ဖိုးစိန် ရဲ့ ပိုက်ဆံအိတ်

ကျနော့် အကျင့်တစ်ခုပါ… အပြင်တစ်နေ ရာရာကို သွားတော့မယ်ပေါ့… မှန်ရှေ့မှာ စိတ်တိုင်းကျ ခေါင်းဖြီး (ထွက်လာတော့လဲ ဒီပုံဘဲ) ရေမွှေးဆွတ် (ပြီးရင် ကိုယ့်အနံ့နဲ့ကိုယ် မူးနေတာ)… ကြိုက်ရာ ရောင်စုံ လက်ပတ်ကြိုးလေးတွေကို ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်အောင် ရွေးဝတ်ပြီး သကာလ (ရွေးဝတ်တယ်ဆိုလို့ အထင်မကြီးနဲ့ ရှိတာက သုံးခုနဲ့ အဝတ်က သုံးထည်ထဲ) အလုပ်စရှုပ်ပါတယ်… ပထမဆုံး (Memory stick) ကိုလည်ပင်းမှာဆွဲ… (Memory stick ) ကိုယူတယ် ဆိုတာက သူများနိုင်ငံမှာ နေတဲ့အတွက် မတော်တဆများ ဆိုတဲ့အတွေးနဲ့ အဲဒီထဲမှာ ကျနော့်နဲ့သက်ဆိုင်သော အရေးကြီးတဲ့ စာရွက်စာတမ်း(ပတ်စပိုစ့် + ကျောင်းသားကဒ်+ အသက်အာမခံ) စသဖြင့် အကုန်လုံးကို (Scan)ဖတ်ပြီး ကူးထားတာ မတော်တဆ ပျောက်သွားရင်(သို့) အခိုးခံရ ပျက်စီးသွားတာ တို့ဆိုရင် ဒီထဲကနေ ပြန်ယူလို့ လွယ်ကူအောင်ဆိုတဲ့ ရည်ရွှယ်ချက်ပါ… လည်ပင်းမှာ ဆွဲထားတော့ မေ့တတ်တဲ့ ကျနော် မပျောက်တော့ဘူးပေါ့ (စတိုင်တစ်ခုလဲဖြစ်သေး ) တစ်ခုခု ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ကျနော်နဲ့ ပတ်သက်သမျှ အချက်အလက်တွေကို ကူးပြီး တစ်ခုကို စားသောက်ဆိုင်မှာ ထားတယ်… တစ်ခုကို ကျနော်အပြင်သွား တိုင်းအမြဲဆွဲ ထားတယ်… အဲဒီလောက်ထိ ရှေးကို ကြိုတွေး ထားတာနော်(ပိုင်ဆိုင်တာ တွေများနေတယ်ဆိုတော့)

နောက်တစ်ခုက ဘောပင်တစ်ချောင်းနဲ့ မပါမဖြစ် ကင်မရာကိုယူ… “အကျည်းတန် မှန်ကြိုက် မလှမှန်းသိရက် ဓာတ်ပုံရိုက်” ဆိုတဲ့ အတိုင်း သွားလေရာ ရိုက်တယ်… အမှတ်တရပေါ့လေ(ထင်လား..ဒီပိုးက မသေးဘူး)… ကြိုက်လဲကြိုက်တာကို… ကျောင်းတက်တုန်းကတော့ မြဝတီကျော်ဝင်းကို သောကြာနေ့တိုင်း ပိုက်ဆံသွားပေး နေကျ (ကျောင်းလဲပြီးရော ပုံတွေက ပြန်ရောင်းစားလို့ ရရင် အဖေကားနောက်တစ်စီး ဝယ်နိုင်မလားပဲ)(မော်ဒယ်မဟုတ်တော့လဲ ရေစုံမျှောပေါ့ ကိုယ့်ညီမကို ပေးတောင် ဒီမျက်နှာကြည့် အိပ်မပျော်လို့ ဆိုတော့ တခြားသူဆို မစဉ်းစားနဲ့ပေါ့)… ပြီးရင် ရေဗူးသေးသေး လေးတစ်လုံးကို ရေခဲသေတ္တာ ထဲကနေထုတ်… ခံတွင်း အနံအသက် ပျောက် ငုံဆေးပြားဗူးကို ဘောင်းဘီထဲထည့်… မျက်နှာသုတ် လို့ရတဲ့ လက်ကိုင်ပဝါ လေးတစ်ထည်ကို လက်မှာချည်… နောက်ဆုံး ပိုက်ဆံအိတ်နဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်… ကဲဒါဆိုရင် ဖိုးစိန် အပြင်ထွက်ဖို့ အသင့်ဖြစ်ပြီး…

