ရင်ကဖြစ်တည်သော

ဒီနေ့စနေနေ့ အလုပ်ပင်ပန်းလို့အနားယူမယ် တကယ်လို့များပိုစ့်ကို အကြံအဖန်လုပ်ပြီး ဆက်ရေးရင်ကောင်းမလားလို့စဉ်းစာနေတာ ဟိုယောင်ဒီယောင်နဲ့ဘယ်ကဘယ်လိုစရေးရမယ်ဆိုတာအစဖော်လို့ကမရ ဒါနဲ့မနက်(၈)နာရီလောက်ကျတော့ဖုန်းတစ်ခုဝင်လာတယ် ကျနော်ရှင်းနေကျမိသားစုအိမ်ကနေခေါ်တာ သူက”စိန်ဒီနေ့အားလား”ဆိုတော့ကျနော်ကလည်းအလုပ်ရှိတယ်ထင်ပြီးမထူးပါဘူး အလုပ်ပဲသွားတော့မယ်ဆိုပြီး အားတယ်လို့ပြောတော့ ”နေလည်(၁)နာရီငါလာခေါ်မယ် ငါ့အမေအိမ်မှာထမင်းသွားစားကြမယ် ငါ့အကိုတွေလဲပါမယ် စောင့်နေ စိန်ကြိုက်တဲ့”ထာဗန်း”(ဂရိအခေါ်) (မြန်မာလိုဆိုရင်တော့သီးစုံဟင်းပေါ့)ဟင်းချက်တယ် ကြက်ကြော်နဲ့ မင်းအတွက်ထမင်းပါပါတယ်”ဆိုတော့ စိတ်ဝင်စားသွားတယ် သူတို့မိသားစုတစ်စုလုံးနဲ့ သူ့အကိုမိသားစုကကျနော်နဲ့မစိမ်းဘူး ကျနော်ဆိုက်ပရပ်စ်ရောက်ကတည်းက ဒီနေ့ထိသူတို့အိမ်မှာ တစ်ပတ်တခါခြံရှင်း မှန်သုတ် ရေကူးကန်ဆေး လုပ်နေကြ ပြီးတော့ကျနော်ကဘယ်လို ဘာကြိုက်တတ်လဲဆိုတာလဲသိနေပြီး အခုကျနော့်ကိုခေါ်တယ်ဆိုတော့ ဆန်ပြုတ်နဲ့ခေါက်ဆွဲပြုတ်နှစ်ပါးသွားနေရတာ တစ်လနီးပါးဆိုတော့အိုက်တင်ခံပြီးမငြင်းတော့ပဲနဲ့လာခေါ်လို့ပဲပြောလိုက်တယ်




နေ့လည်တစ်နာရီမထိုးခင်သူရောက်လာတယ် ကားပေါ်မှာသူ့ မိန်းမမဗိုက်ပါ ပါလာတယ် မဗိုက်ကိုမေးတော့ ယောက်ခမအိမ်မှာသွားစုစားမှာ မစားရတာကြာပြီး တဲ့ သူ့တို့အမေနေတဲ့ရွာလေးက ကျနော်တို့နဲ့ကီလို (၂၀)ကျော်လောက်ဝေးတယ် ကျနော်တစ်ခါမှတော့မရောက်ဖူးဘူး ဒါပေမယ့်အဲဒီရွာမှာသူ့အမေတစ်ယောက်တည်းနေတယ်ဆိုတာတော့ သိတယ် အသက်က(၇၀)ကျော်ပြီး ယောက်ျားဆုံးသွားပြီးဆိုတာသိတယ် အခုသွားစားမှာအဲဒီအဘွားအိမ်မှာ သူချက်တာလို့ပြောတယ်လေ
သြော် အသက်ကြီးပေမယ့် သားသမီးတွေလာမှာဆိုတော့ ချက်နေတုန်း ဘယ်သူကူမလဲ နေရောကောင်းရဲ့လားဆိုပြီး စိတ်ထဲပူမိသေး


