိတ်လုပြီး ဖိုးစိန်ကို သူခေါ်နေမယ် ငါခေါ်နေမယ်ဆိုပြီး စကြရာက အကြီးအကျယ် သဘောထားကွဲလွဲပြီး ဖိုးစိန် ကို ဘယ်သူပိုချစ်ကြောင်း ကြိတ်ပြိုင်ခဲ့ကြတယ်… တဖြည်းဖြည်းနဲ့ ပြိုင်ပွဲကြီးက ဖိုးစိန်မလာခင် မှာ ပြင်းထန်လာတယ်… ဘိုဘို မိုးကုတ်သားရဲ့ သူငယ်ချင်းဖြစ်သူ ရွာသားက ဘိုဘို့ဘက်က အမာခံ လက်တုံ့ပြန်ဖို့ သောက်ဖော်သောက်ဖက်တွေ ဖြစ်တဲ့ ကိုသီဟသစ်၊ ကိုရှင်ကြီး၊ ကိုရင်နော်၊ ဖိုးသင်္ကြန်၊ ရီနိုမာန်၊ ကိုလင်းဒီပ စတဲ့ ဗလတောင့်တဲ့သူတွေ စုဆောင်းတယ်..

တောင်ပေါ်သားကလည်း အင်အားတောင့်ပါတယ်… မကြောက်တမ်း တိုက်ပွဲဝင်မဲ့ စည်သူ၊ တလနွန်၊ ရေတမာ၊ သံလွင်ဟီးရိုး၊ ဗီလိန်၊ ဆောင်းချမ်းမိုး စတဲ့ အတွင်းအားသန်သူတွေ ပါဝင်လာရာကနေ သူ့ ဘက်ကိုယ့်ဘက်နဲ့ တစ်စတစ်စကြီးထွားလဲခဲ့ပါတယ်…။

ဒါတင်ဘယ်ကမလဲ…

မိန်းခလေးများဘက်မှာလဲ ပြသနာအကြီးအကျယ်တက်ခဲ့ပါတယ်… အဓိက က မိုးခါးနဲ့ မေလေးတို့ပဲဖြစ်ပါတယ်… မိုးခါးက ကိုဖိုးစိန်လာရင် ရှိတဲ့ဆိုင်မှာ အစားကောင်းတွေ ကျွေးမယ် ပြုစုမယ် ဆိုတာကို မေလေးက လုံးဝ လက်မခံပဲ သူကိုယ်တိုင် ချက်တဲ့ ထမင်းဟင်းကို ချက်ကြွေးမယ်ဆိုပြီး စကားများကြပါတယ်…

မိုးခါးက စကာင်္ပူတနိုင်ငံလုံး လှည့်လည်ပြီး ဘယ်နေရာ ၊ ဘယ်စားသောက်ဆိုင် ဈေးချောင်သလဲ လိုက်ကြည့်နေသလို မေလေးက စကာင်္ပူကိုဝင်သမျှ ကြက်ဥ ၊ဘဲဥ၊ ငုံးဥမကျန် ဒိုင်ခံသိမ်းနေပါတယ်… ဖိုးစိန်လာရင် ဖိုးစိန်ကြိုက်လွန်းတဲ့ ဥကြော်၊ပြုတ်၊သုတ်၊ မလွတ်စေရ ချက်ကျွေးမယ့် မေလေးရဲ့ စေတနာဖြစ်ပါတယ်… ပြီးတော့ လူသုံးယောက်ကိုင် ဓားမကြီး တစ်လက်ကို ဝယ်ထာပြီး ဖိုးစိန်များ မတော်တရော ရှူး ပန်းခဲ့ရင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရေတမာကို ဓားကိုင် ရာထူးတောင် ပေးထားခဲ့ပါတယ်…

