စုပေါင်းအလှူ တစ်ခု


အားလုံးပဲ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ ခင်ဗျာ...။

ဒီဘဝမှာ တွေ့ကျ ဆုံကျ ရတာဟာ အရင်ဘဝတုန်းက ရေစက်လို့ ပြောကြတယ်။ အရင်ဘဝတုန်းက ဘယ်လို ရေစက်တွေ ဆုံခဲ့ အလှူတွေလုပ်ခဲ့ကြလည်းတော့ ကျနော် သေချာမသိပေမယ့် ယခုဘဝမှာ အိပ်မက် တစ်ခုလိုတောင် မမက်ခဲ့ဘူးတဲ့ ဒီညီအကို မောင်နှမတွေနဲ့ ခင်မင်ခွင့်ရတာ အရမ်းကို ပျော်ရွင်ကျေနပ်ဖြစ်မိပါတယ်။ စကာင်္ပူ ကိုရောက်နေတဲ့ တစ်ပတ်လုံးလုံး နွေးထွေးမှုတွေနဲ့ ကြင်နာစွာ ဆီးကြို ကြတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ ကျနော် အရမ်းကို ပျော်ရပါတယ်။

အခုလဲ ကျနော်စိတ်ထဲမှာ စကာင်္ပူ ရောက်တုန်း လုပ်ချင်နေခဲ့တဲ့ စုပေါင်းအလှူတစ်ခုကို လုပ်ခွင့်ရပြန်ပြီး။ နောက်ဘဝအတွက် ရေစက် တစ်ခု ထပ်ဆုံခွင့် ရကြဦးမယ်။ ဒီအလှူကို ဖြစ်မြောက်ဖို့ တစ်တပ်တစ်အား အားတက်တရော ရှိကြတဲ့ ဘလော့ ညီအကို မောင်နှမတွေ ကို မြင်တော့ အရမ်းကို ကျေနပ်ရပြန်တယ်။ ပထမ အလှူလုပ်မယ် ဆိုတုန်းက မျှော်မှန်းထားတဲ့ ငွေပမာဏ က သိပ်မများပေမယ့် အခုချိန်မှာ မျှော်မှန်းထားတာထက် အလှူငွေတွေ ကောက်ခံရရှိလို့ ဘလော့ဂါ ညီအကို မောင်နှမတွေ ပျော်ရွင်ကျေနပ် ပီတိဖြစ်ရတယ်။ အလှူတစ်ခု စုပေါင်းလုပ်နိုင်တဲ့ အတွက် ပျော်ရွင်ကြရတာကို တွေ့ရတာ ကျနော့်အတွက်လည်း အတိုင်းမသိတဲ့ ပျော်ရွှင်မှုတစ်ခုပါ။

ခရစ်စမတ်နေ့မှာ ဘလော့ဂါ ညီအကို မောင်နှမများ စာဖတ်သူများ အသိမိတ်ဆွေများ နဲ့ ချွေးနည်းစာများနဲ့ ဆွမ်းဆပ်ကပ် လှူဒါန်းကြမယ့် အလှူကို မည်သူမဆို တရားနာ ရေစက်ချ လာရောက်နိုင်ပြီး ကျနော့်တို့နဲ့ အတူ အလှူပီတိ ကိုယူဖို့ ဖိတ်ခေါ်ပါတယ်။ အလှူကိုလာဖို့ အလှူငွေ ထည့်ဝင်ခြင်း မထည့်ခြင်း နှင့် မဆိုင်ပါ။ အလှူကို လာရောက် ကုသိုလ်ယူ တရားနာ နိုင်ပြီး ကျနော်တို့ နဲ့ အလှူပီတိ ခံစားဖို့ အတွက် အဓိက ကျပါတယ်။ မည်သူမဆို လာရောက် နိုင်ကြောင်း ဖိတ်ကြားလိုက်ပါတယ် ခင်ဗျာ...။
ခရစ္စမတ်ည အထူးအစီအစဉ်



