ထား ခဲ့ဘူးသေားရီးစားဆိုတာ

သြော် ရီးစား...ရီးစားးး
“ရီးစားလေး ထားရတာလဲ..ဇီးပြားလေး စားရသလိုပဲ နံပတ်(၁)ချစ်ချစ်ကလဲ နံပတ်(၂) ချစ်ချစ်လိုပဲ....”
မရှိမကောင်း ရှိမကောင်း ရှိတော့ပျော် မရှိတော့မျှော်တဲ့လေ... တကယ်တမ်းကျတော့ ကျနော် ရီးစားနဲ့ချစ်သူ ကိုမသဲကွဲခင်မှာပဲ ကောင်မလေးတစ်ယောက် ကိုစိတ်ဝင်စားတယ် ပုတုတုလေးနဲ့အမပုတုလို့ခေါ်တယ် အဲဒီတုန်းက သူက(၆)တန်း ကျနော်က ခုနှစ်တန်း ကျနော်ကလဲ အမပုတုလို့ခေါ်တော့ ကျနော့်ကိုမြင်ရင် မျက်စောင်းလေးထိုးပြီး ထွက်ထွက်ပြေး တတ်လို့ ချစ်သွားတယ် (ရ)တန်းစာမေးပွဲ ဖြေခါနီးအဖြေရတယ် သူ့အိမ်ကိုစက်ဘီးစီးပြီး သွားချောင်းရတာအမော သူ့အိမ်ကသိမှာကြောက်လို့ အပြင်မှာ မတွေ့ရဲဖူးလေ (ကျနော်မဟုတ်ဘူး) အမပုတုလေး ကျနော့်ကိုကြောက်လို့နေမှာသေချာတယ် သူ(၈)တန်းရောက်တော့ ရန်ကုန်ပြောင်း သွားတော့ ကျနော့်မှာဆွေးရတယ် (၃)ရက်လောက်ထိ.. စာပုံမှန်ရေးကြမယ် ရန်ကုန်လိုက်လာမယ်ပေါ့ ရည်ရွယ်ချက်ကြီးပါတယ် ရေးခဲ့ပါတယ် စာတစ်စောင် အခုထိအမေက သိမ်းထားပေးတယ် ရီရလို့တဲ့ (ခံစားချက်တွေကို အမေမသိဘူးဗျ)အခုတော့ ဘယ်မှာမှန်းကို မသိ

ဆယ်တန်းရောက်တော့ အခန်းထဲကို မုဒုံကနေပြောင်းလာတဲ့ မွန်မချောချောလေးကို တွေ့တယ် သူကစကားပြောရင်ဝဲတယ် ကျနော့်ထက်ဝဲတယ် နားသံသီးလေးနဲ့ ထိုင်တော့ ကျနော့်အရှေ့မှာ.. အရှေ့မှာ ဆရာမက စာသင်ရင် သူကခေါင်း တညိတ်ညိတ်နဲ့ ထောက်ခံတယ် ကျနော်ကတော့ ဒီမွန်မလေး စာတော်တယ် ဆရာမရှင်းပြတာ အကုန်နားလည်တယ်ပေါ့ ဘယ်ဟုတ်မလဲ သူကခေါင်းညိတ်တာ အကျင့်ကပါနေတာကိုး သူ့ကိုကျနော် “ပေါက်သင်ညှိနားသံသီး” လို့ခေါ်တာ ရီးစားစာလိုက်ပေးတော့ မယူဘူးငြင်းတာ မသိဘူးလေ ခေါင်းကညိတ်နေတယ် ဆိုတော့လက်ခံတယ်ပေါ့ အတင်းလွယ်အိပ်ထဲ ထည့်ပေးခဲ့တာ နောက်နေ့ကျတော့ ကျနော်ကသူ့ကို ”ချစ်လား” လို့ ပါးစပ်လှုပ်ပြီးမေးတာ သူကတော့ရှက်ပြီးခေါင်းငုံ့နေတာ ခေါင်းညိတ်တဲ့ အကျင့်ကလည်း ရှိတော့ ကျနော့်စိတ်ထင် သူကချစ်တယ်ပေါ့ ညနေကျောင်းဆင်းတော့ အားလုံးကို ကြွားလိုက်တာ သူ့ဆီက အဖြေရပြီးပေါ့လေ သူကသိတောင်မသိဘူးတဲ့ အဲလိုနဲ့ ကျနော့်ကို သနားလို့ အဖြေပေးတာ ရီးစားထပ်ရရော ပြောသမျှ ခေါင်းညိတ်လွန်းလို့ အသည်းတွေ အူတွေ ယားတာမှ ခဏခဏ ဒါနဲ့ တစ်နေ့သူ့နဲ့ စကားများတယ်လေ အမှန်မှာ ကျနော်ကပြဿနာ ရှာတာလေ (သူခေါင်းညိတ်တာကိုသိလို့) နင်ငါ့ကိုမချစ်ဘူးဟုတ်လားလို့ မေးတော့ သူကခေါင်းပဲညိတ်တတ်တော့ ကျနော်တို့ပြတ်သွားတယ် (ညီမလေးကောင်းမှူ အကိုတွေရဲ့အကြံပေးအရာရှိမလေး)