မေလေးဘက်က ကောင်းကင်ပြာ၊နွေးနေခြည်၊မေသူ၊ နောင့် စတဲ့ သူတွေက တစ်ဖက် မိုးခါးဘက်က နွေးနွေးသဲမွန်၊ ကြယ်ဖြူစင်၊ ခရေညိုတို့ က တစ်ဖက် စသဖြင့် အဖွဲ့တွေကွဲပြီး ဖိုးစိန်ကိုဧည့်ခံ ပြုစုကျွေးမွေး ရေးအတွက်အပြင်းအထန်တိုက်ပွဲဝင်လာကြပါတယ်…

ဒီလိုတွေ ဖြစ်နေကျတဲ့ အချိန်မှာ ဖိုးစိန်ရဲ့ ချစ်လှစွာသော ချစ်ချစ်ချစ်တဲ့ မောင် ချစ်တဲ့ချစ်ချစ်ရဲ့ ချစ် ဖြစ်သူ မက်မက်က လေချွန်ပြီး ဒူးလေးနန့်နေပါတယ်… လာရင် ဖိုးစိန်ကို ကတုံးတုံး ဘုန်းကြီးပေးဝတ်ဖို့ ကြံစည်ထားတဲ့မက်မက်ရဲ့ အတိုင်ပင်ခံ ဖြစ်နေသူ က အခါတော်ပေး မြရေယဉ် ပါ… မြက လူ့စိတ်ထွက်ပေါက်ကို သိနိုင်သူ ပီပီ ဒီပွဲမှာ ဘယ်သူနိုင် ဘယ်သူရှူံးဆိုတာကို ကြိုမြင်ထားသူမို့ အကြံအဖန်လုပ်ပြီး နှစ်ဖက်ကို ရန်တိုက်ပေးခဲ့တာ မြနဲ့ မက် ဖြစ်ပါတယ်…

ဖိုးစိန်လာမည်ဆိုတဲ့ သတင်းကြားကတည်းက မှန်တင်ခုံ ရှေ့ကနေ မထွက်ပဲ လှအောင် အမျိုးမျိုး ပြင်ဆင် နေတာက ပိုင်ပိုင်… ဖိုးစိန်ကို မြင်ရင် ပြေးနမ်းဖို့ ကြိုးစားရင်း တစ်ယောက်တည်း မှန်တင်ခုံ ရှေ့ က မထနိုင်တော့ပါဘူး… ဖိုးစိန်ကို ဖြတ်လုဖို့ ကြိုတင်ကြံစည်ထားကြသူပါ… အားလုံးက အတွေးတွေ အကြံတွေနဲ့ ဖြစ်နေခဲ့ပြန်တယ်…။

ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် ဘလော့ဂါထဲမှာ အသက်အကြီးဆုံး ဖြစ်တဲ့ အဆိပ်ခွက်က ဦးဆောင်ပြီး စိန်ခေါ်ပွဲကြီးတရပ်ကို စကာင်္ပူနိုင်ငံ ဒိုဗာမှာ ရှိတဲ့ မိုးကုတ်သားအိမ်မှာ (၆.၁၂.၂၀၀၉) တနင်္ဂနွေတွင် ပြုလုပ်ဖို့ တရားဝင်ကြေငြာခဲ့ပြီး အနိုင်ရတဲ့ အဖွဲ့စကားကို ရှုံးတဲ့အဖွဲ့နားထောင်ဖို့ သဘောတူခဲ့ကြပါတယ်… စည်သူက အစီအစဉ်မှုးအဖြစ် ဆောင်ရွက်ပြီး ဘလော့ရွာမှ ခုတစ်လော ပျောက်ဆုံးနေသူ မေတ္တာရောင်ပြန် ကို အဆုံးအဖြတ် မဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်…

