ဆုံမှတ်(၂၅)

နှစ်သစ်ရောက်ခဲ့ပြန်ပြီး…။

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝအသစ် စမယ်လို့ နှစ်တစ်နှစ် ကုန်ခါနီးတိုင်း စိတ်ကူးမိတယ်။ နှစ်တစ်နှစ် ကုန်ခါနီးတိုင်း ဒီနှစ်မှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာတွေ ပြောင်းလဲခဲ့လဲ။ ငါဘာတွေ လုပ်ပြီးပြီးလဲ။ ဘာတွေဆက်လုပ်ရမလဲလို့ အမြဲ တွေးတယ်။ တစ်နှစ်ကုန်သွားလို့ စာရင်းချုပ်တိုင်း ဖြစ်ချင်တာတွေ ဖြစ်လာတာက နည်းနည်း၊ ဖြစ်သင့်တာကိုလုပ်ရင်း ပျက်လာတာက များများလို့ ခံစားမိတယ်။ ရှိပါစေလေ…။ စကတည်းက ဘဝက သုံည မှတ်အောက်ရောက်နေတဲ့ အနှုတ်ကနေ စခဲ့တာဆိုတော့ နှစ်ချုပ်လို့ တစ်နှစ်ကူးရင် ငါတော့ ဟုတ်သား ဆိုပြီး ဖြည့်တွေးတတ်နေခဲ့ပြီး။

ခု (၂၀၁၀)…

ဘဝမှာ မထင်မှတ်ထားတဲ့ ဆုံမှတ်တစ်ခုမှာ မထင်မှတ်ထားတဲ့ ညီအကို မောင်နှမတွေကို ဆုံရတယ်… မင်္ဂလာတစ်ပါးပါပဲ… ချစ်တဲ့သူ၊ ခင်တဲ့သူ တွေကို တနေရာတည်း၊ တချိန်တည်း နှစ်သစ်မှာ တွေ့ရတယ်။ ပျော်ရတယ်။ ဂရုစိုက်မှုခံရတယ်။ ချစ်ခင်ယုယမှု ခံရတယ်။ မျက်နှာ အညှိုးမခံရလောက်အောင် ချစ်ခင်ခြင်းကို ခံရတယ်။ ကျေနပ်ပီတိ ဖြစ်ရတယ်။ ဂုဏ်ယူမိတယ်။ ဒါက (၂၀၁၀) အစ…

(၂၀၀၉) ကို ပြန်ဆန်းစစ်တယ်..

ဖြစ်ချင်တဲ့ အရာ တွေထဲက အဖြစ်ချင်ဆုံးအရာတစ်ခု ဖြစ်မြောက်ခဲ့တယ်… အဲဒါက စကာင်္ပူကို ရောက်အောင်လာခဲ့ခြင်းပဲ။

တစ်ခါမှ မတွေ့ဘူး၊ မမြင်ဘူးတဲ့ ညီအကိုမောင်နှမတွေ၊ ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ၊ကျောင်းတုန်းက သူငယ်ချင်းတွေကို စကာင်္ပူ မှာ တွေ့ရတယ်။ နေ့တိုင်းလိုလို တွေ့ရင်း အမှတ်တရတွေ ဖြစ်ခဲ့ရတယ်။ အထူးသဖြင့် ရောက်ကတည်းက ဖိုးစိန်နဲ့ဘလော့ဂါ ညီအကိုမောင်နှမတွေ ညနေညတိုင်းတွေ့နေလို့ စကာင်္ပူက ဘာလော့ဂါတော်တော်များများ စာမရေးနိုင်တော့ဘူး။ ပျော်တပြုံးပြုံး မိုးသို့ ချုန်း ဖြစ်နေတယ်။ ဖိုးစိန်ကြောင့် စကာင်္ပူမှာ အလုပ်လုပ်နေတဲ့ ညီအကို မောင်နှမ ဘလော့ဂါတွေ တနေကုန် တနေခန်း အလုပ်လုပ်ပြီး ညနေအစည်းအဝေးထိုင်၊ ပြီးရင် တနေရာသွား ကော်ဖီသောက် ၊ထွေရာလေးပါး ပြောပြီး အိမ်ပြန်ရောက်၊ အိမ်ရောက်တော့ အလုပ်ဒဏ်တွေ ဖိုးစိန်ဒဏ်တွေနဲ့ စာမရေးနိုင်ကြတော့ဘူး။ တန်းပြီးအိပ်ရော။

