တရေးနိုးအိမ်မက်ဆိုး

“တရေးနိုး အိမ်မက်ဆိုး“

ကော်ဖီတစ်ခွက်နဲ့ …အတွေးနက်ချိန်

လေပြေအပြင်းအတူ….ရင်ကိုနင်းကာ

အသဲတံခါးကိုခေါက်….တစ်ဒေါက်ဒေါက်နဲ့ 

ဆောက်အောက်ဝင်လာ ဖော်မပါသူကို

လက်ခံဖို့ အရေး စဉ်းစားပေးချိန်

ငါ့နှလုံးသားကွင်းပြင်မှာ

ငါ့အသွေးကိုရေထင် ငါ့အရိုးကိုထင်းလုပ်

ငါ့အသည်းရွက်တွေကို မီးပုံရှို့ လို့ ……

ငါ့အချစ်တွေကို ချက်စားသွားတယ်

ပြီးတော့ “ဆောရီး ကိုကိုတဲ့“……

ယောင်ယမ်းနိုးထ…..အိမ်မက်ဆိုးမှ

ကြောက်လန့် တကြား….ငါ့နှလုံးသားကို

ပြန်လည်ဆန်းစစ်…သုံးသပ်မိတော့

ဟုး…….တော်ပါသေးရဲ့…

အဆစ်ပါမသွားတဲ့….ငါ့ဖွားဖက်တော် ရေ…………………

ဖိုးစိန် :D

Comments

Mogok Thar said…
အဆစ်သာ ပါသွားလို့ကတော့ မောင်ဖိုးစိန် မျိုးကန်းဘီ။

Popular Posts