အတွေးထဲက ငါးနှစ်တာ ဆီသို့

လူ့စိတ်က အချိန်နဲ့ အမျှ ပြောင်းလဲနေတယ်ဆိုတော့ နောင်လာမည့် ငါးနှစ် ကို စီမံကိန်းချ ရတာခက်ခဲတာပါပဲ… နောင်လာမည့် ငါးနှစ်ဆိုရင် ၂၀၁၅… အသက် က ၃၅ရှိနေပြီး… အရင်ကတော့ ပြောနေကြ စကားတစ်ခွန်းရှိတယ်.. အသက် (၃၅) နှစ်ဆိုရင် ကျနော်ဆုံးပြီးဆိုတာပဲ… ဒါကလဲ အစွဲတစ်ခုလိုပါ… ငယ်ငယ်က တွက်ခဲ့ဖူးတဲ့ ဗေဒင်ပေါ့… (၃၅)နှစ်ပြည့်ရင် သေမယ်ဆိုတာပဲ… ကျနော်ကလဲ အဲဒါကိုစွဲပြီး (၃၅)နှစ်ကျသေမယ် ပြောတိုင်း ကျနော် မိဘ မောင်နှမတွေ ချစ်တဲ့ခင်တဲ့သူတွေ စိတ်ညစ်ရ စကားများရ ဖြစ်ရတတ်တယ်… အခုထိပဲလေ… ဒါပေမယ့် နောင်ငါးနှစ် မှာ ကျနော်သေမယ်ဆိုရင်လဲ ကျေနပ်နေပါပြီးလေ… ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရခဲ့သလို မိဘကိုလဲ အတိုင်းအတာတစ်ခုအထိ ကျေးဇူးဆပ်နိုင်ခဲ့တယ်… ခုဆိုရင် နောက်ထပ်ငါးနှစ်တောင် ကျန်သေးတယ် ( သေခဲ့မယ့် ဆိုရင်ပြောတာပါ)း) ဘာဖြစ်ဖြစ် အသက်ရှင်နေသ၍ လုပ်ပိုင်ခွင့်တွေ၊အိပ်မက်စိတ်ကူးတွေက အသက်ရှင်နေသ၍ပါ….။

အကယ်၍ နောင်ငါးနှစ်မှာများ အသက်မသေဘူးဆိုရင်တော့ ကျနော် စားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်ဖွင့်ချင်ပါတယ်… စားသောက်ဆိုင်ကို အပေါ်ထပ်က ဖွင့်ပြီး ကော်ဖီဆိုင်ကို အောက်ထပ်က ဖွင့်ပါမယ်… ဆိုင်အတွင်းမျက်နှာကျက်ကို မှန်အပြည့် တပ်ဆင်ထားတဲ့ အများနဲ့ မတူတဲ့ အိုင်ဒီယာတွေနဲ့ ခေတ်မှီဆန်းသစ်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ပါပဲ… ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဒီအလုပ်ကိုတော့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်…

စားသောက်ဆိုင်ဖွင့်ခြင်းအားဖြင့် မိသားစုတွေ ဆုံရပ်… မိတ်ဆွေအပေါင်းအသင်းနဲ့ ညီအကိုမောင်နှမတွေ ဆုံရပ်တစ်ခုဖြစ်သလို မိတ်ဆွေ ညီအကိုအပေါင်းအသင်းများတဲ့ ကျနော့်အဖို့ စားသောက်ဆိုင်လူစည်မယ် ဆိုတာ ကျနော်တွေးမြင်ပြီးသားပါ… (အရင်းတောင်ပြန်မရဘူးဆိုတာ ကြိုတင်တွက်ထားပြီးသားပါ)
ဒါပေမယ့် သေချာတာက နှောင်ငါးနှစ်အထိ မြန်မာပြည်မှာ အခြေချ မနေဘူးဆိုတာပါပဲ… ဘယ်နိုင်ငံဆိုတာ မသိပေမယ့် ကမ္ဘာမြေပုံထဲက တနိုင်ငံကို ရောက်နေမှာပါ… အဲဒီအချိန်တော့ မိသားစု ကို အနားမှာခေါ်ထားပြီး ကျနော်ချစ်ခင်တဲ့ မောင်နှမတွေနဲ့ အတူရှိနေချင်ပါတယ်… စဉ်းစားထားတဲ့ စီးပွားရေးကို ချက်ခြင်း အကောင်အထည် မဖော်နိုင်ခဲ့ရင်တောင် လက်ရှိတတ်ထားတဲ့ ပညာလေးနဲ့ စားနိုင်သောက်နိုင် လှူဒါန်းနိုင်ချင်ပါတယ်… မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါးပေါ့…