ထိုအကြောင်းကို သိရ၍ စိတ်ပူနေသော ဖိုးစိန် ခမျာ စကာင်္ပူ နိုင်ငံသို့ (၃.၁၂.၂၀၀၉) ကြာသာပတေးနေ့ ညနေ(၇)နာရီတွင် လာနာကာ လေဆိပ်မှ ထွက်ခွာလာပြီး (၄.၁၂.၂၀၀၉) သောကြာနေ့ ည (၉)နာရီတွင် စကာင်္ပူနိုင်ငံ ချန်ဂီလေဆိပ် တာမီနယ် (၁)သို့ EK348 လေယာဉ်ဖြင့် ရောက်ရှိလာပြီး ဖြစ်နေတဲ့ ရန်ပွဲကို မီးထိုး (အဲ) ဖြန်ဖြေပေးမှာ ဖြစ်ပါတယ်။ လေဆိပ်တွင် အဖွဲ့နှစ်ဖွဲ့ကွဲပြီး တစောင်းနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက် မဖြစ်စေရန် ဦးရှင်ကြီးမှ ပုလင်းကိုင်းပြီး လေဆိပ်တွင် စောင့်ကျပ်တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တွင် ဖြစ်လာမယ့်ရန်ပွဲအစား ဖိုးစိန်မှ စကာင်္ပူ ဘလော့ဂါများကို မေတ္တာရေအေး တိုက်ကျွေးမှာ ဖြစ်ပါတယ်။ (ခုကတည်းက ရေတွေမှာထားတယ် )။ ညီငယ် ဆောင်းဆောင်းကိုလဲ အမည်ပေး ကင်မွန်းတပ် မွေးနေ့မင်္ဂလာ ဆောင်ပေးမှာ ဖြစ်ပါတယ်။အားလုံးကိုချစ်တဲ့ အတွက် အားလုံးကိုချစ်ပါတယ်။ မရည်ရွယ်ပါဘူး။ အကွက်ကျကျ စီစဉ်ခဲ့တာပါ။ အားလုံးကို တပျော်တပါးကြီး တွေ့ချင်ပါတယ်လို့ ....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


ခုဒီစာကို ဖတ်နေကြတဲ့အချိန်မှာ ဖိုးစိန်လဲ အထုပ်တွေ အပိုးတွေနဲ့ ရွာလည်နေမလား... လေယာဉ်ပေါ်အိပ်ပျော်နေမလားပဲ...



အမှန်တော့ ဒီပိုစ့်က အပျော်သက်သက်ပါ.... ရင်ထဲမှာလဲ တကယ့်ကိုပျော် နေပါတယ်... “ကိုဖိုးစိန်ရေ ကျနော်တို့ လာကြိုမယ်.. ညီမတို့ လာကြိုမယ်... ဘာလုပ်စားမယ်... ဘယ်သွားကြမယ်”ဒီလိုအသံတွေ ကြားရတော့ မျက်ရည်ကျမတတ် ပျော်မိတယ်... ဒီလူတွေက ဒီဘလော့ပေါ်မှာ ရင်းနှီးကြတယ်ဆိုပေမယ့် တခါတလေ စိတ်ချင်းတူတော့ ညီအကိုရင်းတမျှ ချစ်ခင်ရပါတယ်... ဒါကတော့ ဒီဘလော့လေးပေါ်က ရတဲ့ နွေးထွေးမှု သံစဉ်တစ်ခုပေါ့...