ကျနော်နဲ့ တူတူအပြင်ထွက်မယ့် သူငယ်ချင်းဆို ကျနော်သွားခါနီး ယူသွားမယ့် ပစ္စည်းတွေကို လိုက်ရှာနေရတာ ကြည့်နေရင်းနဲ့ “ဖိုးစိန်ရာ မင်းကိုကြည့်ရတာ မျောက်အုန်းသီး လိုက်ကောက် သလိုပဲ ဟိုကယူလိုက် ဒီကယူနှိုက်လိုက် မျက်စိကိုနောက်နေတာပဲ မူးတယ်” လို့အမြဲပြောပေမယ့် ဒီအကျင့်ကမပျောက်…

ကျနော် နိုင်ငံခြား ဘာသာတက္ကသိုလ် စတက်ကတည်းက ကိုင်ခဲ့တဲ့အိတ်လေး(၂၀၀၀-၂၀၀၉)






အရေးကြီးဆုံး မပါမဖြစ်ကတော့ ပိုက်ဆံအိတ်…. ငယ်ငယ်လေး ကတည်းက ပိုက်ဆံအိတ် ကိုင်ရတာကို သဘောကျတယ်… ကျနော်လေးတန်း စတက်တဲ့အချိန် အမေက မွေးနေ့လက်ဆောင် ဝယ်ပေးမယ် ပြောတော့ ပိုက်ဆံအိတ်ကို ပူဆာခဲ့တယ်… အမေက ဝယ်ပေးပြီး ပိုက်ဆံတစ်ကျပ်ပါ ထည့်ပေးတယ်… ပျော်လိုက်တယ် ဆိုတာ ပြောမနေနဲ့… ငယ်ငယ်ကတည်းက အကြွားသန်တဲ့ ကျနော် အပြင်ထွက်တော့မယ် ဆိုရင် ပိုက်ဆံအိတ် ကို လူမြင်အောင်ကိုင်တယ်… အမေလုပ်သူက “စိန်ရယ် သူများမြင်ရင် သားပိုက်ဆံအိတ် ယူသွားပါအုံးမယ် ဖွက်ထား” လို့ဘယ်လောက် ပြောပြော လူကြားထဲမှာ ပိုက်ဆံအိတ်ကို လူမြင်အောင်ကို ကိုင်တတ်တဲ့ အကျင့်…

အိမ်ကိုအမျိုးတွေ မလာလိုက်နဲ့ လာလိုက်ရင် ပိုက်ဆံအိတ်ထဲ ထည့်ဖို့ ပိုက်ဆံလိုက်တောင်းတာ… လာတဲ့သူတွေကလည်း တစ်ကျပ်နှပ်ကျပ်စသဖြင့်ပေါ့… ညအိပ်ယာဝင်ရင် ပိုက်ဆံအိတ်ကို ခြင်ထောင်ထဲ မှာဖွင့် ပိုက်ဆံဘယ်လောက်ရှိလဲ ဆိုတာရေ ပြီးရင်ခေါင်းအုံးအောက်ထည့်အိပ်ပေါ့… တစ်ခါတစ်လေ မိဘတွေနဲ့ အပြင်ထွက်ရင် အမေလုပ်သူက “စိန်ရယ် အမေတို့ပါတယ် သားပိုက်ဆံအိတ် ကိုထားခဲ့စမ်းပါ ပျောက်မှာစိုးလို့” လို့ဘယ်လောက်ပဲပြောပြော မိဘတွေရှေ့မှာ ထားခဲ့သလိုလို လုပ်ပြီး ခိုးယူလာတာပဲ… ပျောက်ပေါင်းလဲ မနည်း… ပျောက်တိုင်းစိတ်ဆင်းရဲ ဝမ်းနည်းလို့ ငိုရပေါင်းလည်း မနည်း … အငယ်နှစ်ကောင် ခိုးပေါင်းလဲ များပြီး… ဒါလဲ စိတ်မှတ်မရှိ သွားလေရာ မျက်စိနောက်အောင် ပိုက်ဆံအိတ် တစ်လုံးက ပါတယ်… သွားလေရာ ပိုက်ဆံအိတ်တကားကားနဲ့ ကြွားချင်တုန်း…

