စဉ်းစားကြည့်ပါ(ကျနော်မှားလား ဆိုတာ)

ကျနော် စကာင်္ပူ ရောက်တာ ဒီနေ့နဲ့ဆို (၄)ရက် ရှိပါပြီး... စကာင်္ပူရောက်တော့ လူတွေ အကြောင်းပိုသိလာတယ်... အကြောင်းသိအောင် ပေါင်းကြည့်ဆိုတဲ့စကား သိပ်မှန်တာပဲ... ခုပြောချင်တဲ့စကားတွေကို စဉ်းစားပြီး ဆုံးဖြတ်ကြပါ... ကျနော်မှားသလားဆိုတာကိုပါ...

ခုပြောမယ့် ပထမဆုံးသော သူက ကိုမိုးကုတ်သား ခေါ် ကိုမောင်ဟန် နဲ့ ပတ်သက်တဲ့အကြောင်းပါ... ကျနော်စကာင်္ပူ မလာခင်က ကိုမိုးကုတ်သားက စကာင်္ပူလာရင် နေရေးစားရေးက အစ သွားရေးလာရေး အစစအရာရာ တာဝန်ယူမယ်လို့ ကတိပေးထားပါတယ်... ကျနော့် အနေနဲ့ဆို RAFFEL HOTEL မှာ တည်းနိုင်တဲ့ အခြေအနေပါ... ဒါပေမယ့် ကျနော့်လို ကောင်က ညီအကိုစိတ်ဓာတ်ရှိပါတယ်.. ဟိုတယ်မှာ တည်းမဲ့ ကိစ္စကို ဖျက်ပြီး ကိုမိုးကုတ်သားကို ငဲ့ညှာသော အားဖြင့် သူတောင်းတောင်းပန်ပန် တောင်းဆိုချက်ကို မျက်စိမှိတ် လိုက်လျှောလိုက်ပါတယ်... ဒါပေမယ့် ကျနော် သူ့အိမ်ကို ရောက်ပြီးတဲ့ နေ့မှာ အကြီးအကျယ်မှားမှန် သိခဲ့ရပါတယ်ခင်ဗျာ...

ကျနော်ရောက်တော့ ကျနော့်မှာ ယူရိုငွေသားတွေပဲ ပါပါတယ်... စကာင်္ပူငွေ မရှိတဲ့အတွက် ကျနော် ကိုမိုးကုတ်သားပိုက်ဆံကိုယူ သုံးပါတယ်... ကျနော်ပိုက်ဆံကို စကာင်္ပူဒေါ်လာ လဲဖို့ အိမ်ကနေကြိုးစားပါတယ်... ဒါပေမယ့် မလဲဖြစ်ခဲ့ပါဘူး... ဒါကြောင့် လိုတဲ့ပိုက်ဆံကို ကိုမိုးကုတ်သား ပိုက်ဆံအိတ်က လိုသလိုယူသုံးမိပါတယ်... ကျနော် သူများပိုက်ဆံသုံးရတာ စိတ်ထဲမကောင်းပါဘူး... ကျနော် အများကြီးလဲ ယူမသုံးပါဘူး... မနက်မိုးလင်းရင် ကျနော် starbucks မှာ ကော်ဖီသောက်ပါတယ်... ကျနော့်တစ်ယောက်တည်း မဟုတ်ပါဘူး... ခင်ခင်မင်မင် ဘလော့ဂါ ညီအကိုတွေကိုခေါ်ပါတယ်... ဘယ်လောက်ကုန်မလဲ... မဟုတ်ဘူးလားဗျာ.... နေ့လည်ဆိုရင် ကိုမိုးကုတ်သား ချက်ပေးရမှာ စိုးရိမ်တာ တစ်ကြောင်း အလုပ်တစ်ဖက်နဲ့ ပင်ပန်းမှာစိုးရိမ်တာ တစ်ကြောင်း ကျနော် ထမင်းဟင်းကို ဟိုတယ်ကနေ မှာစားပါတယ်... TAKE AWAY ပါ... ဒါကလဲ အားနာလို့ပါ... စေတနာပါ... ညနေဆိုရင် တော့ သူနဲ့ နှစ်ယောက်ပေါင်းစားမယ်ဆိုပြီး CITY HALL ကိုလိုက်သွား စားချင်ရာစားပါတယ်... ဘယ်လောက်များကုန်မှာမို့လဲ... ဒါပေမယ့် ကျနော့်ကို အသုံးအဖြုန်းကြီးသူလို့ စွတ်စွဲပြီး ငါးဒေါ်လာကို အိတ်ထဲထည့်ပေးပါတယ်... ကျနော့်မှာ ယူရိုငွေတွေ အများကြီးမှ အများကြီးပါ... လဲဖို့ အခြေအနေ မပေးလို့ မလဲ နိုင်တာ ကျနော်မှားလားးးးးးးးးးးးးး... စဉ်းစားကြည့်ပါ.... ကျနော်မှားသလားးးးးးးးးးးးးးးးးးးးးးးးးးးးးး