ဒီခရီးက ငါးနှစ်တာ ကာလမှာ ပထမဆုံးခရီး ဖြစ်တဲ့ အတွက် အပျော်ရွှင်ဆုံးနဲ့ အမှတ်ရဆုံး အဖြစ်ရင်ထဲ ကျန်ရှိချင်ပါတယ်... ဒါကြောင့် ဒီလိုပိုစ့်တွေ ရေးပြီးတင်နေတာကို စာဖတ်သူများ နားလည်ပေးကြပါ... ဘလော့ပေါ်မှာ စာဖတ်သူအတွက် စာကောင်းရေးချင်ပါတယ်... တတ်သလောက် မှတ်သလောက် ကိုလဲ ချရေးမိပါတယ်... ခုထိ ရေးတတ်သလိုရေးနေတဲ့ အချိန်မှာ ခုလို ညီအကို မောင်နှမတွေဆီက မေတ္တာတွေ ရတဲ့အတွက် စာရေးရကျိုးနပ်ပါတယ်... အခုဆို တကယ်ကို ပျော်နေပါတယ်... ဒီလိုအပျော်တွေကို ကျန်တဲ့ မောင်နှမတွေဆီ ကူးစက်သွားစေချင်တဲ့ ဆန္ဒပါပဲ... မျက်စိနောက်မယ် ဆိုရင်တော့ စိတ်မကောင်းပါဘူး... ခုလို ခရီးထွက်ရတာ ငါးနှစ်တာ ကာလာမှာ ပထမဆုံးထွက်လာရတဲ့ ခရီးမို့ အားလုံးပျော်ရွင်စွာနဲ့ စလို့ ပျော်ရွှင်စွာနဲ့တွေ့ဆုံလို့ အပျော်တွေနဲ့ ပဲ အဆုံးသတ်ချင်ပါတယ်..။

စကာင်္ပူမှာ ညီအကို မောင်နှမတွေ အားလုံး ပျော်ပျော်ရွှင်ရွင်တွေ့ဆုံကြပါစို့လို့ ဆုတောင်းရင်း လေယာဉ်ပေါ်မှာ အိပ်ပြီးစိတ်ကူးယဉ်လာပါတော့မယ်....

Comments

Anonymous said…
စိန်မျောက်မျောက်ကို လူတွေ မျက်စိနောက်တာများ အဆန်းလုပ်လို့ ထည့်ရေးနေသေးတယ်

ပျော်ခဲ့ပါ၊ ကိုယ့်အလှည့်မှာ မနာလို ဝန်တိုစိတ်တွေ အလျဉ်းမရှိပဲ မုဒိတာပွားပါတယ်၊
yehtutnaung said…
ဟိုက်ရှားဘား !!
Sandy said…
အိုး ကိုဂျီးဖိုးစိန်... မနက်ဖြန် ည ကိုး နာရီ ရောက်မယ်ပေါ့လေ
လာတွေ့ ချင်ပါဘိ..
ပျော်ရွှင်ဖွယ်ကောင်းသော ခရီးသွားလေးဖြစ်ပါစေဗျာ။
khin oo may said…
မျက်စေ့တော့နောက်ဦးတော့မှာဘဲ.
စည်သူ said…
ဟီးဟီးဟီး.. ဟားဟားဟား.. ဟိုးဟိုးဟိုး.. တော်တော်ကိုဆိုးတဲ့ ကိုဖိုးစိတ်ပဲ..းP

ဖတ်ရတာလည်း ရီလိုက်ရတာဗျာ..
ရှူးရှူးထွက်မတတ်ပါပဲ..

အင်း.. ဦးရှင်ကြီးကိုပဲ ထိန်းရမလား ဦးရှင်ကြီးကပဲ ပြန်ထိန်းရမလား မသိဘူး..

ပျော်ရွှင်ဖွယ်ခရီး ဖြစ်မှာပါ ကိုဖိုးစိန်ကြီးရေ..
အခုဆို လေယာဉ်ပေါ်ရောက်နေရောပေါ့... ညနေဆို စလုံးရောက်ပြီ... စင်္ကပူနိုင်ငံကြီး မအေးချမ်းတော့ပါလား... ဟိဟိ
ဇော် said…
=D
ဟက်ဟက်ပက်ပက်ကို ပြုံးရီမိသွားတယ် ..
နှစ်ဖက်စလုံးအတွက် ရင်လေးရတယ် ..
ကိုဂျီးစိန်ပဲ ကုန်မလား သူတို့ပဲ ကုန်ကြမလား .. ခိခိ .. =P
:D
ခုလောက်ဆို အိပ်မက်တွေ မက်နေလောက်ပီ :D
ရေတမာ said…
ပန်းရဲ ပန်းကြည့်.........
Moe Cho Thinn said…
ပျော်စရာကြီးးး လာပူးပေါင်းချင်ပါတယ်ဗျို့..
မေလေး said…
အမ်မယ် လုပ်ပုံ
လာခါနီးတောင် မွှေလိုက်သေးးး
ချစ်တရေး မိုးခါးးး တူ့ပေါတာမယုံနဲ့နော်

