ဒါက..ဒီလိုရှိတယ်( သို့ )မပြင်နိုင်သောစိတ်လေးများ

”ဒါက..ဒီလိုရှိတယ်တဲ့ ”
တစ်ည ကန္တာရကအပျိုကြီးမငုံကအိမ်မှာ လာအော်သွားတယ် ”ကံထူးရှင်သိချင်ရင်လာခဲ့”ဆိုလို့အပျိုကြီးအိမ်လိုက်သွားတာ မထင်မှတ်ပဲအပျိုကြီးတက်တာခံလိုက်ရတယ် (အပျိုကြီး အပျိုကြီးနဲ့ခေါ်ရတာအရတာရှိလိုက်တာ မငုံ မကြိုက်မှန်းသိတော့ ခေါ်ရတာတယ်ပျော်တာပဲ တကယ်တော့ကျနော်ကသူ့ထက်လပိုင်းပဲငယ်တာ)


ဒါနဲ့အပျိုကြီးမငုံရေးထားတဲ့တက်ဂ်ပိုစ့်လေးကို စိတ်ဝင်တစားဖတ်ကြည့်ပါတယ် ရေးထားတာက မှားမှန်သိရက်ပြင်လို့မရသေးတဲ့အချက်(ပြင်သင့်နေတဲ့အချက်လေးတွေ).. ဖတ်ပြီးတော့ရယ်မိတယ် ပြီးတော့ကောက်ချက်ချမိတယ် ဒါကြောင့်လဲအခုထိအပျိုကြီးဖြစ်နေတာဆိုပြီး
အပျိုကြီးမငုံရေ..စိတ်မဆိုးနဲ့နော် မောင်လေးကစတာပါ
တက်ဂ်ခြင်းခံရတဲ့ကျန်တဲ့အပျိုကြီးမကြီးရောင်ပြန်ပိုစ့်ကိုဖတ်လိုက်တော့လဲ ကွက်တိဗျ ဘာကြောင့်အခုထိမရောင်အပျိုကြီးဖြစ်နေတာလဲဆိုတာလေ သြော် တရားဝင်ထုတ်ဖော်တယ်ဆိုတော့လဲ အပျိုကြီးတွေဘဝကလွတ်မြောက်ဖို့ရှိပါ့မလား လို့ကြိုတင်တွေးပူမိပြန်ရဲ့ (မောင်လေးဖိုးစိန်စေတနာပါ)(မယုံရင်သူတို့ရဲ့အပျိုကြီးဖြစ်စေတဲ့အချက်တွေကိုသွားဖတ်ကြည့်)
အပျိုကြီးမကီကတော့ဘယ်လိုကြောင့်အပျိုကြီးဖြစ်ရတယ်ဆိုတာမသိရသေး လောလောဆယ်တော့ကျနော့်ကိုလူပျိုစစ်မစစ်စမ်းမလို့ဆေးထိုးအပ်ကိုင်စောင့်နေတာ ပတ်ပြေးနေရတယ်(တကယ်လို့များပိုစ့်ကမောင့်ကိုကျနော်ထင်လို့တဲ့.လက်ဆော့ရေးမိတဲ့မဟာအမှား.အဟီးး)
ကိုပေါ်ပေါ် နဲ့ ညီမလေးဇော်တို့ရဲ့အကျင့်လေးတွေတော့ကျနော့်နဲ့ခပ်ဆင်ဆင် (ကျနော်ကပိုဆိုးမှာ)



တကယ်တမ်းကြတော့ကျနော်လဲ ရေးပေးမယ်ဆိုပြီးပတ်ပြေးနေတာ အဲဒါကိုအပျိုကြီးမငုံကအိမ်ကိုခဲနဲ့ထုမယ်ချည်းလာအော်နေတယ်လေ အပျိုကြီးတွေဒေါသထွက်လာရင်ကြောက်ရတယ်ဆိုတော့ကာ ရေးမယ်လို့အမြန်ဆုံးဖြတ်ရတယ်လေ ရေးမယ်လုပ်တော့လဲ ပြင်လို့မရနိုင်သေးတဲ့အချက်တွေတိုင်းကိုချရေးမယ်ဆိုရင် အခန်းဆက်ဝတ္တုရှည်ဖြစ်သွားနိုင်ရဲ့လေ ဒါကြောင့် ကျနော့်ကြောင့်လူကသိကအောက်ဖြစ်စေတဲ့ပြင်မရနိုင်သေးတဲ့အကျင့်ဆိုးထဲကအများအမြင်ကတ်တာ တွေကိုရွေးထုတ်ရတော့တယ်လေ(ဒီအကျင့်တွေကကျနော်ဆိုက်ပရပ်စ်မလာခင်လို့ပြောရင်ပိုမှန်မယ်ထင်တယ်……
အခုတော့ဘယ်ဆီကိုရောက်ရောက်ဆိုသလို ခဏတာပျောက်နေတယ်ထင်ပါရဲ့)