ဆယ်တန်းအောင်ပြီးတော့ မိုးကိုတွေ့တယ် “မိုး”ကိုတော့ ရီးစားစာရင်းထဲ မထည့်ချင်ဘူး ရင်ထဲမှာ တကယ်ခံစားပြီးတော့ ချစ်ခဲ့တာ အခုတော့ ပြီးသွားပြီး ဆိုပေမယ့် တိုက်ဆိုင်မှု ရှိတိုင်း သတိရနေသေးတယ်

မိုးပြီးတော့ ကျနော်ငြိမ်သွားလိုက်တာ တက္ကသိုလ် ပထမနှစ်ထိ အဲဒီမှာ ရီးစားချစ်သူ တစ်ယောက်ရပြန်တယ် သူမကို ရီးစားသက်သက် ပြောလို့မရဘူး ချစ်သူလိုလဲ ချစ်ဖို့ကောင်းတယ် သူမကတော့ မသက်ထွေး(မသက်ထွေးဆီသို့ လွမ်းချင်းပိုစ့်ကိုရေးဖူးတယ်)အရမ်းချစ်စရာကောင်း စလို့ကောင်း ဒါပေမယ့် ကျနော့်ကိုအရမ်းချစ်တော့ အရမ်းသဝန်တိုတယ် သူမကြောင့် (သူမစွတ်စွဲတာများလို့) သူမရှေ့မှာ ရီးစားတစ်ယောက် ထပ်ထားတယ် တရုတ်မလေး ချစ်စရာကောင်းတယ် သူလဲပုတုတုလေး (ခေါက်ဆွဲချဉ်စပ်နာမည်) မကြာဖူး ပြတ်သွားတာပဲ ပြီးတော့လဲ မသက်ထွေးဘူတာ ကိုပဲဆိုက်တယ်ပေါ့


