ဖိုးစိန် ရဲ့ ညည်းချင်း
ဘဝတစ်ခု ပြောင်းလဲလာဖို့ အတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ် ကျောင်းတက်မယ်ဆိုတဲ့ အတွေးလေးက နိုင်ငံခြား ဘာသာတက္ကသိုလ် နောက်ဆုံးနှစ်မှာ ဝင်လာခဲ့တယ်… ဆိုးခဲ့ ဖြုန်းခဲ့သုံးခဲ့တဲ့ အချိန်တန်လို့ မိဘလုပ်သူကို တစ်လှည့်ပြန် လုပ်ကျွေးမယ်ဆိုတဲ့ အသိခေါင်းထဲကပ်မိတယ်… အဖေ့ကိုလဲ နားစေချင်တယ် အမေလဲ အသက်ကြီး ပြီးဆိုတော့ အကြီးတစ်ယောက်ပီပီ မိသားစု တာဝန်ထမ်းချင်တဲ့ စိတ်ဝင်လာတယ်လေ
အတိုက်အခံ တွေကြား အတားအဆီး အခက်အခဲ တွေကြားက ကံကောင်းချင် တာလား ကံဆိုးသွားတာ လားမသိပဲ ဆိုက်ပရပ်စ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်… “တစ်နာရီ(၅)ပေါင် ပြေးမလွတ်ဘူး အလုပ်မရွေးဘူးဆိုရင် ပိုတောင်ရတယ် အင်္ဂလန်ကို ကူးဖို့လား… (၆)လပြည့်ရင် အော်တိုရောက်မယ် ကျောင်းပြီးသွားရင်လား… ဟိုမှာအလုပ်တွေများလို့ အလုပ်ရှင်ကို ခေါင်းခေါက်လုပ်လို့ရတယ် အခုကျောင်းလခက တစ်နှစ်စာ အင်္ဂလန်ကူးသွားရင် ပေးစရာမလိုဘူး… ဒီကဘွဲ့လား… နေရာမရွေးဘူး အလုပ်မရှားဘူး ” ဒီအပြော ဒီအဟောတွေနဲ့ မိဘကို ချွေးသိပ် နိုင်မယ်ထင်ခဲ့တယ် တွေးပျော်ခဲ့တယ် ငါလုပ်မယ် ငါကြိုးစားမယ် ငါဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ အားမာန်တွေ တက်ပြီး ရောက်လာခဲ့တယ်
ဆိုက်တာနဲ့ဖလပ် ဖလပ်ဖြစ်တယ်လို့ ပြောလို့ရအောင်ပဲ… ကျောင်းက တက်ချင်တဲ့ ကျောင်းမျိုးမဟုတ်… ကျောင်းသားဆို အလုပ်လုပ်ခွင့်မရှိ ပေးခဲ့တဲ့ ကျောင်းလခက (၆)လစာ အင်္ဂလန်ကူးဖို့ဆို ပြပါအုံး နောက်ထပ်ရှိုးမန်းနီး… နှစ်လနေပြီးရင် နောက်ထပ်(၆)လစာ ထပ်သွင်းရမယ် အခုပေးထားတဲ့ငွေက (၆)လ အတွက်ပဲ အကျုံးဝင်တယ် ဒါကြောင့် ဆက်နေချင်ရင် ကျောင်းလခသွင်း ဒါမှမင်းတို့ဗီဇာထပ်ရမယ် ဒီလိုအဖြစ် အပျက်တွေကြားမှာ ရောက်လာတဲ့ သူတွေက ကျောင်းမတက်ဘဲ ပေးခဲ့တဲ့ ကျောင်းလခက တစ်ဝက်ကိုပြန်ယူပြီး ပြန်မယ် အလုပ်မရှိတဲ့ အတွက် နောက်ထပ်ကျောင်းလခကို မပေးနိုင်ဘူးဆိုတော့ (၁၀) ယောက်လောက်က တညီတညွတ်တည်း ပြန်သွားကြတယ်