ကျနော့်ရဲ့ပြင်မရတဲ့အကျင့်ဆိုးတစ်ခုက အရွဲ့တိုက်လွန်းခြင်းပဲ ကျနော်အရွဲ့တိုက်တာက ကျနော်မမှားခဲ့မလုပ်ခဲ့ပဲနဲ့ မင်းမှားပါတယ် မင်းလုပ်ပါတယ်လို့ အတင်းငြင်းတဲ့သူတွေကို လက်တွေ့ကျအောင် မှားပြလိုက်ခြင်း လုပ်ပြလိုက်ခြင်းပါ ကျနော့်စိတ်ထဲထင်တာက ကျနော်မလုပ်ပေမယ့် သူတို့ကျနော့်ကိုလုပ်တယ်လို့တထစ်ချယုံကြည်နေပြီး မလုပ်ပဲနဲ့လုပ်တယ်လို့တော့အပြောမခံနိုင်ဘူးလေ သူတို့ရဲ့ယုံကြည်ချက်ကိုအကောင်အထည်ဖော်ပေးတဲ့အနေနဲ့ မဖြစ်ဖြစ်အောင်ကိုလုပ်လိုက်တယ်(ကဲအဲဒီမှာပွဲသိမ်းဆိုသလိုပေါ့) ကျနော် ၅တန်းနှစ်ရောက်တဲ့အချိန် အဖေကအရမ်းကိုရှေးကျတဲ့ဓာတ်ပြားစက်တစ်လုံးဝယ်လာတယ်လေ ပိုက်ဆံလဲအများကြီးပေးရတယ်တဲ့ ရှေးကျတယ်ဆိုတော့အဖေက အမြတ်တနိုး ကျနော်တို့မောင်နှမလဲစိတ်ဝင်စားတော့ အဖေ့နားထိုင်ပြီး အဖေကလိသမျှကိုကြည့်နေတတ်တယ်လေ အဖေမရှိရင်လဲကလိနေကြပေါ့ တစ်နေ့အဖေအိမ်ပြန်ရောက်တော့ ဓာတ်ပြားစက်လေးကဖွင့်မရတော့ဘူး အဲဒါအဖေကစိတ်ဆိုးဆိုးနဲ့ ကျနော့်ကို”သားကြီး မင်းလုပ်တာမဟုတ်လား အခုသုံးမရတော့ဘူးဒီစက်က”လို့ပြောတော့ ကျနော်”မလုပ်ဘူး”လို့ဖြေတာအဖေက မကျေနပ်ဘူး ”မင်းမလုပ်ရင်ဘယ်သူလုပ်မလဲ”ဆိုတာထပ်ပြောတော့ အဖေ့ကိုကျနော်မေးတယ် ”အဖေ့စိတ်ထဲမှာသားလုပ်တယ်လို့ယုံကြည်နေလား အဲလိုယုံကြည်နေတယ်ဆိုရင်တော့ အပြောခံရမယ့်တူတူ အခုဖျက်တယ”်ဆိုပြီး အဲဒီစက်ကိုကိုင်ထုလိုက်တယ် အေးရော အဖေလဲဘာပြောရမှန်းမသိ ကသိကအောက်ဖြစ်မှာတော့အမှန်ပင် ဒါပေမယ့်အဖေဘာမှမပြော ကျနော်မလုပ်ဘူးဆိုတာကိုအဲဒီအချိန်ကျမှယုံသွားခြင်းဖြစ်လို့လေ အဲလိုကိုပေစောင်းစောင်းနဲ့ရွဲ့တာဆိုတော့ အိမ်မှာတော်ရုံမသေချာရင် ကျနော့်ကိုမပြောရဲဘူးလေ တော်ကြာလုပ်မိမှာကြောက်ကြလို့ ရည်းစားတွေနဲ့ပြဿနာတက်ပြီးကွဲရတာလဲအဲလိုအရွဲ့တိုက်ကောင်းလို့ အခုထိမယုံကြည်သူများရှေ့မှာ မယုံကြည်အောင်နေတုန်း ပြင်မရတော့ဘူးထင်တာပဲလေ မှန်နေတာကိုမှားတယ်ထင်တာကို အထင်ခံရမယ့်တူတူ လုပ်လိုက်တာကမှတန်ဦးမယ်ဆိုတဲ့စိတ်မျိုး..ရှေးရှေးဝေးဝေးရှင်းမပြချင်တာပါ ရှင်းပြနေရတာကိုကစိတ်နောက်တယ် ထင်ချင်သလိုထင်ဆိုတဲ့စိတ်မျိုး