မသက်ထွေးနဲ့ ချဉ်စပ်ခေါက်ဆွဲ ကြားမှာ သူငယ်ချင်းတစ်ယောက် ရှိသေးတယ် သူငယ်ချင်းလဲမက ရီးစားလဲမကျ ချစ်သူထက်ပိုမယ် ထင်တယ် သူနဲ့ကျနော်နဲ့က အမြဲတတွဲတွဲ သူ့ဆိုကျနော် ရီးစားထက် ဦးစားပေး တတ်တယ်တဲ့လေ(ဘေးအမြင်ပါ) ကျနော်ကတော့ သူပဲတိုင်ပင်ဖော် သူလဲကျနော့်ကိုပဲရင်ဖွင့်တယ် သူနဲ့ကျနော် သမီးရည်းစားမဟုတ် သူ့ကြောင့်ကျနော့်ရီးစားတွေနဲ့ ပြတ်ခဲ့ရသလို ကျနော့်ကြောင့် သူမ ကိုကိုထားခဲ့ခြင်းခံရတယ် ကဲဒါကိုဘယ်လို ခေါ်မလဲ အကြံပေးခဲ့ကြပါအုံး ကျနော်ဘယ်သူ့ကို ရွေးရမလဲ အချစ်ကြီးတဲ့ မသက်ထွေးကိုလား သူငယ်ချင်းမမကိုလား ကဲဗျာ ရှုတ်ပါတယ် နောက်တစ်ယောက် ပဲထပ်ရှာတော့မယ် မကြီး ကိုကြီးတို့ရေ ညီလေးအတွက် စီစဉ်ထားတာများ ရှိရင် လုပ်ပါဦးနော် အားကိုးပါတယ် ညီ ညီမလေးတို့ရဲ့ သူငယ်ချင်းတွေနဲ့လဲ အကိုမငြင်းချင်ပါဘူး အကိုဂျီးမများပါဘူး
(၁)ရုပ်ရည်ချောမောပြေပြစ်လှပကျော့ရှင်းရမည်
(၂)အတန်းပညာထက်ဥာဏ်အမြော်အမြင်ကြီးသောမိန်းကလေးဖြစ်ရမည်(အခုခေတ်ကအားလုံးဘွဲ့ရ ဒါကြောင့်မို့)
(၃)စိတ်သဘောထားဖြူစင်ပြီး ချစ်သူအပေါ်အလိုလိုက်ထိန်းသိမ်းပြောဆိုနိုင်သော မိန်းခလေးဖြစ်ရမည်
(၄)အရာရာကို သိတတ်နားလည်စာနာကိုယ်ချင်းစာပြီးအလှူအတန်း ရက်ရောသူဖြစ်ရမည်
(၅)ထမင်းချက် ဟင်းချက် ကောင်းပြီးချစ်သူဖိုးစိန်ကို မညီးမညူထမင်းခွံကျွေးမွေးပြုစုစောင့်ရှောက်ချင်သူဖြစ်ရမည်
(၆)နှစ်ဖက်သောမိဘများကို မျှမျှတတ သိတတ်ပြီး ချွေတာစုဆောင်းထိန်းသိမ်းနိုင်သောမိန်းခလေးဖြစ်ရမည်
(၇)အဓိက က ဖိုးစိန်ကိုနားလည်ပြီး ကိုယ်ချင်းစာပြီးတစ်သက်လုံးချစ်နိုင်မည့် မိန်းခလေးဖြစ်ရမည်
ကျနော် ဂျီးမများပါခင်ဗျ
နောက်ဆုံးမရရင်တော့ မသက်ထွေး နဲ့ သူငယ်ချင်းမမကိုပဲစဉ်းစားတော့မယ်လေ အဲဒီအချက်ထဲက ကျနော်ဖြစ်စေချင်တာ သူတို့မှာရှိပါရဲ့ နှစ်ယောက်ပေါင်းရင်ပြည့်တယ်ဆိုတော့ နှစ်ယောက်လုံးဆိုတော့လဲ သူတို့သတ်နေမှာတင် ကျနော်သေရချည်ရဲ့
ကဲကဲ မစဉ်းစားတော့ဘူး အကိုတွေ ညီတွေ ညီမတွေ အမတွေပဲ ရွေးပေးကြတော့
ပြောသာပြောရတယ် ကျနော်ကိလေသာ တော်တော်ကုန်နေပြီး ကျန်နေတာက တဏှာရယ်
ကိုကိုနိုရေ..
ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

Anonymous said…
မောင်လေးရေ.... အရင်မန့်တယ်ဟာ။ ပြီးမှ ဖတ်ပြီးထပ်မန့်မယ်။


ချစ်သော မကြီး
မေတ္တာရောင်ပြန်
Anonymous said…
အင်း .............. ရှိတော့လည်း ကြွားနိုင်တာပေါ့လေ ... :D
Anonymous said…
တီချမ်းကို ဘယ်သွားထားမလဲဟေ
အမလေးဗျာ.. ကိုဖိုးစိန်.. သိပ်မရေးချင်ရှာဘူး.. ဟင်..
း( အနော်တဂ်ထားတဲ့သူတွေတောင် ဂျေးများအီးများလုပ်နေတယ်..း(
Anonymous said…
အောင်မလေးနော် ဘယ်တုန်းထည်းက ကြွားချင်နေလဲသိဘူး။ ဟွန့်
မြန်လိုက်တာ သွက်ပါ။ တော်ပြီလား အဲဒီ(၇) ချက်ဆို။ သွား အဲဒီထဲက တယောက်မှမယူနဲ့နော်။ အမတွေ မယူမချင်းမယူရဘူး နောက်ကားကျော်တက်ဖို့ မစဉ်စားနဲ့။ ဒါပဲ


