ဆိုလိုက်တယ်..အော်လိုက်တယ်..

ဝူး….
အောင်မလေးဗျ…
ငင်တယ်…ငင်တယ်…..
အသက်…:P
အဟမ်း..အဟမ်း..
အားလုံးမင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေလို့ 
ကျွန်တော်မောင်ဖိုးစိန်က ဆုတောင်းပနာပြုပါတယ်....
မမဝါရဲ့ ဆို ကြမယ်..အော်ကြမယ် အစီအစဉ်မှာ
ပါဝင်ခွင့်ရတဲ့အတွက်အရမ်းဂုဏ်ယူပါကြောင်းပထမဦးစွာ ပြောကြားလိုပါတယ်..
စာရေးသမျှ ကာလ တစ်လျှောက်လုံး မှာ ပထမဆုံးအနေ နဲ့  တက်ဂ်ချင်းခံရသလို
ကျွန်တော့်ကို တက်ဂ်လိုက်သူ ကလဲ ပထမဦးဆုံး
ကျွန်တော်အလည်အပတ်သွားပြီးစာ ဖတ်ခဲ့သူမမဝါပဲဖြစ်ပါတယ်…
မမဝါရဲ့ စာတွေကိုဖတ်ပြီး မမဝါကနေတစ်ဆင့် ကျွန်တော်လျှောက်လည်မိတာပါ..
ကျွန်တော့်ကို ပထမဆုံးတက်ဂ်လိုက်တာကလဲ
စာရေးဖို့ မဟုတ်ဘူးတဲ့ သီချင်းဆိုပြီးပိုစ့်တင်ဖို့ တဲ့ဗျ….
မမဝါ က (SingFor You.net) မှာသီချင်းဆိုရင်း ဖိုးစိန်နာမည်နဲ့ 
ဆိုတဲ့သီချင်းကိုနားထောင်ပြီး ကျွန်တော်လို့ ထင်တာနဲ
့တခါတည်းသီချင်းဆိုဖို့ ကိုတက်ဂ်လိုက်တော့တာဘဲ…
အဲ..ဇာတ်လမ်းက ဒီမှာစပြီး…
အရင်က (SingFor You.net)မှာ ဝင်ပြီးဆိုဖူးတယ်..
ဘာရယ်မဟုတ်ဘူး..လျှောက်စမ်းကြည့်တာ..
ပြီးတော့လဲဘာမှမဟုတ်ဘူးထင်ပြီးထားလိုက်တယ်..
ကြားထဲမှာနေမကောင်းတာလဲပါတယ်လေ..
အခုမမဝါပြောတော့ သတိတရနဲ့ 
ကိုယ့်အမက တက်ဂ်လုပ်တယ်ဆိုတော့ ဆိုပြီးတင်မယ်ပေါ့ ဝင်တာ ဝင်လို့ မရဘူးဗျာ..
(passward) မှားလားဆိုတော့လဲ တစ်သက်လုံးသုံးလာတာဒီတစ်ခုတည်းရယ်…
ဖိုးစိန်နဲ့ ကိုဝင်လို့ မရဘူး..(Error) ပြနေလို့ နောက်ဆုံးတော့..
မေးလ်ပို့ ပြီးပြန်တောင်းရတယ်.. မေးလ်ထဲရောက်မှ ဘိုစိန်နဲ့  ဝင်ထားတာပေါ်တယ်…
သြော်…
အရင်ဆိုတဲ့သီချင်းတွေကို စစ်လိုက်တော့တစ်ပုစ်မှ မရှိ..
ဖိုးစိန် ထဲဝင်ရှာတော့လဲ ..
ဆိုထားတဲ့သီချင်းကို နားထောင်လိုက်တော့
ကိုယ့်အသံမဟုတ်တာ သေချာနေတယ်လေ..
ဘယ်သူကများ ကျွန်တော့်နာမည်သုံးပြီး သီချင်းဆိုပါလိမ့်..