နောက်ပြီးကျနော်ခေါင်းမာတယ် ကျနော့်စိတ်ထဲမှာမှန်တယ်ထင်နေတဲ့အရာတစ်ခုကိုဘယ်တော့မှအလျော့မပေးသလို အရှုံးလဲမပေးဘူး မှားမှားမှန်မှန်ဆက်လုပ်တယ် တခြားလူတွေကမင်းမှားနေတယ် တော်သင့်ပြီးရပ်တော့လို့ပြောနေပေမယ့် ကျနော့်စိတ်ထဲမှာအဲဒီလိုပြောမှပိုလုပ်ချင်တဲ့စိတ်ကပြင်းပြလာတယ် ဆက်လုပ်တယ် မှန်တဲ့အခါကြတော့ငါကွပေါ့ ရှုံးတဲ့အခါကြတော့လဲ နောင်တမရဘူးလေ ဘာရစရာလိုလဲပေါ့ အဆုံးထိတွက်ထားပြီးမှလုပ်တာဆိုတော့ ဝေးဝေးမကြည့်နဲ့ ဆိုက်ပရပ်စ်မှာကျနော်သောင်တင်နေတာကိုသာကြည့်လိုက် ခေါင်းမာလားမမာလားဆိုတာသိသာတယ် ပြင်မလို့ကြိုးစားမိပါတယ် စိတ်ကူးနဲ့ပဲလေ



ကျနော်တော်ရုံတန်ရုံဆို စကားမပြောဘူး အရမ်းအေးတယ် အခန်းအောင်းတဲ့ကောင်လေးလို့ပြောကြတယ် အဲကျနော်နဲ့ဓာတ်ကျတဲ့လူများရှိလို့ကတော့ သာလိကာတို့ စာကလေးတို့အရှုံးပေးရလောက်အောင်ပေါက်ပေါက်ဖောက်လေ့ရှိတယ် တဖက်ကိုအလွန်အကျွံဖြစ်တတ်တဲ့စိတ်ပေါ့ အဲဒီလိုတစ်ဖတ်သတ်ဆန်တဲ့အလွန်အကျွံကိုပြင်လို့မဘူး



အငေးလွန်ရောဂါ..လူမိန်းခလေးယောကျာ်းလေးဖြစ်ဖြစ် အရာဝတ္တုပစ္စည်းဖြစ်ဖြစ် မျက်စိရှေ့ရောက်လာလို့ သဘောများကြပြီးဆိုရင် အငမ်းမရထိန်းမနိုင်သိမ်းမနိုင် ဟန်မဆောင်နိုင်ပဲငေးတာ အကြည့်ကမလွှဲပေးမယ့် စိတ်ကတခြားဆီရှိနေတတ်တယ် ဒါကြောင့်ငယ်ငယ်ကဆို အငေးလွန်လို့ပြဿနာခဏခဏတက်တယ် အရွယ်ရောက်တော့လဲ အငေးလွန်လို့ပြဿနာဖြစ်ရရော ရှစ်တန်းလောက်တုန်းက အဖေ့သူငယ်ချင်းရဲ့သမီး ပါးကွက်လေးကွက်ပြီးဆံပင်နှစ်ခွစီးထားတာကြည့်ကောင်းလို့ငေးမိတယ် ငေးနေရင်စိတ်ကတခြားဆီရောက်နေပေမယ့် မျက်လုံးကမခွာမိဘူးဖြစ်တော့ ”ဟဲ့ကောင်နှာဘူးကြည့်မကြည့်နဲ့”ဆိုပြီး အပြောခံလိုက်ရတယ် ကြည့်တုန်းကတော့နှာဘူးအကြည့်မဟုတ်ဘူး လှလို့ကြည့်တာဆိုတော့ စိတ်ကထောင်းကနဲဖြစ်ပြီး ရွှတ်ကနဲ ကောင်မလေးပါးကိုတမင်နမ်းလိုက်တာ ပြဿနာကအိမ်ထိပါလာရော အဲလိုအကြာကြီးငေးပြီး အကြည့်မလွှဲတတ်တာ တစ်ခုခုကို စူးစိုက်ကြည့်တတ်တာ(စိတ်ဝင်စားရင်)



