သံယောဇဉ်

မျိုသိပ်ခဲ့ရတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ရင်း မသိနားမလည်တဲ့ ဘာသာဗေဒ ကြားမှာ တစစ အရည်ပျော်ကျခဲ့တာပါ… ကျယ်လောင် စူးရှစွာ အော်ဟစ်ပေါက်ကွဲလိုက် ဆိုတော့ ထွက်ကျလာတဲ့ စကားလုံးတွေက ခပ်အက်အက် တီးတိုးရွတ်ဆိုသံတွေ… ဘယ်သူနားလည်လိမ့်မလဲ…

နေရစ်ခဲ့တော့လို့ ဆိုပြီး သမင်လည်ပြန် မျက်ရည်တွေကျ… သွားပါတော့ဆိုပြီး တွဲထားတဲ့ လက်မဖြုတ်တာတွေကို ညီမျှခြင်းတွေ ချကြည့်ရင် အကြွင်းကျန်ရစ်တာက တဖြည်းဖြည်းလျှော့သွားတဲ့ မာနတွေ၊ အတ္တတွေ..

အမှန်တော့ ပူလောင်ခြင်း တစနဲ့ အေးမြခြင်း တစ်ဝက်ရောထားတာက ဒီသံယောဇဉ်တွေ…

မပိုင်ဘူး ဆိုပေမယ့် ဆိုင်နေရတဲ့ ဒီလို သံယောဇဉ်ချစ်ခြင်းတွေကို ဘယ်သူတွေက သေသပ်ကျနစွာ ပုံသေကားချပ် တစ်ခုလိုရေးဆွဲခဲ့တာလဲ..

တကယ်ဆို….

ငါက ခပ်အက်အက် ဖန်ခွက်ထဲက အနည်ကျနေပြီးတဲ့ ရေပါ…

မဲ့ပြုံးတွေရဲ့ ရိုက်ချက်ကို
ငါကျောကော့နေအောင် ခံခဲ့ရတော့မှ
မျက်ရည်စို့တတ်တဲ့ နှလုံးသားဒဏ်ရာကိုမှ တယုတယ မွေးမြူမိတာ… မဆန်းတော့ပါဘူး..


နေ့တွေကို လတွေက သယ်ဆောင်ရင်း လတွေကို နှစ်တွေက တိုက်စားသွားနေတယ်.. တကယ်တော့ အားလုံးက သံယောဇဉ် အလွမ်းတွေကြား ခရီးသွားရင်း အမုန်းကို တိုက်ခိုက်နေတဲ့ ရန်သူစစ်စစ်တွေ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

sweetpeony said…
ဘယ်လိုတွေဖြစ်နေသလဲ ကိုကြီးစိန်... ဖတ်ရတာ စိတ်ထဲ မကောင်းပါလား
sweetpeony said…
မပိုင်ဘူး ဆိုပေမယ့် ဆိုင်နေရတဲ့ ဒီလို သံယောဇဉ်ချစ်ခြင်းတွေ တဲ့လား????
ဆိုင်ပါ ဆိုင်ခွင့် မရှိတဲ့ သံယောဇဉ်ချစ်ခြင်းတွေ ဆိုရင်ကော???
မေဇင် said…
???? ပျော်အောင်နေပါ...။ ကိုယ်လုပ်စရာတာလုပ် ၊ ဘာမှ သိပ်မစဉ်းစားပါနဲ့.။
ထားစရာ ရှိနေတာပဲ နေပျော်နေပြီလေ ..း))
Mogok Thar said…
တို့တတွေက
သံယောဇဉ်ခရီးသွားတွေပါ
အမုန်းဆိုတာ
စိတ်နှလုံးကို နောက်ကျိစေတဲ့
ရေညှိမှော်ဒိုက်တွေ..
မတွေဝေနဲ့...
စစ်မှန်တဲ့သံယောဇဉ်တွေကြား
သံသယမပွားနဲ့...
တွဲထားတဲ့လက်တွေ ခိုင်မြဲစေ..
အေးအတူပူအမျှ..
မောင်နှမတွေ စုစည်းစေ...။ ။


မျောက်ငို

စိတ်ဓာတ်မကျနဲ့

အရာရာ အဆင်ပြေသွားမယ်ဆိုတာ ယုံကြည်ပါ

ချစ်ခင်တဲ့

ကိုမောင်ဟန်
Mogok Thar said…
တို့တတွေက
သံယောဇဉ်ခရီးသွားတွေပါ
အမုန်းဆိုတာ
စိတ်နှလုံးကို နောက်ကျိစေတဲ့
ရေညှိမှော်ဒိုက်တွေ..
မတွေဝေနဲ့
စစ်မှန်တဲ့သံယောဇဉ်တွေကြား
သံသယမပွားနဲ့...
တွဲထားတဲ့လက်တွေ ခိုင်မြဲစေ..
အေးအတူပူအမျှ..
မောင်နှမတွေ စုစည်းစေ...။ ။