အိမ်ရောက်တော့ အဖွားကလမင်းအစင်းတစ်ရာသာတဲ့အပြုံးနဲ့ မီးဖိုချောင်ကနေပြေးထွက် ”ဟေ့ငါ့သားတွေလာပြီး..ငါ့သားတွေလာပြီးဆိုပြီး ”ချိတုန်ချိတုန်နဲ့ပြေးကြိုရှာတယ် ဒါပေမယ့် သန်တုန်းပဲ အားလုံးကဖုန်းဆက်ချိန်းပြီးလာတာဆိုတော့ ရှေ့ဆင့်နောက်ဆင့်လေ ကျနော့်ကိုအားလုံးကနှုတ်ဆက်ကြတော့ အဖွားကလည်း ဘယ်သူလဲဆိုပြီးဂရိလိုမေးပြီးနှုတ်ဆက်တာ ကျနော်ကလဲဂရိလိုပြန်ပြောလိုက်တော့ ဂရိစကားတတ်တယ်ဆိုပြီး ကျနော့်ကိုသဘောတွေကျ စကားတွေများမေးလိုက်တာမှအများကြီး ဟင်းကကျက်ခါနီးဆိုပေမယ့် သားသမီးတွေလာတော့ သူခမျာလုပ်မထိဘူးဖြစ်နေတယ် အိမ်ရှေ့ထွက်လာလိုက် သားတွေအဆင်ပြေလားကြည့်လိုက် နောက်ဖေးဝင်လိုက် ဟင်းအိုးကြည့်လိုက်နဲ့တပြုံးပြုံး အံ့သြတယ် ဒီလောက်များတဲ့ဟင်းတွေကိုသားသမီးတွေစားဖို့ဘယ်အချိန်ကတည်းကထပြီး ဘယ်လိုချက်နေလဲတော့မသိဘူး အိုးကြီးအိုးငယ်အများကြီး ဒါနဲ့သူတို့ညီအကိုတွေစကားလက်ဆုံကျနေတော့ကျနော်နဲ့မဗိုက်က နောက်ဖေးဝင်ပြီးထမင်းပွဲပြင်နေတာ အဖွားကဝမ်းသာအားရမျက်ရည်ဝဲပြီးပြောရှာတယ် ”ငါလဲငါ့မွေးနေ့ကျမှ ငါ့သားသမီးတွေကိုတွေ့ရတယ်တဲ့ ကျနော်လဲအံ့သြသွားတော့ မဗိုက်က”ငါ့တို့မအားဘူး..ဖုန်းလေးပဲဆက်နိုင်တာလေ ကျမ်းမားနေတယ်ဆိုတော့လဲမလာဖြစ်ဖူးပေါ့ မနှစ်ကလဲသူ့မွေးနေ့ငါတို့လာတယ် အခုပြန်တွေ့ရတာ”ဆိုပြီရယ်သလိုမောသလိုပြောတော့စိတ်ထဲကနစ်ကနဲဖြစ်သွားပါလေရော သြော်ဒါပေမယ့်အမေ့မွေးနေ့ကိုတော့သိကြသေးတာပဲဆိုပြီးဖြည့်တွေးလိုက်ပါတယ်



