စိတ် နှင့် ရောဂါ

ကျွန်တော် သိတတ်စအရွယ်ကတည်းက ခေါင်းကိုက်တတ်တဲ့ ရောဂါရှိတယ်။ မေမေ ပြောသလိုဆို ဝဋ်နာကံနာပေါ့။ ခေါင်းက များသော အားဖြင့် ညာဘက် အခြမ်းက စကိုက်ပါတယ်။ ခေါင်းစကိုက်တော့ပြီ ဆိုရင် ညာဘက် နားထင်က သွေးကြောတွေ သိသိသာသာ ဖောင်းလာပါတယ်။ မျက်နှာက အမ်းလာတယ်။ မျက်လုံးတွေ နီမြန်းလာတတ်ပါတယ်။ နည်းနည်းကြာရင်တော့ ညာဘက် အခြမ်းက ခေါင်းထဲမှာ အပ်နဲ့ ထိုးသလို တစ်ဆစ်ဆစ်နဲ့ ကိုက်ခဲနေရင်းနဲ့ ဘယ်ဘက်အခြမ်းနာကျင်ပြီး ကိုက်ခဲနေပါတယ်။ သွေးကြောကနေ တစ်ဆစ်ဆစ် ကိုက်နေတဲ့အတွက် ခေါင်းကိုက်လာပြီးဆိုရင် နံရံလို နေရာမျိုးမှာ ခေါင်းကို ဖိကပ်ပြီးထားရတတ်တယ်။ တခါတရံ ကိုက်ခဲတာ မခံနိုင်ရင်တော့ နံရံနဲ့ ဆောက်လေ့ ရှိတတ်တယ်။ ခံရခက်တယ်။ ဖြစ်လာပြီးဆိုရင် နှစ်ရက်၊ သုံးရက် ရက်ရှည်ဖြစ်တတ်တယ်။

ခေါင်းစကိုက်နေပြီးဆိုရင် စိတ်တွေ ပြောင်းလဲသွားတယ်။ စိတ်တိုတယ်။ ဒေါသတွေ ဖြစ်တယ်။ ကိုယ့်ကို ကောင်းတာပြောနေရင်တောင် စိတ်ထဲ သိပ်မကြည်ဘူး။ အဲဒါကြောင့် ခေါင်းကိုက်လာရင် တစ်ယောက်တည်း နေချင်တဲ့စိတ်ဖြစ်မိတယ်။ ဘာကြောင့်လဲ ဆိုရင် အမှားပါတတ်လို့ပါ။ ပင်ကိုယ် စိတ်ကိုက ထစ်ခနဲဆို တစ်ခုခု လုပ်လိုက်မယ်ဆိုတာ ချည်းပဲ။ ပြီးရင် ဒေါသနောက် လိုက်တတ်တယ်။ ခေါင်းကိုက်တဲ့ အချိန်ဆို ပိုဆိုးပြန်တယ်။ ဒါကြောင့် စိတ်ကို အတတ်နိုင်ဆုံး ပျော့ပျောင်းအောင် နေတယ်။ စိတ်ကို အမြဲလျှော့ထားမိတယ်။ ဘာကြောင့် လျှော့လျှော့၊ ခေါင်းကိုက်တဲ့ အချိန်ဆိုရင်တော့ စိတ်တိုမြဲ၊ ဒေါသထွက်လွယ်မြဲပါပဲ။

ကျွန်တော်ရဲ့ ခေါင်းကိုက်တတ်တဲ့ ဝေဒနာကြောင့်လဲ မိသားစုနဲ့ အတူ အနားပတ်ဝန်းကျင်က ရင်းနှီးချစ်ခင်တဲ့ ညီအကို မောင်နှမ သူငယ်ချင်းတွေက နားလည်ပေးတတ်ကြတယ်။ ကျနော် စိတ်တိုနေတဲ့ အခါ၊ ဒေါသထွက်နေတဲ့အခါမှာ ကျနော်စိတ်ထဲ ရှိသလိုနေခွင့်ပေးတတ်တယ်။ တော်ရုံချိန်ဆို ကျနော်က ပျော့ပျောင်းနေတတ်ပေမယ့် ဒေါသထွက်လာပြီးဆိုရင် ထိန်းရခက်တတ်တာပါပဲ။ ဒါပေမယ့် ဒေါသထွက်နေတဲ့ အချိန်ဆို ဘယ်သူမှ မတားကြဘူး။ မလွန်အောင်တော့ ထိန်းပေးတတ်ကြတယ်။ ဒေါသ ပြေသွားတဲ့ အခါကျတော့ ကျနော်က ပြန်အားနာရတယ်။ စိတ်မကောင်း ဖြစ်ရတတ်တယ်။ ဒေါသကလဲ ခေါင်းကိုက်တဲ့ အခါကျမှ ထွက်တတ်ပါတယ်။ ခေါင်းဘယ်အချိန် ကိုက်လဲ ဆိုရင် တစ်ပတ်မှာ (၄)လောက်က ကိုက်တယ်။ လုံးဝ အကင်းအရှင်းကောင်းတဲ့ရက်က တစ်ပတ်မှာ တစ်ရက်တော့ အနည်းဆုံး ရှိပါတယ်။

