အောက်လွှတ်တော်ကအသံများ
တစ်ခါတစ်လေ ဘဝမှာ မဖြစ်စလောက်လေး တစ်ခုက စိတ်ထဲမှာ စွဲကျန်နေတတ်တာ မျိုးတွေရှိတဲ့ အဲဒီအထဲမှာ အဖြစ်အပျက်လေးတစ်ခု နဲ့အတူ ကောင်မလေးတစ်ယောက်ပါတယ်… ကောင်မလေး ပြောလို့ ကျနော့် ချစ်သူ ကောင်မလေး တော့မဟုတ်ဘူး… ကျနော်ပြောမယ့် ကောင်မလေးကလဲ ကျနော့်နဲ့မသိဘူး… မသိဘူးဆိုပေမယ့် သူ့ကိုကျနော် ၅ရက်နဲ့ နှစ်ခါ ဆုံဖူးတယ်… ဒါပေမယ့် အဲဒီကောင်မလေး ကိုကျနော် တိုက်ဆိုင်မှု ရှိတိုင်း သတိရနေတယ်… သတိရတိုင်းလည်း ပြုံးနေမိတယ် ဆိုရင် ကျနော်လွန်မလား သူ့ရဲ့အလှကိုမဟုတ်… သူရဲ့ အသံကိုပါ… သူရဲ့အသံ ဆိုတာက……….
ကျနော်တို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွေဖြေကြတော့ ကျောင်းပေါင်းစုံက ဆယ်တန်းကျောင်းသား ကျောင်းသူတွေ ရောပြီးဖြေရတယ်… ဆယ်တန်းစာမေးပွဲ ဖြေတော့ ကျနော်နေတဲ့ အ.ထ.က(၆)က အ.ထ.က(၉) နဲ့ အ.ထ.က(၃) ကျောင်းသုံးကျောင်း ရောဖြေရတယ်… အ.ထ.က(၃)ဆိုတာက မိန်းကလေးတွေ ကြီးပဲနေတဲ့ကျောင်း… စာမေးပွဲ ဖြေတော့ ကျနော် သွားဖြေရတဲ့ ကျောင်းက အထက(၉)မှာ…အထက(၉)က ကျောင်းကြီးက အင်္ဂလိပ် ခေတ် ကတည်းက ဆောက်ထားတယ် ဆိုတော့ ခိုင်ခန့်တဲ့ ကျွန်း ပျဉ်းကတိုး နဲ့ဆောက်ထားတဲ့ သစ်သားကျောင်းကြီး… ရှာထိုးပြားတွေ ခင်းထားပြီး အပေါ်ထပ်နဲ့ အောက်ထပ် မျက်နှာကျက်မရှိတဲ့ကျောင်း… အဲလိုကျောင်းမှာ ကျနော်စာမေးပွဲ သွားဖြေရတယ်… ဖြေရတဲ့ အခန်း နေရာက အပေါ်ထပ် … ကျောင်းသားတွေ ရောထားတဲ့ အတွက် ကိုယ်ခင်တဲ့မင်တဲ့ ကျောင်းသားတွေ နည်းတယ်… ကျနော့်ခုံက ထောင့်စွန်းက အလယ်ခုံမှာ အရှေ့မှာ ကျနော်ပြောတဲ့ ကောင်မလေး… ကျနော့်ရဲ့ ရှေ့တည့်တည့်မှာထိုင်တယ် ဖဲပြား အစိမ်းကို စီးထားတဲ့အတွက် မိန်းခလေး ကျောင်းဖြစ်တဲ့ အ.ထ.က(၃)က ဆိုတာ မပြောပဲနဲ့သိတယ်… ပိုပြီးထင်ရှားစေတာက သူမခေါင်းမှာ ပန်ထားတဲ့ ပန်းမဟုတ်တဲ့ ဇီးကိုင်းကြောင့် သူမကို သတိထားမိတာ… စာမေးပွဲ ဖြေနိုင်အောင် ယတြာချေတယ် လို့စိတ်ထဲမှာ ကြိတ်ပြုံးမိသေးတယ်… ကျနော်ကိုယ်တိုင်က အမေ လုပ်ပေးတဲ့ ယတြာ ပါတယ်… ထန်းမြစ်ကို လုံချည်ခါးပုံစ နားထည့်ရတယ်… ပြုတ်ကျမှာ ကြောက်လို့ အမေက အတွင်းခံ ဘောင်းဘီထဲ ထည့်ခိုင်းတယ်( စဉ်းစားကြည့်တော့ ) စားမေးပွဲ ခန်းထဲထိုင်လိုက်ရင် စိတ်ကမလုံ ထန်းမြစ်က လုံချည်ကြားကနေ ထောင်ထွက်နေတယ် တော်သေးတယ်…ပေးတတ်တဲ့ ယတြာက ထန်းမြစ်ဖြစ်နေလို့… မုန်လာဥသာဆို ကျနော့်ဘဝမတွေးရဲဘူး ဘယ်ဆရာ ဆရာမမှ အနားကပ်ဖို့ကိန်းမမြင် အမေစိတ်ချမ်းသာအောင် ထည့်ပေမယ့် ဗေဒင်ဆရာကို စိတ်ထဲက မေတ္တာတွေ အထပ်ထပ် ပေးနေမိတယ် ပထမဆုံး မြန်မာစာဖြေတဲ့နေ့က သတိရတိုင်း ကိုယ့်လုံချည် ကိုယ် ငုံ့ကြည့်မိနေတာ အမော…
ဒါကြောင့်လဲ ဒီကောင်မလေး ဇီးကိုင်းကို ပန်ထားတာ သဘောတကျ ပြုံးမိတယ်… ပထမနေ့ နဲ့ ဒုတိယနေ့ကတော့ မသိသလိုပဲ ပြီးသွားတယ်… ကောင်မလေးကို ယတြာပန်း အာရုံရတာထက် ဖြေရမယ်စာမေးပွဲ ကိုပူနေတာနဲ့ ဒုတိယနေ့ ကောင်မလေး ဘာပန်လာလဲ ဆိုတာ သတိမထားမိတော့ဘူး
စတင်သတိထား မိသွားတာက သချာင်္ဖြေတဲ့နေ… သချာင်္ဖြေတဲ့နေ့ကျတော့ ကောင်မလေးက အုန်းလက်တိုတိုလေး သုံးလက်ကို ပန်လာတာတွေ့တော့ ကျနော်ပြုံးမိသေးတယ်... စချင်တဲ့ စိတ်ကဖြစ်ပေမယ့် ကိုယ်တိုင်က ထန်းမြစ်ထောင်ထွက်နေတော့ သူများကို စဖို့အားမရှိ…
ဒီလိုနဲ့တနာရီအကြာမှာ….သချာင်္ဓမ္မဓိဌာန်မေးခွန်းတွေကို ခေါင်းနောက်အောင် ခါးကြားထောက် စဉ်းစားနေချိန်
တခန်းလုံးက အပ်ကျသံမျှမကြား… ဒါပေမယ့် သက်ပျင်းချသံ ဘောပင်တွေ ခဲတံပေတံ တွေချသံ ခုံ ရွှေ့သံတွေကတော့ မထင်မှတ်ပဲ ခဏခဏ မိနစ်အပိုင်းအခြားလေးတွေမှာ ကြားနေရပေမယ့် တခန်းလုံးက တိတ်ဆိတ်ငြိမ်သက်လို့
ဒီလို မထင်မှတ်ထားတဲ့ အချိန် တိတ်ဆိတ်နေတဲ့ အခန်းထဲကနေ ကျနော်ရှေ့ က အောင်မြင်စွာ တီးတိုးထွက်ပေါ်လာတဲ့ လျှပ်တပြက် အသံလေတစ်ခု…
”ပီ” ဆိုတဲ့အသံလေး
ခုံလေးကြားကနေ အတင်းတိုးထွက်လာတဲ့ အသံတိုးတိုးလေးကို သတိထားမိပေမယ့် စာကို အာရုံပြုထားတဲ့ အတွက် ဘာသံဆိုတာ သိရုံ နှုတ်ခမ်းကွေးရုံ ပြုံးမိသွားတယ် ဒါပေမယ့် ပြုံးနေတဲ့ နှုတ်ခမ်း ကွေးနေရာကနေ သာမန်အနေအထား မဖြစ်ခင် နောက်ထပ်ထွက်လာတဲ့ အောက်ထားရင်းကမှ ခက်ခက်ခဲခဲ ထွက်လာရတဲ့ ခုံကြမ်းကြားနဲ့ လုံချည်ကြားက ရုန်းထွက်လာရသော အတင်းအောက်အင်း ထားရက်နဲ့ မတော်တဆ မထိန်းနိုင်လို့ ထွက်လာတဲ့ ကျနော့် အရှေ့က ရှက်သွေးပါတဲ့ သူမရဲ့ အောက်လွတ်တော်အသံ
”ပိ……………. ပိ….. ပီ…ပီ…ပီ..ပိ”