ထမင်းစားကျတော့ အဖွားကမောလို့ဆိုပြီး ဝင်မစားဘူး နောက်မှစားမယ်တဲ့ ငါ့သားတွေစားတာကြည့်မယ်ဆိုပြီးထိုင်ကြည့်နေတာလေ ပြီးတော့လဲ ပါးစပ်ကတတွတ်တွတ် ”အခုမှမြင်ရတယ် ငါ့မှာတော့လွမ်းလိုက်တာ အိမ်မှာဟိုဟာလေးကပျက်နေတယ် ဒါလေးပြင်ချင်တယ်”ပြောနေတာတကယ်ကိုအဆက်မပြတ် သူ့ခမျာတစ်နှစ်စာကိုပြောရတာဆိုတော့ဘယ်ပြောကုန်ပါ့မလဲလေ အကြီးဆုံးလုပ်သူက အမေပါးစပ်ပိတ်ထား ထမင်းကောင်းကောင်းစားပါရစေလို့ပြောတယ် ဒါပေမယ့်အဖွားကဆက်ကာဆက်ကာပြောနေတော့စိတ်မရှည်တဲ့ အလတ်ကောင်က
”လာအမေဧည့်ခန်းမှာသွားနားနေ”ဆိုပြီးလက်ကိုမတွဲပဲနဲ့ဂုတ်ကအကျီကိုဖျတ်ကနဲဆွဲပြီး ဧည့်ခန်းထဲကိုဒရွတ်တိုက်ခေါ်သွားတာ အဖွားကရုတ်တရက်ဆိုတော့မသွားချင်သွားချင်နဲ့ပါသွားတာ သားကဆွဲခေါ်သွားတာဆိုတော့လဲခွန်အားမမျှလို့ပါသွားရရှာတယ် ဒါတောင်ဧည့်ခန်းထဲကနေ နောက်ကိုလှည့်ပြီးကွက်ကြည့်ကွက်ကြည့်နဲ့စကားပြောချင်နေတုန်းလေ ကျနော်ကြည့်ပြီးစားနေတဲ့ထမင်းမျိုမကျတော့ပဲ ဆတ်ခနဲဆို မျက်ရည်စို့တက်သွားတယ် မဗိုက်ကအားနာလို့ကျနော့်ကိုလှည့်ကြည့်ချိန်မှာတော့ ကျနော့်မျက်ရည်ကျပြီးလေ မခံနိုင်ဘူး ရင်ထဲနစ်သွားတယ် အမေလုပ်သူကိုကြောင်တစ်ကောင်ဂုတ်ကဆွဲသလိုဆွဲသွားတာမြင်လိုက်ရတဲ့အဖြစ် ထမင်းစားမဝင်တော့ဘူး ဒါကိုမသိတဲ့သာမန်လိုဖြစ်နေတဲ့သူတို့ညီအကိုတွေက”စိန်ဘာဖြစ်သွားတာလဲ”မေးတော့ ကျနော်က”နင်တို့မိသားစုစုံတော့ငါလဲ ငါ့မိသားစုထမင်းဝိုင်းနဲ့ငါ့အမေ ငါ့အဖေကိုသတိရလို့မျက်ရည်ကျတာပါ”လို့ပြောလိုက်ရတယ် ဒါပေမယ့်ရင်ထဲမှာတော်တော်လေးမကောင်းဘူး ပြန်ခါနီး အဖွားကိုကျနော်ဦးချကန်တော့တော့ ပထမကျနော်ဘာလုပ်မှန်းမသိပေမယ့် ကျနော်ပြောပြာတော့ ကျနော့်ခေါင်းလေးကိုကိုင်ပြီး မျက်ရည်တွေကြတာ ပြီးတော့ကျနော့်ကိုနမ်းလိုက် သူ့သားတွေကိုကြည့်လိုက်နဲ့အဲဒီအချိန်ကျမှ သားတွေကအမေကိုကြင်နာတဲ့အကြည့်တွေနဲ့မျက်ရည်ဝဲနှုတ်ဆက်တာပြန်မြင်ရတယ်လေ


အိမ်ပြန်လာတော့အမေ့အကြောင်းခေါင်းထဲရောက်လာတယ် အခုဆိုအမေကအသက် (၆၀)ကျော်နေပြီး အဖွားကြီးဖြစ်နေပြီးလေ ညီမလေးက” အသက်ကြီးမှ ကိုကြီးမရှိမှအရမ်းစကားများလာတယ် နည်းနည်းပါးပါးပြောအုံးတဲ့ ကိုကြီးပြောမှရတယ်”တဲ့လေ ဟုတ်တယ် အမေကကျနော်ပြောရင်တစ်ခွန်းပဲ နားထောင်တယ် သားကိုချစ်တာရယ် အဝေးရောက်နေတာရယ်ကြောင့် ဖြစ်မှာပါ ညီမလေးနဲ့အမေကအသက်အရမ်းကွာနေတော့ တစ်ခါတစ်လေ အယူအဆမတည့်တာတွေရှိမှာပေါ့လေ ရောဂါသည်ဘဝနဲ့ပဲတစ်သက်လုံးနေလာခဲ့တော့အမေ့မှာတစ်ခါတစ်လေ စိတ်တိုင်းမကျမှုတွေရှိတတ်ပါတယ် အခုချိန်ကျနော်ကိုယ်တိုင် စိတ်ဆိုးရတဲ့အဖြစ်တွေရှိပေမယ့် အမေ့ကိုပြန်ပြန်ပြောရှင်းပြရတယ် ဒါပေမယ့်သိတတ်တဲ့အရွယ်ကစလို့အမေ့ကိုရိုသေလေးစားသနားခဲ့ပါတယ် အမြဲတမ်းဆေးခန်းနဲ့မပြတ်တဲ့အမေ့ကို မိသားစုအားလုံးကသနားချစ်ချစ်ကြပါတယ် အရင်တုန်းကသေမလိုဖြစ်ပေမယ့်အခုချိန်မှာကျမ်းမာရေးချုချာတာကလွဲလို့သွားနိုင်လာနိုင်စားနိုင်တယ် အရင်ကထက်စာရင်ပိုကျန်းမာတယ်လို့ပြောရမှာပဲ