အဲဒီလို ခေါင်းကိုက်တတ်တဲ့ အတွက်လဲ စိတ်ညစ်မိတယ်။ဘုရားကု လဲ ကုပါတယ်။ ဘုရားစာတွေလဲရွတ်ပါတယ်။ တရားထိုင် ဆိုတုန်းကလဲ ထိုင်တာပဲ။ ဟိုနည်း ဒီနည်းနဲ့ နည်းပေါင်းစုံအောင် ဆရာဝန်တွေ ဘုန်းကြီးတွေနဲ့ ကုပါတယ်။ ခုထိတော့ မပျောက်သေးပါဘူး။ ပျောက်ဖို့လဲ မမျှော်လင့်ပါဘူး။( အသက်ကတော့ ပျောက်မှာပါလေ)။

ဒီလို ခေါင်းကိုက်တတ်တဲ့ အတွက်လဲ ကျနော်ကိုယ် ကျနော် အသက်တိုမယ် ထင်ခဲ့တယ်။ ဒီရောဂါနဲ့ အသက်လဲ မရှည်ချင်ပြန်ဘူး။ ကျွန်တော့်တို့ မိသားစု မှာ အကုန်လုံးက ကျမ်းမာရေး ကင်းကင်းရှင်းရှင်း မကောင်းဘူးလို့ ပြောရမယ်။ အမေက ကျနော်ငယ်ငယ်လေး တည်းက သားအိမ်ကင်ဆာဖြစ်ထားပြီး ဓာတ်ရောင်ခြည် ကင်ထားရသူဆိုတော့ အတွင်းကလီစာတွေ မကောင်းဘူး။ တစ်ခုခု အမြဲ ဖြစ်နေတယ်။ အဖေနဲ့ ညီနဲ့က ကျောက်ကပ် မကောင်းဘူး။ ညီမ က နှလုံးအောက်တဲ့ ရောဂါ ရှိတယ်။ ကျနော်ကတော့ ခေါင်းကိုက်တာက လွဲရင် အတွင်းကလီစာ ကောင်းတယ်။

ဒါကြောင့် မိသားစု တစ်ယောက်ယောက်က တစ်ခုခု ဖြစ်ပြီး အစားထိုး ကုဖို့ လိုလာရင် အလွယ်တကူ ရအောင် ကျနော် ကျန်းမာရေးကို ဂရုစိုက်တယ်။ တော်ရုံ အစားစာတွေက တစ်ခုခုကို ထိခိုက်မယ့် အစာဆိုရင် မစားတော့ဘူး။ အရင်က ဆေးလိပ် သောက်တယ်။ ဒါပေမယ့် ကျွန်တော် မိသားစုမှာ တစ်ယောက်ယောက် က အတွင်းကလီစာ မကောင်းဘူး ဆိုကတည်းက ဆေးလိပ်ကို အတတ်နိုင်ဆုံး ရှောင်တယ်။ ဘီယာ၊ အရက်လဲ ဒီလိုပါပဲ။ တခါတရံ သောက်တာက လွဲလို့ တော်ရုံ မသောက်ဖြစ်ဘူး။ သောက်တာရက်ဆက်ပြီးဆိုရင် မိသားစု မျက်နှာကို မြင်မိတယ်။ “သြော်… တကယ်လို့ တစ်ခုခု သူတို့ အရမ်းလိုအပ်နေတဲ့အချိန် ငါမပေးနိုင်ခဲ့ရင် ” ဆိုတဲ့ အတွေးက အရာအားလုံးကို ရပ်တန့်စေပါတယ်။ ကိုယ်ကကောင်းမှ သူတို့ လိုအပ်တဲ့ အချိန်ပေးနိုင်မှာလေ။

