ကြည့်ခဲ့သမျှစုခဲ့ဖူးသောရုပ်ရှင်ကားများ

အခုလာမယ့် စနေတနင်္ဂနွေဆိုရင် အလုပ်မလုပ်ပဲနားမယ်လို့ စိတ်ကူးထားတယ် ပူတာလဲပါတယ် ခြံရှင်းတဲ့အလုပ်လဲ မရှိလောက်သေးဘူး ဆိုတော့ ခွေတွေပြန်ကြည့်မယ်လို့စိတ်ကူးမိတယ် အဲဒီတော့ ဝယ်ထားခဲ့ဖူးတဲ့ထဲက ပြန်ကြည့်ချင်တဲ့ ခွေတွေကိုရှာမိတယ် ထွက်လာတဲ့ ပထမဆုံးခွေ ကျနော်အရမ်းသဘောကျတဲ့ ရုပ်ရှင် တခြားသူတွေကတော့ ကြိုက်ချင်မှကြိုက်မယ် ပေါတောတော နိုင်တယ်ထင်ပြီး ဒါပေမယ့် ကျနော်အရမ်းကြိုက်တယ် အထူးသဖြင့်(Chris Tucker) ကိုအရမ်းသဘောကျတယ် ၁၉၉ရခုနှစ်လောက်တုန်းက ရုပ်ရှင်ပါ ကြည့်ဖြစ်တော့ ၂၀၀၀လောက်မှပါ ဒါပေမယ့် အရမ်းကိုကြိုက်တယ် ဘယ်အချိန်ကြည့်ကြည့် နောက်ဆုံးပြီးခါနီးကို အူတက်မတတ်ရယ်မိတယ် သရုပ်ဆောင်တွေက ကျနော့်အကြိုက်ဆုံး မင်းသားထဲမှာပါတဲ့ Bruce Willis ပါ ကျန်တဲ့သရုပ်ဆောင်တွေ ကတော့ Gary Oldman, Milla Jovovich, Ian Holm, and Chris Tucker ပါ ကားနာမည်ကတော့ “The Fifth Element”



နောက်တစ်ကား ထပ်ရှာတယ် တွေ့ပါတယ် ၁၉၉၂ ခုနှစ်လောက်တုန်းကပေါ့ ကြည့်ဖြစ်တာက အဖေကြိုက်လို့ ၂၀၀၀ နှစ်ကုန်လောက်မှ ကြည့်ဖြစ်တယ် အိန္ဒယန်း(Red indian)နဲ့ ပြင်သစ်စစ်အတွင်းက အခြေခံပြီးရိုက်ထားတဲ့ ကားကောင်းတစ်ကားပါပဲ မင်းသားကတော့ Daniel Day-Lewis ပါ သူလဲ ကားကောင်း တော်တော်များများရိုက်တယ် သူအော်စကာရတဲ့ ကားလည်းကြိုက်ပါတယ် အခုဒီကားနာမည်ကတော့“ The Last of the Mohicans ”ပါ


နောက်တစ်ကား ကတော့ မင်းသားကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ထားတဲ့ ကားကောင်းတစ်ကား ၁၉၉၅ ခုနှစ်တုန်းက ကား သမိုင်းဝင် အက်ရှင် ဒရမ်မာ အော်စကာဆု(၅)ရတဲ့ကား ဒါရိုက်တာလဲ ရတာပေါ့ ကျနော်ကြိုက်တဲ့မင်းသားပါပဲ မင်းသားက Mel Gibson သူရိုက်ခဲ့တဲ့ကားက“ Braveheart”

နောက်တစ်ကားလဲ သမိုင်းဝင်စစ်ကားပါပဲ ရှေးကျတဲ့ကားပါ ၂၀၀၀ပြည့်နှစ်က ရိုက်ခဲ့တဲ့ကား ဒီကားက Russell Crowe ကိုနာမည်ကြီးစေခဲ့တယ်လို့ ထင်တာပဲ သူလဲမင်းသားကောင်းတစ်လက်ပါပဲ ကားနာမည်ကတော့ “Gladiator” ဒီကားကိုတော့ ကျနော် တော်တော်လေး ကြိုက်မိပါတယ်