အရွယ်ရောက်လို့ ဆယ်တန်း ရောက်တော့ အပြင်သွားရင် အမေ့ဆီက ပိုက်ဆံချေးပြီး ပိုက်ဆံအိတ်ကြီး ဖောင်းနေအောင် ထည့်တတ်သေးတယ်.. တစ်ခါမှ ပြန်မရတဲ့ အမေလဲ စိတ်မှတ်မရှိ ချေးတာပဲ… အပြင်ထွက်ရင်ကို ပိုက်ဆံအိတ်ဖောင်းနေ ပိုက်ဆံပြည့်နေမှ အပြင်ထွက်ချင်တာ… နောက်မဟုတ်ရင် အပြင်ထွက်ရမှာကို ပဲကြောက်သလိုလို ရွံ့ သလိုလို…

ရန်ကုန်ကို တစ်ယောက်တည်း ပြောင်းလာတော့ အမေလုပ်သူက ပိုက်ဆံကို ဘဏ်ကနေ လွှဲပေးတယ်… အဲဒီတော့ ရှိသမျှ ပိုက်ဆံကို ဘဏ်မှာမထား တစ်လစာကို သွားလေရာ ပိုက်ဆံအိတ်ထဲ တကားကားပေါ့… (ဘဏ်တွေက မယုံရတာ လက်တွေ့ပဲလေ) ကျနော့်အပြစ်မဟုတ်… ဒါကြောင့် အပြင်ထွက်ရင် ပိုက်ဆံအိတ် မှာပိုက်ဆံတွေ အများကြီးနဲ့ ရန်ကုန်ရောက် တောသူဌေးလေးပေါ့… ပိုက်ဆံဆိုတာလဲ လက်ထဲမှာ ရှိရင်သုံးမိသလို မရှိရင်လည်း မသုံးဖြစ်ဖူးပေါ့… ပိုက်ဆံရှိလို့ ပိုက်ဆံအိတ် ဖောင်းနေတဲ့အချိန်များ သွားလိုက်တဲ့ယုဇန ပလာဇာ နဲ့ ရန်ကင်းစင်တာ… ဖင်ပူအောင် ထိုင်နိုင်လွန်းတဲ့ (J’donut) နဲ့ (AROMA) ကော်ဖီဆိုင်… မရိုးအောင် သွားနိုင်လွန်းတဲ့ အင်းယားကန်… ညဘက် ပျင်းပျင်းနဲ့ လျှောက်သွားနေတဲ့ (CLUB) ပေါင်းများစွာ…

ပိုက်ဆံအိတ်ထဲ ငွေစငွေန လေးများ မရှိလို့ကတော့ အိမ်ရှေ့မှာ ဖျာလေးခင်း ခေါင်းအုံးတစ်လုံးနဲ့ (City FM)ကို ကြိတ်မှိတ်နားထောင်လို့ မျက်စိလည်လမ်းမှား ရောက်လာပြီး လက်ဖက်ရည်တိုက်မယ့် သူငယ်ချင်းကို မျှော်ရတဲ့ဘဝ… တစ်ခါတစ်လေ ပိုက်ဆံမရှိတော့ အမေဆင်ထားတဲ့ ဆွဲကြိုးတွေ ဟန်းချိန်တွေကို မောင်နှမ နှစ်ယောက်တည်း နေတာကိုသိတဲ့ တစ်ယောက်ယောက် ကများ ကျနော့်အိမ်ပေါ်ကိုတက် ဒမြလာတိုက်မှာ ကြောက်လို့ဆိုတဲ့ အတွေးနဲ့ အပေါင်ဆိုင်မှာ လက်မှတ်တစ်ခုယူ စိတ်ချစွာအပ်နှံ ထားပြီး ပိုက်ဆံအိတ်ကို အသက်သွင်းတတ် သေးတယ်လေ… လက်မှတ်ရှိနေ သမျှ ပစ္စည်းရှိတယ်လေ… အမေ့ပစ္စည်းတွေ ဆုံးရှုံးမှာ ကြောက်လို့ပါ…