ကြီးကြီးကျယ်ကျယ်နိုင်လှတဲ့ ကျနော့်ရဲ့ စိတ်ကူးထဲက ကောင်မလေးကတော့

(၁)ရုပ်ရည်ချောမောပြေပြစ်လှပကျော့ရှင်းရမည်။ ဆံပင်ရှည်ရမည်။ (ကတုံးမ မဖြစ်ရင် ကျေနပ်)

(၂)အတန်းပညာထက်ဥာဏ်အမြော်အမြင်ကြီးသောမိန်းကလေးဖြစ်ရမည်။ (အခုခေတ်ကအားလုံးဘွဲ့ရ ဒါကြောင့်မို့)

(၃)စိတ်သဘောထားဖြူစင်ပြီး ချစ်သူအပေါ်အလိုလိုက်ထိန်းသိမ်းပြောဆိုနိုင်သော မိန်းခလေးဖြစ်ရမည်။ (ကိုယ်တိုင်က စိတ်လွတ်ကိုယ်လွတ် နေတတ်ခဲ့တော့ ထိန်းသိမ်းတတ်တဲ့ မိန်းမတော့ရချင်တယ်)(မိန်းမစကား နားထောင်မယ့် ကျနော်ပါ)

(၄)အရာရာကို သိတတ်နားလည်စာနာကိုယ်ချင်းစာပြီးအလှူအတန်း ရက်ရောသူဖြစ်ရမည်။
(စိတ်ကပျော့တယ်။ ထစ်ခနဲဆို ပေးချင်ကမ်းချင်တဲ့ စိတ်ကထိန်းမရ.. ယူမိတဲ့ မိန်းမက ကပ်စည်းနဲနေရင် နောင်ဘဝအတွက် ရင်လေးလို့)

(၅)ထမင်းချက် ဟင်းချက် ကောင်းပြီးချစ်သူဖိုးစိန်ကို မညီးမညူထမင်း ခွံကျွေးမွေးပြုစု စောင့်ရှောက်ချင်သူဖြစ်ရမည်။ (ကိုယ်တိုင်က ဟင်းချက်ကောင်းတော့ ကိုယ့်ထက်ပိုဟင်းချက်ကောင်းသူ ရချင်တယ်။ ပြီးတော့ ထမင်းကို လိုလိုလားလားခွံ့ကျွေးတဲ့သူကို သဘောကျတယ်)

(၆) ညအိပ်ယာဝင်တိုင်း ကျောကိုပွတ်ပြီး ပိုစ့်ဖတ်ပြမယ့် အသံချိုချို မိန်းခလေး။
(ပိုစ့်ကိုမဖတ်ပဲ ဇိမ်လေးနဲ့ နားထောင်ချင်တဲ့ ရောဂါ ခုတစ်လော ရလာလို့)

(၆)နှစ်ဖက်သောမိဘများကို မျှမျှတတ သိတတ်ပြီး ချွေတာစုဆောင်းထိန်းသိမ်းနိုင်သောမိန်းခလေးဖြစ်ရမည်။
(ကိုယ်တိုင်က ယုံကြည်ပြီးမိန်းမကို ပိုက်ဆံတွေ အပ်ချင်နေတာ)

(၇)အဓိက က ဖိုးစိန်ကိုနားလည်ပြီး ကိုယ်ချင်းစာပြီးတစ်သက်လုံးချစ်နိုင်မည့် မိန်းခလေးဖြစ်ရမည်။
(ဖိုးစိန်နဲ့နေရင် စိတ်ညစ်ရသလို ပျော်လဲ ပျော်ရမယ်… )

ကျနော် ဂျေးမများပါဘူးနော်… ကဲ မကြီးဝါရေ … ရအောင်သာရှာပေးပါဗျာ ... မကြီးဝါတက်ဂ်တဲ့ပိုစ့်ဆိုတော့ မကြီးဝါမှာ တာဝန်ရှိပါသည်ခင်ဗျား...