နောက်တစ်ခု.... ကျနော်နေဖို့ သီးသန့် ပြင်ထားပေးတယ်တဲ့... ဘလော့ဂါတွေ ကြားမှာ ကိုမိုးကုတ်သား ဂုဏ်ယူ တတ်ပါတယ်... တကယ်တော့ သူက ဟန်ရှိပြီး အဆန်မရှိတဲ့ သူပါ.... သူ့ရဲ့ လှုပ်လီ လှုပ်လဲ ကလေးကုတင်သေးသေးလေးမှာ အပိုခေါင်းအုံးလေး တစ်လုံးထားပေးယုံနဲ့ သူက ကျနော့်အပြည့်အစုံထားသူ လိုဝင့်ကြွားလွန်းပါတယ်... ခင်းပေးတဲ့ အိပ်ယာခင်းက သူချစ်သူ ပြာပြာကို ချစ်လို့လားတော့မသိဘူး... အပြာကိုသုံးထားတာ... နှစ်ပေါင်းများစွာကြာတဲ့ ဒီအပြာက နက်မှောင်တောက်ပြောင်လို့ နေတယ်... (ကြားရတဲ့သတင်းအရ နှစ်နှစ်တာမှာ ကျနော်မလာခင်လျှော်ဖွတ်ထားတာပါတဲ့)... အဲဒီလို နက်ပြာမှောင်နဲ့ နီရဲတွတ် ခေါင်းအုံးစွပ်ကို တွဲပြီး ခေါင်းအုံးသေးသေးလေး တစ်လုံးနဲ့ ကုတင်သေးသေးလေးပေါ်မှာ ကျနော့်ကို ပေးအိပ်ပါတယ်... စဉ်းစားကြည့်ပါ... ကျနော့်လို ပေါ်ပြူလာ တစ်ယောက်အနေနဲ့ ဘယ်လောက် အနေကျပ်သလဲဆိုတာ... ဒီကြားထဲ ကျနော် ညညအိပ်လို့ ယောင်ရင်း ကန်မိတာကို သူက အပြစ်ပြောပါသေးတယ်... ခုတော့ ကျနော်ယောင်ပြီး ကန်လိုက်တဲ့ အရှိန်နဲ့ သူ့နံရိုးတွေ အောင့်နေပါတယ်တဲ့... ကဲ... ကျနော်လူဆိုးမဖြစ်ပေဘူးလား... စဉ်းစားပေးကြပါ... ကျနော်အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်ကို မကြိုက်လို့ ဒီနေ့ စူပါမားကတ်မှာ သူ့ရဲ့ ခရက်ဒစ်ကတ်ကိုယူပြီး တစ်ပတ် တစ်စုံစာနဲ့ ကျနော် ငါးခု အရောင်စုံရွေးခဲ့ပါတယ်... ကျနော် အဲဒါမှားသလားးးးးးးးးးးးးးးးးးး... သူ့ကို ကျနော်ဘာလုပ်မိသလဲ.... ကျနော်သူ့ကို မထိခိုက်ပါဘူး... ခု သူက အဲဒိစိတ်နဲ့ နှလုံးအောင့်နေပါတယ်တဲ့... လူသနားအောင် ပြောတတ်တဲ့သူ့ကို သနားမလား... ကျနော်ကုတင်သေးသေးလေးမှာ ဟိုကန်ဒီကန်နဲ့ နက်ပြာရောင်အိပ်ယာခင်းပေါ်က နီရဲရဲ ခေါင်းအုံးစွပ်ကို အုံးပြီး ကျပ်ကျပ်တည်းတည်း အိပ်ရတဲ့ ကျနော့်ကို သနားမလား.... စဉ်းစားကြည့်ပါ....