နောက်ဆုံးတစ်ကား ကတော့ ကျနော့်အကြိုက်ဆုံး အကြိုက်ဆုံးထဲက အကြိုက်ဆုံးတစ်ကားပါ အပိုင်း(၁)ကနေ(၃)ထိဆွဲဆောင်အားကောင်းတဲ့ မိသားစု မာဖီးရားကဂိုဏ်း အကြောင်းကို ရိုက်ထားတဲ့ Mario Puzo ရဲ့ ပြစ်မှုဆိုင်ရာ ဒရမ်မာဇာတ်လမ်းကောင်း ပါဝင်တဲ့မင်းသားတွေကတော့ Marlon Brando, Al Pacino, James Caan, Richard S. Castellano, Robert Duvall, Sterling Hayden, John Marley, Richard Conte and Diane Keaton, John Cazale နဲ့ Abe Vigoda. ၁၉၇၂ ခုနှစ်က ရုပ်ရှင်ဖြစ်ပြီး အီတလီ-အမေရိကန် ကိုလီယွန် မိသားစုရဲ့ အကြောင်းကို စိတ်ဝင်စားဖို့ ကောင်းအောင်ရိုက်ပြထားတာပါ အပိုင်း(၁)က ၁၉၇၂ အပိုင်း(၂)ကို ၁၉၇၄ မှာထုတ်ခဲ့ပြီး အပိုင်း(၃)ကိုတော့ ၁၉၉၀ပြည့်နှစ်မှာ ထုတ်ခဲ့ပါတယ် အော်စကာတွေ ဆွတ်ခူးခဲ့တဲ့ ကားကောင်းတစ်ကား လဲဖြစ်ပါတယ် အဓိက သရုပ်ဆောင် ဖြစ်တဲ့Al Pacino ရဲ့အေးဆေးတည်ငြိမ်တဲ့ သရုပ်ဆောင်ချက် တွေကိုသဘောကျတယ် ကားနာမည်က “The Godfather”


ဒီတစ်ပတ်တော့ စိတ်ညစ်နေတယ်ဆိုတော့ တိုက်တဲ့ခိုက်တဲ့ ကားတွေပဲကြည့်တော့မယ်လေ ဒီငါးကားပဲ ကြည့်နိုင်မယ် ထင်တာပဲ စိတ်ပြေလက်ပျောက်ပေါ့ စိတ်ဝင်စားတဲ့ဆိုရင် နောက်တစ်ပတ်ကျရင် တခြားကားတွေကို ရှာကြည့်မယ် ရုပ်ရှင်ကြိုက်တဲ့ သူတွေလဲ ကြိုက်တဲ့ကားတွေ ကြည့်စေချင်တဲ့ကားတွေ ရှိရင်ဝေမျှသွားကြပါလို့

လွယ်ကူအောင် ပုံတွေကို အင်တာနက်ကနေ ရှာပါတယ်ဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

ဘုရားဘုရား ကြည့်တဲ့ ကားတွေ အကုန်လုံးကလဲ
နိုင်းတင်းဂွမ်တိ ကဟာတွေချည်းပဲ

ဂလယ်ဒီရေတာ ပဲကြည့်ဖူးတယ်
ကြိုက်တယ်
ကျန်တဲ့ ထဲ က ဂေါတ်ဖားသားက စာအုပ် ရှိတယ်
မဖတ်ရသေးဘူး
ကျန်တာတွေ မကြည့်ရသေးဘူး
ရှာကြည့်အုံးမယ်
ဒါပေမယ့် ကိုယ်ကြိုက်တဲ့ ကားမျိုးတော့ မဟုတ်း)
တီတီလိုပဲ
Gladiator နဲ့ fifth element ပဲကြည့်ဖူးတယ်
GODfather ကြည့်ချင်တာ ရျာလို့မရလို့း(
မငုံ said…
ပထမဆုံးတကားကလွဲ ကျန်တာမကြည့်ဖူးဘူး။:)
အဲဒီဇာတ်ကားလေးကို ကြိုက်တယ်။
Anonymous said…
ကောင်လေး တစ်ယောက်တနားပါတယ်။ တူများတွေကို ရုပ်ရှင်ရုံမှာ မကြည့်ရလို့ အခွေပဲကြည့်ရတော့မယ်။ :)
စတာနော် မောင်လေး ကောင်းပါတယ် တခါတလေ စိတ်အပန်းဖြေပေါ့။ မကြီးတော့ မကြည့်ဘူးသေးဘူး။ ကြည့်လိုက်အုံးမယ်နော်။