Comments

kaungkinpyar said…
စားသောက်ဆိုင် နဲ့ ကော်ဖီဆိုင်က နေ့ရော ညရော ဖွင့်မှာလား ဟင်...ညဆို သိပ်မအိပ်တဲ့ အတွက် ဆပ်ပါ စားချိန်လေး ရောက်ရင် စားရသောက်ရအောင် ပြောပါတယ်၊..ဖွင့်နော် ည ရော..း)

လိုချင်တဲ့ ကောင်မလေး ရဲ့ အချက်တွေ က သိပ်များနေလွန်းနေတယ်.. မမဝါ တော့ မသိ မမပြာတော့ ရှာတတ်ဘူးကွယ် ဆောတီးးးးး)
Julian said…
နောက် ၅ နှစ် မဂျူကို လူအိုရုံမှာလာတွေ့ပါ။ (လူအိုရုံကလက်ခံရင်ပေါ့လေ)

ကော်ဖီဆိုင်ဖွင့်ရင်လာမယ် မထတမ်းထိုင်ပြီး လက်ပ်တော့တစ်လုံးနဲ့ဆော့မယ် အင်တာနက် ၀ိုင်ဖိုင်လေးပါထည့်

မျှော်မှန်းသောကောင်မလေးရပါစေ (ကောင်မလေးသနားပါတယ်) နတ်သမီးနဲ့မြန်မြန်တွေ့ခွင့်တောင်းလေ.....

မဂျူ
ဗေဒင်အဟောရဲ့ စွဲလမ်းခြင်းကင်းပျောက်လို့ စိတ်ရောကိုယ်ပါ ချမ်းသာစွာ ငါးနှစ်မတိုင်ခင် လိုရာရပါစေ :)...
Anonymous said…
အချစ်တွေပိုလွန်ပြီး
ထမင်းဝါးကျွေးမယ့်မိန်းမရနေဦးမယ် :D
စိတ်ကူးကောင်းပါသည်။
ဖွင့်ရင် လာအားပေးမယ် ဘယ်နိုင်ငံရောက်ရောက်။
ကျိန်းသေပါတယ်..လူပျိုကြီး မနှေးဖြစ်လိမ့်မည်..
ဒီလောက် ဂျီးများပြီး ကိုယ့်ကပဲ ယူချင်နေတဲ့ဟာ..
ကောင်မလေး သနားပါတယ်..
khin oo may said…
ဟုတ်ပါ့မလားမောင်ကာလုရဲ့။
WWKM said…
ha ha haa ရေးပေးရှာသားပဲ ဖိုးစိန်..း)
မပြောချင်လို့ အသာနေနေတာ.. မပြောမပြီးလို့ မောင်းတီးလိုက်ရတာပဲ..
အင်း အရင်တခါဖတ်ရတော့ ဆံပင်ကောက်ကောက်ကွေးကွေး ကောင်မလေး ဆိုလားလို့.. မောင်ရီနို အင်တာဗြူး မှာလေ..း))
ကဲ ဖိုးစိန်ရေ.. နောက် ၅နှစ်မှာလည်း မသေနိုင်သေးပါဘူး။အလတ်ကြီးရှိနေသေးတာကို..
စင်္ကာပူက မောင်နှမတွေကလည်း ဖိုးစိန်ကို ၀ိုင်းချစ်ကြတာ.. စင်္ကာပူမှာပဲ ပျော်ပျော်နေတော့..ပျော်ပျော်နေ သေခဲတဲ့... အဲ...ဖိုးစိန်အလုပ်မရမချင်း ဘိုဘို ၊ တောင်ပေါ်သား၊ ညီမလေးမိုးခါး နဲ့ အပေါင်းအသင်းတွေကတော့ ခေါင်းကျိန်းနေရဦးမှာပေါ့။
း)))ဖိုးစိန်က သူတော်ကောင်းလေးပါ။ များများလှူဒါန်းပေးလိုက်ကြပါ စင်္ကာပူမှ မောင်နှမတွေရေ..း))