ဒါတွေက သူကျနော့်ကို ထားတဲ့ အခြေအနေမှန်ပါ... ကျနော့်ဘဝက သနားစရာကောင်းလှပါတယ်... သူများအိမ်မှာကပ်နေ ကိုယ့်ပိုက်ဆံမထုတ်ပဲ သူများပိုက်ဆံကို ယူသုံးမိနေတဲ့ ဘဝပါ... အားလုံးသိကြပါတယ်... သူမျက်နှာကြည့်ပြီး နေရတဲ့ဘဝပါ... အားလုံးသိပါတယ်... သွားဖို့ လာဖို့ အိတ်ကပ်ထဲ ငါးကျပ်ထည့်ပေးတာပါ... ကျနော်ချစ်တဲ့ ဘလော့ဂါညီ အကို မောင်နှမတွေကို တွေ့ရင် ကျနော့်ခမျာ ကော်ဖီဆိုင်တွေ အအေးဆိုင်ကြီးတွေမှာ အားရပါးရ တိုက်ချင်ပါတယ်... ဒါပေမယ့် ကျနော့်မှာ ငါးကျပ်ပဲ ရှိတဲ့ဘဝပါ... ကျနော့်တိုက်ချင်ပေမယ့် သူ့ မျက်နှာကြည့်နေရလို့ အားလုံးအတွက် စိတ်မကောင်းပါဘူး.... ကျနော်မှားလားးးးးးးးးးးးးးးး

အဆိုးရွားဆုံးက ကိုမိုးကုတ်သားအိမ်မှာ ရေမသောက်ရပါဘူး... ရေကို ကျိုပြီးတိုက်ပါတယ်... မကြိုက်ပါဘူး... ဒါကြောင့် သူ့ပိုက်ဆံအိတ်က အကြွေစေ့တွေယူပြီး ရေဝယ်သောက်တာ ပွစိပွစိ လုပ်ပါတယ်... ရေ အကျိုးဆယ်ပါးပါ... သူကုသိုလ် မယူတတ်ပါဘူး... ကျနော်စိတ်မကောင်းပါဘူး... နောင်အခါ ကိုမိုးကုတ်သားအိမ် လာရင် ကိုယ့်ရေဗူး ကိုယ်ယူလာကြပါလို့... ကပ်စည်းနဲ ကော်တရာ မိုးကုတ်သားပါ....

ရောက်နေတဲ့ လေးရက်အတွင်း အင်ဂျင်နီယာတစ်ဖြစ်တလဲ ကိုမိုးကုတ်သားရဲ့ အကြောင်းတွေကို ပိုပိုသိလာရပါတယ်... ပြီးခဲ့တဲ့ တနင်္ဂနွေက ချက်ပြုတ်စားသောက်ဖို့ ဈေးသွားပါတယ်... စူပါမားကတ် တစ်ခုပါ... အဲဒီမှာ အသားတွေကိုကြိတ်ထားတာ ဝယ်ပါတယ်... ဝယ်တာ သုံးကီလိုပါ... ဒါပေမယ့် ချိန်လိုက်တော့ ၂ ကီလို ကျော်ကျော်ပါ... ပိုက်ဆံရှင်းတော့ နှစ်ကီလို ကျော်ကျော်က ဒေါ်လာ တစ်ရာကျော် ကျနေပါတယ်... ကျနော် အရမ်းအံ့သြ ရပါတယ်... မယုံနိုင်စရာပါ... သေချာအောင် ကိုမိုးကုတ်သားကို ထပ်ခါထပ်ခါမေးတော့ သူက စိတ်နဲ့ တွက်ချက်ပြီး စဉ်းစဉ်းစားစား ခေါင်းတညိတ်ညိတ်နဲ့ ဒီလောက်တော့ ပေးရမှာပေါ့တဲ့... လွယ်လိုက်ပုံများ... ကျနော်မသေချာလို့ ထပ်ချိန်ခိုင်းတော့ တစ်ရာကျော်ကနေ တစ်ဝက်ဆင်းသွားပါတယ်... ဒါပေမယ့် ရေးထားတာ တစ်ကီလိုကို တစ်ဆယ်ကျော်ပါ... ဒီလိုနဲ့ မန်နေဂျာလုပ်သူ ကိုခေါ်ပြီးမေးတော့မှာ သုံးဆယ်ကျော်နဲ့ ဝယ်ခဲ့ရပါတယ်.. အတွက်အချက်ကောင်းပုံများ ကိုမိုးကုတ်သားကို လက်လန်ပါတယ်... သတိထားပါ... သူဆောက်တဲ့ အိမ်မှာနေလို့ကတော့ (၂၀၁၂)ထိ အသက်ရှည်မယ် မထင်ပါဘူးလို့.... မှန်တာပြောတာပါ... ကျနော်မှားသလားးးးးးးးးးးးးးးးးးးးး