ခင်မင်လျှက်
မကြီး
yehtutnaung said…
The Fifth Element တော့ မကြည့်ဖူးဘူးဗျ။ ကျန်တဲ့ကားတွေတော့ အကြိုက်တူတယ်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ အခုတော့ The Last of the Mohicans ရဲ့  soundtrack ကို blog မှာ တင်မလို့ လုပ်နေတယ်။ ဒီမှာပဲ ထားခဲ့တော့မယ် http://www.youtube.com/watch?v=HWGRnHOhGiE
ဇနိ said…
နောက် ၃ ကားကြည့်ဖူးတယ် ကြိုက်တယ်
း)
ညီလေးကတော့ မြန်မာ စာတမ်းထိုး ကိုရီးယားကားတွေ
ကြည့်နေတယ်။ စိတ်ဝင်စားဖို့ ကောင်းပြီး ရီရလို့
Anonymous said…
GodFather အကြောင်းကို ညွှန်းရမယ် ဆိုရင်တော့ ကိုယ်တတ်ထားတဲ့ မြန်မာစကားလုံးနဲ့တောင် ပြည့်စုံအောင် ပြောနိုင်ပါ့မလား မသိဘူး ... ဒီကားမှာ ကျွန်တော် အဓိက သဘောကျတဲ့ သရုပ်ဆောင်က Al Pacino မဟုတ်ဘူးဗျ .. ကျွန်တော်က Don Vito Corleone ( ခေါင်းကိုင် ဖခင် ) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Marlon Brando ကို ပိုသဘောကျတာ ... သူသရုပ်ဆောင်တာ ပိုငြိမ်သလိုပဲ .. မိသားစုတစ်ခုပေါ် သူကွပ်ကဲပုံ .. လုပ်ငန်းပိုင်းဆိုင်ရာမှာ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်ပုံ .. အဲဒါတွေက Al Pacino ထက် နဲနဲလေး သာနေသလိုပဲ .. ကျွန်တော်ထင်တာပြောပါတယ် .. ဒါပေမယ့် အဲ့ဒီ့အထင်ကလည်း စစကြည့်ကြည့်ချင်းမို့လို့ .. နောက်တစ်ခေါက် ပြန်ကြည့်မိတော့ကျ အဲလို မထင်မိတော့ဘူး .. သေသေချာချာ တိတိကျကျလေး ကြည့်မိတော့ Al Pacino လည်း သူ့နေရာကနေ သူ အံဝင်ဂွင်ကျ ပီပီပြင်ပြင် GodFather လုပ်သွားနိုင်တာ တွေ့ခဲ့ရတယ် .. အဲဒီ့ကားလေးကတော့ တစ်ခြားကားတွေထက် ထူးထူးခြားခြား ပိုကြိုက်မိတဲ့ ကားလေးပေါ့ ကိုဖိုးစိန်ရာ .. အမှတ်တရ ဒီလိုကားမျိုး မိတ်ဆက်တာလေး ပြန်တွေ့ရလို့ သဘောကျမိပါတယ် ..
ကောင်းတယ်ဆိုရင် ကျွန်တော် ရှာကြည့်လိုက်အုံးမယ်။
မကောင်းဘူးဆိုရင် ညွှန်းတဲ့ သူ အပြစ်နော် အဟဲ။
ကိုဖိုးစိန် ကြိုက်တဲ့ ကားတွေ တစ်ကားမှ ကျွန်တော် မကြည့်ရသေးဘူး။ ကျေးဇူးပါဗျ ။ ဒီအပတ် ကောင်းသော ရက်သတ္တပတ်ဖြစ်ပါစေဗျာ(ရုပ်ရှင်ကောင်းကောင်းလေးနဲ့  နှပ်ပြီးတော့ )

ခင်မင်ခြင်းနှင့်
တလနွန်
အင်းအကိုရေ အားလုံးထဲမှာကြည့်ချင်တာက
ဂေါ့ဖားသား ပဲ အကိုရ မကြည့်ရသေးဘူး
ရှာပြီးကြည့်လိုက်အုန်းမယ်
ကျေးဇူး အကိုယောက်ဖရေ
ွGladiator တော့တော်တော်ကြိုက်တယ်...
အင်းးး
တင်ထားတဲ့ ကားတွေက အများကြီးဆိုတော့ ကိုယ်ကြည့်ဖူးတဲ့ ကားများ ပါမလားလို့  လိုက်ရှာတာ..
တစ်ကားမှ မကြည့်ဖူးသေးဖူး...
ဖိုးစိန်ဆီလာပြီး အခွေငှားမှ ထင်တယ်..
ဒါမှမဟုတ် အတူတူ ကြည့်ကြတာပေါ့...
Anonymous said…
ဘရေ့ဟတ်ကိုအကြိုက်ဆုံးပဲ ဇာတ်လမ်းကောင်းသလို သရုပ်ဆောင်တွေလဲ ကောင်းမှကောင်းပဲ။
ဖတ်သွားပါတယ်...
Gladiator ကိုတော့ အကြိုက်ဆုံးစာရင်းထဲမှာထည့်ထားတယ်.. =)
ရှာကြည့်ဦးမယ် ..း)
ခွေကြည့်ပြီးငြိမ့်နိုင်ပါစေ .. :D

Popular Posts