ကျနော့်ပြန်စဉ်းစားကြည့်တယ်... ငါသာပြန်သွားရင် ငါ့အပေါ်ထားခဲ့တဲ့ ငါ့မိဘရဲ့ ယုံကြည်အားကိုးမှု ငါ့မိဘရဲ့မျက်နှာ ငါ့မိဘကုန်ခဲ့တဲ့ အရင်းအနှီး ပြန်သွားရင် ခဏတာ အနာဂတ်မဲ့ စိတ်ဓာတ်ကျနေမယ့် ငါ့ ပြန်ခဲ့ရင် ဘာဆက်လုပ် ရမလဲမသိသေးတဲ့ ငါ့အနာဂတ်… ပြန်မထူနိုင်မယ့် စိတ်ဓာတ်တွေ ရှိမယ့်အတူတူ မထူးပါဘူး ကြိုးစားနေ ကြည့်မယ် ဆိုပြီး အားတင်းကာ မျက်စိမှိတ်ပြီး ဘုရင့်နောင် ဖောင်ဖျက် နေခဲ့ရတဲ့ဘဝ…
ဆုံးဖြတ်ချက် ချပြီးလို့ နေခဲ့တဲ့ပထဆုံးသော ရက်စွဲတွေမှာ ဆန်တစ်ထုတ်ဝယ် နွားနို့ဗူးလေးနဲ့ လချီပြီးဆန်ပြုတ် သောက်ခဲ့ရတယ်…လက်ထဲရှိတာ (၅)ဒေါ်လာတောင် မပြည့်တဲ့အတွက် မြိုချခက်တဲ့ ပါမုန့်ကြမ်းကို ဗိုက်ပြည့်အောင် အတင်းသွတ်သွင်း လည်ပင်းနင်အောင် စားခဲ့ရတယ်… ပိုက်ဆံမရှိဘဲ ဆက်နေဖို့ ကြိုးစားတဲ့ ကျနော့်ကို အထင်သေးမှု စွတ်စွဲမှုတွေနဲ့ မျက်ရည်ကို အားဖြေ့ခဲ့ရတယ်… လမ်းတကာလှည့် ပြီးချွေးပေါက်ပေါက်ကျအောင် အလုပ်လိုက်ရှာခဲ့ရတယ်… (၅)မိုင်ဝေးတဲ့ ခရီးကိုအသွားအပြန် သွားပြီး လုပ်ရတဲ့စားသောက်ဆိုင်မှာ နာရီပေါင်းများစွာ ရပ် စားပွဲထိုးလုပ်ခဲ့ရတယ်… သချိုင်းမှာ အုတ်ဂူရှင်းခဲ့ရတယ်… မြင်းတွေမွေးထားတဲ့ ခြံသွားပြီး အသက်ရှူမဝစွာ မြင်းချီးကောက်ခဲ့ရတယ်… ပန်းခြံမှာ (၂၅)ကီလိုရှိတဲ့ မြေသြဇာ အိတ်တွေကို ထမ်းခဲ့ရတယ်… လာသမျှ ကွန်တိန်နာက ကုန်တွေကို ပေါ့ပေါ့လေးလေး သွားထမ်းခဲ့ရတယ်... အပင်အမြင့်တွေကို မကြောက်တမ်း ခုတ်ခဲ့ရတယ်… သံလွင်သီး လိမ္မောသီးတွေ ခူးပြီး ဆေးသုတ် အိမ်ရှင်းခြံရှင်း လုပ်ခဲ့ရတယ်… (၂၄)နာရီမှာ အိပ်ချိန်နားချိန် စုစုပေါင်း (၄)ပဲရှိခဲ့ရတယ်… (ဒါတောင်အဲဒီအချိန်က ခိုင်းမယ်သူမရှိ အလုပ်မရှိလို့ ရှိရင်လုပ်မိမှာ သေချာသလောက်ပဲလေ)…