ကျနော် အသက်(၂၀) ပြည့်တဲ့ နှစ်က ရန်ကုန်မှာ သူငယ်ချင်း ကောင်မလေး တစ်ယောက် ဆေးရုံတက်တုန်း သွေးလိုနေတာကို သွား လှူရင်း ကျနော့် ခန္ဒာကိုယ်ကို ဆေးရုံမှာ လှူခဲ့တယ်။ ကျွန်တော်က လှူတယ်ဆိုပေမယ့် ကျနော့်မှာ မိဘ အုပ်ထိန်းသူတွေ ရှိသေးတဲ့အတွက် သူတို့ ဆီက ခွင့်ပြုချက်ယူရတယ်။ လှူမယ် ပြောတုန်းက အဖေနဲ့ အမေ ရုတ်တရက် တွေဝေသွားတယ်။ ရပ်ဆွေ ရပ်မျိုးတွေက ဒီလို ခန္ဒာလှူရင် နောင်ဘဝ လူပြန်ဖြစ်ရင် တစ်ခုခု လျှော့နေတတ်တယ်၊ ဘာတယ်၊ ညာတယ်ပေါ့။ ကျနော်ကတော့ အဲဒီအယူ မရှိခဲ့ဘူး။ သေသွားပြီးပဲ။ နောက်ဘဝကျရင် နောက်တစ်မျိုးပေါ့။ လောလောဆယ် ပုပ်ပွ သွားမယ့် ခန္ဒာကိုယ်ထဲက အသုံးဝင်မယ့် မျက်ကြည်လွှာတွေ၊ အသည်း၊ နှလုံး၊ ကျောက်ကပ် စသဖြင့် တခြားတစ်ယောက် အတွက် အသုံးဝင်မယ်။ အနည်းဆုံး ဆေးကျောင်းသားတွေ သုတေသန ပြုလုပ်ဖို့ အတွက် အထောက်အကူ ဖြစ်မယ်။ လှီး၊ ဖြတ်၊ လှန်လှောလဲ ဘာအကြောင်းလဲ။ ကိုယ်က တခြားတစ်နေရာမှာ ရောက်နေပြီးပဲ။ ကြိုက်သလို လုပ်ပါစေပေါ့။ အဲဒီလိုနဲ့ အဖေနဲ့ အမေတို့ဆီက သဘောတူညီမှု နဲ့ လှူဖြစ်ခဲ့တယ်။ ဒါပေမယ့် ပထမ ဦးစားပေးက မိဘ၊ မောင်နှမနဲ့ ဆွေမျိုးတွေ အတွက်ပေါ့။ ကျနော်မသေခင် ကျနော့် မိသားစု အတွက် တစ်ခုခု လိုအပ်နေရင် ပေးနိုင်ဖို့ရယ်…ကျွန်တော်သေသွားတဲ့ အချိန်မှာ မိသားစု ဆွေမျိုးထဲမှာ တစ်ယောက်ယောက်က အမှန်တကယ် လိုအပ်နေပြီးဆိုရင် ကျနော့် ခန္ဒာကိုယ်ထဲက ပေးမယ်ဆိုတာရယ်ပေါ့။ အကယ်၍ တစ်ယောက်ယောက် ကမှ မလိုအပ်ခဲ့ဘူးဆိုရင်တော့ သူတို့ သဘောအတိုင်းပါပဲ ဆိုပြီး လက်မှတ်ထိုးခဲ့ပါတယ်။ ဆိုက်ပရပ်စ် ကိုရောက်တော့လဲ ဒီနိုင်ငံမှာ သေသွားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ လှူ ဖြစ်ခဲ့တယ်။ သွေးလည်း လှူဖြစ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကို အမြဲ ကျမ်းမာအောင် ထားမိတယ်။ ဆေးအမြဲစစ်တယ်။

တကယ်တမ်း ညီလေးက လျှပ်စစ်ဓာတ်လိုက်ပြီး ခြေထောက်တွေ မီးလောင်သွားချိန်မှာ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ တွေးတိုင်း စိတ်မကောင်း ဖြစ်ရတယ်။ အခုလမ်းပြန်လျှောက်နေပြီ၊ အလုပ်တွေ ပြန်လုပ်နေပြီး ဆိုတော့ ဝမ်းသာရပေမယ့် စိတ်ထဲမှာ တာဝန်မကျေဘူးလို့ ခံစားရတယ်။ ခုချိန်မှာ သူက ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်လဲရမယ်ဆိုရင် ကျနော်ဘက်က အဆင်သင့်ပါပဲ။ အမြဲတမ်းလည်း အဆင်သင့်ပါလို့ ပြောထားပြီးသားပါ။