အရင်တုန်းကဆိုကျနော်တို့မောင်နှမတွေအမေ့ကို”အသက်ကြီးလာရင်ဘယ်သူနဲ့နေမလဲ”လို့မေးရင် အမေက ”ငါ့မှာပိုက်ဆံရှိတယ်..ယောကျာ်းရှိတယ် အသက်ကြီးလာရင်ငါတို့နှစ်ယောက်တည်းနေမယ် ဘယ်သားသမီးမှအားမကိုးဘူ”ဆိုပြီး မာနတခွဲသားနဲ့ပြောလေ့ရှိတယ် ကျနော်တက္ကသိုလ်စတက်တဲ့အချိန်ရောက်တော့ အမေ့စကားတွေကတဖြည်းဖြည်းနဲ့ပြောင်းလာပြန်တယ် ”အသက်ကြီးလာရင်ဘယ်သားသမီးနဲ့လိုက်နေရင်ကောင်းမလဲလို့စဉ်းစားအုံးမယ်တဲ့လေ” ကျနော်ကျောင်းလဲပြီးရော အမေတော့ဘာဖြစ်ဖြစ်ငါ့သားစိန်နဲ့ပဲနေမှာ ဘယ်သားသမီးနဲ့မှမနေတော့ဘူး”တဲ့ဗျ ကျနော်အရမ်းဝမ်းသာတာပဲ ကျိတ်ပြီးလဲဂုဏ်ယူနေတတ်တာလေ သားကြီးဆိုတော့လဲအားကိုးတာနေမှာပေါ့ အဖေကတော့”မိန်းမရေ..ကြည့်လုပ်ဦး တော်ကြာငါ့တို့လင်မယားနှစ်ယောက် ကြိုးကြားဥ နဲ့သံပုရာသီး မှားကျွေးလို့စားနေရဦးမယ်”ပြောတော့ အမေကစိတ်မကောင်းဖြစ်တဲ့မျက်နှာငယ်လေးနဲ့ကျနော့်ကို”တကယ်လားသားစိန်”လို့မေးတော့ကျနော်က ”မဟုတ်ပါဘူးမေမေရယ်သံပုရာသီးကျွေးစရာလား ကျွေးချင်းကျွေးရှောက်သီးကျွေးမှာပေါ့”လို့ပြောရင်း သားအမိသားအဖတွေရယ်တာမြင်ယောင်သေးတယ်



တကယ်တမ်းလဲကျနော်ကိုယ်တိုင်အမေနဲ့အဖေ့ကိုအသက်ကြီးလာရင်ပြုစုဖို့ရည်ရွယ်ထားပါတယ် အခုချိန်ထိကျွေးမွေးပြုစုစောက်ရှောက်လာခဲ့တာ အသက်ပဲတစ်ဝက်ကျိုးနေပြီး မညီးမညူဘူး ကိုယ်ကပြန်စောင့်ရှောက်ခွင့်မရရင်ဘယ်တရားမလဲ အတတ်နိုင်ဆုံးတော့ကျေးဇူးဆပ်ချင်ပါတယ်(ဆပ်မကုန်ဖူးဆိုတာသိပေမယ့်တတ်နိုင်သလောက်ပေါ့ဗျာ)
အခုလဲအဖွားကိုကြည့်ပြီးစိတ်ထဲကနေယှဉ်ပြီး အမေ့ကိုအရမ်းသတိရမိတယ် ကျနော်ကတိပေးပါတယ်အမေ အမေဘယ်လောက်အိုအို အမေဘာဖြစ်ဖြစ် အမေ့ဟာကျနော့်ရင်ထဲနှလုံးသားထဲကတန်ဖိုးဖြတ်လို့မရတဲ့မေတ္တာရှင်ပါ စိတ်ချအမေ အမေ့ကိုဘယ်အခြေအနေရောက်ရောက် တစ်ယောက်တည်းအထီးကျန်အောင်ပြစ်မထားပါဘူးအမေ သားအသက်ရှင်နေသမျှ အမေ့အသက်ရှင်နေသမျှ အမေ့ကိုမညည်းမညူပြုစုစောင့်ရှောက်နိုင်အောင်သားကြိုးစားပါမယ့်အမေ အခုချိန်ကစပြီး