ဒီကရတဲ့ငွေနဲ့ မတက်ရတဲ့ကျောင်းကို ဆက်နေခွင့်ရဖို့အတွက် နစ်နစ်နဲနဲ ပေးဆပ်ခဲ့ရတယ်… ဒါကြောင့် ကုန်ထားတဲ့ငွေကို ပြန်ကာမိဖို့က အလုပ်များများလုပ်နိုင်မှပဲ တော်ကာကြမှာပေါ့… “ဖိုးစိန်တစ်ယောက် အလုပ်ကိုလောဘကြီးတယ် ကပ်စည်းနဲတယ် နှပ်ချီးငါးပိလုပ်စားတယ်”တဲ့… “ဒီလောက်တောင် ရှာနေတာ သေသွားရင် ဘယ်သူစားမလဲတဲ့” သေသွားမှတော့ မိဘတွေ ကျန်သေးတယ်လေ မိဘတွေရရင် သေရကျိုးနပ်ပါတယ်… ဘယ်လောက်ပဲ ဝေဖန်ပါစေ အလုပ်ကို ဆက်လုပ်ခဲ့တယ် မိဘတွေ ရင်းနှီးပေးခဲ့ရတဲ့ အရင်းအနှီးကို ရအောင် ပြန်ကြိုးစားခဲ့တယ်…
ဒီနိုင်ငံ ရောက်တော့ ရူးရူးမိုက်မိုက် တစ်ခါ စဉ်းစားဖူးတယ် အိမ်ကို ပိုက်ဆံပို့ချင်တာ တစ်ပိုင်းသေနေတဲ့ အချိန် ဒီမှာက အသက် အာမခံ လုပ်ထားတော့ ငါသာကားတိုက်သေရင် ရမယ့်လျှော်ကြေးနဲ့ အာမခံနဲ့ ပေါင်းရင် ငါ့မိဘကို ပေးနိုင်မှာပဲလို့…အဲဒီတုန်းက တကယ်ကို ဘဝကိုတုံးချင်ခဲ့တာ… ဒါပေမယ့် ယူကြုံးမရ ဖြစ်မယ့် မိဘမျက်နှာကို မြင်ပြီး အားပြန်တင်းခဲ့တယ်… တစ်ခါတစ်လေလဲ တစ်ခုခုကို စားချင်တာများ တပိုင်းကိုသေလို့… ဒါနဲ့ဆိုင်သွား ဝယ်စားပြစ်လိုက်မယ်ပေါ့... ဆိုင်ဝရောက်တော့ ချိတုန် ချတုန် စိတ်ထဲက “ဖိုးစိန် နင်ဒါမစားရလို့ သေသွားနိုင်လား သေနိုင်ရင်စား မသေနိုင်သေးရင် အောက်ထား”ဆိုတော့ ပိုက်ဆံလေးကိုင် ငိုင်တိုင်တိုင်နဲ့ အိမ်ပြန်လာတာပေါ့… ငါမစားလိုက်ရတဲ့ ပိုက်ဆံက တစ်ခုခု အသုံးဝင်နိုင်တယ် ဆိုတဲ့ အသိက လုံးဝကပ်နေတာ… ဒီလိုမျိုသိပ် ကြိတ်မှိတ် ခံစားရတဲ့ဘဝ… ဒါခဏတာပါဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးမှု ငါလုပ်တာ ငါ့မိဘစားနေရတာပဲဆိုတဲ့ ပီတိအတွေးတွေနဲ့ မျက်ရည်တစ်စက် အပြုံးတစ်ဝက်နဲ့ အံကြိတ်နေလာခဲ့တာပါ… ဒီနေ့အထိ စိတ်ထဲမှာ ရှိနေသေးတာက ကျနော့်မိဘ အတွက် တစ်ခုခု လုပ်ပေးနိုင်ဖို့ ဆိုတဲ့စိတ်ကလေးနဲ့ လက်ရှိနေရတဲ့ ဘဝလေးမှာ မလှုပ်မယှက် ငြိမ်နေပါသေးတယ်… ဘဝကို စိတ်နာချင်ပေမယ့် မိဘအတွက် ဆိုတဲ့စိတ်ကလေး ခံနေတော့ အားမာန်တွေ ကျန်ပါသေးတယ်...