အခုချိန်ထိတော့ ထိရောက်တဲ့ ပေးဆပ်မှုမျိုး မိသားစု အတွက် ချစ်သူ ခင်သူ အတွက် မပေးနိုင်သေးပါဘူး။ ဒါပေမယ့် အမြဲတမ်း အဆင်သင့် ဖြစ်အောင်တော့ ကြိုးစားထားပါတယ်။ အသုံးမကျ တဲ့ ခေါင်းကို သယ်ထားရတဲ့အတွက် ကိုယ့် ခန္ဒာကိုယ်ထဲက တစ်ခုခု ကို အသုံးကျစေချင်တယ်။ ဒီဘဝမှာ ကျွန်တော့် ခေါင်းက မကောင်းပေမယ့် နောင့် နောင်ဘဝတစ်ခုခုမှာ ကောင်းချင်ကောင်းမှာပေါ့။ နောင် သံသရာ အဆက်ဆက် ဘာတွေ ဖြစ်လာမလဲ ဆိုတာ မတွေးထားဘူး။ ဘာတွေ ဖြစ်ပါစေလို့ လဲ မဆုတောင်းမိပါဘူး။ ဒီဘဝကို ဒီမျှနဲ့ ကျေနပ်ပါတယ်။ ဘာဖြစ်ဖြစ် ဒီဘဝမှာ တစ်စုံတစ်ယောက်က ကျနော့်ကြောင့် ကောင်းသွားတာဆိုရင်လဲ ကျေနပ်မိမှာပါ။

ခေါင်းကိုက်တိုင်း ခံစားမိတဲ့ စိတ်ခံစားမှုပါ။ အဲလိုခံစားရတိုင်း မိသားစုကို လွမ်းသလို မိသားစု အတွက် တခုခု မလုပ်ပေးနိုင်မှာ၊ မလုပ်ပေးနိုင်တာ တွေကို တွေးပြီး စိတ်ထဲ မကောင်းဖြစ်မိတယ်။

စာဖတ်သူရော... မိသားစု အတွက် ဘာတွေ လုပ်ပေးနိုင်ခဲ့ပြီးလဲ... ။ ဘာတွေ လုပ်ပေးနိုင်မှာလဲ..။ မိသားစု ထဲက တစ်ယောက်ယောက် က တကယ်လိုအပ်လာရင် ဘာတွေ လုပ်ပေးမှာလဲ ဆိုတာ တွေးမိခဲ့လား...။

ကျွန်တော့အတွက်ကတော့ (psycho) လို စိတ်ရောဂါ ရနေတယ်... ခုထိ မလုပ်ပေးနိုင်သေးတာကိုပါ...။



ဒါပေမယ့် တနေ့နေ့ပေါ့…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
၁ကွ..... ဟားဟားဟားဟားဟား... နာတွ
တစ်ယူတဲ့ လူ ချီးပါတိုင်း အမြဲ အီးအီးတစ်ပါစေဗျာ ဟွန်းးးးးးးးးးးး
တစ် လည်းမဟုတ် သုံးဗျာ သုံး သုံး
လေး လည်းယူတယ်
ဘာလုပ်ဖို့ လည်းမမေးနဲ့  ယူချင်လို့ ယူတာ
ငါး ထပ်ယူတော့ ဘယ်သူ့ ဘာပြောချင်လည်း
မူးလို့ ယူတာ ဘာဖြစ်လည်း ဘာဖြစ်လည်း
ခြောက်ထပ်ယူတော့ရော ဒူဘာပြောချင်တုံး ဟင်းဟင်း
ရတုန်းယူထားမှ တော်ကာ ကျတာ ချစ်ကို ကျေနပ်တယ်မလား ဟင်းဟင်း
အင်းးးးးးးးးးးးး
စိတ်ကူးကတော့ ကောင်းတာပဲ
ဖြစ်ချင်တိုင်းလည်း ဖြစ်ချင်မှဖြစ်မယ်
မဖြစ်ဘူးထင်တာလဲ ဖြစ်ချင်ဖြစ်သွားမှာပဲ
လက်ရှိကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်ပါတယ်
နောက်အတွက်လည်း ဘယ်လမ်းကြောင်းက အကောင်းဆုံးဖြစ်မလဲ တွေးထားချင်ပါတယ်
လက်တွေ့ကတော့ ကံတရားလည်းပါတယ်ပေါ့ ..