ပြောပြန်ရင်လဲ အတင်းဖြစ်ပါဦးမယ်... ဒါပေမယ့် အမှန်ပါ... ခုတစ်လော နုနုလှလှပိုစ့်လေးတွေ တင်တော့ အားလုံးက ကိုဘိုကြီး စာရေးကောင်းတယ်... ကိုဘိုကြီးတော်လိုက်တာ... စာရေးကောင်းတယ်... ဘာတယ်ပေါ့... (ဘယ်လောက်ပြောပြော ဖိုးစိန်ကို မမှီပါဘူး- ဒါက စကားချပ်)... အဲဒါနဲ့ ကိုမိုးကုတ်သားတို့ စာရေးကောင်းတယ်ဆိုပြီး မာန်တွေတက် ဘလော့စပေါ့ ဒေါ့ကွန်းကနေ ဘလော့ဒေါ့ကွန်းဆီကို ပိုက်ဆံတွေ ပေးပြီးချိန်းလိုက်ပါတယ်... ဟောကြည့်... ခုတော့ ဘလော့စပေါ့ဒေါ့ကွန်းက ပျောက်ပြီး ချိတ်ထားတဲ့ လင့်တွေပါ ပျောက်လို့ ရွာလည်နေပါတယ်... သိပ်ပြီး မြှောက်ပြောလို့က မရ... နဂိုကတည်း မြောက်ချင်ချင်... လူစည်အောင် ဝစ်လစ်စလစ် ပို့စ်တွေ... ပန်းဥယျာဉ်ကလေးလိုပိုစ့်တွေနဲ့ ပညာပေးပိုစ့်တွေက ရေးလိုက်သေးတယ်... ရေးတဲ့ပိုစ့်တိုင်း စိတ်မပါလဲ ဖတ်ပေးရတာအမော... ကောင်းတော့ကောင်းပါတယ်... ကောင်းတယ်ပြောလိုက်လို့လဲ ဒေါ့ကွန်းကို ပိုက်ဆံပေးဝယ်တဲ့ အထိ မာန်တွေ တက်သွားတာနေမှာ... ကျနော် အမှန်ပြောပါတယ်... ကျနော်မှားသလားးးးးးးးးးးးးးးးးးးးးးး

လာနေတဲ့ လေးရက်အတွင်း တော်တော်များများ ပို့ပေးပါတယ်... CITY HALL အပေါ်ထပ် အောက်ထပ် ပြောတာပါ... စီးလိုက်ရတဲ့ MRT ဆိုတာလဲ ခေါင်းကိုမူးလို့... ဒါတွေကို ရှောင်ဖို့ ကျနော်က တက်စီဆိုရင် သူ့ ရင်ဘတ်က အောက်ချင်ပြန်တယ်... ကော်ဖီဆိုင်ဆိုရင် သူ့ခေါင်းက မူးချင်ပြန်တယ်... ရေဝယ်သောက်ရင် သူ့ မျက်လုံးတွေ ပြူးလာပါတယ်... အခုတော့ ရုံးမတက်နိုင်လောက်အောင် သူ့ခမျာ ဖျားနေပါတယ်... မသိရင် ဖိုးစိန် တော်တော်ဆိုးတယ် နေမှာပါ... ဖိုးစိန် ပြုစုရပါတယ်... ဖျားနေတဲ့ သူ ပူနေမှာစိုးလို့ ပန်ကာတညလုံးဖွင့် ပေးပါတယ်... သူအိပ်မရမှာစိုးလို့ ကျနော် ကြမ်းပေါ်မှာ လုံချည်လေးခင်းပြီး အိပ်ရပါတယ်... သူ့အကြွေစေ့တွေ အလာဟသ ဖြစ်မှာစိုးလို့ ဖဲကစားဖို့ ယူသုံးပေးပါတယ်... ကျန်းမာရေးနဲ့ ညီညွတ်အောင် ကျနော် သောက်ရေသန့်တွေ ဘူးကြီးဘူးငယ် ဝယ်ပြီး စုဆောင်းထားပါတယ်... အသီးအနှံတွေကို ဈေးကြီးတာမှ ဝယ်ပြီး ကျွေးပါတယ်... စားစေချင်လို့ပါ... သူ့ပိုက်ဆံပေမယ့် ကျနော့်မှာ စေတနာတွေ... အများကြီးပါ.... ဒီစေတနာတွေကို သူဝယ်လို့ မရနိုင်ပါဘူး.... ကိုမိုးကုတ်သားနားမလည်ပါဘူး...


သြော်..လူတွေ... အကြောင်းသိအောင် ပေါင်းကြည့်ဆိုတာ မှန်နေလေရဲ့ဗျာ... ကျနော် သည်းခံပြီး ဆက်နေ နေမှာပါ... ကျနော့်ကို စိတ်မပူကြပါနဲ့... ကျနော် အရမ်းသည်းခံ စိတ်ရှည်ပါတယ်... စိတ်ထဲရှိတာတော့ ပေါ့အောင် ချရေးလိုက်တာပါဗျာ... သူဘယ်လောက် ဆိုးဆိုး... ကျနော် သည်းခံပြီး နေမှာပါ...