သူသာဒီနာမည်နဲ့ မဆိုရင် မမဝါကတက်ဂ်မှာမဟုတ်ဘူးလို့ စိတ်ကူးပြီး
ဖိုးစိန်နာမည်နဲ့ သီချင်းဆိုတဲ့သူကိုမေတ္တာပို့ မိသေးတယ်..
မမဝါကိုကလည်းပြောလို့ မဖြစ်..ပြောလိုက်ရင် သူက တက်ဂ်ထားတဲ့သူ..
ကျွန်တော့်ကိုပြန်အားနာနေ မှာလို့ တွေးပူပြီး..
ပထမဆုံးတက်ဂ်တဲ့ ပိုစ့်ကိုလဲဖြစ်အောင် လုပ်ချင်တယ်
ပြီးမှစာထဲမှာရေးပြီးရှင်းပြမယ်ဆိုပြီး မမဝါကိုဘာမှမပြောတော့ဘူး…
မမဝါဆီကိုသာ အနည်းအကျင်းလောက်ရှင်းပြ
လုပ်ပုံလုပ်နည်းလေးမေးပြီး ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးထားတယ်ပေါ့…
သီချင်းကို ညနေလောက်ကတည်းက စဆိုပါတယ်….

သီချင်းတစ်ပုစ်ဆိုပြီးတိုင်းမှာ ရီကေားဒင်းလုပ်နေတယ်..
မိနစ်အနည်းငယ်စောင့်ရမယ်ဆိုတော့
တစ်ပုစ်မကောင်းရင်နောက်တစ်ပုစ်တင်လို့ ရအောင်
စောင့်ရင်းဆိုရင်းနဲ့  ဆိုလိုက်တာ အပုစ်၂၀-ကျော်သွားတယ်…
မိုးမလင်းတလင်းပဲ..
အဲ..ရီကောဒင်းကတော့ဘယ်မှာလုပ်နေလဲမသိဘူး…
အသံအရမ်းကောင်းနေလို့ ဘဲ မတင်ရဲတာလားတော့မသိဘူး..
တစ်ပုစ်မှ မရဘူး… အာခေါင်တွေလဲခြောက်…
ပါးစောင်းတွေလဲညောင်းလို့ ..ပါးစပ်ကိုတောင်ဖြေဖြေဟနေရတယ်..
(အခုထိ ပါးစပ်က ဖွင့်ပြီးပြန်ပိတ်လို့ မရသေးဘူး) :P
ဘာဖြစ်ဖြစ်..
နောက်ဆုံးအနေနဲ့ နှစ်ပုစ်လောက်တော့ထပ်ဆိုလိုက်မယ်ဆိုပြီး…
အတူးနဲ့ အသက်နဲ့ သီချင်းကိုမအိပ်ခင် ဆိုလိုက်သေးတယ်..
အိပ်ယာထထချင်းလဲ ကိုယ်ဆိုတဲ့သီချင်းဝင်လာလို့ စစ်လိုက်တော့..
ကွန်ပြူတာကြီး.. လေထဲမဝဲသွားတာကံကောင်းတယ်မှတ်ပါ..
စိတ်ရှိတိုင်းတာလုပ်လိုက်ရရင်တော့ ..
ဟင်း..ဟင်း.. မထင်ပါနဲ့ ..ဘာမှမလုပ်ပါဘူး… :P
ကျွန်တော်သီချင်းဆိုတာဝါသနာပါလားမပါလားဆိုတာ
ပြန်ဆိုတေးတစ်ပုဒ်ရဲ့ လွမ်းဆွတ်မှု့  ဆိုတဲ့ပိုစ်လေးကိုတင်ဖူးပါတယ်…
အရမ်းကိုဝါသနာပါတယ်..
အသံကောင်းတာမကောင်းတာထက်ဆိုရရင်ပြီးရောလေ…
ဒါပေမယ့်သူငယ်ချင်းတွေက မျက်စိမှိတ် နားပိတ်ပြီးပြောကြပါတယ်..