ဒီအသံတွေကို တိုးတိတ်နေတဲ့ အခန်းထဲကနေ ညင်သာစွာ ပီပီသသ ထွက်ပေါ်လာတော့ ကျနော်မောင်ဖိုးစိန် စိတ်ကိုမထိန်းနိုင်ဘဲ ရေးလက်စ ဘောပင်ကို ပြစ်ချလို့ အော်ရယ် မိတော့ အားလုံးနားစွင့်နေကြတဲ့ အတိုင်း ရယ်လိုက်ကြတာ ဝက်ဝက်ကွဲ… အသံလေးက လဲ ရယ်ချင်သကိုး… ရှက်လို့အောက်ထားပါတယ်ဆိုကာ ထိန်းမရလို့ တိုးတိတ်စွာ ထွက်လာတဲ့ အသံဆိုတော့… ရယ်လိုက်ကြတာ ဆိုတာ တခန်းလုံး ချက်ချင်းရပ်လို့မရ… ကောင်မလေးကတော့ ရှက်လဲရှက် ကျနော်က အရင်ဆုံးစရယ်တာဆိုတော့ ငိုမဲ့မဲ့ မျက်နှာနဲ့ လှည့်ကြည့် မျက်စောင်းထိုးတာပေါ့… အတန်းစောင့် ဆရာက ရပ်တော့လို့အော်မှ အားလုံးကငြိမ်သွားကြတာ… ဒါတောင်ကျနော်က ဓမ္မဓိဌာန်တစ်ပုစ်ဖြေတိုင်း သူ့အကြောင်းဝင်လာလို့ စဉ်းစားလိုက် ခွိခွိနဲ့ရယ်လိုက်ပေါ့..
ပြသနာက ဒီတွင်မပြီးဘူး…. ကျနော်တို့ အပေါ်ထပ်က ရယ်သံကြားပီးလို့ မိနစ်ပိုင်းတောင် မခြားဘူး ရယ်သံက ထွက်ပေါ်လာပြန်ရော… ဖြစ်ပုံက ကျနော်နဲ့ မျက်စောင်းထိုး ကပ်ရက် ဖြေနေတဲ့ ကောင်လေးဘေးနားကို အပေါ်ထပ်က ရေတွေယိုကျလာတာ… ဒါနဲ့သကောင့်သားက သူ့အပေါ်တည့်တည့်မကျတဲ့ ရေကို ခုံရွေ့ရင်တောင် ရရက်သားနဲ့ လက်ခလေးနဲ့ ခံလိုက်သေးတယ်…ဆရာမက အလန့်တကြား ပြေးသွားပြီး “ဘယ်သူ့ရေးဗူးမှောက်တာလဲတဲ့ အောက်က စာမေးပွဲဖြေတဲ့ ကောင်လေးက ရေမှောက်တယ်ပြောတယ်“ ဆိုတော့ ဖြေရင်းတန်းလန်း ရေဗူးမှောက်တဲ့နေရာကို လိုက်ရှာကြတာပေါ့ …အဲဒီအခါကျမှ အပေါ်ထပ်က ကောင်မလေး တစ်ယောက်က ရေယိုသွားတာ… သေချာတာက သချာင်္မေးခွန်း တွေကြည့်ပြီး ကြောက်သွားတာ လားတော့မသိ ရှူးရှူးပေါက်ချတာ ဘယ်သူမှမသိဘူး… ရေတွေက အောက်ကိုရောက်လာတယ်
အဲဒါကို ကံဆိုးချင်တဲ့ သကောင့်သားလေးက ရေဗူးမှောက်တယ်ထင်ပြီး ရေတစ်စက်ချင်း ကျရာလေးကို လက်လေးနဲ့ခံထားတာ အပေါ်က ဆရာမလဲ ဆင်းလာရော သူ့ကိုပြုံးစိစိနဲ့ “ဟဲ့ကောင်လေး လက်သွားဆေး အဲဒါရေမဟုတ်ဘူး” ပြောတာကို သူကရှက်ယောင်ယောင်ပြီး နမ်းကြည့်လိုက်သေးတယ်… သူခံနေတာက ရေမဟုတ်တဲ့ အရေတွေ ဆိုတာလဲသိရော ကောင်လေးခမျာ ငိုမလို ရယ်မလိုမျက်နှာနဲ့ ရှက်လွန်းလို့ ကျောင်းအိမ်သာသွား ချက်ခြင်းလက်ဆေးရတဲ့ ဘဝပေါ့ …
