ဆန္ဒ နဲ့ အလှူ

အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ...

ဖိုးစိန်ပျော်လားမေးရင်........ အားလုံးက ပြောကြမယ်...။ ဖိုးစိန်ကို အမြင်ကတ်တယ်လို့.......း)


ကျနော် စကာင်္ပူကို ရောက်တဲ့ နှစ်ရက်အတွင်း ဘဝမှာ အရင်က တခါ့ တခါ မှ မမြင်ဖူး မတွေ့ဖူးတဲ့ သူတွေကို နှစ်ပေါင်းများစွာက ပေါင်းသင်းဆက်ဆံလာခဲ့ တဲ့ သူတွေလို တွေ့ဆုံ ကြရတဲ့ ညီအကို မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခွင့် ရတဲ့ အတွက် အရမ်းကို ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ညီအကိုမောင်နှမတွေရဲ့ ကြင်နာစိတ်၊ သနားဂရုဏာစိတ်တွေနဲ့ အချင်းချင်း နောက်ကြ ပြောင်ကြ အော်ကြနဲ့ အရမ်းကို ကျေနပ်ရပါတယ်။ ဇွတ်မှိတ်လာရတဲ့ စကာင်္ပူ ခရီးစဉ်က ကျနော့်အတွက် ထိုက်တန်ပါတယ်။ မောခဲ့သမျှ ဒီမျက်နှာတွေကို မြင်လိုက်ရတဲ့ အချိန်တွင်းမှာ အရမ်းကိုအားတက်ခဲ့ ပျော်ရွှင်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်ကို သနား ချစ်ခင်ကြတဲ့ ညီအကို မောင်နှမများ အားလုံးကို ဒီနေရာက ကျေးဇူးတင်ပါတယ်...။ဒါ့အပြင် ဖုန်းဆက် လှမ်းနှုတ်ဆက်၊ မေးလ်ကနေ တဆင့် ဖုန်းကနေတဆင့် နှုတ်ဆက်ကြသူများကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

ဒီနေ့ ညီအကို မောင်နှမတွေ ဆုံတော့ အတွေးတစ်ခုရတယ်... ကျနော်ကိုယ်တိုင် အရင်ကတည်းက လုပ်ချင်တဲ့ ဆန္ဒတစ်ခုပါ... အဲဒီဆန္ဒကို ထုတ်ပြောပြတော့ အားလုံးက တပြိုင်နက်ထဲ ခေါင်းညိတ်သဘောတူကျတယ်... ဝမ်းသာပီတိဖြစ်ရပါတယ်... အဲဒီ ဆန္ဒက ကျနော် စင်္ကာပူ ရောက်တုန်း ဘလော့ဂါမောင်နှမတွေ ဝိုင်းဝန်းပြီး ကျန်တဲ့သူများပါ အားလုံး ပါဝင်နိုင်မဲ့ အလှူတစ်ခုပါ... ဘုန်းကြီးကျောင်းတစ်ခုမှာ အလှူဆွမ်း၊ နှင့် ကျောင်း အတွက် လိုအပ်သည့် အရာ တစ်ခုခုကို ဆက်ကပ်လှူဒါန်းပြီး အလှူကိုလာတဲ့ ဘလော့ဂါမောင်နှမများ ၊အလှူကိုပါဝင်ကြမယ့် အလှူရှင် များ အပြင် ဘလော့ဂါမဟုတ်သူတွေနဲ့ တခြားဘုန်းကြီးကျောင်းကို လာမည့်သူများ ကို စားဖွယ်သောက်ဖွယ် များဖြင့် ဧည့်ခံ ကျွေးမွေး ဖို့ပဲ ဖြစ်ပါတယ်။ ဒီအလှူကို ရုံးပိတ်ရက် ဒီဇင်ဘာ (၂၅) သောကြာနေ့ (ခရစ္စမတ်နေ့ ) ရုံးပိတ်ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ုဒီအလွဴကို စကာၤပူ မွ ဘေလာ့ဂါမ်ားအၿပင္ စကာၤပူမွ စာဖတ္သူမ်ား၊ စကာၤပူ နိုင်ငံမှ မဟုတ်ပဲ တခြားနိုင်ငံများမှ ဘလော့ဂါများ အလှူရှင်များကို အလှူကုသိုလ် ပါဝင်နိုင်ရအောင် စီစဉ်ထားပါတယ်။ မည်သူမဆို ပါဝင်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်...။ စကာင်္ပူမှ ဘလော့ဂါများ နဲ့ အလှူငွေ မထည့်ဝင်ပေမယ့် ဘုန်းကြီးကျောင်းကို လာရောက်နိုင်ပြီး ကျနော်တို့ ညီအကိုမောင်နှမတွေနဲ့ အတူ မည်သူမဆို အလှူကို လာရောက်နိုင်ပျော်ပါး ပါဝင်ဆင်နွှဲ နိုင်ပါတယ်။