ညီမလည်း ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်က သူတပါးလိုအပ်မယ့် အရာတွေကို လှူချင်တဲ့စိတ်ရှိတယ်
တကိုယ်လုံးတော့ မဟုတ်ဘူး အတွင်း ကလီစာပေါ့
မျက်ကြည်လွှာကိုတော့ လှူထားပြီးပြီ
လှူခွင့်ရရင်တော့ လှူဖြစ်မယ်ပေါ့ ..း))

သွေးကတော့ အဆင်ပြေရင် လှူဖြစ်ပါတယ်..
ကိုဖိုးစိန် ဒီမှာနေတာ ၆လ ကြာရင် သွားလှူတာပေါ့ ..း))

ကျန်းမာ ပျော်ရွှင်ပါစေ
လပ်ကီးဆဲဗင်းမို့ လိုချင်တာ ယူတယ်ကွာ ယူတယ်
စိတ်ကြိုက်သောင်းကျန်းပြီးမှ စာဖတ်မယ်ချစ်ကို သဘောပေါက် ဟိဟိ
သွားပြီ ကိုး ပဲ ကိုအငဲဆိုထားသလိုပဲ ကိုး နဲ့ ပဲ ဖြေသိမ့်လိုက်မယ်
တော်သေးတယ် တစ် မယူ မိလို့..နိုမို့ ခီလောက်ဟာကြီးဖတ်မိပြီးးးဒုခ ရောက်မဆိုးလို့..

စိန် ရေ..စာဖတ်ပြီး စိတ်မချမ်းမြေ့စွာ ကွန်မန့် ရေးမလို့ဟာ..ခီလောက်စာ ဖတ်ပြီး ရယ် နေတာနဲ့..ဘာစရေးရမှန်းတောင် မသိ..

စိန် ရေ အဲ့ ခေါင်းကိုက်တဲ့ ဝေဒနာကို ပျောက်စေချင်တယ်..ကိုယ်တိုင် မြင်နေရတာ စိတ်မချမ်းသာဘူး၊ ဘယ်လို ကုလို့ရနိုင်ပါ့မလဲ...

ခန္ဒာကိုယ် လှူထားတာ အတွက်တော့ သာဓု ခေါ်ပါတယ် စိန်...
လိပ်ခေါင်း ထင်တယ် နော် ကိုကြီးချစ်ယောက်ဖ
ကောင်းကင်ပြာ ပြောသွားတာလေ ခေါင်းဆိုလို့ 
ဒါနဲ့ ညီမတော် လေးကို ညီလေးနဲ့ နော် ဟိဟိ
ဘာမှဟုတ်ဘူး နော် ချစ်ကို အဟေးးးးးးးး
မောင်နှမစိတ်နဲ့ ချစ်ကြတာပေါ့လို့ 
ညီလေးစိန်ရေ

ခုလိုအလှူမျိုးတွေ လုပ်ထားတာ ဖတ်ရလို့ ၀မ်းသာပီတိဖြစ်မိပါတယ်ကွ။ အကိုက တစ်ခါမှ အဲလိုမလှူဖြစ်သေးဘူး။

ညီလေးမိသားစုအတွက် တာဝန်မကျေဘူးလို့ မစဉ်းစားနဲ့လေ။ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးတာလဲ အဓိက ကျတာပဲ။ မင်းတာဝန်ကျေချင်ရင် တခြားလူက မပြောကောင်း မဆိုကောင်း တစ်ခုခု ဖြစ်ပေးရမလို ဖြစ်နေအုံးမယ်။