မနှစ်က အမေ့ မွေးနေ့မှာ အမေက သားဆင်ရင် ဝတ်ချင်ပါတယ်ဆိုတဲ့ စိန်နားကပ်ကို အမေ့အတွက် မွေးနေ့လက်ဆောင် ပေးတော့ သားဆင်ပေးလို့ ဝမ်းသာတဲ့ အမေ့ရဲ့ ပီတိအပြုံးတွေ ကြားက သားကိုသနားလို့ မဝတ်ရက် မလိုချင်ဖြစ်သွားပြီး မျက်ရည်ပေါက်ပေါက် ကျဆင်းနေတဲ့ အမေရဲ့ ဝမ်းနည်း မျက်နှာ… အနားမှာ ကြင်နာမှု အပြည့်နဲ့ “မငိုပါနဲ့ မိန်းမရာ မင်းသားက ယောကျာ်းပါ… ယောက်ျားဆိုတာ ဒေါင်ကျကျ ပြားကျကျ နေတတ်ရမယ်… ငါတို့ကျွေးထားတာကို သူပြန်သိတတ်တာ ဒါကြောင့် ငါမျက်ရည်မကျဘူး” လို့ပြောတဲ့ အဖေ့ မျက်ဝန်းထဲက လျှံတက်လာတဲ့ အဖေ့ရဲ့ မကျအောင်ထိန်းထားတဲ့ မျက်ရည်နဲ နဲ့“ငါ့သားရယ် အဖေအရမ်း ခံစားရပါတယ်”ဆိုတဲ့ မပြောပဲ သားအဖချင်း နားလည်နိုင်တဲ့ ကြင်နာသနားတဲ့ အကြည့်တွေ ကိုတွေ့ရတော့ ကျနော်ကြိုးစားပင်ပန်း ခဲ့ရသမျှ တန်တယ်လို့ထင်ပြီး အဖေနဲ့ အမေကိုငေးရင် ကျခဲ့ရတဲ့ပီတိမျက်ရည် ... ဒီမျက်ရည်တွေ ကကျနော့်ကိုအားဖြစ်စေပြီး ဒီမျက်ရည်ကြောင့် ကျနော်ဒီမှာ ကြံ့ကြံ့ခံ နေသေးတယ် ဆိုရင်မှားမယ်မထင်ဘူး… ဒါကြောင့် နိုင်ငံခြားကို လာရကျိုးနပ် မနပ် စဉ်းစားနေတာ အခုချိန်ထိ ရေရေလည်လည် အဖြေမထွက်….
အခုချိန်ထိတော့ “ဟုတ်တာလဲမလုပ်….
မဟုတ်တာလဲမလုပ်…
လုပ်တာတွေလဲ တစ်ခုမှ မဟုတ်” တဲ့ ကျနော်မောင်ဖိုးစိန် ရှိထားခဲ့တဲ့ ဆပ်မကုန်သော ကြွေးမည်းဟောင်း အတွက် အလုပ်လုပ်ရင်း ကျောင်းခတွေ သွင်းရင်း မမြင်နိုင်သော အနာဂတ် တစ်ခုကို မျှော်လင့်ချက် တစ်ခုဖြစ် စောင့်ရင်း….
မုန့်လုံးကို စက္ကူကပ် ဂျာအေးကို သူ့အမေရိုက်တဲ့ ဖိုးစိန်ဘဝက ဒုံရင်း ကနေ ဒုံရင်း…
ဒါပေမယ့် အနာဂတ် အတွက်အားကိုတင်း……
ဒါကြောင့် ကျနော်ချစ်ခင် လေးစားရပါသော ဘလော့စာမျက်နှာပေါ်က အကို အမ ညီညီမ သူငယ်ချင်းတို့ရေ…
မညည်းချင်ပဲ ညည်းခွင့်ရတဲ့ ကျနော် ဖိုးစိန် ညည်းချင်းလေးကို ဖတ်ပြီး ဖိုးစိန်ကို သနား ချစ်ခင်စိတ်လေးများ ဝင်ရင် အောက်ပါ လိပ်စာအတိုင်း ဖိုးစိန် ဖွင့်ထားတဲ့ ဘဏ်ကို ငွေလွှဲနိုင်ပါတယ်
အမည် ............................ ဖိုးစိန်
လက်ခံမည့် ဘဏ်နာမည် ...... ပီတိဘဏ်
ဘဏ်နံပတ် ....................... xxx၅၂၈xxx
လက်ခံမည့် ငွေအမျိုးအစားများ ................... စေတနာ (စတာလင်ပေါင်)
မေတ္တာ(အမေရိကန်ဒေါ်လာ)
ကရုဏာ (သြစတြေးလျဒေါ်လာ)
ချစ်ခင်မှု(စကာင်္ပူဒေါ်လာ)
သံယောဇဉ် (ဂျပန်ယန်း)
မုဒိတာ(တရုတ်ယွမ်)
ငွေသား တစ်မျိုးတည်း မဟုတ်ဘဲ အကုန်လက်ခံတဲ့ ဘဏ်ပါ… ဘယ်နိုင်ငံကပဲလွှဲလွဲ ဖိုးစိန်က ဘဏ်ထဲရောက်ရင် ပီတိ(ယူရို) အဖြစ် ပြောင်းလဲယူမှာဖြစ်ပါတယ်