မျောက်ငို

စိတ်ဓာတ်မကျနဲ့

အရာရာ အဆင်ပြေသွားမယ်ဆိုတာ ယုံကြည်ပါ

ချစ်ခင်တဲ့

ကိုမောင်ဟန်
နွေးနေခြည် said…
ဟင်
ဘီလိုကြီးလဲ
ပျော်ပျော်နေပါ။
အချိန်တန်ရင် အဆင်ပြေသွားပါလိမ့်မယ်း)))
don't worry, be happy, bro. everything will be fine.
noblemoe said…
ပျော်ပျော်နေတတ်တဲ့  ကိုဖိုးစိန်ကြီး
အမုန်းတွေကို တိုက်ခိုက်နိုင်ပြီး
သာယာချမ်းမြေ့ပါစေ။
Unknown said…
"မျိုသိပ်ခဲ့ရတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ရင်း မသိနားမလည်တဲ့ ဘာသာဗေဒ ကြားမှာ တစစ အရည်ပျော်ကျခဲ့တာပါ…" အဲဒီလို ခံစားခဲ့ဖူးတယ်။ တွေးဖူးတယ်။ ဆူဆူညံနေတဲ့ ဘာသာဗေဒတွေကြားမှာ ငါဘာလုပ်နေတာလဲဆိုပြီးတော့ပေါ့။ သူပြောတာကိုယ်မသိသော၊ ကိုယ်ရဲ့ရင်ထဲကစကားကို သူ နားမလည်သောနေရာမှာ--------------။ ပြန်တော့မယ်ဆိုတာ ကိုယ်နေ့တိုင်းစိတ်ထဲမှာ ပြောဖြစ်သော၊ အကောင်အထည်မဖော်ဖြစ်သေးသော အရာပါ။
ကိုဖိုးစိန်ရေ----အားတင်းထား၊ပျော်အောင်နေ၊ ပျင်းရင်ဒီတခေါက် ထိုင်းကိုလာခဲ့ဗျာ။
ဘယ်လိုဖြစ်ရတာလည်း ကိုကြီးယောက်ဖရယ်
လုပ်လိုက်ရင် အထိတ်တလန့် ချည်းပဲ
ရေစက်ကြောင့် တွေ့ ဆုံ ကြုံ ကွဲ ရတာ သဘာဝ တရားပါဗျာ
လာလာ အရက်လာသောက်ချေ ကိုကြီး
အမြဲတန်း ပျော်နေတတ်တဲ့ မောင်လေး....
ငိုနေတာ...လွမ်းနေတာ...ဆွေးနေတာ...တွေနဲ့မလိုက်ဖက်သလိုပါပဲ....
ပျော်သလိုသာနေပါကွယ်....
khin oo may said…
စိတ်ချမ်းသာပါစေ။
သံယောဇဉ် ..
သံယောဇဉ် ..
လူကို အရူးတစ်ပိုင်း ဖြစ်စေခဲ့ ..
(လေးဖြူကွ) .... !

အိုကေ...
ရိုက်မယ်နော် ..
one , two , three ..
စမိုင်းလ် .... (မင်းသမီး)...

ကွန်မန့် ဖတ်ပြီးးး
ရယ်နော် ..
မရယ်ချင်လည်း ရအောင်ရယ် ...
မရဘူးး ...
ရယ်ဆို ရယ် ပဲ ... >>>
kaungkinpyar said…
သံယောဇဉ် ....အခြေမခိုင် ..သူကြီးအကြောင်း....ပြန် ပြော..ရင်...

မမ သီချင်းလေး ဆိုပြသွားတယ် နော်..
ဆွဲထားတဲ့ သူပဲ သိချင်တာ
:D
(နောက်တာနော်)ချိတ်ချိုးရားးးး
သံယောဇဉ်... သံယောဇဉ်... (by lay phyu)
MANORHARY said…
သံယောဇဉ်....
စာလုံးလေးသုံးလုံးတည်းနဲ့
ကျယ်ပြန့် နက်ရှိုင်း သိပ်သည်း လွန်းသလို
လေးနက် အားပြင်း ခိုင်ခန့်ပါတယ် ..
မဖြတ်နိုင်ဘူး ရေစီးကြောင်းလေးထဲ
မဖြတ်နိုင်ဘူး ပတ္တမြား ကျောက်စီ ဓါးနဲ့ ဆွဲကိုင် ခုတ်မလား
ဖြတ်တောက်မရနိုင်ဘူး ဒီလို သံယောဇဉ်တွေ ဖြတ်ဖို့ခက်တယ်လေ
အိန္ဒြာ said…
တင်လိုက်တာ မသိဘူး..မောင်လေး

ရောက်တာ နောက်ကျသွားတယ်..ဆောတီး

ဒီလိုပဲ ဘာမှမမြဲဘူး..
တွေ့ပြီးရင် ကွေကွင်းရမယ်..

လုံးဝဥသုံသေချာနေနှင့်ပြီးသားပဲ
Anonymous said…
ပြန်မလာတော့ဘူးပေါ့?

Popular Posts