နေကောင်းကျန်းမာပျော်ရွှင်ချမ်းမြေ့စေသော်ဝ်

ခင်မင်စွာဖြင့်
သီဟသစ်
အင်း သွေးလှူရင်တော့သေချာစစ်ဆေးရမယ် ဗျ
ဆိုက်ပရပ်က လာတဲ့ သွေးဆိုတော့ သေချာစစ်မယ်ဗျာ
တော်ကြာ ပိုစ့်စတစ်တို့  ဘာတို့ ပါလာရင်ခက်မယ် ဟွန်းးး
လူက ရုပ်ချောသလောက် အဟတ် ဘာမှဟုတ်ပါဘူး
မြာပွေမယ့်ရုပ်ပါလို့ ပြောချင်တာ ခုတော့ပြောတော့ပါဘူးလေ အဟိ
အော်ချစ်ကို ညီမ ကနှစ်လုံးအောင့်တာလား
ဘာဆိုင်လည်းနော် မိန်းမနဲ့ နှစ်လုံးအောင့်တာ အဲ့လေ
သိပြီ နှစ်လုံးထီ ပြောတာနေမှာ အဟေးသိပြီကွ
ခန္ဒာကိုယ် လှူရင်တော့ အရင်ဆုံး ချစ်ကို ဟာ ကို ဖြတ်တောက်ထားရမယ်
တော်ကြာ အကြောကမသေသေးဘဲ ထ ထောင်နေမှဖြင့် 
ဆေးပညာလေ့လာနေတဲ့ ဆရာဝန်မလောင်းလေးတွေ ဒုက္ခ ရောက်မှာ မြင်ယောင်သေးအဟေးးးးးးးးး
အော် ချစ်ကိုရယ် ဆိတ်မတိုအောင် ကြိုးရှည်ရှည်နဲ့လှန်ထားမှပေါ့ဗျ ချစ်ကိုရ
ညာဘက်အခြမ်း ခေါင်းကို အပ်နဲ့ ထိုးသလိုခံစားရ၇င်
ဗက်ဘက်အခြမ်းကို ပုဆိန်နဲ့ ပေါက်ချလိုက်ဗျာ
ပျောက်ကိုပျောက်စေရမယ် ဘာပျောက်တာလည်း မမေးနဲ့ ပျောက်ပါတယ်ဆိုမှ အဟတ်
စိတ်အပြောင်းအလဲမြန်တာများ ခေါင်းကိုက်တာကိုအကြောင်းပြနေသေးတယ်
ဟွန်း အရင်ကတည်းက ငါးစိမ်းမြင် ငါးကင်ပစ် နေကျဟာကို ခုမှ ခေါင်းကိုက်တာအကြောင်းပြနေတယ်
ချစ်ကို ခေါင်းကိုက်တာကလည်းနော်
မိန်းမတွေ ရာသီ လာတဲ့ အချိန်ထက် ပိုဆိုးတယ် ဟွန်း
ပြောမပြောချင်ဘူး တော်တော်ပိုတယ် ကိုပိုသဲ ပဲ ဟဟ
တစ်ကယ်တမ်းပြန်တွေးကြည့်ရင် မိသားစုအတွက်
အလုပ်လုပ်ပေးနေတာပါပဲ မတုံပြန်နိုင်သေးတဲ့ အခိုက်မှာတော့ ချစ်ကိုရယ် အားတင်းထားပါ
ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေအများကြီးပဲ
အတူတူ ဖေးမကူညီလို့ သွားကြပါစို့ လားဗျာ
တစ်နေ့ နေ့ ကျရင် ဆိုတာကို မတွေးပဲ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတွေးလေးထားပေးပါလားချစ်ယောက်ဖကြီးရ
ခရောင်းလမ်းဖြတ်ကျော်တုန်းလေး အပြုံးမပျက်နဲ့ အမြဲပြုံးထားစမ်းပါ ချစ်ကိုရာ
Anonymous said…
၇ကွ ၇
Anonymous said…
ခေါင်းကိုက်တယ်ဆိုတော့ ဘာခေါင်းလဲ ကြက်ခေါင်းလား၊ ငါးခေါင်းလား ကျနော်ကိုက်ဖို့လဲ ချန်ပါဦးဗျာ..။
မိသားစုအတွက်လား ပေးဆပ်နေတုန်းပဲ လွန်ခဲ့တဲ့ ၁၀နှစ်ကစပြီး ပေးဆပ်ခဲ့တာ ခုထိဆိုပါတော့ ကိုဖိုးစိန်တို့ ပေးဆပ်ခဲ့တယ် ဆိုတာ ကျနော် အီးပေါက်သလောက်တောင် မရှိသေးဘူး .. ဟဲဟဲ ကြိုးစားလိုက်ပါဦး ညီလေး.. ငှဲငှဲငှဲ
သာဓု သာဓု သာဓု သာဓု

အစွဲတော့ မထားနဲ့ပေါ့ဗျာ
khin oo may said…
တနေ့တေှာု့ဖြစ်လာမှာပ
စိတ်ညစ်မနေပါနဲ့...ကုသိုလ်ကံအတိုင်းပေါ့..
ကိုယ်တတ်နိုင်သလောက်အကောင်းဆုံးလုပ်ပေးလိုက်ပါ
Anonymous said…
sorry to hear about yours.
I wish you to have a healthy and happy life together with your loved ones many years.
CTM
noblemoe said…
ခေါင်းကိုရောဂါပျောက်ပါစေ။
စိတ်ထားလေးကမြင့် မြတ်လိုက်တာ။
မောင်နှမတော်ချင်လိုက်တာ။
အစာအိမ်မကောင်းလို့ လှူမလား?
သာယာချမ်းမြေ့ ပါစေ။
မိုး
noblemoe said…
ခေါင်းကိုက်ရောဂါပျောက်ပါစေနော်
ငမူး ခီလောက် လာသောင်းကျန်းနေတယ်ပေါ့လေး) အဟေးးးး