ဖိုးစိန်ကြောင့် ပိန်သူပိန်၊ မဲသူမဲ၊ မွဲသူမွဲ၊ ညောင်းကိုက်မိသူမိ၊ ကျောလန်တဲ့သူလန်၊ အိပ်ရေးပျက်တဲ့သူပျက်၊ MRT ဖိုးနဲ့ မွဲသူမွဲ၊ ကွမ်းမူးတဲ့သူမူး … စုံနေတာပဲ။

ဒါလဲ ဖိုးစိန်က အစည်းအဝေးဆိုရင် ဒီမောင်နှမတွေ ပါးစပ်က ပွစိပွစိလုပ်ပေမယ့် ရုံးဆင်းတာနဲ့ ငိုက်စိုက် ငိုက်စိုက်နဲ့ လာကြတာပဲ…။ သံယောဇဉ်… ဒီရေစက်..။

ရေစက်ဆုံလို့ တွေ့ကြတယ်ဆိုတော့ နောင်ဘဝထိ ဆုံရအောင် အလှူက လုပ်ဖြစ်ပြန်တယ်။ ညီအကိုမောင်နှမတွေနဲ့ ဘလော့စာဖတ်သူတွေ စုပေါင်းလှူကြတဲ့ အလှူ။ ခရစ္စမတ်နေ့မှာ လုပ်ဖြစ်ခဲ့တယ်။ မျှော်မှန်းထားတဲ့ အလှူ ပမာဏထက် ပိုသာတဲ့ အလှူငွေကို ရခဲ့တယ်။ ဘုရားလှူခွင့်ရခဲ့တယ်။ ဆွမ်းကပ်ခွင့်ရခဲ့တယ်။ သင်္ကန်းလှူခွင့်ရခဲ့တယ်။ ဘုန်းကြီးကျောင်း ပညာရေးအတွက် လှူဒါန်းခွင့်ရခဲ့တယ်။ ဘုန်းကြီးဝေယာဝစ္စအတွက် အလှူပြုခွင့်ရခဲ့တယ်။ ဒါအပြင် ပိုနေတဲ့ ပိုက်ဆံတွေကို သုခရိပ်မြုံ မှာနေတဲ့ ရောဂါခံစားနေရတဲ့ ကလေးများအတွက် အလှူငွေ ထည့်ဝင်ခွင့်ရခဲ့တယ်။ ရခဲ့တဲ့ ချွေးနည်းစာတွေနဲ့ အလှူတော်တော်များများမှာ ပါဝင်ခွင့်ရခဲ့လို့ ညီအကိုမောင်နှမတွေ အားလုံး ပျော်မဆုံး တပြုံးပြုံးရှိခဲ့ကြတယ်။ ကျေနပ်ပီတိဖြစ်သလို သာဓုလဲခေါ်ပါတယ်။ ပြန်တွေးတိုင်း အမှတ်ရနေမယ့် အလှူတစ်ခုပါ။