တက္ကသိုလ်စတက်တော့ အမေတောင် မလုပ်ဖူးတဲ့ အလုပ်ကို ချစ်သူလို့ အမည်တပ် ရတဲ့သူက ကျနော်မြတ်နိုး လှပါတယ် ဆိုတဲ့ပိုက်ဆံအိတ် ကိုသိမ်း တနေ့ကို နေ့စားနှုန်းနဲ့ သူဆီက ထုတ်သုံးရတဲ့ ဘဝကိုရောက်ရော… အဲဒီအခါကျမှ ပိုက်ဆံအိတ် လဲမရှိ ကျောင်းလာရင် အိပ်ကပ်လေးထဲမှာ နှစ်ရာတန် တစ်ရွက်နဲ့ ကျောင်းထဲဝင်ရတဲ့ဘဝ… တစ်ခါတစ်လေ ကိုယ့်ပိုက်ဆံအိတ်ကို သတိရလို့ သူဆီကနေ ပြန်ပြီး အလွမ်းပြေ ကြည့်ရတဲ့ဘဝ… ဒါပေမယ့် လကုန်ရင် သူပြန်ဆပ်ရတဲ့ တခြားလူဆီက ကျနော်ယူထားတဲ့ အကြွေးက ကျနော့်ပိုက်ဆံအိတ် ထဲရှိတာနဲ့ မလောက်ပဲ အမြဲစိုက်ရတဲ့ သူ့ဘဝ… ဒါပေမယ့် ကျနော့်ပိုက်ဆံအိတ် လေးကတော့ သူ့ကြောင့် အမြဲ ငွေရှိတတ်တာပဲလေ… တစ်ခါတစ်လေ ကိုယ့်ပိုက်ဆံအိတ်ကို သူဆီက ပြန်ခိုးရ တဲ့ဘဝပေါ့… သူ့ကြောင့်လဲ အသုံးလျော့ သွားတာပါ မယ်ထင်တယ်… (သူဆိုတဲ့ မမက ဘယ်သူလဲ သိချင်လား… မပြောပြဘူး.. သတ်ရဲရင် သေရဲတယ်)



နောက်လ တစ်လလုံး ဒီပိုက်ဆံကို လောက်အောင်သုံးရမှာ (အိမ်လခမပါ)


အခုဒီနိုင်ငံရောက်တော့ ပိုက်ဆံအိတ်ဆိုတာ အစောင့်အနေ ပဲရှိတော့တယ်… လမ်းသွားတိုင် မရှိမဖြစ် ပါရတဲ့ အတွက်သာ လူမြင်ကောင်းအောင် တစ်ဆယ်နှစ်ဆယ်ထည့်… (ကြွားချင်တဲ့ စိတ်မပျောက် သေးလို့သာ) ကျန်တာကို ပျောက်မှာကြောက်လို့ ဘယ်တော့မှ ပြန်ရကိန်းမမြင်တဲ့ ကျောင်းမှာ လကုန်တိုင်း သွားသိမ်းရတာအမော… လမကုန်ခင် ငွေလေးတွေကို မြင်ရပြီး လကုန်ရင်တော့ ကျောင်းလခ ရေခမီးခ ဓာတ်ဆီဖိုးတွေလာရော ဈေးများသွား လိုက်မယ်ဆိုရင် ပိုက်ဆံအိတ်ကိုတောင် ပြန်အားနာ နေရတဲ့ဘဝ… နောက်ဆုံးတော့လဲ “သြော် ရှိရင်ပူသေး ကုန်မှအေး” ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ပိုက်ဆံအိတ်ကို အစောင့်လေးများ ချထားပြီး သကာလ ဖိုးစိန်က ရေစက်ခွက်လေးကိုကိုင် ပိုက်ဆံအိတ်လေး ခါးကြားထိုးပြီး ရေစက်ချ ပြောချင်တာကတော့……

“ နိဗ္ဗာနသ ပစ္စယောဟောတု ”

ကိုကိုသန်(ဝသန်မိုး)ရေ…. ညီလေး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…

Comments

Anonymous said…
ဖတ်ရင်းနဲ့ ပြန်ကြည့်ရတယ် .. စိန့် အိမ်မှ ဟုတ်ရဲ့လားလို့ ..
အပျိုကြီးတစ်ယောက်ဆီ ရောက်သွားတယ်မှတ်လို့

ရှိုးများလိုက်တာ.. သေချာလိုက်တာ..
အသေးအမွှားကအစ တွေးတာ.. စိတ်ပူတတ်လိုက်တာလဲ လွန်ရော