ခေါင်းကိုက်ခြင်းသည် ခေါင်းကိုက်ခြင်းသာ ဖြစ်ပေသည်.. သတိထားးးးးးးးး ပျောက်မှာပေါ့ တချိန်ချိန် ခေါင်းထဲ မထဲ့ရဘူးးးးးးးးးးးးး


လေးစားလျက်
တောင်ပေါ်သား
မေဇင် said…
ခေါင်းကိုက်ဝေဒနာ အကင်းအရှင်း လုံးဝ သက်သာ ပျောက်ကင်းပါစေ။ မိသားစု ကို ခန္ဒာကိုယ်ထဲက တစ်ခုခုလှုပြီး ပေးဆပ်ဖို့ဆိုတာကို တော့ အစွဲမထားပါနဲ့ ကိုသီဟသစ် ပြောသလိုပဲ...ကိုယ်ပေးဆပ်ချင်တာနဲ့ သူတို့ တစ်ခုခု ဖြစ်ရမလို ဖြစ်နေပါဦးမယ်...။
သူတို့ကို စိတ်ချမ်းသာအောင် ထားနိုင်တာလဲ... ပေးဆပ်ခြင်းတစ်မျိုးပါပဲ...။
ပျော်ရွှင်ပါစေ။
Mogok Thar said…
အော်

စိတ်... ရောဂါ ဆိုလို့.....

ဘာများပါလိမ့်ဆို ပြေးလာတာ...
ဖတ်ပီးမှ ပေါက်တော့တယ်...

စိတ်ထားလေးကောင်းပြီး...

သနားကြင်နာတတ်တဲ့

ချစ်ညိလေး စိန်မျောက်မျောက်..

ရောဂါဘယတွေလဲ ပျောက်ကင်းပါစေ...

မိသားစု အားလုံးလည်း ကျန်းမာချမ်းသာကြပါစေ....

ညီလေးရဲ့ စိတ်အစွဲတွေလဲ ကျွတ်ပါစေ.....

မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်.. ကိုယ်တတ်နိုင်သမျှထက်မက စိတ်စေတနာရှေ့ထားပြီး စောင့်ရှောက်ကူညီခဲ့သလို....

ရှေ့လျှောက်လဲ ဆထက်ထမ်းပိုးး.. ကူညီနိုင်ဖို့အတွက်....

ဘယ်နေရာ.. ဘယ်လိုအနေအထားရောက်ရောက်...

အကောင်းဆုံးဖြစ်အောင်... အမြဲမပြတ်ကြိုးစားနေမယ့်...

ဇွဲသတ္တိ.. ရှိသူ တစ်ယောက်လို့ ယုံကြည်ပါတယ်....

ကျန်းမာပျော်ရွှင်ပါစေ...

ချစ်တဲ့

ကိုမောင်ဟန်
မဇွန်တော့ တစ်ခါမှ မလှူဖူးသေးဘူး။ မျက်ကြည်လွှာလှူဖို့ ဟိုးအရင်က စဉ်းစားမိပေမယ့် အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။ စိတ်ကူးတွေရှိနှင့်ပြီးသားဆိုတော့ အကောင်အထည်ဖော်ဖြစ်အောင် ကြိုးစားလိုက်ဦးမယ်။
မောင်လေးဖိုးစိန်ရဲ့ မိသားစုအပေါ်ထားတဲ့ စိတ်ဓါတ်လေး မွန်မြတ်ပါတယ်။ သာဓုလည်းခေါ်တယ်။ ဒီနည်းနဲ့ပေးဆပ်မှ တာဝန်ကျေမယ်လို့တော့ စိတ်ထဲမထားနဲ့လေ။ ကိုယ်တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ခွင့်ရတာလေးကို တန်ဖိုးထားပါ။
ခေါင်းကိုက်တဲ့အချိန်တိုင်း အခြားသတ္တဝါတွေ ငါခံစားရသလိုမျိုး ဘယ်တော့မှ မခံစားရပါစေနဲ့လို့ မေတ္တာပို့ပေးပါ။
တကယ် မွန်မြတ်တဲ့ အလုပ်တစ်ခုပါ ..