ချစ်သေမကြီ
မေတ္တာရောင်ပြန်
yehtutnaung said…
ကိုဖိုးစိန်ရေ.. အချစ်တွေ ပေါလှချည်လား။ အားကျတယ်ဗျာ (မိုးရေ မရှိလို့ )..။ :P
အေးဗျာ.. အချက် (ရ) + မသက်ထွေး + သူငယ်ချင်းမမ နဲ့  အဆင်ပြေရင် တပြိုင်နက်တည်းသာ ပေါင်းနိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်ဗျာ...။ လစ်ပြီ
khin oo may said…
လာလေ့လာသွားသည်။
ဟားဟား
နောက်ကျမှ မျောက်သစ်ကိုင်းလွတ်ဖြစ်ဦးမယ်နော် ..
ဟီး
နောင်တရနေဦးမယ် ..
အကိုတွေ အမတွေကို တကယ်ကြီးအားကိုးတယ်ပေါ့ .. :D
ကိုဖိုးစိန်တို့ များ ကောင်မလေးတွေပေါလိုက်တာဗျာ ကောင်းပါတရ်..
ကောင်းပါတရ်...အားကျသွားပါတယ်(ခလု ခလု)

ခင်မင်ခြင်းနှင့်
တလနွန်
ဟီဟိ ... ရလောက်ပါတယ်... ကိုစိန်ရယ်... ဗြောင်းကလေးရယ် ပြန်... ;-P
အင်း ရှာပေးရမှာပေါ့။ တောင်ကြီးသူမ လှလှလေးတွေ ရှိနေတယ်ဗျို့ အမြန်ဆက်သွယ်ဗျာ...


လေးစားလျက်
တောင်ပေါ်သား
WWKM said…
အင်းးး အစ်မသိတာကတော့ အပေါ်ဆုံးတစ်ချက်က
တော့ မှန်ပါတယ်...ကျန်တဲ့ အချက်တွေကတော့ မထင်..

အစ်မသိထားတာက ညီမလေးက ဖိုးစိန်ကို ခေါင်းခေါက်
လိုက် ၊ခြေထောက်နဲ့ကန်လိုက်ဆိုလားပဲ.. ဟတ်ဟတ်
..ဖွသွားတယ်. :D
မငုံ said…
သူငယ်ချင်းမမနဲ့ မသက်ထွေး
ဘယ်သူ့ကိုရွေးပေးရင် ကောင်းမလဲလို့ စဉ်းစားပေးမလို့ပါပဲ
အချက်ခုနှစ်ချက်နဲ့ ပြည့်စုံတဲ့ မိန်းကလေးမျိုးဆိုတော့..
တရားခံဖြစ်မှာစိုးလို့ မသိသလိုပဲ နေလိုက်ပါတယ်:))
တော်တော်ဂျီးများတယ်။ သေချာတယ်..လူပျိုကြီးပဲ ဖြစ်မှာ:P
Ree Noe Mann said…
ကျေးဇူးပဲ သယ်ရင်းရေ
အသစ်တွေဘယ်လောက် ကောင်းကောင်း အဟောင်း တလည်လည်တဲ့နော်။

ခင်မင်လျှက်
ရီနိုး
ငါ့တူကြီး တယ်စွံသကိုး..

“ယန်းယန်းလေး” ကလည်း ပုတုတုလေးပဲလား.. ဟဲဟဲ..

တစ်ယောက်တည်း မစွံနဲ့ကွ..
ဦးနော်ကြီးကို သတိရပါဦး..
ယိမ်းသမလေးတွေကလည်း ခုထိ တစ်ယောက်မှ လာမမိတ်ဆက်ကြပါလာ ဟေ..
ဒီမှာ ရှည်နေပြီ (လဗင်း.. လည်ပင်း)

လုပ်ဦးဟ..
ငါ့တူမှ မကယ်ရင်..
ဦးနော်တစ်ယောက်
ဒူးပေါ်လက်ထောက်ပြီး
နဖူးပေါ် အတက် ပေါက်တော့မယ်..