အမေသားကြောင့်ဝမ်းမနည်းစေရဘူး

သားကြောင့်မျက်နှာမငယ်စေရဘူး

သားကြောင့်သောကမရောက်စေရဘူး

သားကြောင့်အထီးကျန်မဆန်စေရဘူး

သားကြောင့်မျက်ရည်မကျစေရဘူး

သားကြောင့်သာအမေစိတ်ချမ်းသာစေရပါမယ်အမေ

ဒါသားရဲ့အမေ့အပေါ်ထားတဲ့မေတ္တာနဲ့အချစ်ပါ

ဘာဖြစ်ဖြစ်ကြိုးစားမှာပါအမေ

သားအခုချိန်အမေနဲ့ဝေးတဲ့နေရာမှာရှိနေပေမယ့် အမေပုံသွင်းခဲ့တဲ့ဟောဒီရင်ဘတ်ထဲကနေဆုတောင်းပါတယ်
အမေနေကောင်းကျမ်းမာပျော်ရွင်နေပါစေ
အမေရှိသူများ အမေချစ်သူများအားလုံးကျနော့်လိုပဲတထပ်တည်းခံစားနိုင်ကြပါစေ
ဒီနေရာကနေပြီးအမေ့နဲ့အတူရှိရှိသမျှအမေများအားလုံးကိုလက်ဆယ်ဖြာထိပ်မှာမိုးလို့ရှိခိုးဦးချကန်တော့လိုက်ပါတယ်
ခင်မင်လေးစားချစ်ခင်စွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
စိတ်ချပါမောင်ရ... အမေ့ကို ချစ်တို့နဲ့ တခါတည်း ခေါ်ထားမှာနော်.. မောင်....
Dream said…
ပို့စ်ကောင်းလေး တပုဒ်ပါ... အမေတွေကို ချစ်ပြီး အမေကို တန်ဖိုးထား ချစ်တတ်ကြပါစေလို့ .....

မိဘကိုချစ်တဲ့ သားသမီးတိုင်း ထမင်းဝိုင်းမှာ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးမှ ကင်းဝေးနိုင်ကြပါစေ....
ဖွားဖွားကြီးက ခေါင်းလေးကိုပွတ်ပြီး မျက်ရည်တွေဝဲလာတာကို မျက်စိထဲ မြင်ယောင်မိပါတယ်...
သြ.. သားလိမ္မာ စိန်လေးက အမေကို ဒီနည်းနဲ့  ဂုဏ်ပြုလိုက်တယ်ပေါ့...

သာဓုပါဗျာ.. သာဓုပါ
ဇော် said…
အဟိ။ မောင်တဲ့။ ချစ်တဲ့။ အဟိ။ ဂျစ်ကိုယောက်ဖက ပေါ်လာပြီ။ ဟီးဟီး။
အိမ်ပြန်ချင်ပါတယ်ဆိုမှ။ ဒီလူတွေ ကောင်းကို မကောင်းဘူး။ အီးးး။
မဇနိ said…
စိတ်ဝင်စားစရာကောင်းတဲ့ ဖိုးစိန်ရင်ထဲက ပို့စ်ကောင်းလေးပါလား။
အမေတွေကို ချစ်တဲ့အကြောင်း လွမ်းတဲ့အကြောင်းဖတ်ရရင် အိမ်ပြန်ပြေးချင်တယ်။
ကျေးဇူးဆပ်ခွင့်ရရင် ကံကောင်းတာပဲ။
Anonymous said…
မျက်ရည်ကျမိတဲ့ အထိ ခံစားလိုက်ရပါတယ်..
အမေနေ့တို့ အမေ့မွေးနေ့တို့ရောက်မှ အမေ့အကြောင်းရေးကြ တွေ့ကြတာထက် နေ့စဉ်သတိရ ပြုစုဖို့က ပိုအရေးကြီးပါတယ်..