ဟားဟ
မြူးသျှရီ said…
ကိုကြီးရေးးးးးသူများဦသွားပြီ
ဟီးးးးးးးးးးးးးးးးးးးးးး
မြူး said…
ဖတ်သွားပြီနော်
ဒါဆိုငကြွားကြီးပေါ့နော်
ဟီးးးးးးးးးးးးးးးးးးးးးးး စတာ တကယ်
သြော် ပဲကလဲများသေးဆိုဘဲ
ခေါင်းလေးကိုဖီး
ရှူးရှူးလေးကိုဖျန်း
အဲလေ ရေမွှေးလေးကိုဖျန်း
ပြီးတော့ပေါင်ဒါလေးပါရိုက်ဦးမလားမသိ
း)
memory stick ကလည်းဆွဲသေးသကိုး
ပိုက်ပိုက်ကလည်းမပါမဖြစ်ပေါ့
ကိုစိန်ကရေးတော့ရေးတတ်သား
ပိုက်ဆံဆိုတာ
ရှိပူရသေး
မရှိကုန်မှအေး ဆိုသလိုပဲ
တယ်မှန်သကိုး
ကျွန်တော်လည်း တစ်ခါတစ်ခါ အဲဒီနည်းကျင့်သုံးပြီးရင်
နောက်နေ့ တွေ ရေသောက်ဗိုက်မှောက်ကိုနေရတာဗျ
ဟားဟား
ဘာပဲပြောပြော
ဘယ်လိုပဲရေးရေး
ရေးပေးတာကျေနပ်တယ်
ခင်မင်စွာဖြင့်
ဝသန်
Ree Noe Mann said…
ဖတ်လို့ကောင်းပါတယ် သယ်ရင်းရေ

တော်တယ် နော်သယ်ရင်းက ၉နှစ်တောင်
ရှိပြီ ပိုက်ဆံအိပ် ကို သုံးနေတာ။

ကြည့်ချင်အားဖြင့် စုဆောင်းတက်မဲ့ ပုံပဲနော်

သယ်ရင်းကိုရတဲ့ မိန်းမတော့ ကံကောင်းအုံးမှာ။

အိပ်ရာဝင်ပုံပြင်လည်း ပြောတက်တယ်။
စိတ်ညစ်ရင်းလည်း ပျော်အောင်ပြောတက်တယ်။

မိန်းမယုရင်တော့ မမေ့နဲ့ အုံးနော် ဖိတ်ဖို့

ချစ်သယ်ရင်း ကြီး ရီနို
WWKM said…
အောင်မယ်လေးရေးခိုင်းတာက ပိုက်ဆံအိတ်အကြောင်း.
သူရေးတာက မော်ဒယ်ပြိုင်ပွဲဝင်မှာကျနေတာပဲ...
သနားနေတာလေးတွေတောင် ပျောက်သွားပြီ..ရှိုးများ
လွန်းလို့ ... စပ်စုစိန်
မျောက်မူးလဲ
ပဲထုတ်
ဘယ်သူမှ မမေးပါဘူး
ဘယ်မမလဲဆိုတာ.. ဟားဟား
အနော့်ပိုက်ဆံအိတ်ကတော့ အမြဲတမ်း ရှူတ်ပွနေတာပဲ
လူအတိုင်းပဲ.. ဟိုတစ်လောကလည်း ချစ်ချစ်က မွေးနေ့ဆိုပြီး ပိုက်ဆံအိတ်အကောင်းစားလေး ၀ယ်ပေးတာ.. ကိုယ့်လက်ထဲလည်း ရောက်ရော ပျက်ရော
ဟိးဟီး
ဘကြီးတော်က တယ်ပဲများသကိုး။။။တူတော်နဲ့ သိပ်မကွာဘူး အဟီး။ သူ့ ပိုက်ဆံအိတ်ကို
ကြွားထားသေးတယ် (ကိုးနှစ် အာမခံ အကောင်း
စားမှန်း သိအောင်)
ဘကြီးတော် ပျော်ရွှင်ပါစေဂျာ။

ခင်မင်ခြင်းနှင့်
တလနွန်
kiki said…
ကဖိုးစိန်လေး .. ပိုက်ဆံချေးပေး လေ ။ အိမ်လခ ပေးဖို့  မလောက်လို့  ။ သိပ်များများ မလိုပါဘူး ။ ယူရို သိန်း ၁၀၀ ထဲပါ ( သိမ်းထားသော ၁၀၀ ကိုပြောတာ )။
Anonymous said…
အလှကကြိုက်
ပဲကများ ရှိုးကထုပ်
အကြွားကသန်
အသုံးကကြီး
အကြွေးကထူ
ဥစ္စာရူး...
အဲဒါ ဖိုးစိန် ..... မဟုတ်ဘူး...