အရင်ဘဝက ရေစက်ကြောင့် ဒီဘဝမှာ ကြုံရဆုံရတယ်..။

ဒီလို အခိုက်အတန့်လေးမှာ စုစုစည်းစည်း အလှူတစ်ခုကို ဖြစ်မြောက်အောင် ကုသိုလ်ပြု လှူဒါန်းချင်တဲ့ ဆန္ဒပါ...။ အားလုံးသိကြတဲ့ အတိုင်း အလှူမလုပ်ပေမယ့် ဒီမောင်နှတွေက အချိန်လစ်ရင် လစ်သလို တွေ့နေရပါတယ်။ အလှူ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကလဲ ကျနော်တို့တွေရဲ့ ချွေးနည်းစာလေးနဲ့ အတူ အမှတ်တရ ကုသိုလ်ပြု လှူဒါန်းချင်တဲ့ ဆန္ဒတွေပါ...။ ဆန္ဒတွေ အားလုံး တထပ်တည်း ကြတဲ့အတွက် ကျေနပ်ပီတိဖြစ်ပါကြောင်းနှင့် နောက်ထပ် ဆန္ဒပြု ကုသိုလ်ပါဝင်ချင်သူများ က ဒီဇင်ဘာလ (၂၀)ရက် နေ့ နောက်ဆုံးထားပြီး BANK ACCOUNT 153726230 POSB သို့ လွှဲပေးနိုင်ပြီး ငွေလွှဲမည့် အကြောင်းနှင့် ငွေလွှဲပြီးကြောင်းကို crazydreamlover@gmail.com သို့ bobohan25@gmail.com သို့ မေးလ်ပို့ နိုင်ပြီး ဖုန်း - ၈၁၁၈၉၁၆၀ (ကိုမိုးကုတ်သား) ၉၀၆၂၃၂၃၉ (ဖိုးစိန်) ၉၆၆၉၂၉၄၆ (မက်မက်) စကာင်္ပူမှာ ရှိတဲ့ နီးစပ်ရာ ဖုန်းနံပါတ်များသို့ အလှူငွေများ ပါဝင်လှူဒါန်းနိုင်ပါသည် ဆိုသည့်အကြောင်း သတင်းကောင်းပါးပါတယ် ခင်ဗျာ။

အားလုံးကိုကျေးဇူးတင်ပါသည်





ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

ခုရောက်ခုရေး... မြန်လိုက်တာ
ပိုက်ပိုက်လွှဲပြီးရင် သတင်းပို့လိုက်ပါ့မယ်


PS ဦးရှင်ကြီးကို အကုန်မဖြိုပါနဲ့ဦးလို့။
ရက်စ် ရက်စ် ရက်စ်
Dream said…
ဘေလာ့ဂ္ဂါသူ ဘေလာ့ဂ္ဂါသားမ်ား သဒၵါတတ္အား နည်းများမဆို လှူနိုင်ပါစေ တန်းနိုင်ပါစေ...

နှောင်နောင်များမှာလဲ ဒီညီအစ်ကို မောင်နှမများနဲ့ ရေစက်ဆုံဆည်းနိုင်ကြပါစေ....း)
yehtutnaung said…
ကောင်းလိုက်တဲ့ အစီအစဉ်ဗျာ.. သာဓု သာဓု သာဓု။
Anonymous said…
ဓါတ်ပုံထဲမှာ ၃ယောက်လှနေတယ်။ ကိုယ့်မျက်စိထဲ ချောတယ်ထင်တဲ့သူ ၃ယောက်ရှိတယ်။ (ကိုဖိုးစိန်မပါ)
Ree Noe Mann said…
ပျော်ပျော်ရွှင်ရွှင် နဲ့ မောင်နှမတွေအားလုံး

စုစုစည်းစည်း အလှူလေးတစ်ခုဖြစ်မြောက်သွားအောင်

ကြိုးစားလိုက်ကြရအောင်ဗျို့ လို့......