အမေကျနော့်ကိုပြောဖူးတယ် သားစိန်ကလူတစ်ယောက်ကိုချစ်သွားပြီးဆိုရင် ခြေဖဝါးလေးပဲနမ်းရနမ်းရ ခြေမှုန့်လေးပဲရှူရရှူရ အရမ်းချစ်တတ်တယ်တဲ့ လူတစ်ယောက်ကိုမုန်းသွားပြီးဆိုရင်တော့ အဲဒီလူရဲ့အနံ့အသက်မပြောနဲ့ အရိပ်တူရင်တောင်ဓားနဲ့ခုတ်မယ့်ကလေးတဲ့လေ အဲလိုအစွဲအလန်းကြီးသလို ဒေါသလဲကြီးတတ်တယ်လေ ကျနော်တကယ်ချစ်သွားပြီးဆိုရင်တော့ အဆုံးထိပဲ ဘယ်လောက်ပဲအပြစ်လုပ်လုပ် ဘယ်လိုပဲဖြစ်နေနေ ကျနော်ဘယ်တော့မှစိတ်မပြောင်းတာပဲ အရမ်းကိုအစွဲကြီးတာ အသေးစိတ်ကျတာ အမြဲဖြည့်ဆည်းပေးချင်တာ တော်တော်ထိန်းရတယ် တစ်ခုခုကိုမချစ်မိအောင်မနည်းကြိုးစားထိန်းရတယ် လွတ်သွားလို့ကတော့သေရာပါပဲ အစွဲအလန်းကြီးတာ…ဒါလဲစိတ်ရောဂါတစ်မျိုး..ကြည့်မရတဲ့သူ မုန်းတဲ့သူဆိုရင်တော့ မြင်တာနဲ့ဒေါသဖြစ်နေပြီး စကားမမှားနဲ့ လက်ကပါပြီးသားဖြစ်နေတယ် တစ်ခါတုန်းက အမေ့ညီမဝမ်းကွဲယောက်ျားအိမ်မှာလာတည်းတုန်းက ကျနော့်ကို”မိမနိုင်ဖမနိုင်ကောင်”ခေါ်လို့ဓားနဲ့ခုတ်တာလက်မတင်လေးလွတ်သွားလို့ ပေါင်မှာလေးချက်လောက်ပဲချုပ်ရတယ်လေ အဲလောက်ထိစိတ်ကထောင်းကနဲဆိုဒေါသနောက်လက်ကပါသွားတာ ဆယ်တန်းတုန်းကတော့ ကျနော့်ကောင်မလေးကိုကြိုက်နေတဲ့ကောင်လေးတစ်ယောက်က ကျနော့်ကိုမကျေနပ်လို့လူစုပြီးမိုက်တာ လက်ဖက်ရည်ဆိုင်မှာ ”မင်းလားကွဘိုစိန်”ဆိုပြီးဆွဲထိုးဖို့ပခုံးလှမ်းအလှည့် လက်ကရေနွေးချမ်းခွက်နဲ့သူ့နှာရိုးကိုရောက်ပြီးသားဖြစ်သွားလို့ ရော်လိုက်ရသေးတယ် (အဲဒီလိုဖြစ်ပြီးသွားရင်လဲ စိတ်ထဲမှာတော်တော်လေးမကောင်းဘူး အားနာသနားနေတတ်တယ် ဝမ်းနည်းနေတတ်တယ် အစွဲတစ်ခုလိုဖြစ်နေပြန်ရော အမေတို့က အဲလိုဖြစ်ရင်ပြင်ပေါ့သားရယ် လို့ပြောပေမယ့် ဒေါသထွက်တဲ့အချိန်ကတော့ဘာမှမမြင် ဘယ်လိုမှပြင်လို့မရသေးတာပဲ)