နောက်တစ်ယောက် ရှိပါသေးတယ်... ဘလော့ဂါပါပဲ... သူအကြောင်းလဲ ရေးစရာတွေများပါတယ်... ဒါပေမယ့် လောလောဆယ် သူက ကောင်းနေသလိုလို ဖြစ်နေလို့ပါ... ဒါပေမယ့် ရေးပါမယ်... တောင်ပေါ်သားပါ... လူလိမ်လူညာ ကြီး... နောက်ကွယ်တမျိုး လူကြား တမျိုးဆိုတာ ထည့်မပြောချင်ပါဘူး... သူ့ အကြောင်းလဲ ပေါင်းကြည့်မှ သိလိုက်ရပါတယ်လေ... သြော်... ဖိုးစိန်ထိုက်နဲ့ ဖိုးစိန်ကံပေါ့လေ.... ဒါပေမယ့် ရေးမှာဘာာာာာာာာာာာာာာာာာ....

နောက် တစ်ယောက်က ကျနော့်ကို မသိမသာ ဖဲ့သွားတဲ့ ပွဲမင်းသားနာမည်နဲ့ ဆောင်းချမ်းမိုး ဆိုတဲ့ ဘလော့ဂါပါပဲ... သူက ပေါ်ပြူလာ ဖိုးစိန်ကို မကျေနပ်ပုံပေါ်လွင်ပါတယ်... အချက်အလက်စုဆောင်းနေတုန်းမို့ မဖဲ့သေးတာပါ...


ဒီပိုစ့်ကိုတော့ စိတ်မကောင်းခြင်း ကြီးစွာ မျက်ရည်စက်လက်နဲ့ အနားမှာ အသီးစုံတွေ... အအေးတွေ ကို စားသောက်ရင်း ရေးမိတာပဲ.... မီးဖွင့်ပြီး စာရေးတာကို အိပ်မရလို့ အော်နေတဲ့ ကြားက အားငယ်စွာ စာရေးနေရသူပါ.... စဉ်းစားကြပါ... သနားကြပါ... ဖိုးစိန်မှားသလားဆိုတာ.....


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Dream said…
ဘာာာာာာာာာာာာာာာ ကိုပြောင်ဟတ် က မောင်ချစ်တဲ့ချစ်ချစ်ရဲ့ ချစ်ချစ်ချစ်တဲ့မောင် ကို အဲ့လိုငြူစူဒယ်လားးးးးးးးး

ဆင်းခဲ့စမ်းဘာာာာာာ မနေဘာာာနဲ့..... မောင်ချစ်တဲ့ ချစ်ချစ်ရဲ့ ချစ်ချစ်ချစ်တဲ့မောင်လိုလူကိုများ ဘာာာာများမှတ်နေလဲ...ပြောစမ်းဘာာာာာ

ဟိုတယ်မှာ သွားတည်းနိုင်ပါဘာာဒယ် ကိုပြောင်ဟတ်....ဟွန်းးဟွန်းးးး

စိတ်ချမ်းသာအောင် ထားစမ်းဘာာာာာာ

ဟတ်ဟတ်..:P
Dream said…
အဟီးးးးးးးးးးကိုမောင်ဟတ်က ဒါမို့လို့ ဖိုးစိန်ဒီလိုသုံးတာကြောင့် နှလုံးအောင့်ပြီး နေထိုင်မကောင်းဖြစ်လို့ အလုပ်ကနေ
ခွင့်ယူတာာကိုးးး

ဟင်းဟင်းးးတခုခုတော့ တခုခုပဲ...

(မှားလား ...ဒို့နှစ်ဦးချစ်ကြတာ မှားလား...ဘ၀ခြင်းက ဝေးကွာခြား...ဟားးး....)

ဖိုးစိန်က မှားလားဆိုတော့ မက်မက်ကလဲ သီချင်းလေး ဆိုမိသွားပြီ..ဟိဟိ :P
ကိုဖိုးစိန် မမှားပါဘူး.စင်္ကာပူက ကိုမိုးကုတ်သားနဲ့ကျန်တဲ့လေဆိပ်မှာတကူးကတသွားကြိုကြတဲ့ဘလော့ဂါ ညီအကိုမောင်နှမတွေမှားတာပါ..
(သူ့ကို..ဖိတ်မိလို့.....)
yangonthar said…
အစ်ကိုမှားတာတော့ မှားနေတယ် ဘာမှားနေလဲ တော့ သိတော့ဘူးဗျာ :)
ငါးဒေါ်လာကုန်ရင် ယူရိုတွေ ပေးဗျာ ဆယ်ဒေါ်လာ ထည့်ပေးမယ် ..... ဘယ်လိုလဲဗျ ဟဲဟဲ
ပျော်ရွှင်ပါစေဗျာ
ခင်တဲ့ ရန်ကုန်သား
khin oo may said…
ဖတ်ရင်းနဲ့ နပ်တွေ ထွက်လာတယ်။
khin oo may said…
သူစိတ်ချမ်းသာအောင်ထားပိါုမိုးကုတ်သ
WWKM said…
အင်းးးး သူကပဲပြောရသေးတယ်..း))