အလှူပွဲ ပြီးသွားလို့ မလာလိုက်ရသူများ စိတ်မပျက်ကြပါနဲ့။ ဒီဘဝမှာ ကျနော့် အဖေအမေမတော်လိုက်တဲ့ ဇာတ်ဆရာကိုမောင်ဟန်နဲ့ မေပြာတို့ ထောင်ထားတဲ့ ဇာတ်မှာ ကျနော် မင်းသားလေး ဖိုးစိန် ကိုယ်တိုင် ရှေ့ဂျွမ်းတွေ ၊နောက်ဂျွမ်းတွေ ၊အပေါ်ဂျွမ်းတွေ ၊အောက်ဂျွမ်းတွေ ထိုးပြီး ခရစ်စမတ် ည တစ်ညလုံး မျက်စိ နောက်လောက်အောင် ကပြ ဖျော်ဖြေ အသုံးတော်ခံ မှာဖြစ်ပါတယ်။ ဖိုးစိန်နဲ့ အတူ ကပြ ဖျော်ဖြေ အသုံးတော်ခံ ကြမယ့် ဘလော့ဂါ မင်းသမီးချောပန်တျာ မြရေလျဉ်နှင့် ပြဇာတ်မင်းသမီးချော ချစ်ချစ်ချစ်တဲ့မောင်၊ မောင်ချစ်တဲ့ချစ်ချစ် မက်မက် တို့က အပြိုင်အဆိုင် သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်၊ ရှေ့ယိမ်း နောက်ယိမ်းများကို ခါးခါး ဦးဆောင်သော အဖွဲ့က တင်ဆင် ကပြမှာ ဖြစ်ပြီး နောက်ပိုင်းမင်းသမီးကြီး မေသူက မဗဒါ မြေလူး ဇာတ်ထုတ်ကို ကပြ အသုံးတော်ခံမှာ ဖြစ်ပါတယ် ခင်ဗျာ။

ပြဇာတ်မင်းသားချောကတော့ ဖြူဖြူဖွေးဖွေး အရပ်အမောင်း သန်မာထွားကျိုင်းပြီး ကိုယ်လုံးကိုယ်ပေါက် ဗလတောင့်တဲ့ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ချစ်ကိုကိုဆောင်း က မေတ္တာဖြင့် ပါဝင်ကပြမှာ ဖြစ်ပါတယ်။ ပြဇာတ်နာမည်ကတော့ ဆောင်းရင်ထဲက မြ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင် မောင်သံလွင်ဟီးရိုးနဲ့ နောင့်တို့က အားဖြည့်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

လူကြမ်းများအဖြစ် အကြမ်းအရမ်းပိုင်တဲ့ အီးရှင်ကြူးနဲ့ အားကောင်းမောင်းသန် စလေရေတမာမောင်မောင်တုတ် တို့ အားဖြည့်ပေးထားပါတယ်။

ပြည့်သူအချစ်တော် လူရွှင်တော်များ ဖြစ်ကြတဲ့ ပေါ်ပေါ်၊ သီသီ၊ ရီရီ၊ စည်စည်၊ နွံနွံတို့က ဟာသမျိုးစုံကို ပါးစပ် မပိတ်နိုင်အောင် တင်ဆက်ပါမည့် အကြောင်းလဲ သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

ပွဲလန့်မှာ မပူပါနဲ့။ ပွဲထိန်းက ရီနိုမာန် ဖြစ်ပါတယ်။ ပွဲမန်နေဂျာက ကိုကိုသစ်ပါ။ ဇာတ်ဆရာနဲ့ ဇာတ်ဆရာကတော် အရင်းပြုတ်အောင် ကပြဖျော်ဖြေပါမည့် အကြောင်း....။

ဒီနေ့ ဘန်ကောက် ကနေပြန်ရောက်ပါတယ်။ ပင်ပန်းပေမယ့် မနေနိုင်ပါဘူး။ ဒီမောင်နှမတွေနဲ့ CITY HALL မှာ ဆုံကြပါတယ်။ အလှူအတွက် တိုင်ပင်ပြီး လမ်းခွဲခဲ့ပါတယ်။ အကုန်လုံးရင်ထဲမှာ အလှူအတွက် အကြိုပီတိတွေ ရှိနေပါတယ်။ ကျနော်တို့ အားလုံးနဲ့ အတူ ပီတိယူနိုင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

SongChanMoe said…
အလှူအတွက်ကြည်နူးမိပါတယ်.. ဇာတ်ဆရာကိုမောင်ဟန် နဲ့ မင်းသားလေးစိန်စိန်ရေ.. အဲဒီနေ့ည ကမယ့် ပွဲလေးအကြောင်းရော.. ပို့စ်လေးတင်ပေးပါအုံးလားဗျာ
အယ်... နာများ ၁ လား အောင့်မေ့ပါတယ်... ဟိုလူကြီးဦးသွားတယ်...