ကျနော်တစ်ခုခုကိုကြိုက်သွားပြီး လိုချင်သွားပြီးဆိုရင်တော့ စားလဲဒီစိတ် သွားလဲဒီစိတ် မအိပ်နိုင်တမှိုင်မှိုင်နဲ့ မရရအောင်လိုချင်နေခဲ့တာလေ မရမချင်းလဲဇွဲကောင်းကောင်းနဲ့ကို မရရအောင်ကြိုးစားတတ်တဲ့တရားလွန်အကျင့်ဆိုး ဒါပေမဲ့လိုချင်တဲ့အရာတစ်ခုကို အပြည့်အဝပဲရချင်တယ်(၁၀၀)ရာခိုင်းနှုန်းပေါ့ စိတ်ပြေပါစေကြောင်း(၅၀)ရာခိုင်းနှုန်းလောက်ပေးမယ်ဆိုရင်တော့ ဝမ်းနည်းပါတယ် မယူပါဘူးပေါ့လေ ပေးချင်ရင်တော့အပြည့်ပဲလိုချင် ရချင်ပါတယ် မရရင် တစ်ပြားဘိုးတောင်မယူဘူး လုံးဝကိုမလိုချင်တာ ရမယ်ဆိုရင်တော့ အပြည့်အဝပဲလိုချင်တယ် အဆစ်အနေနဲ့အပိုလဲမလိုချင်ဘူး ဒါကလဲတခြားလူတစ်ယောက်ကို ကသိကအောက်ဖြစ်စေတာပါပဲလေ ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ် အဝတ်အစားပဲဖြစ်ဖြစ် မိဘမောင်နှမတွေနဲ့ သူငယ်ချင်းတွေကိုပြောထားလေ့ရှိတယ် မပေးချင်ရင်နေ ရတယ်စိတ်မဆိုးဘူး ဒါပေမယ့်ပေးမယ်လို့ဆုံးဖြတ်ထားရင်တော့ လိုအပ်တာနဲ့ ကောင်းတာပဲဝယ်ပေးလို့ တော်ရုံတန်ရုံမလိုအပ်တဲ့ဟာကိုတော့မလိုချင်ဘူး အောက်သက်သက်နဲ့တော့မယူချင်ဘူး ယူပြီးအသုံးမဝင်ပဲချောင်ထိုးထားရမှာကို ဝါသနာမပါဘူး လိုအပ်တာကိုသုံးပြီး စိတ်ထဲမှာတကယ်အမြတ်တနိုးနဲ့အမှတ်တရယုယုယယသိမ်းထားချင်တဲ့စိတ်ပါ ဒါကြောင့်ပေးချင်ရင်ဒီမှာဆိုပြီး ကျနော်လိုအပ်တာကိုစာရင်းလုပ်ထားလေ့ရှိတယ် အဲဒီထဲကဝယ်ပေးလို့ပြောတယ် ကဲစဉ်းစားကြည့်တော့လေ ပေးတဲ့သူရဲ့စေတနာကို ဘယ်လိုသဘောထားရမယ်ဆိုတာကိုသိပေမယ့် အသိအမှတ်ပြုစေချင်တယ်ဆိုရင် ကျနော်အမှန်တကယ်လိုအပ်နေတာ ကျနော်အသုံးဝင်တာမှ မကောင်းဘူးလား နှစ်ဖက်လုံးအကျိုးရှိမယ်ထင်တဲ့စိတ်လေ(စိတ်ကအဲလို..အဲလိုလေ) ဒါပေမယ့် တခြားလူအတွက်တော့ကသိကအောက်ရယ်



