အခုတစ်လော အုတ်ကျင်းအပိုင် ရပ်ကွက်ထဲမှာရှိတဲ့ လက္ဘရည်ဆိုင်တွေ မနက်ဈေးတွေမှာ လူတွေစိတ်ဝင်တစားနဲ့  ပြောနေကြတာ က
” ပွဲစားမမထား”အကြောင်း
နာမည်အရင်းက” ထားထားနွယ်”
လွန်ခဲ့တဲ့ တစ်လ ကျော်ကျော်လောက်ကမှ အုတ်ကျင်းမာလာမြိုင် (၄)လမ်းထဲ မှာရှိတဲ့တိုက်ပုလေးကို ဝယ်ပြီး အဖော်ကောင်မလေး တစ်ယောက်နဲ့ပြောင်းလာ တာ..
သူ့ အလုပ်က ပွဲစား
စိန်၊ကျောက်၊အိမ်၊ကားအကုန်လုံးကိုပွဲစားလုပ်တယ်..အထူးသဖြင့်လူပွဲစား....လူပွဲစားဆိုတာကလည်းယဉ်ယဉ်ကျေးကျေးပြောရင်
အောင်သွယ်တော်..
မစွံသော သားရှင် သမီးရှင်တွေ ရဲ့ မိဘများ အားထားယုံကြည်အားကိုးရတဲ့မမထား
အသက်ကဖြင့် ရှိလှ (၃၅) (၃၆)
အသားဖြူတယ်..ကိုယ်လုံးကိုယ်ပေါက်ကတင်းတင်းရင်းရင်းပြည့်ပြည့်ဖူးဖူးကျစ်ကျစ်လစ်လစ်...
မိန်းမတစ်ယောက်မှာရှိသင့်ရှိအပ်တဲ့အရည်အချင်းနဲ့ပြည့်စုံသူ....
ကာလသားကိုကိုများရဲ့လက္ဘရည်ဝိုင်းအရက်ဝိုင်းတွေမှာမမထားအကြောင်းမပါ မပီးလောက်အောင် ဆွဲဆောင်နိုင်သူ
စကားကလဲချို....နှုတ်ကလဲသွက်....အလုပ်လုပ်ရာမှာလဲတိကျမှန်ကန်ပြတ်သားသေချာသူ...
မမထားလက်ထဲရောက်ရင် ကြေးတောင်ရွှေဖြစ်အောင်ပြောနိုင်သူဆိုတော့နာမည်ကြီးတာမဆန်းလှ..
ဒါပေမယ့်မမထားကတစ်ခုလပ်လိုလိုအပျိုကြီးလိုလိုနဲ့ဒီအချက်ကိုဘယ်သူမှသေသေချာချာမသိကြဘူး..
လောလောဆယ်မှာတော့အဖော်ကောင်မလေးတစ်ယောက်ဘဲပါလာတာဆိုတော့အများကတော့အပျိုကြီး မမထားပေါ့.....
တစ်နေ့ မမထားတို့ အိမ်ကို မာလာမြိုင်(၇)လမ်းက ဒေါ်တင်မဆိုသူရောက်လာတယ်..
” ထားရှိလား......ဟဲလို.... ထားရှိလား”
”မမထားရှိတယ် ဒေါ်ဒေါ် ဝင်ခဲ့ပါ”
အိမ်ဖော်ကောင်မလေးရဲ့ ခေါ်ဆောင်မှု့  ကြောင့် အိမ်ထဲ ရောက်လာတဲ့ဒေါ်တင်မေက
” ထားကိုအလုပ်အပ်ချင်လို့...အားကိုးပါရစေ..ပြီးတော့ထားကိုယုံကြည်စိတ်ချတာလဲပါတယ်လေး...ဟင်း..ဟင်း....အဲဒါ...”