အင်းးဟုတ်ပြီ.. အပေါ်ထပ်မှာ စားသောက်ဆိုင်ဖွင့်တော့ စားသောက်ဆိုင်မှာ ဖိုးစိန်လက်ရာ စားစရာတွေကို အရင်စားပြီး အောက်ထပ်မှာ ကော်ဖီသောက်ပြီးပြန်ပေါ့။
တယ်ကောင်းတဲ့ အိုင်ဒီယာပါပဲ။အလကားတော့ မကျွေးပါနဲ့ မကြီးဝါတို့လာရင် ၅၀% လျှော့ပေးရင်ပဲ တော်ပါပြီလေ။

ဟုတ်တယ် ခရေတွန်ပြောသလိုပဲ..ထမင်းပါ ၀ါးကျွေးမယ့် ကောင်မလေးကို ရှာယူပါ ဖိုးစိန်ရာ..

ရေးပေးတာကျေးဇူး ဖိုးစိန်ရေ.
အစ်မလည်း အရမ်းပျင်းနေတာ..စာတွေလည်း လိုက်ကို မဖတ်ဖြစ်တာ.. အပျင်းတွေကို ဆင်းဖော်ယူမှာပဲ မျှောချနေတယ်.. :P

မကြီးဝါ
အစွဲကြီးတော့ကျွတ်အောင်လုပ်ပါဗျာ
ဘယ့်နှယ့်ထူးထူးဆန်းဆန်းကြီးပါလား...။
စားသောက်ဆိုင်လေးဖွင့်မယ့် အိုင်ဒီယာကတော့ ကောင်းပါတယ်ဗျာ..။
ဘယ့်နှယ့် စိတ်ကူးထဲကကောင်မလေးက ထူးထူးဆန်းဆန်းကြီးပါလား ...။
ရုပ်ရည်ချောမော ပညာတတ်ပြီး စိတ်သဘောထားဖြူစင်တဲ့ ကောင်မလေးကတော့ ရှာတွေ့နိုင်ပါတယ်လေ..
ဘယ့်နှယ့် ညအိပ်ယာဝင်တိုင်း ကျောကိုပွတ်ပြီး
ပို့စ်ဖတ်ပြရမယ်တဲ့ ထူးထူးဆန်းဆန်းကြီးပါလား ..။
ဘာပဲဖြစ်ဖြစ်ပါလေ.. စိတ်ကူးလေးတွေ အကောင်အထည်ပေါ်ပါစေ..အကိုကြီးရေ...
:D
အပေါ်ကပြောသလို ထမင်းဝါးကျွေးမယ့်သူပါ တွေ့နေဦးမယ် .. :D

မျှော်လင့်ချက် စိတ်ကူး ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ပါစေ ..း))
စားသောက်ဆိုင်ဖွင့်ဖြစ်ရင်လည်း စာဖိုမှုးလိုရင်လှမ်းခေါ်လိုက်နော် ချစ်ယောက်ဖကြီး
ကော်ဖီတော့စိတ်မဝင်စားဘူး စားသောက်ဆိုင်ဆိုစိတ်ဝင်စားတယ်
ဒါနဲ့ နောက်ငါးနှစ်နေရင် ဆုံးပြီ ဆိုတာက သွေးဆုံးတာလားဟင် သွားပြီ ကလေးမရတော့ဘူးပေါ့ ဒါဆို
ထမင်းကို ဝါးတော့ကျွေးမဲ့ရှိမှာမဟုတ်ဘူး
ခုခေတ်က သစ်သီးဖျော်ရည်စက်လို ထမင်းနဲ့ ဟင်းရောထည့်ပြီး ရေနဲ့ ဖျော်လိုက်မှာ ဟဟ
ဝါးစရာမလိုတော့ဘူး သောက်ယုံပဲ ချစ်ယောက်ဖရေ
စိတ်တော့မဆိုးပါနဲ့ ဗျာ တရုတ်နှစ်ကူးလာမယ်မလားမျှော်နေမယ်နော် ကိုကြီးဖိုးစိန်
ရပါ့လိမ့်မယ် ဒီမိန်းမ တသက်လုံး ဝေးးးးးးးးးသေးးးးးးးးးးးးးးးးးး))

စားသောက်ဆိုင်၊ ကော်ဖီဆိုင် ၊ အရက်ဆိုင် ဖွင့်.........