ရယ်လိုက်ရတာ.. ကိုဖိုးစိန် ရန်ဖြစ်မဲ့ကိုမိုးကုတ်နဲ့တောင်ပေါ်အဖွဲ့ကအင်အားမမျှဘူးဗျိုးးးးးး

ခုချိန်ဆိုလေယာဉ်ပေါ်မှာ ဘေးကဗိုက်ကြီးသည် ကုလားမကြီးနဲ့ ဟိဟိ...
မေဇင် said…
ပျော်စရာကြီး...း))
Mogok Thar said…
မျောက်စုတ်မျောက်နာ...
လာခါနီးတောင် အချင်းချင်းတွေ ရန်ဖြစ်ခိုင်းခဲ့သေးတယ်။

ရှိသမျှ အုန်းသီးတွေ အကုန်စုပီး လေဆိပ်အ၀မှာ စမြင်တာနဲ့ ၀ိုင်းထုကြမယ်။ လာကြိုသူများ အုန်းသီး တစ်ယောက်တစ်လုံး သယ်ခဲ့ကြပါဗျို့။

ဒိုဗာဇာတ်ရုံတော့ ပြိုကျရမဲ့အရေးးးး
တွေးတွေးပီး ရင်လေးမိပါတယ် ငှယ် ငှယ်.....
Thandar said…
ha..ha..ko bo will transform into "U Seit Toh" soon after Phoe Sein arrival. :P
နွေးနေခြည် said…
ဘာစားချင်လဲသာ စာရင်းလုပ်ခဲ့ မေလေး ချက်ကျွေးလိမ့်မယ်..း)
မေလေး said…
နနခခခခခခခခခခခ တေအုန်းမယ်
ကော့မန့်လာဖတ်တာ
အလှူလက်ဖက်နဲ့မျက်နှာလုပ်တဲ့သူနဲ့တိုးနေဒယ်
kaungkinpyar said…
Welcome .....
Welcome....
မမဝါလာကတည်းက မေလေးလက်ရာကောင်းတယ်လို့ နာမယ်ကြီးနေတယ်။ တို့လဲလာချင်တယ်..... ခေါ်ကြဘူး။ :'(
Dream said…
လေချွန်ပြီးဒူးနန့်တာဆိုတော့....ဟင်းဟင်းးဟင်းးးးးးးး


တခုခုတော့ တစ်ခုခုပဲ....:P
နက်ဖြန်လာကြိုမယ်ဗျာ
ဟားဟား....ကျနော်တို့ဘက်က အင်အား
ပိုတောင့်တယ်း)
ပွဲဆက်တွေတော့များလာတော့မယ်ထင်တယ်
ကပ်ထားမှ....ဒါမှ ဟိုလူကျွေး ဒီလူကျွေးနဲ့ဆို
ရင် ထမင်းဖိုးလွတ်မှာ ဟီး
အိန္ဒြာ said…
အစီအစဉ်ဖျက်လိုက်ပြီ..မျောက်ငို...း(
ဝမ်းနည်းဝမ်းသာရမှာလား..ကိုဖိုးစိန်
Sandy said…
ရောက်ပြီပေါ့ အခု 10:30 ရှိနေပြီ =)
မငုံ said…
အင်းးးးးးဒီအချိန်ဆို လေယာဉ်ပေါ်မှာ အိပ်နေပြီ။ အိပ်မက်ထဲမှာ စင်္ကာပူမှာ ဘယ်လို ကရမယ်ဆိုတာ မက်နေလောက်ပေါ့။ :))

ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေ။။။

Popular Posts