”ပြောပါအမ ထားလုပ်ပေးနိုင်တာဆို လုပ်ပေးပါမယ်..ဈေးကတော့ အမတို့ သိတဲ့အတိုင်း နည်းနည်းတော့ပွဲခများမယ်..ကျွန်မက
အာမခံနဲ့ လုပ်တာဆိုတော့....”
” ရပါတယ်ထားရဲ့ ..အမကပစ္စည်းဝယ်ဖို့ရောင်းဖို့တော့မဟုတ်ဘူးကွဲ့..သမီးကိစ္စ...သမီးကိုယောက်ျားပေးစားချင်လို့..အဲဒါ...”
”သြော်...”
ဒေါ်တင်မက သမီးကို အစွံထုတ် ဝယ်သူလက်ထဲ အပ်ဖို့ ရာ ပွဲစားကို သမီးရဲ့အရည်အချင်းတွေ ချီးမွမ်းခန်းဖွင့်တာပေါ့...
”ဒီလိုထားရဲ့...အမသမီးအရင်ကနည်းနည်းဆိုးတယ်...ကျွန်မတိုဆုံးမလို့ကိုမရဘူး...အခုတော့သူနောင်တရနေပြီးလေ..နောင်တ နဲ့ အတူ အပိုဆု ကိုယ်ဝန်က(၂)လ ရှိနေပြီး..ခက်တာက ဘယ်သူနဲ့ ရလဲဆိုတာ သူကိုယ်တိုင်မသိတာဘဲ...အဲဒါ ဒီကလေးကို မွေးလို့ ရအောင် ..ယောက်ျားပေးစားမလို့..ကူညီဘာဦးထားရယ်...ထားမို့လို့သာ ယုံကြည်ပြီးအကူအညီတောင်းရဲတာ..ထားက လူသိများတယ်လေ... လူကိုတော့ ချမ်းသာတာ ဆင်းရဲတာ ကြီးတာ ငယ်တာ အဓိက မထားဘူး...ထုံထုံအအ ရိုးရိုးအေးအေးနဲ့မိန်းမစကားနားထောင်ပြီး မိန်းမကြောက်တတ်တဲ့သူမျိုးဆိုဖြစ်ပါတယ်...
နောက်ပြဿနာက နောက်မှ ရှင်းလို့ ရတယ်..အခုလောလောဆယ်သာ...
မျိုးရိုးတော့သန့်ပါစေနော်..ဟင်း..ဟင်း.....ဖြစ်နိုင်ရင်ဒီလအတွင်းပေါ့..ထားကျေးဇူးကိုမမေ့ပါဘူး...ဟင်း...ဟင်း..ဖြစ်အောင်တော့လုပ်ပေးပါရှင်....”
” စိတ်ချအမ ထားစီစဉ်ပေးမယ်...ပွဲခသာ ရှာထား”
ထားရဲ့ အရည်အချင်းကြောင့် ဒေါ်တင်မသမီးတစ်လအတွင်း မင်္ဂလာဆောင်လေပြီ..
ကောင်လေးကအသက်ကြီးပေမယ့်ရိုးရိုးအေးအေးရုံစာရေးကြီးပေါ့...
တနေ့ ..........
”ဟဲ့ မိအေး..ဈေးပြန်နောက်ကျလှချေလား...မျက်နှာကလဲမကောင်းဘူး.ဘာဖြစ်လာလဲမမထားကိုပြောစမ်း”..
”မပြောချင်ဘာဘူးမမထားရယ်....ဟိုဒေါ်တင်မလေ...မမထားအကြောင်းကို ဈေးထဲမှာအတင်းချနေတာ....သူပြောတာက
အဲဒီကောင်မကညံ့ကိုညံ့တယ်တဲ့....
သု့ သမီးလိုယောက်ျားမျိုး မမထား ရှာပေးပြီး မမထားမရနိုင်တာ
မမထားရဲ့ မဟာအမှားတဲ့..ဒီလိုတုံးတဲ့မမထား ယောက်ျားကောင်းရဖို့မလွယ်ဘူးတဲ့လေ..