မိုးကုတ်ကပြောတယ်..
မမ၀ါရေ အခုအိမ်ရှင်းနေရတယ်တဲ့....ဖိုးစိန်ဖွသွားလို့
တဲ့... တော်ကြာ အတူနေသူငယ်ချင်းတွေ မောင်းချခံ
နေရမှာ စိုးလို့တဲ့..
နောက်ပြီးတော့ ပြောသေးတာ သူအပြင်တခါထွက်ခါနီး
ရင် ရေချိုးရတယ် ၊ မိတ်ကပ်လိမ်းရတယ်၊ရေမွှေးဆွတ်
ရတယ် ၊ကေသရတယ် ၊ လက်ပတ်တွေ ခြေပတ်တွေ
ရော ၀တ်နေတာ ၂ နာရီလောက်ကြာတယ်တဲ့..

ဟတ်ဟတ်ဟတ်.. အမြင်ကတ်လို့ ဖိုးစိန်အကြောင်းသိ
နေလို့ ပိုပြောသွားတာ... ဘိုဘိုပြောပြလို့ ရယ်လိုက်ရတာ တအား......း))))))

ပဲများမယ်ဆိုတာ ယုံကြည်ပြီးသား ..
ပျော်ရွှင်ချမ်းမြေ့ပါစေ ဖိုးစိန်ရေ..
PAUK said…
”စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းသည် ဥာဏ်ပညာရှိခြင်းနှင့်မိမိကိုယ်ကိုထိန်းချုပ်တတ်ခြင်း တို့ ဖြင့်စနစ်တကျ ပူးပေါင်းထားခြင်းဖြစ်သည်”


ဘာရယ်မဟုတ်..
ဒီဘလော့အပေါ်ဆုံးမှာရေးထားတာလေးကို
သဘောကျလို့...။။
း).... ကျနော်သာ ကိုမိုးကုတ်နေရာမှာဆို သေသွားမလားပဲ.. အဟီးဟီး...
ဖိုးစိန်ရေ နင်မမှားဘူး အချက်အလက်တွေ ပြည့်စုံတယ်း)
ရက်စက်လိုက်ကြတာ
ခေါ်ပြီး ဒီလိုလုပ်စရာလား
အစတည်းက မခေါ်ရင် မခေါ်နဲ့ပေါ့ :P
ခေါ်ပြီးရင်တော့ တာဝန်ယူသင့်တာပေါ့ .. ခုတော့
ကိုဘိုမျက်နှာ တရွာထင်ပြီး လိုက်လာတာ
ခုတော့ :P
မေလေး said…
ကိုဖိုးစိန်လဲမမှားဘူးး
ကိုဘိုလဲမမှားဘူးးး
ကိုချစ်ဖေမှန်ဒယ်.............ထင်ဒယ်နော့
(ကြောက်ရဒယ် ငါအလှည့်ဘယ်တော့ပါလိမ့်လို့)
းP
မေဇင် said…
ဖတ်နေရင်းနဲ့.......မျက်ရည်တောက်တောက်ကျတယ် (ရီရလွန်းလို့)... အမလေး ကိုဖိုးစိန် ရယ် ဖြစ်မှ ဖြစ်ရလေ....... ဒီလို ဘ၀ မျိုး ရောက်နေရပါလားနော်..။ သနားလိုက်ပါဘိ...(ဦးဘိုကို) ...။
နွေးနေခြည် said…
ဒီလောက်တောင်ဖြစ်လှတာ မနေနဲ့တော့
Raffle hotel ကိုဆင်းခဲ့စမ်းပါ။
ကိုဖိုးစိန်
တော်တော် နှိပ်စက်နေခံနေရတာပဲ
စိတ်မပူနဲ့ ကျွန်တော် Fullerton Hotel ခေါင်းရင်းခန်းမှာ ဘွက်ခ်လုပ်ပေးမယ်။
ဟိုလူကြီးဆီက ခရက်ဒစ်ကဒ်တောင်းလိုက်
ဒီမှာ စိန်စိန် မင်းက ငါ့ကို ဖဲ့ချင်သလား ရပါတယ် ဖဲ့ပါ ချစ်သူခြင်း စကားများတာတွေ ငါမလိုချင်ဘူးနော့် ဒါကြောင့် မင်းဘိုပြောင်နဲ့ တူတူအိပ်နေတာ ငါမပြောတာ ခုမင်းငါ့ကိုဖဲ့ရင် ငါကလဲ စိန်ရဲ့ ဟိုဟာဒီဟာတွေ အကုန်ဖော်မှာ လုပ်လိုက်ပါ