သုံးကြိမ် သာဓု ခေါ် ချီးကျုးမိတယ်..
ချစ်က ဦးသွားလို့ ဘာမှ ပြောချင်တော့ဘူး.အဟိ
Anonymous said…
အိပ်တော့မလို့ပဲ ..ဖိုးစိတ်ပို့စ်အသစ်တွေ့တော့ အရောက်
လာခဲ့တာ... မျက်လုံးလေးပြူးပြီးဖတ်သွားတယ်...
မိဘကိုကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာလေးဖြစ်ပါစေ။
တော်ရုံတော့ ဥရောပသားတွေလည်း ကိုယ့်အမေကို ဒီလိုမဆက်ဆံပါဘူး။ အထူးသဖြင့် ခုလိုနေ့ မျိုးမှာလေ။ အမေက တစ်ကူးတစ်က ချက်ပြုတ်နေတာ တစ်နှစ်မှ တစ်ခါတွေ့ တာကို။
တစ်မျိုးပဲ။
ဖိုးစိန်က အမေနေ့ ကို ဂုဏ်ပြုလိုက်တာပေါ့။
ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ပါစေ။
အမေနေကောင်း သားဆုတောင်း ပို့လိုက် ငွေတစ်သောင်း :D
Anonymous said…
မိဘနဲ့ သားသမီးကြားက လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို နားလည်မိလိုက်ပါတယ် ....
Anonymous said…
အမေကိုချစ်တဲ့သား၊ မိဘကျေးဇူးကိုလည်း ဆပ်နိုင်ပြီး အမေ့ရင်ခွင်ကို ပြန်လည်ခိုနားနိုင်ပါစေ မောင်လေးရယ်။

ခင်မင်လျှက်
မကြီး
မိဘ ကို အစဉ်သတိရလေးစား နေသူတယောက် ဘယ်တော့မှ ဒုက္ခ မရောက်တော့ဘူး စိန်ရေ၊ သာဓု ခေါ်ပါတယ်နော်
flowerworld said…
ထိုင်းမှာလဲဒီလိုမျိုးတွေ တွေ့မိပါတယ် မိဘကတော့တဲစုတ်လေးနဲ့ သားသမီးတွေကတော့ ကိုယ်ပိုင်ကားတွေနဲ့ သူတို့ကလေးတွေကိုတော့ ဆိုင်ကောင်းတွေမှာကျွေးကြတယ် အမေကိုတော့ မေ့နေကြတယ်လေ
ဖိုးချိန်လဲ ချစ်သောမိဘတွေနဲ့ အတူတူ မြန်မြန်နေနိုင်ပါစေနော့်
kiki said…
သား လူလေး မောင်ဖိုးစိန်ရေ ။ မိဘ သိတတ် ထမင်းမငတ်ပါကွယ် ။
ဒါပေမဲ့ ယောက္ခမ ရှစ်ခိုး သွားမကျိုး တဲ့ ။
ထမင်းအငတ် ခံမလား။။
သွားအကျိုးခံမလား ။ တခုဘဲရွေးခွင့်ရှိရင်ရော ကွယ် ။ ဟိဟိ ။ သိပါတယ် ။ ထမင်းဘဲ အငတ်ခံမဲ့  သားလိမ်မာလေးဆိုတာ ။ သွားကျိုးလဲ ဘာအရေးလဲ နော် ။ ဆန်ပြုတ်သောက်လို့ရတာဘဲ ။။
ခင်လို့ စတာပါ။
ကျေးဇူးသိတတ်တဲ့ မောင်လေး ဖိုးစိန် တယောက် သွားမကျိုးဘဲ ထမင်းနပ်မှန် နေမှာပါ နော်။
အမ ..
ကိကီ။
MANORHARY said…
စိတ်ထဲတင်မက
မျက်ရည်ဝဲသွားရပါတယ်။
မိဘကို သိတတ်တဲ့ သားသမီးတွေကို မြင်ရင် အလိုလိုကို လေးစားမိတယ်။
ိကိုဖိုးစိန်ကိုလည်း လေးစားသွားပါပြီ
yehtutnaung said…
ကိုဖိုးစိန်ရေ.. နောက်ကျပြီးမှ မန့် တာ ခွှင့်လွှတ်ပါဗျာ။ ကိုဖိုးစိန်လဲ မေမေချစ်တဲ့ သားကြီး တယောက်ပါပဲလား။ အသက်ကြီးလာတဲ့အခါ မိအိုဖအိုကို စောင့်ရှောက်ရမှာ သားသမီးတိုင်းရဲ့  ၀တ္တရားတခုပါဗျာ။
ကိုယ်စိတ်နှလုံး ချမ်းမြေ့ပါစေ...။
တကယ့်ကောင်းတဲ့ ပိုစ့်ပါဗျာ။ ကိုဖိုးစိန် ရဲ့ ရင်ထဲက
ဖြစ်တည်သော မိဘအပေါ်ထားတဲ့ မြင့်မြတ်တဲ့စိတ်ကို
လေးစားပါတရ်။ ချမ်းသာ ကိုယ်စိတ်မြဲပါစေ