ဟီးဟီး ပြန်ပြောတယ်နော။ အဲဒါဖိုးစိန် မဟုတ်ဘူးလို့။
ချစ်လို့ကဗျာလေးနဲ့စလိုက်တာ။ ရုံးမှာ လူကြီးမသိအောင် လေသံလေးနဲ့လာခေါ်လို့။ :P

ခင်မင်လျှက်
မကြီး
Unknown said…
ကိုဖိုးစိန်ရေ.. အပို လေးရှိရင်လည်းမျှပါဗျာ။
နွေးနေခြည် said…
ကိုဖိုးချိန် ဘလော့ဂါမလုပ်သင့်ဘူး မော်ဒယ်ဘွိုင်းလုပ်သင့်တာ...
Mogok Thar said…
ညီ.. ပဲများတာကတော့ တူတူပဲ။
ညီ့လိုတော့ စနစ်တကျ လည်းမရှိ၊ စည့်ကမ်းလဲ မရှိ။ အသေးလဲ မစိတ်ဘူးဗျ။
ပိုက်ဆံအိတ်လဲ ခဏခဏပျောက်။
အဲ.. လကုန်ခါနီး ဘိုင်ပြတ်တာတော့ တူပြန်ရော... ဟားဟား။
Anonymous said…
မြဝတီကျော်ဝင်းကို ပိုက်ဆံသွားသွားပေးခဲ့တယ်လား
ဦးကျော်ဝင်းက တွေ့တာနဲ့ဓါတ်ပုံခေါ်ရိုက်တတ်လို့
ထွက်ထွက်ပြေးခဲ့ရဖူးတယ်(ပိုက်ဆံကုန်လို့)
ဒီလောက်စေ့စပ်သေချာနေရင်တော့
သေချာတယ်............
........................
ဘာသေချာတာလဲသိချင်ရင်တော့နောက်မှလာမေးတော့
နော်..ခုတော့ အချိန်မရှိလို့သွားပြိ တာ့တာ
မကြီးနော်
မြစ်ကျိုးအင်း said…
ရေးထားတာ ပေါ့ပေါ့ပါးပါးရှိတယ်. ဖတ်ရင်းနဲ့ ကျွန်တော်
တူကို သတိရမိသေးတယ်...။ဒီကောင်က အသက်က ၉ နှစ်၁၀နှစ်ပဲ ရှိအုံးမယ် .ပိုက်ဆံ အိတ် ခါးကြားထိုးရတာ
အရမ်းဝါသနာပါတယ်..သူ့အိတ်ထဲမှာ ငွေ မရှိရင် အဲဒီပိုက်ဆံ အိတ်ကို လွှင့်ပစ်ထားတာ..အဲ မုန့်ဘိုး ရရင် သူ့ပိုက်ဆံအိတ်ကို တအိမ်လုံး ဒေါင်းတောက် အောင်
လိုက်ရှာတော့တာပဲ...။သုံးလို့ကုန်သွားရင် ပြန်ပစ် ထားပြန်ရော....။
Anonymous said…
ကိုဖိုးစိန်...ပိုက်ဆံချေးပါလား...မေ့ချစ်သူကိုတင်တောင်းဖို့ နည်းနည်းလိုနေလို့ ....
US$ 5000 လဲပါ...နော....
ရေးလည်းရေးနိုင်ပါ့ကိုဖိုးစိန်ရယ်...း)..
yehtutnaung said…
ကျွန်တော်လဲ အတူတူပဲဗျို့ ...။ ပိုက်ဆံအိတ် တအိတ် ၀ယ်ထားပြီး တော်တော်ကြာအောင် ကိုင်တတ်တယ်။
kaungkinpyar said…
ရေးတတ်လိုက်တာ စိန်ရေ၊ တို့လဲ အိတ်ထဲ ပိုက်ပိုက် အမြဲမရှိသူ ဆိုတော့ ဘယ်လို ရေးရမှန်းကို မသိသေးဘူး
Anonymous said…
အင်းလေ မန်မိုရီ စတစ်ကတော့ ဆွဲသင့်ပါတယ် ... မဟုတ် ရင် တစ်ခုခုနဲ့ တိုက်မိပြီး တစ်ခုခု ဖြစ်လို့ ဦးနှောက် တစ်ခုခု ဖြစ်သွားရင် တစ်ခုခုကိုတောင် မှတ်မိနိုင်မှာ မဟုတ်ဘူးလေ ... ပတ်စပိုစ့် + ကျောင်းသားကဒ်+ အသက်အာမခံ တို့ကိုတင် စကန် မဖတ်နဲ့ ဘလော့မောင်နှမတွေ ပုံကိုပါ စကန် ဖတ်ထားနော် .. တော်ကြာ တစ်ခုခု ဖြစ်လို့ တစ်ခုခု ဖြစ်ရင် ဘာတစ်ခုခု ကိုမှ မမှတ်မိတော့ရင် ဒီလူတွေပဲ ရင်ကျိုးရမှာ .. အဟတ် :D
ဟားဟား ကိုကြီးဖိုးစိန်က မိုက်လဒယ်ကွာ...စည်းစိမ်ပြုတ် ဓါတ်ပုံရိုက်တာကတော့ နွေးနဲ့ တူတူပဲ တိလား... အားမငယ်နဲ့ ..ဟဲဟဲ ဆက်လုပ်
သာဓု သာဓု သာဓုပါ .. :P
ကြည့်လုပ်ဦးနော် .. ရှိုးကလည်းထုတ်လိုက်တာ လွန်ရေ .. လှချင်လိုက်တာလည်းလွန်ရော .. အသုံးအဖြုန်းကြီးလိုက်တာလဲလွန်ရော .. လွန်ရော .. လွန်ရော .. :P
Dream said…
အိတ်ဖောင်းလို့ စိတ်ပြောင်းမယ် မကြံနဲ့နော်... ဟွန်း.. :P