ရီနို
WWKM said…
အစီအစဉ်ကောင်းလေးတစ်ခုပါ ဖိုးစိန်ရေ.
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

မကြီးဝါ
Mogok Thar said…
ဖန်သကြိုး

ဦးရှင်ဂျီး မဖြိုခင် ကျနော် ဗိုက်ထဲ သွန်လို့ ကုန်ပြီ။ မပူနဲ့တော့။

;-P

25ရက်နေ့မှာ အလှူပါဝင်ဆင်နွှဲလိုသူများ အကြောင်းကြားပါဗျို့......

ခင်မင်လျက်
မိုးကုတ်သား
ရေတမာ said…
20 ရက်နေ့မတိုင်ခင် လွှဲလိုက်မယ်နော်။ အကိုပျော်တယ်ဆိုတော့ ၀မ်းသာပါတယ်။ ပိတိဖြစ်ရပါတယ်။
Ma Thandar said…
Pls count me in. :-)

Sadhu..Sadhu..Sadhu!
စည်သူ said…
(((((((((((((အားး)))))))))))))
(((((((((((((ဝါးးး))))))))))))))
(((((((((((((ဥငွဲ)))))))))))))))
(((((((((((((ဗြဲ))))))))))))))))...

နာတယ်ကွာ.. စပါတာကတ်လည်း အိရဘူး..
ဥဘိုဘိုကလည်း အကုန် ဟိုဒင်းလိုက်တယ်..
ဖိုးသင်္ကြတောင် မမီလိုက်ဘူး.. အဟင့်(((ဗျစ်စ်))

အရမ်းကို ကောင်းတဲ့ အစီအစဉ်လေးပါဗျာ..
သဒ္ဒါတရား နည်းများမဆို ပါဝင်လှူတမ်းရမှာပေါ့.. ဒါက ရေစက်လေ.. အရင်ကလည်း ဒီလိုလုပ်ခဲ့လို့ ခုလိုပြန်လည်ဆုံတွေ့ကြရတာ..

ဒါပေမယ့် လှူခဲ့တာ နည်းလို့လားမသိဘူး
စပါတာကတ်ရော ဟိုးဒါရော လွတ်သွားတယ်
((((ဗျစ်)))) ((ဗျစ်စ်စ်))..း-)

ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ကြပါစေ..။
စည်သူ။
မေဇင် said…
အစီအစဉ်ကောင်းလေး အတွက် ၀မ်းသာ ပီတိ ဖြစ်ရပါတယ်.. ။ 20 ရက်နေ့မတိုင်ခင် ငွေ လွှဲလိုက်ပါ့မယ်...။
မေလေး said…
ဥစီသူ ဘာမအိရတာလဲ
အနော်လဲမအိလိုက်ရဘူးးး
ပြန်ကွတ်ပေးးး
ဥဘိုလွန်လွန်းးလွန်းးးဒယ်
20 ရက်နေ့မတိုင်ခင်လွှဲလိုက်မယ်နော့်
သတင်းတွေကတော့ရှယ်ပဲ....
ဒီလိုကြုံတုန်းလေးစုပေါင်းပြီးအလှူလောက်ရတာလောက်... ကြည်နူးပီတိဖြစ်စရာမရှိဘူး... တွေးကြည့်လိုက်ရင်..ဟိုးရှေးရှေးဘ၀ကရေစက်တွေပါလာလို့...အခုတနယ်ခြားတွေကနေပြီးလာရောက်ဆုံတွေ့..ပျော်ပါးနိုင်တာလေ.... ရှေ့ဆက်ပြီးပျော်ပျော်ပါးပါးရေစက်ထပ်ဆုံအောင်...၀ိုင်းဝန်းကြိုးစားလိုက်ကြရအောင်ဗျာ....ကိုဖိုးစိန်ကြီးလိုအင်ဆန္ဒပြည့်ပါစေနော...
Dr. Nyan said…
ဓာတ်ပုံထဲကဘော်ဘော်တွေအားလုံးကို
သတိရကြောင်းပြောပြပေးပါဖိုးစိန်ရေ...
ဇော် said…
အားကျတယ်ဗျာ .. သာဓုလို့ခေါ်တာထက် .. စိတ်ထဲမှာ ကြည်နူးခြင်းက အတိုင်းအဆမရှိဖြစ်တည်တယ်။ ဒါဟာလဲ ကုသိုလ်ပဲမို့လား..။ =)
yangonthar said…
ပျော်ရွှင်မှုတွေ ကူးစက်ရပါတယ် အစ်ကိုဖိုးစိန်ရေ ဆက်လက် ပျော်ရွှင်ပါစေ မောင်နှမတွေ အားလုံးလည်း ပျော်ရွှင်ကြပါစေဗျာ
ခင်တဲ့
ညီငယ်
ရန်ကုန်
Anonymous said…
အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ..
ကိုဖိန်စိုးကြီးလဲ မာကလာပင်..
အာလုံးကုသိုလ်ရယူနိုင်ကြပါစေ..

