ကျွန်တော့်အဖေလူကြီးဗျ

ကျွန်တော်ဒီနေ့ အိမ်ကို ဖုန်းဆက်တော့ အိမ်မှာ အဖေမရှိဘူးဗျ… အမေပြောတော့ ရပ်ကွက်မှာ ဓာတ်မီးတိုင်အသစ်လဲတာ ကို ကြီးကျပ်နေတယ်ဆိုပြီး.. ကျွန်တော့်ကို အမေက အဖေ အကြောင်းအတင်းအုပ်တာပေါ့…. ဟုတ်ပ အမေပြောလဲ ပြောစရာဗျာ…. ရပ်ကွက်အလုပ်ဆို အဖေက ထမင်းမေ့ ဟင်းမေ့…အဲ… မိန်းမတော့မမေ့ဘူး…ကြောက်ရလို့ …

ဟုတ်တယ်…ကျွန်တော့် အဖေက လူကြီး… ကိုယ်လုံးကြီးကြီး.. အသံကြီးကြီးဆို တော့ ရပ်ကွက် က ဘာရယ်မဟုတ်ဘူး ကြောက်ပြီးလူကြီးခန့် လိုက်တာဗျ… သေချာတာက ရပ်ကွက်က ကလေးတွေ အကုန်လုံး က အဖေနာမည်ကြားရင် သူရဲတစ္ဆေ တွေထက်ကြောက်ကြတယ်…

အဖေက လူကြီးဆိုတော့ အမေ က လူကြီးကတော်…ကျွန်တော်တို့ က လူကြီးသားသမီးတွေပေါ့…

အဖေက ရပ်ကွက်မှာ သူများကိစ္စဆိုရင်ပြောပြီးပေမယ့် ကျွန်တော်တို့ ကျ …ဒီလိုဗျ..

တနေ့ ကျွန်တော်ညီမက ကျောင်းမှာ ရန်ဖြစ်ပြီး တဖက်လူကို ကုတ်မိတော့ ဆရာမလုပ်သူ က နောက်နေ့ ကျရင်မိဘခေါ်လာ မခေါ်လာရင် ကျောင်းထုတ်မယ်ပေါ့…

အဲနောက်နေ့ ကျ ညီမကျောင်းကို သွားတော့ဆရာမလုပ်သူက ” ဘယ်မှာလဲမိဘ ”လို့ မေးတော့ ညီမလုပ်သူ က ”အဖေက ပြောတယ်…ဆရာမကလာခိုင်းချင်တိုင်း လာရအောင် သူ့  ကို ဘယ်လိုကောင်ထင်နေလဲတဲ့…သူလိုလူကြီးက ဆရာမဆီလာရင် ဆရာမ ဘာဖြစ်သွားမလဲ သိလားတဲ့”

ညနေကျတော့ ဆရာမလုပ်သူ က

ကြောက်ကြောက်နဲ့ အဖေ့ကို တောင်းပန်ဖို့ အိမ်ကိုလိုက်လာတော့

တွေ့ လိုက်ရတာက တကိုယ်လုံး စက်ဆီတွေပေနေတဲ့

ရပ်ကွက်လူကြီးကျွန်တော့် အဖေ….သမီးအတွက် တော်တော်တောင်းပန်လိုက်ရတယ်…..

အဲ..ကျွန်တော်ညီကျတော့ ရပ်ကွက်လူကြီးအဖေ့ လက်ထောက်..

အိမ်မှာဆို ရပ်ကွက်က ဧည့်စာရင်းလာတိုင်ရင် အငယ်ကောင် က စာရင်းမှတ်တယ်…

တနေ့  အဖေ ရဲအရာရှိတွေ..ရပ်ကွက်က တခြားလူကြီးတွေနဲ့ ဧည့်စာရင်းလိုက်စစ်တော့

တစ်အိမ်က စာရင်းထဲမှာမပါဘူး..

ဒါနဲ့  အဖေလဲ ဒေါကြီးမောကြီးနဲ့  မတိုင်ကောင်းလားဆိုပြီးဟောက်စားလုပ်တော့

အိမ်သားတွေက ”ကျွန်မသားက လူကြီးသားကို လက္ဘ်ရည်ဆိုင်မှာတွေ့ လို့ ဧည့်စာရင်းတိုင်မယ်ဆို တော့ လူကြီးသားက ပိုက်ဆံသာပေးခဲ့ပါတဲ့..