ခင်မောင်တိုးနဲ့ နင်လားငါလား…
အောင်မျိုးထွတ်လက်မှိုင်ချသွားမယ်လို့ ပြောပါတယ်…
ကြွားတာမဟုတ်ဘူးနော်…. :D မယုံရင် အိမ်လာကြည့် ..
အမေ့ကိုတောင် အင်တာနက်ကနေကာရာအိုကေဆိုလို့ ရတယ်လို့ ပြောတော့
ဖွင့်ပေး..သူလဲဆိုမယ်ချည်းလုပ်နေလို့ မနည်းတားနေရတယ်..
အခုလဲ အကွဲအပြဲတွေကြားက ဆိုလိုက်တော့ ပထမက လုပ်ပုံလုပ်နည်းပုံစံမကျလို့ .
တစ်ခုမှ ရီကေားဒင်းလုပ်မရလို့  မမဝါကိုပြန်မေးရတယ်..
ရတော့လဲ ဆိုတဲ့အသံနဲ့ တီးလုံးက နောက်ကျနေတယ်..
ဘယ်လို မှညှိလို့ မရဘူးဗျာ.. မတတ်နိုင်တော့ဘူးနော်…
ဒုက္ခခံပြီးတော့တီးလုံးနဲ့ အသံနဲ့ ဆက်သွားကြပါ.. :D
ဝါသနာအရ.. မဖြစ်တော့ ဖြစ်တဲ့နည်းနဲ့ တင်လိုက်ပါတယ်…
ဆိုလိုက်တဲ့သီချင်းက လည်း အဖေ က အမေ စိတ်ဆိုးစိတ်ကောက်တဲ့ အခါ ဆိုပြီးချော့တဲ့သီချင်းမို့ လို့  ကျွန်တော့်အတွက်အမှတ်တရလဲဖြစ်တော့
မကောင်းပေမယ့် အဖေနဲ့ အမေ အတွက် အမှတ်တရတင်လိုက်တာပါ..
အားလုံးနားဒုက္ခခံသွားကြပါ…
မျက်စိမှိတ် နားပိတ်ပီး အလှူငွေလေးများထည့် (အဲ) မှားလို့  အကျင့်ကပါနေတယ်… :P
စိတ်ပျက်လက်ပျက်နဲ့ မန့် သွားကြပါလို့ …
မမဝါရေ..
ဆုတော့ချနော်..
အနည်းဆုံး ချောင်းဆိုးပြောက်ဆေးနဲ့ အသံထွက်ဆေးလေးပေါ့…
အသက်ပျောက်ဆေးတော့မလုပ်ပါနဲ့ …:D
နားပိတ်ပီးနားထောင်းသွားပါလို့  နော
် လေးစားခင်မင်ရတဲ့ ကျွန်တော့်မမ ဝါကို သီချင်းနဲ့ ဂုဏ်ပြုရင်းနဲ့ 
ချစ်ခင်တွယ်တာသံယောဇဉ်ဖြစ်ရပါသော…
ကျွန်တော့်ရဲ့ အိမ်နီးနားချင်ဘလော့ညီအကို အမညီမများကို
သီချင်းလေးနဲ့  နှိပ်စက်လိုက်ပါတယ်…
မကောင်းကောင်း ကောင်း....
ကောင်း...ကောင်း ကောင်း..ပီးအောင်တော့နားထောင်ခဲ့ကြပါ.. :'(
အခုလဲပိုစ့်ထဲကို (upload) လုပ်တာ နေတဝက်လောက်ကြာနေလို့ 
ဒီနေရာလေးကိုကလစ်နှိပ်ပြီး
မေတ္တာကမ္ဘာမခြားလို သီချင်းလေးကို
ိစိတ်ပျက်လက်ပျက်နဲ့ သွားပြီးနားထောင်းပေးကြပါလို့ နော်...