အဲ့လို လှူချင်တာ
အိမ် က ခွင့်မပြုလို့
သွေးတောင် ရန်ကုန်မှာတုန်းက
လှူခွင့် မရဘူးး.. :(
ဒီရောက်မှ လှူခွင့် ကြုံလိုက်တယ် ..

ခန္ဓာ လှူဖို့ကိုလည်း
စဉ်းစားထားတယ် ..
Anonymous said…
This comment has been removed by a blog administrator.
အင်း... တနေ့နေ့ တချိန်ချိန်မှာတော့ လုပ်ပေးနိုင်ကြမှာပါ.....


ခင်တဲ့
ဂျပန်ကောင်လေး
စိတ်ဓတ်လေး လေးစားမိပါတယ်။
နေကောင်းပါစေနော်။
ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
ဆရာဝန်ပြကြည့်လား ၊ ဆရာဝန်နဲ့သေချာပြလိုက်ပါ။ ညီမလဲ ခေါင်းကိုက်တာ သုံး ၊ လေးလ ဆရာဝန်တွေပြောင်းလိုက်တာ ခုတော်တော်သက်သာနေပြီ။ ဆေးတဲ့သွားပြီလေ။ ခေါင်းကိုကော စကင်ရိုက်ကြည့်သေးလား။ အကြံပေးတာပါ။ အဆင်ပြေပါစေနော်
Anonymous said…
တို့လည်း ဒီမှာ body လှုထားတယ် .. လှုထားတဲ့ အတွက် အိုင်ဒီမှာ အသည်း ပုံ အနီရောင် လေး နဲ့
သင်္ကေတ လေး တခု ထည့် ပေးထား တယ်... လှုဖို့ ဖောင် ဖြည့်တော့ သူတို့က body ထဲက လိုအပ်တဲ့သူ အတွက် ကလီဇာ တွေ ဘဲ လှု မှာ လား ... research
လုပ်ဖို့ လှု မှာ လား ဆိုပြီး မေးခွန်း မေးထားတယ် .. သေပြီးမှ တော့ ဘယ်လိုဘဲ လုပ်လုပ် နှစ်မျိုးလုံး ကြိုက်တာသာ လှု လို့ သာ ရေးပေးလိုက်တယ် ...
ဗမာပြည်မှာတုန်းကတော့ မျက်ကြည်လွှာ လှုထားခဲ့တာ
ဘယ် မှာ သေဖြစ်မလဲ မသိပါဘူး ...
ခေါင်းကိုက်တာ ကျွမ်းကျင်တဲ့ ဆရာဝန် နဲ့ သေချာပြ ကြည့်ပါဦး ... မိတ်ဆွေတယောက် ဒီမှာ မိုင်ဂရိန်း ခေါင်းကိုက် ရော ဂါ ဆိုပြီး ဒီ က ဆရာဝန် နဲ့ ဘဲ ပြ နေရာကနေ ဆေးရုံ လည်း ခဏခဏ တက် ရတယ် ... နောက်တော့ အကုန်လုံး သေချာ ပြန်စစ်ဆေးတော့ ဆရာဝန်က စိတ်ကျ ရောဂါ ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ လို့ ပြောပြန်ရော ... အဲဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် ဆရာဝန်တွေနဲ့ စစ်ဆေးတာ အကောင်းဆုံး ပါ ...

mie nge
kiki said…
လူဆိုတာ သေမျိုးချည်းပဲလေ ။
သေပြီး မီးရှို့်  မြေမြုပ် အလဟဿ ဖြစ်မဲ့ အစား လိုအပ်နေတဲ့သူတွေကို အလှူလုပ် အသက်ဆက်ခွင့်ပေးလိုက်တာ မွန်မြတ်ပါတယ် ။
သာဓု ၂ကြိမ် အရင်ခေါ်ထားမယ် ။

(နေပါအုံး ကဖိုးစိန်ရယ် .. ပင်လယ်ရပ်ခြားမှာ အနိစ္စ သဘော ကိစ္စရှောသွားရင် ဘယ်လို နေရာမျိုးမှာ လှူခဲ့မှာလည်း ၊ မှတ်ပုံတင်ပြီး စာရင်းအင်းတွေ ရှိရဲ့လား )

ခီလောက် ကိုတော့ မနိုင်တော့ဘူး ထင်ပါရဲ့ ။။

Popular Posts