လေးစားလျက်
တောင်ပေါ်သား
အမယ်လေး များလိုက်တဲ့အချက်တွေ... ဒီက ညီမလေးတွေလဲ ရှာတတ်ဘူးတော့.....

ဒါမဲ့.......... ဒါမဲ့...... (ဒါပေမဲ့ လို့ ပဲပြောမယ်... ဘာပြောမလဲ သိတယ်ဟုတ် =P) တို့  ဂိုဏ်းကြီး ပြိုချင်ဘူးနော်... (မပြောရ မနေနိုင်လို့ ) ခွိ

(မေသူ့ ကော်မန့် ဖတ်ပြီးတော့ ထရိုက်ချင်တဲ့ စိတ်မှ ကင်းဝေးကြပါစေ)
အစွဲကိုဖျောက်..စားသောက်ဆိုင်လေးဖွင့်ပြီး ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ကျန်းမာ ပျော်ရွှင်စွာနေနိုင်ပါစေ။
အဲ..ကောင်မလေးကတော့ တို့လဲ ရှာပေးနိုင်ဘူး၊ ခွံ့ကျွေးရအုံးမယ်၊ ကျောပွတ်ပြီး ပိုစ့်ဖတ်ပြရအုံးမယ်တဲ့..လိုတာမရ ရတာမလိုတဲ့လူပျိုကြီးမဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းပေးလိုက်မယ်။ :)
loverstar said…
မွေးသေးဘူးတဲ့ ..ကိုဖိုးစိန်လိုချင်တဲ့ အချက်နဲ့ ပြည့်စုံတဲ့သူ.
:)
Mogok Thar said…
ဗေဒင်ဆိုတာ မှန်တာလဲ ရှိ.. မှားတာလဲ ရှိ...

အသိလေးနဲ့ ချင့်ချိန် ယုံရမှာ....

မသေခင်မှာကောင်းတာတွေ များများလုပ်သွားဖို့ ပဲ ပေါ့....။

အခု ဗေဒင်ဆရာမက အသက်ရှည်ရှည်နေရမယ်.. ချမ်းသာမယ် ဟောထားတာကျ ထည့်မစဉ်းစားဘူးလားကွ.....။

အရင်က ရေးခဲ့တဲ့.... ဗမာ့ကာတွန်းဇာတ်ကောင်တွေ.. ကမ္ဘာသိအောင် အန်နီမေးရှင်း ရုပ်ရှင်တွေ လုပ်ပြမယ် ဆိုတာရော.. မပါတော့ဘူးလားး။ ဒီကောင်က 3D တွေ Multimedia တွေ ဘာတွေ အားကျိုးမာန်တက် လေ့လာနေတာ...။

စားသောက်ဆိုင်၊ ကော်ဖီဆိုင်ကတော့ ဖွင့်ပြီဆိုတာနဲ့ မန်နေဂျာ တန်းဝင်လုပ်ပလိုက်မယ်... ရာထူး တစ်ခါထဲ ယူထားလိုက်ပီ.. :-P

အင်း.....

“လိုချင်တဲ့ကောင်မလေးကို ရပါစေ” ဆုတောင်းပေးပေမဲ့ ဒီရုပ် ဒီရည်နဲ့ ရမယ် မထင်.. မထင်.....
(ရခဲ့ရင်လဲ...ပေးဆပ်ချစ်နေရမဲ့ ကောင်မလေးကိုတော့ သနားမိသေး)

;-P


ချစ်ညီ
စိန်မျောက်မျောက်
စိန်ကောက်ကောက်
မျောက်ငို...