ဒီကရတဲ့ ငွေတွေနဲ့ ဖိုးစိန် တစ်ဘဝလုံး နေထိုင်ခွင့် ရရင် အသက်ရှင်ရ ကျိုးနပ်ပါတယ် ပျော်ရွှင်ပါတယ် ကျေနပ်ပါတယ်
မကြီးဝါရေ….. ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
ငွေလွှဲပေးဖို့လဲ မမေ့နဲ့နော်
ခံစားချက် တစ်ခုကိုချရေးလိုက်လို့ ပေါ့သွားပေမယ့် ပြန်ဖတ်ရင်တော့ မျက်ရည်ဝဲတယ်ဗျ

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
(ကိုရဲ)
တစ်ကယ်ကိုခံစားရပါတရ် ။ မျက်ရည်မကျဘူး ။ ငါဘယ်တော့မှမျက်ရည်မကျဘူးတဲ့ ။ ဘာပဲဖြစ်ဖြစ် ညီလွှဲပေးလိုက်ပြီ ။ ရှိသမျှပိုက်ဆံအကုန်ပေါ့ ။ ငါ့အစ်ကိုကြီး ကံကောင်းမှုတွေစတင်လာပါပြီ ။ နောင်ကိုအဆင်ပြေတော့မှာပါ အစ်ကိုရေ ။
ချစ်ညီလေး (ကိုရဲ)
ကဲ ပီတိဘဏ်က ကိုဖိုးစိန် ဘဏ်နံပါတ် xxxxx၅၂၈xxxထဲကို နေ့ တိုင်း လက်ခံတဲ့ ငွေကြေး အမျိုးအစားတွေ အားလုံး လွှဲနေပါတယ်။ လက်ခံဖြတ်ပိုင်းလေတော့ ပြန်ပို့ ဦး ကိုယ့်လူ :P
ဘ၀ အမောတွေ အမြန်ဆုံးပြေပါစေ .. ငြိမ်းချမ်းပါစေ ..
ချစ်တဲ့မိသားစုနဲ့လည်း အမြန်ဆုံး ပြန်လည်နီးနီးနေနိုင်ပါစေ ..
ချစ်သူနဲ့လည်း အမြန်ဆုံး လက်တွဲနိုင်ပါစေ ..
သေသေချာချာကို ဖတ်သွားပါတယ် ..
ဖိုက်တင်းနော် ..း)
မိုးခါး
မေတ္တာ(အမေရိကန်ဒေါ်လာ) - ၅၂၈ +၁၅၀၀=၂၀၂၈ လွှဲပေးလိုက်ပြီ..... ယူလိုက်နော်..
ဒီလိုပါပဲလေ.. ဘ၀ဆိုတာ...
အောင်မြင်ပျော်ရွှင်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေ။
မကြီးဝါ
ဦးနော်လည်း ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်.. ဖိုးစိန်အကြောင်းဖတ်ပြီးမှ ကိုယ့်ကိုကိုယ် အသုံးမကျမှန်းလည်း ပိုသိလာတယ်.. ထားပါလေ..
တူမောင် ရှေ့လျှောက် အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရတော့မှာပါ..
ဖိုးစိန်က..
ရိုးသားတယ်.. ကြိုးစားတယ်.. လေးစားစရာကောင်းတယ်..
ချစ်ခင်တဲ့..
ဦးနော်..
အဲ့.. လွှဲလိုက်တယ်နော်.. ရင်ဘတ်ထဲကနေ..
ဘ၀ကို ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ငါတို့ဖြတ်ကြရမှာပဲ
ဘာကြောင့်ဆိုတော့ ငါတို့တွေက ယောကျာင်္းလေးတွေလေ..။
...ခင်မင်သောအားဖြင့်...
း)
ချစ်ညီ
ဝသန်
း)
ဘဏ်စာရင်းထဲစုထည့်ပစ်ခဲ့လိုက်တယ်
မကြီးလည်းတာဝန်ကျေသွားပြီနော်
ကဲကဲ စတာလင်ပေါင်ရော၊US၊SG၊JPY၊
တရုတ်ယွမ်အကုန်လွဲလိုက်တယ်။AUD ပါထည့်လိုက်တယ်နော်။
မိဘကျေးဇူးသိတတ်တဲ့  ဖိုးစိန်လေး အောင်မြင်ကြီးပွားမှာ အမှန်ဘဲနော့..