ခင်မင်ခြင်းနှင့်
တလနွန်
အကိုရေ ညီတစ်အားဝမ်းနည်းတယ်
အမေ့အကြောင်းဖတ်ရရင် ပိုဆိုးတယ်
အားငယ်တယ်
သားလိမ္မာလေးအတွက် ကဗျာဆပ်ပြီးဂုဏ်ပြုပါတယ်
အမေအဖေ ရှေ့ တန်းတင်
အလုပ်မလုပ်ပဲ money ၀င်
အမေအဖေ အလေးထား
ချစ်တဲ့ သူနဲ့ ငြား စေသား
အမေအဖေ ကျေးဇူးသိတဲ့သား
လူချစ်လူခင် ပေါစေသား။

ခင်မင်လျက်
ဝသန်
Ree Noe Mann said…
ကျနော်ဆို အဲ့ဒီသားလတ် ကို တစ်စက်မှ ကြည့်မိမှာမဟုတ်တော့ဘူးဗျ။
အမေကို စကားကျယ်ကျယ် အောပြောရင်တောင် ကြိုက်တာ မဟုတ်ဘူး။

မျက်စိထဲ မြင်အောင်ကို ရေးတက်တယ်။
တော်တယ်ဗျာ။

ကဲ အမေချစ်သားများအဖွဲ့ ဆိုပြီး တည်ထောင်လိုက်ကျရအောင်........

ခင်တဲ့
Ree Noe
mgnge said…
အမေ့ ကိုလွမ်းတယ်
thondrae said…
မမေ့ သင့် မှန်းသိလျက် မေ့ နေသောအိမ်ကို အမေ့ အိမ်လို့ ခေါ်ပါတယ် ဝေးကကွာလွန်းတဲ့  မိုင်ပေါင်းများစွာကအမေ့ အိမ်ကိုမရောက်ဖြစ်တာအတော်ကြာပေါ့းဒီpost လေးရေးပြီးသတိပေးတဲ့ မင်းလေးကိုကျေးဖူးတင်လိုက်တာမပြောပါနဲ့ တော့  တလောကလုံးမှာရှိသောအမေများ အမေဖြစ်ခဲ့ ဘူးသောအမေများ ဘ၀ပေါင်းများစွာကတော်စပ်ခဲ့ သောအမေများ အမေဖြစ်တော့ မဲ့ အမေများကိုဒီ Comment လေးဖြင့် ဂါရ၀ပြုလိုက်ရပါသည်ခင်ဗျာ
အမေ့ကို ဘာလို့ဂုတ်က ဆွဲသွားတာလဲဟယ် ငါ့နှယ် စိတ်မကောင်းလိုက်တာနော် ကိုဖိုးစိန်က ပြောလိုက်ပါလား မင်းတို့သူချက်ထားတာလဲစားသေးတယ် နားထောင်လိုက်ရုံနဲ့ ဘာဖြစ်မလဲလို့ ကျွန်မသာဆို ပြောလိုက်မှာပဲ..

အမေတွေ ရှိတုန်း သူတို့ပြောချင်တာ ပြောချင်တာ နားထောင်ပေးတဲ့သားသမီးဖြစ်ချင်ပေမယ့်
အခုတော့ အမေက အဝေးကြီးမှာ...
အမေချစ်သားများအဖွဲ့ ဆိုပြီး တည်ထောင်
မယ်ဆိုရင် အနော်တို့ ကတော့ပါပြီးသားပဲဗျို့
အကိုဖိုးစိန်ရေ့တကယ်ကိုဟတ်ထိစေတဲ့
postလေးပါပဲဗျာ့
khin oo may said…
လိမ်မာလိုက်တဲ့သားကလေး..
မငုံ said…
ပိုစ့်ကောင်းလေးတပုဒ် ထပ်ဖတ်ရ့ပြန်ပြီ။ သိပ်ကောင်းတယ်။
မိခင်တိုင်း စိတ်ချမ်းမြှေ့ကျန်းမာပါစေ။။
Anonymous said…
ကိုယ့်ဆ၇ာကမှ ဂရိစကားတတ်သေးတယ်
ကျနော်ဆို မပြောတတ်ဘူးဗျ ဟိ

Popular Posts