နောက်ဆုံးတစ်ခုပဲပြောတော့မယ်ဗျာ…
အစားအသောက်ဂျေးများတာ ကျနော့်နဲ့ပတ်သက်လာရင် ကျနော်ကိုအားလုံးကလက်လန်တယ် အမေချက်တာအရမ်းကောင်းပေမယ့် ကျနော်အမြဲဂျီကျလေ့ရှိတယ် အခုထိဘယ်ဟင်းကိုဘယ်လိုချက်မှ ဘာအသားကိုဘာနဲ့မှ ကော်ဖီကိုဘယ်လိုဖျော် လက်ဖက်ရည်ကိုဘယ်လို စသည်ဖြင့်ပေါ့ အပြင်မှာစားရင်လဲဆိုင်ကရွှေးတုန်း သူငယ်ချင်းတွေနဲ့အပြင်ထွက်စားရင်အဲဒီဆိုင်ရွေးတဲ့ဒုက္ခကမသေးဘူးလေ ထမင်းကမာရင်လုံးဝမစားဘူး မကြိုက်တဲ့ဟင်းကိုထမင်းဝိုင်းမှာမြင်လို့ကတော့ လူသိရှင်ကြားပွစိပွစိ ဒီထက်ပိုဆိုးတာတွေရှိသေးတယ် ဘယ်အိမ်မှာထမင်းစားစားမကြိုက်ရင်ဟန်ဆောင်ပြီးမစားသလို ကြိုက်လို့ကတော့ ဟန်မဆောင်တမ်းအမုန်းဆွဲပဲလေ အခုထိကျနော့်အကြိုက်နဲ့ကျနော့်အထာကိုမသိကြသေးဘူးလေ အမေဆိုပြောတယ် အရုးထမင်းခေါ်ကျွေးတာကမှစိတ်ချမ်းသာအုံးမယ်တဲ့ (ကဲဒီလောက်ဆိုဘယ်လောက် ဂျေးများလဲဆိုတောပြောစရာမလိုတော့ဘူးထင်တာပဲ)


ရေးမယ်ဆိုကျန်သေးတယ်အများကြီး
အဖေကတော့ကျနော့်ကိုပြောတယ်လေ ”စိန်လေးတဲ့ သားစိတ်က ဖယောင်းနဲ့သံကိုအဆတူရောကျိုထားတဲ့စိတ်တဲ့” အဖေအမြဲတမ်းပြောနေကျစကား



ဒါပေမယ့် အခုချိန်ဒီနိုင်ငံမှာ ဒီစိတ်တွေလာပါလည်ပါ ခဏလောက်လာနေပေးပါဆိုတာတောင်ခေါ်မရတော့ဘူး ဒါပေမယ့်ကျနော်ကိုယ်တိုင်မသိဘူး အပြီးပျောက်သွားတာလား ခဏလားဆိုတာ ကျနော့်အဲဒီစိတ်တွေမရှိတော့ပါဘူးဆိုတာအာမမခံနိုင်ဘူးဗျာ အခုထိတော့ တစ်ခါတစ်လေ သည်းသီးခံသလောက် ဒေါသကကြီးတုန်း အကောင်းကြိုက်တုန်း အစားအသောက်ရွေးတုန်း အစွဲအလန်းကြီးတုန်း (အဲဘာကျန်သေးလဲမသိ)



ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်


ပထမတော့ဒီပိုစ့်လေးနဲ့ ကျနော်ခင်တဲ့ချစ်မကြီးတွေ ချစ်ညီမတွေ ချစ်ညီတွေ ချစ်ကိုကြီးတွေ ချစ်သူငယ်ချင်းတွေကိုတက်ဂ်မလို့ ဒါပေမယ့်အားလုံးက နေမကောင်းကြတာ စိတ်မပျော်တာ စာမေးပွဲတွေနဲ့အလုပ်ဒဏ်တွေပိနေကြတာဆိုတော့ အားနာသွားတယ် ဒါကြောင့်ပျော်စရာကောင်းတဲ့တက်ဂ်ပိုစ့်လေးကိုပဲ ရှာကြံပြီး ညီအကိုမောင်နှမတွေအားလုံး အဆင်ပြေစိတ်ချမ်းသာလို့စာမေးပွဲပြီးတဲ့အချိန်ကျမှာပထမဆုံးအနေနဲ့တက်ဂ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဗျာ..