ဟိုလက အကြွေးကို လာဆပ်ပါ........... ဒါနောက်ဆုံး ၀မ်ဒိန် ပဲ... ဟဲဟဲ.. :P
Maung Myo said…
ညီ သုံးတဲ့ ပိုက်ဆံအိတ်လည်း ဒီအရောင်ပဲဗျ တံဆိပ်ကတော့ အကောင်းစားမဟုတ်ဘူးး)

ကိုကြီးဖိုးပိန် ညီ့ကို ပိုက်ချံနည်းနည်းချေးပေးပါလား အိမ်ကမိန်းမ ဆန်ဖိုးမရှိလို့ဆိုပြီးသောင်းကျန်းနေတယ်ဗျာ ။
thondrae said…
တော်ကြာမှလာမန့် မယ်ခုမှအလုပ်ကပြန်လာတယ်
ရှေးရှေးတုန်းက စကားပုံက ကိုဖိုးစိန်နဲ့ မှလာတူနေတယ်။

ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်တဲ့။
း)
ဖတ်ပြီး ချစ်ကိုယောက်ဖ ကြီးက တော်တော်အိတ်ကိုင်တာပဲလို့  အိတ်ထဲမှာလည်း ဖောင်းကားနေတယ်ဆိုတော့ မပူတော့ဘူးနော်
တွေ့ ရင် အစ်ကို အိတ်ကအမြဲဖောင်းနေမှာဆိုတော့ ညီမထည့်ခဲ့တော့ဘူးသိလား အဟတ်
ညီအကိုအတွက် အိတ်ကြီးကြီးလေးဝယ်ထားတယ်
ချိုင်းကြားညှပ်လည်းရတယ် စလင်းလို လွယ်လို့ လည်းရသေးတယ် သဘောကျမယ်ထင်တယ် ချစ်ကိုယောက်ဖ ချစ်လို့ ဝယ်ပေးမလို့ ပါ နော်
ဒါမှ ပိုက်ပိုက်များများထည့်ုလို့ ရတာပေါ့ဗျာ
36,20 € ?
အဲဒါတစ်လလုံးလောက်အောင်သုံးရမှာ ?
ဟုတ်စ ?
အဲလောက်လဲ မချွေတာကောင်းပါဘူး ကွာ...
မင်းပြောမှ တကယ် ငွေလွှဲပေးချင်စိတ်တောင် ပေါက်သွားတယ်...
အိမ်အတွက် ချန်တာလဲ ချန်ပေါ့...
အဲ့လောက်လဲ မချွေတာကောင်းပါဘူး ငါ့ညီရာ...
မငုံ said…
အဲ..ရှိရင်ပူသေး ကုန်မှအေးဆိုတဲ့ စကားလေးကို ကူညီတဲ့အနေနဲ့ ပိုက်ပိုက်လေး ချေးပါဦး။ လခမထုတ်ရသေးလို့ပါ။ ဘယ်တော့ ပြန်ဆပ်မယ်ဆိုတာကတော့ မသေချာပါဘူး။ ဟုတ်တယ်မလား။ ရှိနေရင် ကိုဖိုးစိန်သုံးမိနေဦးမယ်လေ။:))
mgnge said…
တော်တော် ပဲများတာ ပဲ .... အကို အပြင်သွားကာနီး လိုက် ရှာ တဲ့ ပစ္စည်စားရင် တောင် ဖတ်နေရင်း မမှတ်မိတော့လို့ 
နှစ်ခါပြန်ကြည့်ရတယ်....။