ဖိုးစိန် :D
ကျေးဇူးတင်ပါသည်

Comments

WWKM said…
မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် ကောင်းတယ် မောင်
လေးဖိုးစိန်ရေ။ အစ်မလဲ အဲဒီသီချင်းကိုကြိုက်တယ်။
အင်ထရိုတွေအရှည်ကြီးကို သေခြာရေးထားတယ်။
သီချင်းလေးကို အရင်ဆုံး ဆိုပေးတဲ့ အတွက် ကျေးဇူးပါ
မောင်ဖိုးစိန်ရေ။
ကိုတင်လှိုင် နီးနီးကောင်းတာပဲ။း)
အစ်မက ကောင်းတာတွေ၊ မကောင်းတာတွေထက် မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုစေချင်တာပါ။
အစ အဆုံးနားထောင်သွားပါတယ်။ တော်တယ်။
ကျေးဇူးတင်ပါတယ်နော်။

အစ်မ၀ါ
ကောင်းတယ်ဗျို့..ဈေးဦးတော့ဖောက်သွားပြီ.ကျွန်တော်တို့တော့ ဘယ်လိုတင်ရမယ်ကိုမသိသေးဘူး.ကိုဖိုးစိန်လိုပဲ ဆိုလိုက် ဖျက်လိုက် . ဖျက်လိုက်ဆိုလိုက်နဲ့ အဟီး..နောက်ဆုံးတော့တစ်ပုဒ်မှ စိတ်တိုင်းမကျဘူး။ ကိုဖိုးစိန်ဆိုထားတာလေး ကောင်းပါတယ် frientster လေးလည်း ဖတ်သွားပါတယ်ဗျာ
Dream said…
မိခင်မယ်တော်ဒွင်းမှာ မြ့ားလိုပါ မကြားလိုပါ...
မဆိုရင် ပေးမယ်နော်ကွာ.. မုန့်ဖိုးများက တစ်ရာ နှစ်ရာ... ဒန်.. ဒန်.. ဒန်... တန်... :P :P
(စိတ်ညစ်တဲ့အထဲမှာ အဲ့ဒါတွေပါတယ်... အဟီး.. အူးအူးဖိုးချိန်က သီချင်းဆိုတာတောင် ဒီလောက်ကောင်းတာ မဆိုဘဲ နေရင် ပိုတောင်ကောင်းဦးမှာ ... ဟီး...... :P
:P
flowerworld said…
မနက်ကတည်းကဖွင့်နားထောင်နေတာ အသံကမကြားရလို့ ခုမှပဲနားထောင်လို့ပြီးတယ် မောလဲမောတယ် မောင်လေးဖိုးစိန်ရေ ကောင်းလိုက်တာ(စိတ်ပျက်ဖို့)ဟီးးးးးးးးးးးးးး
စတာနော်မောင်လေးအတည်....ဟိဟိ
ကြိုးစား........ကြိုးစား
flowerworld said…
အယ်တော်ဘီလိုဖြစ် မန့်လို့လဲမရပါလားနော် ဟွင်းဟွင်း မနက်ကတည်းကနားထောင်နေတာ ကြားချင်လွန်းလို့..ဟွန်း မောလိုက်တာ ခုမှပဲအသံကြားရတယ်
ကောင်းတယ်မောင်လေးရေ အမဆီမှာလာသင်ဦးအမလောက်မရသေးဘူး အမဆီမှာလာသင်လို့ကတော့ ဒီထက်ပိုဆိုးစေရမယ် ဟိဟိ တူမလေးယောင်းယောင်းပြောတာလဲလက်ခံသလိုပဲ
ဟတ်ဟတ်...စတာနော်..အတည်.ဟီးးး
Anonymous said…
အဟား ကိုဖိုးစိန်ရေ ဂွတ်တယ်ဗျာ
အဲ့သီချင်းကို ကျနော်လည်း ကြိုက်တယ်
ဒါပေမယ့် ဆိုတော့ ဆိုတတ်ဘူးရယ် အဟီး
ဂွတ်ဗျာ ဂွတ် :D

Popular Posts