အားမလျှော့နဲ့ကွ.
ခင်တဲ့  အမ
ကိကီ
မေလဲစကာင်္ပူမှာကြမ်းတိုက်ခဲ့ရပါသေးတယ်.....
မေတ္တာ - ၅၂၈ လွှဲပေးလိုက်ပြီ..... ယူလိုက်နော်..
လေးစားလျက်
တောင်ပေါ်သား
You are very very clever boy.
Great boy.
I send 1 lakh
အမည် ............................ ဖိုးစိန်
လက်ခံမည့် ဘဏ်နာမည် ...... ပီတိဘဏ်
ဘဏ်နံပတ် ....................... xxx၅၂၈xxx
စေတနာ (စတာလင်ပေါင် 528)
မေတ္တာ(အမေရိကန်ဒေါ်လာ 528)
ကရုဏာ (သြစတြေးလျဒေါ်လာ 528)
ချစ်ခင်မှု(စကာင်္ပူဒေါ်လာ 528)
သံယောဇဉ် (ဂျပန်ယန်း 528)
မုဒိတာ(တရုတ်ယွမ် 528)
အကြင်နာ (မြန်မာကျပ် 528 သိန်း)
:)))))))))))))))))))
ကဲ.. ညီဖိုးစိန်ရေ... အဲဒီလို ပို့ပေးတဲ့ သူတွေ အများကြီးရယ်။ ညီ့ ပီတိဘဏ်မှာ ပြည့်ရုံမက ပျော်ရွှင်ခြင်းတွေပါ လျှံသွားပါစေဗျာ။
ညီအစ်ကိုခြင်းပဲနော့် ပေးတော့ပါဘူးလေ
နောက်လည်း အကိုဆီက ယူရမှာဆိုတော့ပေးတော့ဘူး
ဖတ်ပြီး စိတ်မကောင်းဖြစ်ရတာ အခါပေါင်းမနဲ့ တော့ဘူး
င့ါအစ်ကိုကလည်း တော်တော် ကြိုးစားခဲ့တာကိုး
ဖတ်ပြီး အားရှိတယ် သိလား ချစ်ကိုကြီးယောက်ဖ ရေ
မိဘကိုသိတတ် တာလဲအရမ်းကောင်ပြီ
တော်တာပဲလေ ဒါပေမယ့်မေ၇းနဲ့ တော့နော်
ဒါမျိုးဆိုမခံစားနိုင်ဘူး အရမ်းမျက်ရည်လွယ်တယ်
အစကမဖတ်ခဲ့ရင်အကောင်းသားဟူးးးးးးးးးးးးးးးးးး
ကိုကြီးရေးးးးးးးး ဘ၀အမေားတွေအမြန်ဆုံးပြေပါစေ
ချစ်သေားမိသားစုနဲ့ အမြန်ဆုံးပြန်နေနိုင်ပါစေနော်
တကယ်ပဲငိုသွားတယ် ဖတ်ရင်နဲ့ မျက်ရည်ဘယ်လိုကျလာမှန်းမသိဘူး
ဒီလို စာတွေမဖတ်ချင်ဘူး
ရီစရာလေးတွေရေးနော် အမြဲးတမ်းပျော် မြူးချင်လို့ ပါရှင့်
တဖြည်းဖြည်းတော့အဆင်ပြေလာမှာပေါ့ အကိုရာ...။
အားတင်းထား
ဒါနဲ့ ရုရှ ရူဘယ် ကျတော့ဘယ်က လွဲ ရမလဲ...။အကို လက်ခံတဲ့ ဘဏ်စာရင်းမှာ မပါဘူးနော်...။
မထူးပါဘူး အမေရီကန်ဒေါ်လာပဲလွဲလိုက်တော့မယ်...။
ချစ်တဲ့ မကြီး
ရောင်ပြန်
ခုချက်ချင်းလွှဲချင်တာနဲ့ မြန်မာပြည်က ပါလာတဲ့
FEC 1500 ပို့ထားတယ်
ရန်ကုန်ရောက်မှ ပြန်လဲလိုက်တော့နော်
မြန်မာပီပီ မြန်မာပြည်က အသိအမှတ်ပြုတဲ့ ငွေလေးကိုပဲ အိမ်ပြန်မှ တပါတည်းယူသွားတော့...