ချစ်လို့စသွားတယ်...
စိတ်မကောက်ကြေး

ချစ်ခင်တဲ့

ကိုမောင်ဟန်
ရေတမာ said…
ထားပါကျန်တာတွေတော့ ဖြစ်ချင်လည်း ဖြစ်မယ် မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့ ထားပါ စားသောက်ဆိုင်က မီးစင်ကြည့်က တာပေါ့ ထားပါ အဲလိုကောင်မလေးမျိုးတော့ အကို မပြောနဲ့ ကျနော်တောင် မရဘူး မှတ်ထား
noblemoe said…
လိုချင်တဲ့ အချက်တွေနဲ့ ညီတဲ့ မိန်းခလေးနဲ့ ဆုံပြီ့း သာယာချမ်းမြေ့တဲ့ ဘ၀ကို ပိုင်ဆိုင်ပါစေ။
အမလေး ငါ့မောင်လိုချင်တဲ့ မိန်းကလေးကမမွေးသေးဘူးထင်တယ်။
စားသောက်ဆိုင် ဖွင့်မယ်ဆိုတဲ့ အစီအစဉ် ကိုတော့ ထောက်ခံတယ် :)
MANORHARY said…
tag သူ အမှားပါး))
အိန္ဒြာ said…
ထမင်းထုတ်သိုးမယ့် အစားပေါ့...

တော်တော်ချစ်စရာကောင်းပေတာပဲ.

ကြိုက်တတ်လိုက်ပုံ ကိုယ့်အတွက် ကိုယ်သိတတ်ပုံများ..
မငုံ said…
:O ထမင်းခွံ့ပါကျွေးရမယ်ဆိုပါလား.. ကိုဖိုးစိန်ဇနီးလောင်းတော့..:))
ကဲ..လိုရာ ရစေသတည်း။
စားသောက်ဆိုင် ဖွင့်မယ်ဆိုရင်
လာအားပေးမယ်နော်...
ဘယ်နိုင်ငံ ရောက်ရောက်ပေါ့
(အကြွေးစရင်း အရင်ဖွင့်ထားပေးနော်):P
ကိုကြီင်္းစိန်လိုချင်ကောင်မလေးမျိုး
တရုပ်ပြည်မှာ မှာထားပေးမယ်လေ
ဘာသာစကား လေး၊ငါး မျိုးတတ်တဲ့
ကောင်မလေးမျိုး ထွင်ခိုင်းထားတယ်
စိန်စိန့် အတွက် သီးသန့်လေး :P :P
ကိုဖိုးစိန်လို ပျော်ပျော်နေတတ်သူအဖို့ ဘ၀လက်တွဲဖော် ကောင်းတစ်ယောက် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ.. စိတ်ကူးထဲက ချစ်သူ ရဖို့ ဆုတောင်းပေးပါတယ်... ကော်ဖီစိုက်မယ့်သူနဲ့ ကော်ဖီဆိုင်ဖွင့်မယ်သူ.. ခြံစိုက်စားမယ့်သူတွေများတော့း)).. အလကား သောက်ရဦးမှာ မြင်ယောင်သေး.. အဟေးဟေး..


ခင်မင်တဲ့
ဂျပန်ကောင်လေး
စားသောက်ဆိုင်ဖွင့်တာကောင်း၏....
လိုချင်တဲ့ မိန်းကလေးပုံစံ ကလည်း ရှိတော့ ရှိတယ် ရှားတယ်ဆိုတဲ့ပုံစံမျိုးထဲကတောင်မှ ရှားနေသေးတယ်

ဘာမှဖြစ်ဖြစ် ရုပ်ချောသဘောကောင်း ဦးစိန်အတွက် ကံကောင်းပါစေဗျာ....:)))))))

ခင်မင်လျက်
တလနွန်
ကိုဖိုးစိန်လိုချင်တဲ့ကောင်မလေးမျိုးတွေ့ရင် လက်တို့စမ်းပါဦး၊ တခါလောက်မြင်ဖူးချင်လို့၊

လူဟုတ်မှဟုတ်ပါ့မလားလို့ပါ :P


ဟီးဟီး

ခင်မင်လျက်

ပိုင်ဖြိုးကို

Popular Posts