လူကြီးသားက လူကြီးမိန်းမ သူ့ အမေကိုပိုင်တယ်တဲ့..

လူကြီးကလူကြီးကတော်ကိုကြောက်တယ်တဲ့..

ဘာမှမပူနဲ့ ..သူကလူကြီးသားပါဆိုပြီးပိုက်ဆံတွေယူသွားတာပါလို ”့ဖြေတယ် အဖေအိမ်ပြန်ရောက်ချိန် အငယ်ကောင်းအိမ်ပေါ်ကဆင်းသွားပြီးလေ…..

ကျွန်တော်က သားလိမ္မာပါ …အဖေကို ဘယ်တော့မှ ဒီလို ဒုက္ခတွှေမပေးဘူး… စိတ်ချမ်းသာအောင်ထားတယ်…

တစ်နေ့ အဖေ လိုင်စင်မလုပ်ကသေးတဲ့ ကားတစ်စီးကို ဈေးချောင်ချောင်နဲ့ ရလို့ ဆွဲထားတယ(်ဈေးချောင်တယ်ဆိုပေမယ့် တော်တော်ဈေးကောင်းသေးတယ်)…ကားက အသစ်ဆိုတော့ ကျွန်တော်လဲ ရွစိတက်ပြီးမောင်းချင်တဲ့စိတ်က တားမရတော့ အဖေမရှိတုန်းမောင်းစမ်းတာပေါ့…ကံကကောင်းပါတယ်…မော်တော်ပီကယ်နှစ်ယောက်က ကျွန်တော့်ကို ချစ်လို့ ဆိုပြီး ကားကိုရပ်ခိုင်းတယ်…

ဘယ်ရမလဲ..ကျွန်တော်က ခပ်တည်တည်နဲ့ …

” ဒီကားက လိုင်စင်မဝင်ကသေးဘူး…..

ခင်ဗျားတို့ သိအောင်ပြောတာ…

အဲ… နောက်တစ်ခုက ကျွန်တော့်အဖေ

ဘာကောင်လဲဆိုတာ ခင်ဗျားတို သိလား..အခုကျွန်တော်ကို ဖမ်းချင်ဖမ်း…ပြီးမှကျွန်တော့်ကို လာမတောင်းပန်နဲ့ ခင်ဗျားတို့ မှားမှာစိုးလို့  ဆိုပြီးအဖေ့ နာမည်ပြောလိုက်တယ်…အဲ..သူတို့ လဲ ကြောက်ကြောက်နဲ့  သွားဖြဲတောင်းပန်ပြီး ကျွန်တော့်ကိုတောင်သူတို့ နာမည်အဖေကို ပြောဖို့ မှာလိုက်သေးတယ်..

နောက်နေ့ ကျတော့ အဖေဘယ်သူလဲဆိုတာသိပြီးအိမ်က အဖေရထားတဲ့ကားလေးကို လာမသွားတယ်….

ပြီးတော့ နာမည်ကို အလွဲသုံးစားမလုပ်ဖို့ အဖေ့ကိုမှာသွားတော့ အဖေ့မျက်နှာလေးကို မြင်ယောင်စေချင်တယ်ဗျာ…… ကျွန်တော်တို့  မောင်နှမတွေမဆိုးပါဘူး…မယုံရင် အဖေလူကြီးကိုလာမေး…. :P

ဘာဖြစ်ဖြစ် ကကျွန်တော့်အဖေကလူကြီးဗျ……. :D

ဖိုးစိန်

Comments

Ko Boyz said…
ဆိုးတာ...။
ကိုယ်အဖေကို လူကြီးလို့ ပြောတာကို
မှန်တာကို ပြောတဲ့ ဥစ္စာဗျာ...။
လူကြီး မဟုတ်လို့ လူငယ်လားဗျ...။
အဟက်.. ညီမလေးဆရာမက အိမ်ကို မျက်နှာငယ်ငယ်နဲ့ လာတောင်းပန်တယ်ဆိုတာ ဖတ်ရတော့ မပြုံးပဲ ၀ါးလုံးကွဲ ရယ်မိပါတယ်ဗျာ...။
ဆက်ရေးပါ...။

Popular Posts