ဦးနော် (ကိုရင်နော်)
ဝါးဟာဟား မိုက်တယ်မိုက်တယ် ခေါင်းဘဲညိမ့် နေတော့လေ ကုန်သက်သာတာပေါ့ ဟုတ်ဘူးလား

ခင်မင်လျှက်
အဆိပ်ခွက်
မြူးသျှရီ said…
ကိုဖိုးစိန်ရေ........
မဖတ်ရမနေနိုင်လို့  လာပါသည်.....
အားလုံးပုတုတုတွေပဲရွေးကြိုက်တတ်တယ်နော်
ဟတ်ဟားးးးးးးးးးးးးးးးးးးးတစ်စိတ်ပြေားပါရစေရှင့်
လောဘမကြီးလွန်းဘူးလားဟင်????????
kaungkinpyar said…
ဘုရား ဘုရား တော်ပလား ၇ချက် ၊ မောင်လေးရေ၊ နည်းနေဦးမယ်
ရည်းစားများတဲ့သူကိုသိတ်ကိုမုန်းတယ်
မဟုတ်ပဲ ကြွားတဲ့သူကို ပြောရအုန်းမယ်
လူပျိုကြီးပဲ ဖြစ်လိမ့်မယ်။
ရောက်တယ်ရောက်တယ်
စဖတ်ကတည်းကရယ်ရတာ
မပျောက်ပါဘူးဗျ
ကိုဖိုးစွန်ရယ်..
:D
MANORHARY said…
အော် ဒီကလေးက ကိလေသာကုန်နေပြီဆိုလို့
ဆက်ဖတ်လိုက်တော့မှ..ထုံးတမ်းစဉ်လာ စကားကြီး
ဖြစ်နေတယ်.း)
အဟမ်း.......................အဟမ်း
ဒါပဲ
များများမပြောချင်ဘူးနော် ဟင်း
Anonymous said…
ဟိုးနားမှာ ကိုဖိုးစိန်ကိုစောင့်နေတယ်... ကုလာမကြီးတစ်ယောက်.... ကိုဖိုးစိန်ကိုကြိုက်လွန်းလို့တဲ့ မြန်မြန်လာခဲ့ပါတဲ့... :P မန့်မရလို့ အမည်မသိနဲ့ပဲမန့်သွားရတယ်...

နေ့အိပ်မက်...
Dream said…
အော်..လောဘ..လောဘ... :P
ထားခဲ့ဖဖဖဖူဖူဖူဖူဖူးးးးးးသေားးးး ရီးစားဆိုတာ...

စိန်ကြီးရှိကြောင်း ကြိုပြောထားဦးလေ..
ဒါမှ စဉ်းစားချင်တဲ့ ယောက်ခမလောင်းတွေက ထည့်သွင်းစဉ်းစားပေးလို့  ရမှာပေါ့...

ဟုတ်ဘူးလား...
mgnge said…
အဟမ်း အဟမ်း
ပထမ တော့ ငါ့အကို သနားပါတယ်ဆိုပြီး ရှာပေးမလို့ 
နောက်မှ ခြောက်တန်း ကတည်းက ရီးစားထား တာဆိုတော့ မလွယ်ဘူး
တော်ပြီ မရှာပေးတော့ဘူး
လူ ပြိုကြီးပဲလုပ်တော့နော်
poem said…
ဟားဟားဟားးဟားးးးးးးးးးးး