စိန် ကိုယ်တို့ ၂ ယောက် တူတူသွားမယ် ကမ်းခြေကို စိတ်ဆိုးနဲ့း)

လေးစားလျက်
တောင်ပေါ်သား
Pwint Myue Zin said…
ိုဖိုးစိန် မမှားဘူး... ကိုမိုးကုတ်သားမှားတာပါ.. သနားလိုက်တာ.. (ကိုမိုးကုတ်သားကို)
MANORHARY said…
တော်သေးတယ် ခေါင်းကိုက်နေပေလို့
ခေါင်းများမကိုက်ရင် မတွေးဝံ့ဘူး မိုးကုတ်သားဘဝက
အဲ .. ဟုတ်ပါဘူး ဖိုးစိန်ဘဝက ...း)
သိပ်သနားစရာကောင်းတာပဲ ...း(
(ကျေးဇူးပါ ခုလိုနည်းပေးတဲ့အတွက် ..) ...း)
Shangrila Hotel ရှိတယ်လေ
Euro Dollar တွေ မကုန်ဘဲ ဖြစ်မယ်
အမြန်သာ ဆင်းခဲ့ 

စလုံးမှာ ဒီလိုထားတာ တော်တော်ချစ်လို့ နော်
တော်တော် ခင်တဲ့ သူငယ်ချင်းတောင် တခါမှ
အိမ် ကိုမခေါ်ဘူး
ဖတ်ရင်းနဲ့တော်တော်မျက်စိထဲမြင်ယောင်လာတယ်... အနေအစားဒုက္ခရောက်နေတဲ့ကိုဖိုးစိန်ကို....ဟ ဟ ... (သတိ..ဖိုးစိန်နဲ့တွေ့မည့်သူများ...ရှေ့နောက်အနေအထိုင်သတိထားကြပါကုန်...) ယူရိုတွေလဲမလားအကို့..ဈေးကောင်းရမယ်လေ..
Ma Thandar said…
inn.. poor phoe sein!!! :(
Mogok Thar said…
ဖွပါ ဖွပါ
ကိုဖိုးစိန်
ကျန်နေသေးတာတွေ အများကြီး ရှိသေးတယ်လေ....
ဆက်တွေ့ရင် ဆက်သာဖွပါ...
လိမ္မာရွှေသွေး “ဖိုးစိန်လေး” ကို စိတ်မချမ်းသာအောင် ထားမိတဲ့ ကျွန်တော် “မိုးကုတ်သား” သေသင့်ပါတယ်။
Anonymous said…
သူများပြောသွားတာတွေ အရင်ပြန်ကော်ပီဦးမှ.....

"နောက်ပြီးတော့ ပြောသေးတာ သူအပြင်တခါထွက်ခါနီး
ရင် ရေချိုးရတယ် ၊ မိတ်ကပ်လိမ်းရတယ်၊ရေမွှေးဆွတ်
ရတယ် ၊ကေသရတယ် ၊ လက်ပတ်တွေ ခြေပတ်တွေ
ရော ၀တ်နေတာ ၂ နာရီလောက်ကြာတယ်တဲ့"
.........................................

"ဒီမှာ စိန်စိန် မင်းက ငါ့ကို ဖဲ့ချင်သလား ရပါတယ် ဖဲ့ပါ ချစ်သူခြင်း စကားများတာတွေ ငါမလိုချင်ဘူးနော့် ဒါကြောင့် မင်းဘိုပြောင်နဲ့ တူတူအိပ်နေတာ ငါမပြောတာ ခုမင်းငါ့ကိုဖဲ့ရင် ငါကလဲ စိန်ရဲ့ ဟိုဟာဒီဟာတွေ အကုန်ဖော်မှာ လုပ်လိုက်ပါ

စိန် ကိုယ်တို့ ၂ ယောက် တူတူသွားမယ် ကမ်းခြေကို စိတ်ဆိုးနဲ့း)"
..........................................