ဒါကြောင့်အခုလိုနေရတာတို့ဘာတို့နဲ့စုံနေတာဘဲမမထားရယ်”
”နေပါစေမိအေးရယ်....သူငါ့ကို သူ့သမီးအတွက်ယောက်ျားရှာခိုင်းတုန်းက ဘယ်လိုလူမျိုးရှာခိုင်းလဲ”
”ရိုးရိုးအေးအေး တုံးတုံးအအနဲ့မိန်းမစကားနားထောင် မိန်းမကြောက်တဲ့သူမျိုးလေ”
”အေး...အဲဒီယောက်ျားကတုံးလွန်းအလွန်းငါဘာမသုံးစားလို့မရလို့ ငါကွဲလိုက်တဲ့
ငါ့အရင်ယောက်ျား...အခုသူငါ့စကားနားထောင်းပြီး အဲဒီဒေါ်တင်မသမီးကို ယူလိုက်တာ...ကဲ သိပြီးလား.......”
ဖိုးစိန်
29 comments:
ကဲဒီခါတော့ဦးပြီကွာ ထိပ်ဆုံးပဲ အဟတ်
ရီသွားတယ် အဟတ် အကိုဖိုးစိန်
ဒါမျိုးလည်းတတ်တယ်နော်
အဲ..မမထားလက် အပ်တော့မယ်ပေါ့။ကိုဖိုးစိန်.:))
ကောင်းတဲ့ ၀တ္ထုတိုလေးပါ။
ဟဟဟ ဆိုးပြီ ဆိုးပြီ အဟုတ်မှတ်လို့ ဖတ်လိုက်တာ ... အဆုံးသတ်မှ ကပ်ခံလိုက်ရတယ် :D
အဟား မမထားကတော့ လုပ်ပြီဟး) ရှောင်ဟဲ့ ရှားဟဲ့ မောင်ဖိုးစိန် ကောင်းတယ် ဆက်ရေး...
လေးစားလျက်
တောင်ပေါ်သား
ဟိုက်!! ဘာကာနဲ့ ချယ်လ်ဆီး ပွဲကလဲ ကောင်း.. ဘာကာ က တယောက် အထုတ်ခံရပြီ.. ဒိုင်လူကြီးကွာ..တောက် !! ဟင် !!... ပြောတော့ သမီးက အရမ်းဆိုး ကိုယ်ဝန် ၂ လ နဲ့  လိုချင်တော့ မျိုးကောင်းရိုးသန့် တဲ့ .. အတော်ထူတဲ့ အန်တီကြီးပဲနော်.. ။ အင်း .. အင်း .. ၀တ္ထုထဲကလို မိန်းမတွေ ရှောင်ရှားကြလော့ ရောင်းရင်းတယ်ဂျင်းတို့ !! ကိုဖိုးစိန်ရေ.. ဆက်ရေးဗျာ.. ။ :)
ဒါလဲ ကိုယ်တွေ့ပဲလား..
အဟီး..
ကိုဖိုးစိန်နော်...
တော်တော်ရေးတတ်တယ်..
ဖတ်တာ အရမ်းကောင်းတယ်ဟ..
အဟီး.. ကိုဖိုးစိန်လက်တွေ့နဲ့တူတယ်ဟ...
ဟတ်ဒယ်မရား..... အဟီးးး..