ရယ်လိုက်ရတယ်ဆိုတာ ပြောမနေနဲ့ တခွီခွီနဲ့ ရယ်လိုက် ဓမ္မဓိဌာန်မေးခွန်းဖြေလိုက်နဲ့  စာအပေါ်အာရုံကိုမရဘူး ရယ်ချင်နေတာ စားမေးပွဲ အခန်းကလဲထွက်ရော အားရပါးရ ထွက်ရယ်တာပေါ့… နောက်ရက်တွေကြတော့ ပြုံးစိစိဖြစ်နေတဲ့ ကျနော့်ကို ကောင်မလေးက “ဟိတ် ဒီတစ်ခါပြောင်ရင် နင့်မျက်နှာ တည့်တည့် ပေါက်ပစ်မယ် ဘာမှတ်လဲ”ဆိုပြီးလာစွာတော့မှ ကျနော်လဲ ရီချင်သွားတဲ့ မျက်နှာကို မျက်နှာပိုးသတ်ရတယ်…
ဒါပေမယ့် ကျနော့်အရှေ့မှာ ထိုင်တော့ သတိရတိုင်း ရယ်နေမိတာ... ဘေးကြည့်လိုက်ရင် သကောင့်သား အရှေ့ကြည့်လိုက်ရင် ဒီကောင်မလေး…
ဒီလိုနဲ့ စာမေးပွဲ ပြီးလို့ ၆နှစ်အကြာ သူမနဲ့မထင်မှတ်ပဲ ကျနော့်အမ ဖွင့်ထားတဲ့ လုံချည်ဆိုင်မှာ သူ့ယောင်္ကျားအတွက် လုံချည်လာဝယ်တာနဲ့ ထပ်ဆုံဖြစ်တယ် ပထမ သူမကို မြင်တော့ စိတ်ထဲမှာ ရေးရေးလေး မြင်ဖူးသလိုရှိပေမယ် သူက ကျနော့်ကိုမြင်တော့ ဝမ်းသာအားရ လူကြားထဲမှာ တန်းပြီး နှုတ်ဆက်တယ်
သူကျနော့်ကိုမြင်လို့ ဝမ်းသာအားရတဲ့ ပြောလိုက်တာက
“ဟယ် နင်ငါတို့ဆယ်တန်း စာမေးပွဲ ဖြေတုန်းက ငါ့နောက်မှာထိုင်ပြီး ငါ့အီးကို ရှုတဲ့အကောင် မဟုတ်လား”တဲ့
ကဲ ကျနော့်မျက်နှာ အဲအချိန်တုန်းက ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြပါတော့….
သေချာတာက
ပိ…. ပီ….. ပီ…ပီ…..ပီးးးးး….

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
မေးမလို့၊ ထန်းမြစ်က ဘယ်လောက်ကြီးလဲ? ပုဆိုးမဝတ်တတ်ဘူးလား?
ဦးဆုံး မန့်ရမယ်ဆိုလို့နော်? စိန် ရွှင်လန်းချမ်းမြေ့ပါစေ
:-(
ယုတ်ချင်ယိုက်ချားယို့ ရဘီ..အဲဒီကျ ဇာတ်ကားနာမည်ကို
တထာက ရူခဲ့ဘူးသော...ပိ..ပီ...ပီးး ဟီးးး :P
လူတွေ ယုံအပြည့် ရာအားပေးမှာ ကျိန်းတေဒယ်.... ဟတ်ဟတ်
*ရှက်တတ်ပါတယ် ဆိုမှာ ငါ့နှယ်ဏော်* လို့ ရုပ်တည်နဲ့ စာဆက်ဖြေရတယ်။
အတြုန်းကတော့ ရယ်နိုင်ဘူး။ ခုတော့ ရယ်စရာပေါ့ဗျာ။
တော်တော်တွေးတတ်ရေးတတ်တာပဲ ဘကြီးဖိုးစိန်ရာ
အိပ်ငိုက်လို့  ဘလော့လျှောက်လည်ထွက်လာတာ
အီးရှုတဲ့ ကိုဖိုးစိန် နဲ့  သွားတွေ့ တယ် အဟတ်
ရေဖူးမှောက်လို့ ရေခံတဲ့သူလည်း ရှိသေးတယ် ဟားဟား
ဘကြီးဖိုးစိန်ရာ ထန်းမြစ်ကို ထဲ့စရာ နေရာရှားလို့ 
ကြံကြံဖန်ဖန်ဗျာ။။။။။တွေးတောင် မတွေးရဲစရာပဲ။။
ခင်မင်ခြင်းနှင့်
တလနွန်
လေးစားလျက်
တောင်ပေါ်သား
sdl
ရယ်သွားတယ်...