သစ္စာမေတ္တာ
ဆောင်းချမ်းမိုး
ကြယ်ပြာ said…
ကြယ်ပြာလဲ အလှုထဲပါမယ်ဗျိုး ...... ၂၀ ရက်နေ့အမှီငွေလွှဲပါမယ် ....
တတ်နိုင်သလောက် လှူဒါန်းဖို့ ဆုံးဖြတ်ထားတဲ့အတွက်
ခု အလုပ်ကြိုးစားပြီး ပိုက်ဆံစုနေပါတယ်...
အရမ်းကောင်းမွန်တဲ့ အလှူလေးမှာ ပါဝင်ချင်ပါတယ်...

လေးစားလျက်...
ကိုဖိုးစိန်...း(.. မနာလိုဘူးနော်.. ပျော်မနေနဲ့...း)
This comment has been removed by the author.
This comment has been removed by a blog administrator.
နံပါတ် ၁၂ ...

ကိုဆောင်းချမ်းမိုးးး ပါ ..

ဘယ်လို ဖြစ်ပြီး စာရိုက်မှား သွားလဲ သိဘူးး ..
မှားတွားတယ် ... ဆောတီးးး
လှူဒါန်းကြပါမယ်..ကိုဖိုးစိန်..
ပျော်ပျော်ပါးပါးပေါ့ဗျာ..
Ma Thandar said…
ဖိုးစိန်ရေ..ပိုက်ဆံလွှဲလိုက်ပြီ။ ၂၅ရက်နေ့မှာ အစ်မသူငယ်ချင်းအလှူနဲ့ တိုက်နေလို့ လာနိုင်မယ်မထင်ဘူး။ ဖိုးစိန်ရဲ့ဆန္ဒကို တစ်ထောင့်တစ်နေရာက ပါဝင်ဖြည့်ဆည်းခွင့်ရလို့ ၀မ်းမြောက်ရပါတယ်။ :)
Ree Noe Mann said…
မသန္ဒာ

အမရေ အလှူတိုက်လဲ အချိန်ကိုကြည့်ပေးပါအုံး။

လာနိုင်အောင်လာခဲ့ပါအမ။

ဒီမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွင် ပါဝင်ပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။

အလှူနှစ်ခုလုံး လာနိုင်အောင် ကြိုစားပေးပါ အမရေ။

ခင်တဲ့ ရီနို
This comment has been removed by the author.
Ma Thandar said…
ရီနိုရေ...အစ်မကြိုးစားကြည့်ပါ့မယ်။ အာမတော့ မခံရဲဘူး။ အစ်မသူငယ်ချင်းအလှူက စားရုံမဟုတ်ဘဲ အစအဆုံးကူညီပေးရမှာ ဖြစ်နေလို့။

ခင်တဲ့မသန္တာ(သန္ဒာဟုတ်ဘူးနော်) ;-)
Ree Noe Mann said…
မသန္တာ

ဟုတ်ကဲ့ပါ။ တက်နိုင်ရင်တော့ လာခဲ့ပါနော်.

နာမည်မှားပေါင်းလိုက်လို့ ဆောတီးပါ။

မြန်မာလို ကောင်းကောင်းမကျွမ်းလို့ ခုလိုဖြစ်သွားရတာပါ။

ခင်တဲ့ ရီနို

Popular Posts