စတာနော်.. မမထား တောပါဒယ်.. ကိုဖိုးစိန်ကပိုတော်တယ်
အဟဲ...။ :)
လုပ်တယ်လုပ်တယ် ဖိုးစိန် တို့ကတော့ကွာ။
အဲ့ဒါ ဖိုးစိန်တော့ အဖြစ်နိုင်ပါဘူးနော်။
ဟဲဟဲ နောက်တာ ကောင်းတယ်ဖတ်လို့
နောက်တယ်နော် တင်ပြီးသားတဲ့ဒီဝတ္ထုကို
အသစ်တင်လို့ လာကြည့်တာ မမ ထားဖြစ်နေတာကိုး
ကောင်းပါတယ် ဆက်လက်ကြိုးစားပါ။
ခင်မင်စွာနဲ့ 
ညီ
ဝသန်
ဟဟ...ဖိုးစိန်တို့ ရိုက်ချက်. :D
ကိုကိုစိန်လား... အဲဒီယောက်ျားက.. ဟီးဟီး
မမထား ဆိုတဲ့ ပွဲစားရဲ့ ရိုက်ချက် က မိုက်တယ်။
ရယ်သွားပါတရ်။။ကောင်းတရ်။
ခင်မင်ခြင်းနှင့်
တလနွန်
ကိုယ်တွေ့တော့ မဟုတ်ပါဘူးနော်... ဟဲဟဲ
း)
ကောင်းတယ်နော်... သတိတော့ထားကျ အစ်ကိုတို့ရေ... လောကမှာ အဲလိုတွေများနေပြီနော.. :)
း)
း)
ဒီတစ်ခါတော့ ရယ်သွားတယ်
အသံထွက်ရယ်တာတော့မဟုတ်ဘူး
အတွေးနည်းနည်းများသွားလို့း)
မနော်
အဲ ....... ငါ့မောင်လေးကတော့ လုပ်ချလိုက်ပြန်ပြီ။ ဟိုဝထ္ထုတိုတောင် မပြီးသေးဘူး။ ဒီမှာ ဗိုက်ပြသနာစပြန်ပြီ။ ဒီကောင်လေး အခုတလော ဗိုက်ပဲရေးနေတယ်။ ဟီး
မဟုတ်မှလွဲရော တောင်ပေါ်သွားပြီး ဘာလုပ်နေလဲမသိဘူး။ ဟဟဟဟ
ချစ်လို့စတာနော်။
ခင်မင်လျှက်
မကြီး
စာရေးမှားသွားလို့ဟ ဟီးးးး ပြန်ဖျက်ထားတယ်
လေးစားလျက်
တောင်ပေါ်သား
ဟလို ထားရှိလား ထားရှိလား.. အဟီး
A very good article, different from others.
Some women like unqualified men.
Bino
ဟားဟားဟ တော်တယ် မောင်ဖိုးစိန်တို့ကတော့လေ မပြောလိုက်ချင်ဘူး ဟွင့်
ချီးကျွေးတယ် အဲလေ ချီးကျူးတယ်လို့ ခွိခွိ
ရေးတတ်လိုက်တာ၊ ရယ်ရတယ်
တယ်ဟုတ်ပါလား လှည့်ကွက်တွေ ဘာတွေနဲ့။
သြော်.. တယ်ပိုင်ပါလား
သူ့ဆီလာရင် အထူးအဆန်းချည်း ကြားရတယ်။ ရီလိုက်ရတာ။
ဖိုးစိန်တို့ မမထားဆီ ၀ကွက်အပ်ပြီးပလား မသိ။ :)
မှတ်ပီယား.........
ဟားဟားးးး
တို့ အကိုဖိုးစိန်လည်း ရေးတတ်တယ်ဟ...
လန်ထွက်နေတာပဲ
မမထား မမထား တော်တော် တော်တဲ့ မမထားပဲ၊ မမထားကလဲ တော် ၊ ရေးသူကလဲ တော်တယ်နော်
ဖိုးစိန်လေးဟာစာရေးကောင်းတယ်။
အစစအရာရာအဆင်ပြေပါစေ။
ကိုဖိုးစိန်ရော မထားလက်ကနေ ထွက်ပြီးပြီလား။ :P ခင်လို့စတာ။ စိတ်မဆိုးနဲ့နော်။
Post a Comment