ကြုံရဆုံရများနော်
း)း)း)း)
(အော် ထားခဲ့တဲ မတ်စေ့လေး ဇက်ဆီလည်းပို့လိုက်တယ်နော် :P)
တော်တောက် ပေါက်ပေါက်ရှာရှာ မှတ်သားထားတုန်းနော်။ ဖိုးစိန်ရှေ့မှာနေရင် သတိထားကြပါကုန်သော်....
ခင်မင်လျှက်
မကြီး
ကိုစိန်ပေါ် ကို မှတ်လား
ကိုထွေးပြောသလိုပဲ
ဂျပန်နာမည်ပါ ပေးလိုက်မယ်
ချစ်ကို ကို
အူရှီးစံး)
ခင်မင်စွာဖြင့်
ဝသန်မိုး
ဒွေးကြော်ငြာတဲ့ ရေးမွှေး လေးကို သတိရမိတယ်..
“ကမ္ဘာကျော် တန်ဘိုးကြီးရေမွှေးတွေ အနံ့နဲ့တထပ်ထဲပဲ”
.....ခင်မင်သောအားဖြင့်....
(အဲဒီလို အဖြစ် အပျက်ကျွန်တော့်မှာလဲ ရှိတယ်ဗျ..
ကြုံမှရေးပါအုံးမယ်)
အဲဒီနှစ်က ဆယ်တန်းကို P ဘယ်နှစ်လုံးနဲ့  ... အဲယောင်လို့  ... D ဘယ်နှစ်လုံးနဲ့ အောင်မြင်တော် မူခဲ့ပါသလဲ ကွယ် ။။ PP.. P. P. P ... ppp .. pp . p...
Monsieur et madame Pho Sein ရေ
ထန်းမြစ်ကလည်း ထိုးထိုးထောင်ထောင်
ကော်မန့် ရေးတဲ့လူကလည်း ထန်းမြစ်ဘယ်လောက်ကြီးလည်းဆိုပဲ
ဒီလိုမှန်းသိရင် အစောကတည်းက မုန်လာဥ ခပ်ကြီးကြီးလေးကို ထည့်သွားရမှာ ထင်ခံရနည်းလားနော်
လိုင်းလေးကောင်းလို့ လာရတာ ခုတစ်လော လိုင်းမကောင်းဘူး အကိုရ
ဟီးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးး
ဟီးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးး
ဟတ်ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မလာဘူးမပြောနဲ့ တင်တဲ့အချိန်ကလဲသူများ
အိပ်ချိန် အခုမှမနက် ၅း၀၀ရှိသေးတယ်ဖတ်သွာူပြီ
း)))) ဖိုးစိန်တို့ကတော့ ရိုက်ပေါက်.
အစ်မဆိုလည်း အရမ်းရယ်ချင်ရင် မအောင့်နိုင်ဘူး။
ရယ်စရာကိုပြန်တွေးပြီး မျက်နှာကြီးကပြုံးဖြီးဖြီးဖြစ်နေတတ်လို့..အဟားးးး
ရယ်ရတယ် တကယ်. ဆိုးလိုက်တဲ့ ဖိုးစိန်.. ငါ့ကိုလဲ
အချွန်နဲ့လာမ... နာမယ်..နာမယ်...
စာတွေလာဖတ်တယ်နော်
ပျော်ရွှင်ပါစေ
ဖတ်နေရင်းနဲ့ရယ်လိုက်ရတာ
မပြောပါနဲ့တော့
မိုက်တယ် ကြိုက်တယ် တယ် ပို့စ်ကိုနော်
ဟဲဟဲ
သယ်ရင်း ရီနို
ပြုံးချင်တိုင်းဖတ် ရီချင်တိုင်း မှတ်လို့ရအောင် ချိန်ခါနှောင့်နှေး စိတ်မှာတွေးလို့ နောက်ပြန်တစ်ခေါက်ဖတ်မိသည် ...
အဟီး ... ပြန်တော့မယ်နော် .. ရီရလွန်းလို့ ဒီမှာထွက်တော့မယ် ... ဘယ်လိုလဲ ... ဒီမှာပဲ သွားလိုက်ရမလား :D
အေးလေ ဒါလဲ နိုင်ငံရေးပါပဲ
အူလှိမ့် ပြီးရယ်သွားတယ်....
ဟိုတစ်ယောက်ကလည်းဘယ် ကတည်းက ညှိုးထား လည်းမသိဘူး... ခြောက်နှစ်ကြာတာတောင်မှတ်မိတယ်
ဟားဟားးးးးးးး
အမေကလဲနော်..ဘယ့်နှယ်ဟာကြီး ယတြာပေးတာတုန်း။
ပိုရင်းနှီးသွားတတ်တယ်ဗျနော်..