အလှူတွက်ကတော့ ပျော်တာမှပြောမနေနဲ့ တော့... အလှူငွေကလဲ မှန်းထားတာထက်ပိုရတော့ ပိုလို့ တောင် ပီတိဖြစ်ရသေးတယ်...

အကိုတော်ရေ... ဂွတ်နိုက်... မအိပ်ခင်လေး အပြေးလေးလာခဲ့တယ် =)
လာချင်လိုက်တာ လာချင်လိုက်တာ
မိန်းမသာပြန်မယူလို့ ကတော့ ပြေးလာလိုက်မယ် ဟွန်း
ခုတော့ ခွင့်ကလည်းမရတော့ဘူး
အလုပ်ကလည်းနားလို့ မရတော့ဘူး
ဒီလို မောင်နှမ စုံစုံညီညီ အားလုံးနဲ့ တွေ့ ချင်တာဗျာ
တစ်နေ့ တော့ စလုံးဆိုတာကြီးကို ရောက်အောင်သွားအုန်းမယ်ဗျာ
မလေးကို မလာလို့ ကတော့ ကိုဖိုးစိန် နာမယ်နော်
ပြောထားပြီးသား
လူကြီးလုပ်ပြီးပေးထားတဲ့ဂတိဖျက်လို့ ကတော့ နာပြီသာမှတ် ဟွန်း
ပုံပြင်ပြောလို့ ကတော့ ခွင့်ကိုမလွတ်ဘူး အမယ်လေးခြိမ်းခြောက်ရတာမောလိုက်တာ
အလှူလေးလည်းလာချင်တယ် ထောပတ်ထမင်းလည်းစားချင်တယ်
ကိုဖိုးစိန် ကတဲ့ ဇတ်လည်းကြည့်ချင်တယ်
မလေးရောက်မှ ပြန်က ခိုင်းရမယ် အဟတ်
khin oo may said…
လှုပ်ခတ်နေတာလေးတွေ ကြည့်ရဦးမှာပေါ့။
ဟောဗျာ ဇာတ်ပွဲက ဘယ်ကဘယ်လိုလုပ်လိုက်တာလဲ..
အနော်တောင်မသိလိုက်ပါလားဗျို့...
yangonthar said…
သာဓုလည်းခေါ် ပွဲကိုလည်းမျှော်နေပါကြောင်း အစ်ကို ဖိုးစိန်ရေ .... မိတ်ဆွေချင်းဆိုတော့ ပွဲခင်းထဲ ဖျာနေရာကောင်းလေးတော့ လုပ်ပေး ဦးလေဗျာ :))
ခင်တဲ့
ရန်ကုန်သား :)
Ree Noe Mann said…
အလှူအတွက် ပီတိဖြစ်ရပါတယ်ဗျာ
ဟားဟား... ဖိတ်စာကိုသေချာဖတ်ကြည့်တော့ အသေအချာလုပ်ထားတာပဲ.. တော်ပါ့ဗျာ...း)))).. သာဓုဗျို့.. အဝေးကနေခေါ်တယ်..
:D
ပျော်စရာကြီးပဲ
ရေစက်တွေပဲနော် ..း)))
အလှူလေးအတွက်ဝမ်းသာကြည်နူးမိပါတယ်...
ဒီလိုမျိုးဖြစ်မြောက်သွားတယ်ဆိုတာအားလုံးအတွက် ဂုဏ်ယူစရာပါပဲ။ ကိုယ့်ရဲ့ချွေးနှဲစာလေးတွေနဲ့ မွန်မြတ်တာလေးတစ်ခုလုပ်ဖြစ်တာပေါ့.. ပျော်တာကတော့ရေးပြလို့မရပါဘူး.. မောင်နှမတွေရဲ့ခင်မင်မှု အတိုင်းအတာတွေကလဲတိုင်းပြလို့မရပါဘူး. ကိုဖိုးစိန်ပြောသလို...ရေစက်ပေါ့ဗျာ... စောင့်နေပါတယ်...ကဲဖို့...အဲလေ ရေစက်ချမလဲ
နောက်တခေါက်လာတာ...