:P
တုတ်နဲ့ ထိုး သွားတာ
flowerworld said…
ဟားဟ မမ၀ါပြောသလိုပဲ ပဲများနေတာ လှလဲလှပဲနဲ့ ဟိဟိ
ဖိုးစိန်လေးရေ
စင်္ကာပူပိုက်ဆံ မြင်ဘူးသွားပြီ
ပျော်ရွှင်ပါစေ
JuneOne said…
ပိုက်ဆံအိပ်ရာဇသင်ကိုဖတ်သွားပါတယ်။ရေးထားတာ သဘောကျစရာလေး။
ဖိုးစိန်
မအယ်ကို ဘန်းထားတယ်။
ဘာလို့ လဲ
ဖိုးစိန်
မအယ် ကို ဘာလို့ ဘန်းတာလဲ
ဖိုးစိန် ဘာလုပ်တာလဲ
ဖိုးစိန် ဘာလုပ်တာလဲ
ဖိုးစိန် ဘာလို့ ဘန်းတာလဲ
ဖိုးစိန် ရက်စက်တယ် ဂယ်ပဲဂယ်ပဲ
မအယ်ကို တံခါးပိတ်ထားတယ်။
ဘာသဘောလဲ။
ဘာသဘောလဲ။
ဖိုးစိန် အကြွေး မဆပ်လို့ လား။
ဂယ်ပဲ ရက်စက်တယ်။
မျက်ရည်တောင်ကျတယ်
လူက ၀မ်းနည်းတတ်ပါတယ်ဆိုမှ
ဒီဖိုးစိန်ပဲရှိတာကို
ဂယ်ပဲ
အဲ့လို မလုပ်ပါနဲ့ 
ဂယ်ပဲ
ပြောရင်းနဲ့ မျက်ရည်သုတ်လိုက်အုန်းမယ်
ဂယ်ပဲ ၀မ်းနည်းတယ်
ရင်ထဲမကောင်းဘူး
တကယ်ပြောတာ
မအယ်ငိုနေတယ်
ရွတ်ဖတ်
နတ်ချီး တွေ ဖိုးစိန်ကို ပေသွားပြီလား
ယူထားလိုက် ဆေးဖက်ဝင်တယ်
Moe Cho Thinn said…
ဖိုးစိန်မှာ အထူးခြားဆုံး အရည်အချင်းက ဘာလဲ သိလား။ အဲဒါ ရိုးသားတာပဲ။ ဒါကြောင့် သူ ပေါက်ကရ ရေးလဲ ဖတ်ကောင်းနေလို့ လာဖတ်နေရတယ်။

ကျန်တာတော့ လက်လန်တယ် တကယ်ပဲ။ memory stick ကို လည်ပင်းမှာ ဆွဲ၊ ရေမွှေးတွေ စူးအီနေတဲ့၊ မသိသားဆိုးဝါး ချွဲတတ်တဲ့ ဖိုးစိန်ကို ညီမ ၀ါဝါ ပြောသလို ပြောတာ အမှန်ဆုံးပဲ။
စပ်စုစိန်
မျောက်မူးလဲ
ပဲထုပ်
:D
ငယ်ငယ်ထဲကကိုကြွားတတ်တာဘဲ..လွန်ပါရော ငါ့အကိုရယ်...
ဇော် said…
အမှန်က ကျနော် ဖတ်ပြီးသားကြီးဗျ။ ဒါပေမယ့် မန့်ဖို့မေ့တွားလို့လေ။ ခုတော့ ဖတ်စ်မရမယ့်တူတူ နာဘိတ်ချေးကွလို့ အော်ပလိုက်မယ်။ နော့ မြုး။
ရီလိုက်ရတာ သေးတကယ် သွားပန်းပြီ ကိုဂျီးရေ။ အဟီး။
Anonymous said…
ဖတ်ပြီး comment မပေးခင် ရေချိုးပြီး အလှပြင် ရေမွှေးဆွတ်နေလို့ မန့်တာနောက်ကျသွားတယ် ဆော်ရီးနော် အကိုတော် ... :D
khin oo may said…
ချမ်းသာလိုက်တာ.

Popular Posts