ဗိုက်အောင့်တယ် ပို့စ်ဖတ်ရတာ။
သနားလည်းသနားတယ်။
မနေနဲ့ ကူးခဲ့ဒီဘက်ကမ်းကို။
ကင်းတဲမှာအကျအနထားမယ်၊ ဟိုတယ်အနောက်ဖက်က အဖီလေးထဲမှာ
သေချာရှယ်ထားမှာ.. လာခဲ့ လာခဲ့လိုက်စမ်းပါ။
ရေတမာ said…
ညှိညှိနှိုင်းနှိုင်း လုပ်ကြပါ အကိုတို့ရယ်။ အခုမှနေတာ တပါတ်တောင် မပြည့်သေးဘူး။ ပိုစ့်တွေ တက်လာတယ်ဆိုတော့။ မကောင်းဘူးလေ။ ဒါပေမယ့် အကိုလွန်တာတခုရှိတယ် မနေ့က ဆံပင်ကိစ္စတော့ အကိုလွန်တယ်းP
yehtutnaung said…
ကိုဖိုးစိန်မှန်လိုက်တာမှ ကိုမိုးကုတ်သားဆီ တက်တက်စင်အောင် မှန်သွားတာကိုး..။
အဟားးးး.. လွှတ်ရီရတယ်ဗျာ..။
မေလေး said…
ဟုတ်တယ် ညကဆံပင်ကိစ္စတော့ လွန်ဒယ်
လုံးဝမခံနိုင်ဘူးးး နာ့အကိုကို လုပ်ဒယ်
ဟိ
:P said…
ဒီပို့စ်ကိုဖတ်ပြီးပြုံးမိတုံး.. မဝါဆီမှာလည်း ဖိုးစိန်သောင်းကျန်းတာတွေမန့်ထားတာတွေ့ရတယ်။

ဖိုးစိန် နာမည်ကြီးနေပါလား... ဟားဟား။

ဖိုးစိန်မှန်ပါတယ်၊ မမှားပါဘူး :P
ဇာတ်ဆရာ.. အသာလုပ်ပါ ဇာတ်ဆရာရယ်..
ကျနော့် မင်းသားလေးကို ပွေးမွေးသလို.. ဟုတ်ပါဘူး.. ပိုးမွေးသလို
တယုတယ ထားပါ.. ဇာတ်ဆရာ ကိုမောင်ဟန်
မင်းသားလေး.. စိတ်မညစ်နဲ့နော်
နော်
နော်
အမ၄းးးးးးသားစိန်ရယ်....မမှားပါဘူးးးးရင်နာတယ် ရင်နာတယ်( ဘို့အတွက်)
မငုံ said…
တခြားမပြောတော့ပါဘူး။ ကိုဘိုဘိုရေ...နောက်ထပ် နှလုံးသွေးဆေးတွေ ထပ်ဆောင်ထားလိုက်ပါ။ ဒါ ဖိုးစိန်အမှားမှမဟုတ်တာ။ :))
ဟီး....ကိုဘိုအတွက်တော့ရင်လေးတယ်း)
ဝေး ဟေး ဟေး ကိုဖိုးစိန်မမှားဘူး ဒီစာလာဖတ်တဲ့သူတွေမှားတာ :D
သုဒြေ္န said…
ဖိုးစိန်(လုံးဝလုံးဝ)မမှားဘူး နံပါတ် (၁)မှားတာမိုးကုတ်သား ဖိုးစိန်ကိုခေါ်မိတဲ့ မိုးကုတ်သားမှားတယ် နံပါတ်(၂)မှားတာကဒီကအကို ဖိုးစိန်ရေးတဲ့ ""စဉ်းစားကြည့် ပါ" (ကျနော်မှားလားဆိုတာ) ကိုဖတ်မိတဲ့ အကို့ အမှား ရီရလွန်းလို့ (ှုး )ထွက်တော့ မယ် ခင်တဲ့  အကို သုဒြေ္န
အိန္ဒြာ said…
မှားတာမိုးကုတ်သား......

ခေါ်ထားမိတာ...

း))
Moe Cho Thinn said…
ကိုမိုးကုတ်သား ဆိုတာကို အရမ်းခင်သွားပြီ။ ;D
PhyoPhyo said…
စဉ်းစားကြည့်တယ်။ ကျနော် မှားဘူး :D
သက်ဝေ said…
ခံစားရတယ် စိန်စိန်ရယ်...
(ရုံးမှာဆိုတော့ ကျိတ်ပြီး ရယ်ရလို့... ခံစားရတယ်... တကယ်ပဲ...)
rose of sharon said…
ဖတ်ပြီးရီလိုက်ရတာ ဖိုးစိန်ရယ်... :D
khin oo may said…
ပြန်ဖတ်တယ် အသစ်လိုဘဲ..ဖတ်လို့ကောင်းတုံးဘဲ။

Popular Posts