ကျန်တဲ့ ယူရိုတွေ စတာလင်ပေါင်တွေ ယန်းတွေက မြန်မာပြည်မှာ
သုံးမရမှာစိုးလို့....
နောင်ရေးအတွက် ရင်အေးရအောင်လို့...
ဂျီမကျေကြေး :)
ကကြာပါဘူး
နေရိပ်လိုချင်နေပူကစောင့်တဲ့...
အဲ ကိုယ့်အလှည်မှာ စည်ပင်က သစ်ပင်မခုတ်ဖို.တော့လိုတယ် ... နောက်တာပါ
အဆင်ပြေပါစေ.........
အလုပ်သွားခါနီး ဖတ်ရတာ မပြီးသေးဘူး။ ၁၅မိနစ်ပဲ ကျန်တော့တာမို့ ပြန်လာမှပဲ အိပ်ချိန်ထဲက ယူပြီး ထပ်မန့်မယ်။
ခုတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ တစ်ဝက်တပြက်နဲ့ပဲ အလုပ်ကို သွားရပြီ။ =(
ညည်းချင်းကို လာဖတ်သွားပါတယ်။
ဖိုးစိန်ရဲ့ စိတ်ခွန်အားတွေကို မြင်သွားပါတယ်။
ဆန္ဒတွေ ပြည့်ပါစေလို့ ။
မအယ်
ပို့ တဲ့သူများတဲ့အတွက် ဘဏ်က ဘီးစီဖြစ်နေလားမသိ
ဘကြီးက တော်တယ်နော် လေးစားတယ် ငါးမစားဘူး
ပျော်ရွှင်ပါစေဂျာ....
ခင်မင်ခြင်းနှင့်
တလနွန်
အဖြစ်ခြင်းထပ်တူမဟုတ်ပေမဲ့၊ သိပ်မကွာခြားလှတဲ့ အဖြစ် မျိုးတွေ ကိုတွေ့ကြုံခဲ့ဘူးရလို့ ကိုယ်ချင်းစာတယ်ကွာ
"နင်ဒါမစားရလို့ သေသွားနိုင်လား သေနိုင်ရင်စား မသေနိုင်သေးရင် အောင့်ထား"ဆိုတဲ့ အဖြစ်မျိုးကတော့ အခါပေါင်းမရေနိုင်လောက်အောင်ကိုထပ်တူကြတယ်ကွာ။
ကိုယ်မင်းကို လွှဲပေးလိုက်နိုင်တာတော့ စိတ်ဓါတ်ခွန်အားဘဲ
အမေ က တော့ မွေးရကျိုးနပ်တယ် ပြောနေမှာ။
ကိုယ်တွေတောင် အသိခေါက်ခက်အဝင်နက် ဖြစ်နေတာ။
If you still want to move to Britain, contact me.
ပြန်လာလို့မန့်မယ်ဆိုပြီး ကြည့်လိုက်တော့ ၄၃ရောက်ရှိပြီတဲ့။ ကျနော်က နောက်ဆုံးထင်ပါရဲ့ ကိုဂျီးရာ။ ကျနော်ကတော့ ဘာမှကို လွှဲစရာ မရှိပါဘူး။ အစထဲက အကုန်ပေးထားပြီးသားမို့ပါ။ ဒါကို ကိုဂျီးဘဏ်ကို သွားကြည့်ရင် သိလိမ့်မယ်။ အဟဲ။
စိတ်ဓါတ်မကျပါနဲ့ဗျာ။ ကိုဂျီးကို ချစ်တဲ့ ညီအကိုမောင်နှမတွေ ဒီလောက်ပေါတာ။ နော့။
ဘဏ်ဒေ၀ါလီမခံခင် အမြန်ထုတ်ယူပါ။
steve က စပွန်ဆာလုပ်မယ်ဆိုရင် အင်္ဂလန်အမြန်လာခဲ့ ကဖိုးစိန်ရေ ...
ယူဗျာ... ၅၂၈ တင်မကဘူး... အကုန်သာယူ...
း)
ဂွတ်လပ်ခ် ဘရားသား... ရုန်းကန်နေရသူအချင်းချင်းစာနာနားလည်ပါတယ်.