ဖိုးစိန်

Comments

flowerworld said…
ချစ်တဲ့သူဆိုရင်ခြေဖ၀ါးလေးပဲနမ်းရနမ်းရ......
အော် အချစ်ကြီးပါပေတယ် မောင်ဖိုးချိန်ရယ် အဲ့မှာ ဂျီမများတော့ဘူးလာ ဂျီးများသေးရင် အိမ်ခေါ်လည်ဘူးနော် ဘုန်းကြီးကျောင်းပို့မယ်
WWKM said…
ကဲကဲ.. ဖိုးစိန်ရဲ့ ဒါကဒီလိုရှိတယ် ဆိုတာလေးကို
မကြီိးဝါက အရင်ဆုံးလာဖတ်ပြီးမန့်သွားပါတယ်။
ဒါကဒီလိုရှိ.. ဟိုဟာက ဟိုလိုရှိပေါ့.... :D
WWKM said…
ဟောဗျာ... ၂ တဲ့
Dream said…
ဒါကဒီလိုရှိတယ်.. ဟိုဟာ..က ဟိုလိုရှိတယ်...
မက်မက်က နံပါတ်သုံးဖြစ်သွားပါတယ်...
Anonymous said…
အောင်မလေး ကြောက်စရာပါလား။ ဖိုးစိန်ရှေ့မှာ ပါးကွက်လေးနဲ့ ဖြတ်မလျှောက်ကြနဲ့နော်။ ဟီး
မောင်နှမဆိုတော့ တော်တော်လေး တူပါတယ်။ ဒီတော့ မောင်လေးလဲ လူပျိုကြီးပဲဖြစ်မှာပဲနော်။ ဟဟ

ခင်တဲ့
မကြီး
တေိာပြီ ကိုဖိုးစိန်ကိုယူတော့ဘူး ဟင်းဂျီးများတယ် အဟီး....
mae said…
ဟုတ်တယ်နော်၊ အခုအချိန်မှာ အရင်ကလို ဟင်းချီးများပါဆိုရင်တောင် မများတတ်တော့ဘူး ထင်တယ်၊
Ree Noe Mann said…
ဖိုးစိန် ဖိုးစိန် ခုလိုစိတ်လေးတွေလျှော့ လာတယ်ဆိုတော့
တော်တော် လေးတိုးတက်နေပြီးပေါ့။
ကောင်းပါ့ကွာ နောက်တာပါဗျာ။

ကိုယ်ရဲ့ မကောင်းတဲ့ အကျင့်တွေကို
ရှာတွေတာ ပြင်ဖို့ လမ်းစပဲ. ပြင်နိုင်ရင် အကောင်းဆုံးပဲ။

ကျွန်တော်ကတော့ ကျွန်တော်ကြောင့် မိန်းမတစ်ယောက် မျက်ရည်ကျ သွားတာကို ခုထိစိတ်မကောင်းဖြစ်မိတယ်။

ခင့်တဲ့
Ree Noe
ဂျီးများတဲ့ အကျင့်လေးတွေကတော့ သူများနိုင်ငံ ရောက်နေရတော့ မပျောက်ချင်လဲ ပျောက်နေရတာပေါ့ မောင်လေးရေ
အကိုရေ လာခံစားသွားတယ်ဗျာ တော်တော်ကို တူနေတယ်း)


လေးစားလျက်
တောင်ပေါ်သား
ဒါအကုန်ပဲလားဗျ...မချွင်းမချန် ပြောနော်....
...ခင်မင်သောအားဖြင့်...
kiki said…
ပျောက်တာ မပျောက်တာ တော့ မသိဘူး ။ေုကာက်တာ တော့ အမှန်ဘဲ ဟဲဟဲ ။ စစ် မစစ်ရော စမ်းပေးရအုံးမလား ။ ဂျီးများတယ်ဆိုတော့ ဘယ်နေရာက စစမ်းရင်ကောင်းမလဲ .ဟိဟိ
မငုံ said…
:( လာပြန်ပြီ အပျိုကြီး..ပြောလိုက်..မကြီးရောင်ပြန်၊ မကြီးကီ..အပျိုကြီး ဖြစ်တာ ဟုတ်ဘူး။။အပျိုကြီးလုပ်တာလို့..သူပဲလူပျိုကြီးဖြစ်မှာ။။ဟုတ်တယ်မလား.
:)) ဟင်းဂျီးများတယ်။ဒါကြောင့် ထမင်းစားမဖိတ်တော့ဘူး။ အငေးလွန်တာတူတယ်ဗျာ။
မငုံလဲ မိန်းကလေးသာပြောတယ်။ ချောချောလှလှလေး ကြည့်ကောင်းတာမြင်ရင်.ယောက်ျားလေး၊ မိန်းကလေးမရွေးဘူး။ အနဲဆုံး ၃ခါလောက် လှည့်ကြည့်ရမှ။ ရိုးရိုးသားသားလေး. အရုပ်လေးတရုပ်ထိုင်ကြည့်သလို ကြည့်တတ်တာ။
ကဲ...လူပျိုကြီးကိုဖိုးစိန်..ကျေးဇူးတင်ပါတယ်ရှင့်။
အလည်လွန်နေလို့ အခုမှလာမန့်နိုင်တော့တယ်။။
အင်းအကိုပြောမှ ညီလည်းသတိရသွားတယ် အကိုနဲ့ တူတာဆိုလို့ အရွဲ့ ကောင်းတာလေ
အဲ့ဒါတော့တူတယ် အဟိ
နောက် တူတာတော့ချိတော့ဖူး အဲ့လက်မြန်တာလည်းတူတယ် စိတ်ကနောက်မှ လက်ကအရင်ပါတာလေ
ဟူးးးးးးးးးးးးးပြင်ရအုန်းမယ် ဗျာ
yehtutnaung said…
ကိုဖိုးစိန်ရေ... ငယ်သော် ငယ်မူ၊ ကြီးသော် ဂျီးထူ အဲလေ ကြီးမူပေါ့ဗျာ။ လျော့တန် လျော့။ ချော့တန် ချော့ပေါ့။ ဟုတ်ဖူးလား...။ အင်း.. ခေတ်ကလေးတွေ တယ်ပြောရခက်သကိုး။
ပုံ/
ဘကြီး နေညို
ဒါကဒီလိုရှိပါတယ် စိန်လေးရယ်..