ဘုရား...ဘုရား...

မဗဒါမြေလူးဆိုပါလား...... သေချာပိုင်နိုင်အောင် ပရုတ်ဆီဘူးတော့ ဆောင်လာရမယ်ဆိုတာ သဘောပေါက်သွားပြီ...

ကဲ ပွဲထိန်း၊ပွဲဂျာ၊ ဇာတ်ဆရာမောင်နှံတို့ စိတ်မပျက်ရအောင် အပီ သရုပ်ဆောင်မည်ဖြစ်ကြောင်းးး
ငမူးက မလာပဲနဲ့ အော်နေတယ် ဟွန်းးးးးးး


လေးစားလျက်
တောင်ပေါ်သား
မေဇင် said…
အရမ်းပျော်စရာကောင်းမှာပါပဲ...။ ၀မ်းသာကြည်နူးမိပါတယ်..။
ရေတမာ said…
~~~အိုက်တင် လုပ်ရရင် အကုန်ငါမေ့လို့~~~ အမောပြေနိုင်လည်း ~~~~ လက်ခုပ်သံများ ငါ့အတွက်မဟုတ်ဘူးလေ~~~ ရေးဟီးရေဟေး~~ ဗီလိန် ~~~ ဗီလိန်~~
အလှုပွဲနဲ့ အငြိမ့်ကို လာကြည့်ချင်လိုက်တာဗျာ။
ပျော်စရာကြီးနေမှာ။
အလှုအတွက်သာဓုဗျာ။ ကိုရီနိုးကြီးဖိတ်လို့ ဘလောခ်ဂါတွေစုပေါင်းလုပ်တဲ့အလှုဆိုတော့ မလာရောက်နိုင်ပေမယ့် မျော်တွေးပြီး ကုသိုလ်ယူသွားပါတယ်ဗျာ။
စည်သူ said…
ကိုဖိုးစိန်ကြီးရေ..
အခုလိုကြားရတော့ နှလုံးပီတိ ဂွမ်းဆီထိသလို ဖြစ်ရပါတယ်ဗျာ..

အတိတ်ဘဝက ရေစက်ကို ဘေးဖယ်ကချလို့.. မျက်မောက်ကာလမှာ ပျော်ရွှင်စရာတွေနဲ့ ခရီးဆက်ရင်း.. ကျရောက်လာမယ့်တာဝန်တွေကို ရှောင်ပယ်ကာ မထားပဲ အသိစိတ်ကိုယ်စီနဲ့ တာဝန်ကျေကြစို့လားဗျာ...

ကဲ... ကိုဖိုးစိန်ကြီးရေ... အရပ်မောင်းကောင်းကောင်း ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့် ဆိုတဲ့ နောက်ပိုင်းမင်းသား ကိုဆောင်းကိုခေါ်ပြီး ပရိသတ်များ မျှော်လင့်စောင့်စားနေတဲ့ အစီစဉ်လေး စလိုက်ကြရအောင်ဗျာ..

ပလုံချိ... တစ်ပတ်.. ပလုံချိ.. နှစ်ပတ်.. ပလုံချိ သုံးပတ်.. ဂျွန်းထိုးတာလေ.. နောက်ဆုံးတစ်ပတ်အနေနဲ့.. ဟဲ့.. ပလုံချိ ဆိုပီး ဂျွန်းလိုက်တာ.. တန်းနတာပဲ.. စင်အောက်ကို .. ခခိခိခိခိခိ..း-)

ပျော်ရွှင်ပါစေဗျာ
စည်သူ။
မငုံ said…
အဲဒီဇာတ်ပွဲကတော့ ခေါင်းဆောင်မင်းသားနဲ့တင် ရုံလျှံမှာ :))

လေယာဉ်လက်မှတ်ပို့ပေးပါ လာကြည့်ချင်တယ်။

Popular Posts