အောင်မြင်ပါစေဗျာ.
Y.
ဗျာ အားမလျော့နဲ့။မှတ်ထားဦးဗျ လောကမှာ
ဘယ်ဟာမှ အလကားမရဘူး၊ ဗုဒ္ဓမြတ်စွာဘုရားတောင် ဘုရားဖြစ်ဖို့ ၆နှစ်တိတိ ဒုက္ခစတိယကျင့်ခဲ့ရတယ်၊ ယုတ်စွ အဆုံးဗျာ... ထမင်းစားချင်တာတောင် ပါးစပ်မလှုပ်ပဲနဲ့ ဘယ်ရမလဲ၊ အင်အင်းပါရင်တောင်မှ မညှစ်ပဲ ဘယ်တော့မှ
အင်အင်းမထွက်ဘူးဗျ။ ဥပမာတွေ များနေပြီ
အားမလျော့နဲ့ အားလျော့တယ်ဆိုတာ လူဖျင်း၊ လူညံ့တွေ အလုပ်ဗျ မဟာဇနက္ကထုံး နှလုံးမူပြီး ဆက်သာလုပ်၊ ခုခံနေရတာ နောင်တချိန် ကောင်းစားဖို့ဆိုတာ မမေ့နဲ့
မှတ်ထားဦး လူဘ၀ဆိုတာ ဒီလိုပဲ တက်လိုက် ကျလိုက်နဲ့ မတည်မြဲဘူး။ တည်မြဲနေအောင်လုပ်ရမှာက ကိုယ့်စိတ်ဓာတ်ပဲ ။စိတ်ဓာတ်တော့ ဘယ်တော့မှ ကျမစေနဲ့ ကျရင်ပြန်ကောက်ထား ပျောက်သွားမှ ဘ၀ပျက်မှာဗျ။ ကြိုးစားထား ကိုယ့်လူ ပန်းတိုင်ဆိုတာ ဘယ်တော့မှ လွယ်လွယ်နဲ့
မရောက်ဘူး လွယ်နေ၇င် လူတိုင်းရောက်ကုန်တာကြာလှပေါ့ဗျာ..နော။
လုပ်စမ်းပါဟ.. ကိုယ့်လူရ ကျနော်လို ဘ၀အမောတွေကို အသောလေးတွေ အဖြစ်
ပြောင်းလိုက်စမ်းပါ၊ အဲဒီမှာတွေ့လိမ့်မယ်
တဒင်္ဂ စိတ်ချမ်းသာမှာတော့ သေချာတယ်။
နောက်ပြီး မိဘအတွက် ရည်းစူးထားတဲ့သူ
ဘယ်တော့မှ ဒုက္ခအကြီးအကျယ်မရောက်ဘူး
အဲဒါတော့ ယုံ ကျနော့်ကိုယ်တွေ့ပဲ။ တော်ပြီဗျာ ရှည်နေပြီ။ နားလည်မယ်ထင်ပါတယ်
မောင်လေးရဲ့စိတ်ဓါတ်ကိုတော့ အရမ်းလေးစား အားကျမိပါတယ်။
ခင်မင်လျှက်
မကြီး
ဒါနဲ့ ငွေလွဲရင် ဒီဘဏ်က အတိုးက ဘယ်လောက်ပြန်ရမှာလဲ.....အဟဲ..
ဦးဦးဖိုးချိန်...မောင်နှမတွေ ဘေးမှာ အညားချီးဖဲ ချိတယ်ရေ... ချိတ်ဒွေ မညစ်နဲ့နော်...
ဝါးးးးးးးးး နာက နောက်ဆုံးပိတ် အိတ်နဲ့လွယ် ၅၃ ကွ.... တီတီကွန်းလို မျိုး ကွန်မန့်တထွေးကြီး... ဟိဟိ..မိုက်တယ်....
ဒါဆို ဘလော့ကွန်မန့်မင်းသမီးက တီတီကွန်း..ဟိဟိ
ဘလော့မင်းသားလေးက ဖိုးစိန်.... ဟတ်ဟတ်...
စိတ်ဧ။်ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ ဦးဦ်းရေ
ပျော်ရွှင်ပါစေ....
မအားလို့ အခုမှ ဖတ်ဖြစ်တော့တယ်....
ချိတ်ချိုးနဲ့နော်