ဟားဟား ခေါ်စရာ နောက်တစ်ခုရသွားပြန်ပြီ..
ဘာတဲ့...

ဖိုးစိန်... တဲ့
ဖိုးသင်းမျောက်... တဲ့
စိန်လေး... တဲ့

နောက်ဘာရှိသေးလဲ...
အကိုဖိုးစိန်နဲ့ နဲနဲတူတယ်ညီက့ဟီ့း
ညီလဲအကို့လိုပဲ ဂျီးများတယ့်ပြီးတော့
ရွဲ့တတ်တယ့်ဟာဟ့ပြီးတော့အရေး
အကြီးဆုံးက အချစ်ကြီးတယ့်
ဘာတဲ့ အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတာမျိုးထဲကလားဗျ
မောင်စိန်တို့ကတော့ ရေးတတ်ပါပေ့ ဖတ်နေရင်းရယ်နေရတယ်..

နေကောင်းပါပြီဗျ။
တလောကတော့အတော် ဖြစ်လိုက်တယ်
အခုနေပူလာတော့ ဟန်ကျနေပါပြီ
ရာသီအပြောင်းမှာ ပိုးမြူးတယ်ဗျ
သိကားသိ၏ ဘယ့်နှယ်လုပ်မတုန်း..
ဆေးရုံ မသွားပြန်ရင်လည်း အပေါင်းအသင်း ဆရာသမားတွေက ငြိုငြင်ဦးမယ်
ချောင်းဆိုးလိုက်နှာစီးလိုက်နဲ့သွားရတာပဲ..။

ခင်ဗျားလည်း ကျန်းမာရေး ဂရုစိုက်..ဗျို့
လိုရင်လည်းမေးပါဗျာ
ခင်မင်ပါတယ်။
Anonymous said…
ချီးမများနဲ့ ကိုဖိုးစိန် .. ကျွေးတာစား ပေးတာယူ .. စိတ်မထင်လည်း နမ်းသာနမ်းပစ် .. ပြဿနာတတ်ရင် ကျွန်တော်ရှင်းမယ် :D
MANORHARY said…
မတက်ဂ် တဲ့တွက် ကျေးဇူးတင်ပါတယ်
မဟုတ်ရင် ကိုယ့်ပြင်မရစိတ်လေးတွေ
ဖော်ကျူးနေရဦးမယ် .း)
ဘုရားတစ်ပိုင်းမာရ်နတ်တစ်ပိုင်းတွေထဲ
ကိုယ်လည်းပါပေါ့..း)
khin oo may said…
တစ်ခုမှလည်းမကောင်းဘူး
Anonymous said…
ခုတော့ သိလိုက်ပြီ တရုတ်ကြီးပြောသလို
စူ့ထက်စူလူစွမ်းကောင်းတွေချည်းပါပဲ။
လေးစားတယ်ဆရာ..။

Popular Posts