ဒါဘဲ :B
အမ် များလိုက်တာ ချစ်ကိုယောက်ဖတော့
စွံတယ်ကွာ ဘယ်သူ့ ကိုကြည့်နေမှန်းကိုမသိတာ
တောင်တစ်လုံးမြောက်တစ်လုံးနဲ့ အတော်ကိုစွံတာ
လူနှစ်ယောက်တစ်ပြိုင်တည်းကြည့်တာ ငါ့အကိုကွ
မသက်ထွေးကလည်းသူ့ ကြည့်ထင်
ခေါက်ဆဲချဉ်စပ် ကလည်း သူ့ ကြည့်ထင်
အကိုစွံတာကခက်တယ် သူ့ တို့ ခမျာ တစ်ကယ်ထင်နေတာ
အဟိ ကျေနပ်ပါ့လား ညီဆုံးဖြတ်တာ
မဇနိ said…
ဖိုးစိန်တို့ စွံချက်တော့။ ကြွားပါ ကြွားပါ။ များလွန်းလို့ ဘယ်သူ့ရွေးရမှန်းမသိဖြစ်နေတာပေါ့လေ။ စိတ်တူကိုယ်တူ ချစ်သူ ရပါစေဗျား။
ဂျီးများလှ ပါဘူး လိုချင်တဲ့ အချက်လေးတွေက
မနည်း ပါဘူး။ တွေ့မှာပါဗျး)
kiki said…
နံပတ် ၅ တချက်တည်းပြည့်စုံ သူကိုရှာရင် ရပါပြီ ။ ဒီလောက် တဏှာတွေ များနေရင် သေချာတာက လေဖြတ် မှာလေ ။ ဒီတော့ ထမင်းခွံ့ ကျွေးမဲ့ သူ တယောက်တော့ ရစေချင်ပါတယ်။
ကျန် အချက်တွေအားလုံး ရှိမှဆိုရင်တော့
ထမင်းထုတ်သာ သိုးသွားမယ် မောင်ဖိုးစိန်ရေ။
ဒီတော့ ဒီတော့ ...

ခင်တဲ့..
မကိကီ..
Moe Cho Thinn said…
ဖိုးစိန်ကို မောင်လေး လို သဘောထားနေတာ အခုတော့ ပြန်အမ်းသွားပြီဟေ့..။
ဂျီမများဘူး ဂျီးမများဘူးနဲ့ ဂျီး မများပေလို့ဘဲ။
ပုံကြည့်ရတာ အမ တွေ စပ်ပေးသမျှ ဟိုခလေးမလို ခေါင်းချည်း ညိတ်နေမဲ့ပုံပဲ။
မိုးနဲ့ ဆယ်တန်းအောင်ပြီး တွေ့ပြီး အတော်ငြိမ်သွားတာ ပထမနှစ်ကျတော့ ရည်းစားတယောက် ထပ်ရရော တဲ့။ အော်..အတော် ခြေငြိမ်လိုက်တာပါလားနော်။
thondrae said…
မင်းလေး သတိသာထား တွေ့ တယ်မဟုတ်လားဝိုင်းပြီး မန့် ထားတာ အန်တီချမ်းရှိတယ် သဲလေးရှိတယ် မြစ်လေးလဲရှိတယ် နောက်ပြီး နှစ်လုံးပြူးနဲ့ ပြစ်မ့ဲ့ သူလဲရှိတယ် ၀ိုင်းဖဲ့ လို့ တစစီပြန်ရှာနေရမယ် ချစ်ခင် သောအားဖြင့်  သတိပေးလိုက်သည် ပျော်ရွှင်ပါစေ thondrae
ဂလိုဂလိုရှိတယ်လာ့း
ဟားဟာ့း
ဟုတ်ပကြွားထားပေါ့လေ့
ဖိုးစိန်ရေ တွေ့ ထားတယ်။
သူ့ မှာပိုင်ရှင် ရှိမရှိ မသိသေးဘူး။
မအယ် အောင်သွယ်ပေးမယ်။
Anonymous said…
ဟီး ဟီးး ..ဂျီးမများဘူးဆိုလို့သားပဲ... ဂျီသာများရင်တော့ခက်လှချည်ရဲ့ .. အော်ချစ်တဲ့သူတွေဝိုင်းတဲ့သူများ ၀ိုင်းဝိုင်းကိုလည်လို့ ... avocado တို့များ လက်ချိုးရီရမယ့်သူတောင်မရှိတဲ့ဘ၀ .. အော် ...ကွာပ ကွာပ ...သူများတွေများရှေးကုသိုလ်ကံကောင်းပုံများ ...:D
မှတ်သားလောက်ပါပေတယ် ဖိုးစိန်ရယ်
ခင်မင်လျက်
ဟွန့်..တော်တော်ကဲ..
၆တန်းနဲ့ ရည်းစားထားချင်တယ် :D
ရည်းစားတွေကလဲ ပေါမှပေါကိုး..
ရူပ်ပါတယ်..ရတာအကုန်သာရွေးလိုက်ပေါ့... :D

Popular Posts