အလှူပြီးသွားတော့ အလှူအောင်ပွဲကို အလှူရှင်ဘလော့ဂါတွေ တစ်ဆက်တည်းကျင်းပပါတယ်။ ဒါကတော့ သီးခြားပါ။ အလှူနဲ့ မဆိုင်ပါဘူး။ ဖိုးစိန်နဲ့ အဓိက ဆိုင်တာပါ။ ဖိုးစိန်က ဒီမောင်နှမတွေနဲ့ စုစုစည်းစည်း တစ်ည တွေ့ချင်တယ် ဆိုလို့ အရူးစိတ်ချမ်းသာအောင် တိုင်းပြည်ကြီး အေးချမ်းပေးတဲ့ သဘောပါ။ ဘာဖြစ်ဖြစ် အမြဲအမှတ်ရနေမယ့် နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ နေ့တစ်နေ့ ဆိုပေမယ့် တစ်ရက်တည်း မဟုတ်ပါဘူး။ နှစ်ညနဲ့ သုံးရက်ပါ။ ဖိုးစိန်ကိုယ်တိုင် နာမည်ပေးထားပါတယ်။ EAST COST ကတရားစခန်းနဲ့ တရားပွဲလို့…။

အလှူပြီးတော့ နေ့လည်တစ်နာရီ ကျော်နေပြီး… ညနေ EAST COST မှာ တဲထိုး ညအိပ်ဖို့ အတွက် တာဝန် အသီးသီးယူကြပါတယ်။ ဖိုးစိန်၊ ကိုမောင်ဟန်(မိုးကုတ်သား)၊ ရီနိုမာန်၊ ကိုသူရ(ရီနိုမာန်) သူငယ်ချင်းတို့က EAST COST မှာ နေရာရှာ တဲထိုးဖို့ တောင်ပေါ်သားကို ပဒုတ်က MRT မှာ ချိန်းထားတယ်။ မက်မက်က အိမ်မှာ ညကျကင်စားမယ့် အသားကင်တွေ ဝင်ယူဖို့ ငချမ်းကောင်နဲ့ မျိုးထက်ဇော်ကို ချောဆွဲသွားတယ်။ မြရေလျဉ်နဲ့ မေသူကတော့ ညစာအတွက် မုန့်နဲ့ ကြာဇံကြော်ဖို့ အလုပ်ရသွားပြီး ကိုဂျေးနဲ့ မောင်ဆောင်းက မမပြာ အိမ်မှာ တဲတစ်လုံးနဲ့ ဂစ်တာကို ဝင်ယူတယ်။ မေလေးက အားလုံးအတွက် ကြာဇံကျော်ပေးမယ်ဆိုတော့ အားလုံးက မေလေးပင်ပန်းမှာကို မကြည့်ရက်လို့ ဘာမှမစားဘူး၊ လူပဲလာလို့ပြောလိုက်တယ်။(မေလေးက အလုပ်တွေနဲ့ အိမ်အရွေ့အပြောင်းဖြစ်နေချိန်ဆိုလို့ပါ)။ အားလုံး ညနေ(၆)နာရီ မထိုးခင် EAST COST မှာဆုံဖို့ ချိန်းထားကြတယ်။ နောက်နေ့ အလုပ်ရှိတဲ့သူရှိတဲ့အတွက် နောက်နေ့ (၁၁)နာရီ ပြန်ဖို့ ၊ ကျန်တဲ့သူတွေ တဲဖျက်ဖို့ တိုင်ပင်ပြီးသားပေါ့။

ဒီလိုနဲ့ အားလုံးထဲမှာ ဖိုးစိန်တို့က အရင်ဆုံး စထွက်တယ်။ တောင်ပေါ်သားကို ပဒုတ်မှာဆုံပြီး လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ပါတယ်။ ပစ္စည်းဝယ်ပြီး တက္ကစီနဲ့ EAST COST ကိုရောက်တော့ မိုးခါးတို့ မကောင်းကင်ပြာတို့ကလဲ ရောက်နေပြီး။ ခရစ္စမတ်နေ့ဆိုတော့ လူများတယ်။ နေရာရှာတော့ ကမ်းခြေနဲ့လဲနီး၊ ဆိုင်တွေနဲ့ နီးတဲ့နေရာလဲဖြစ်တဲ့ အုန်းပင်တွေကြားထဲမှာ နေရာတစ်ခုတွေ့တယ်။ မမပြာတို့ကလဲ သူတို့ စောင့်နေတဲ့နေရာနားမှာ တဲထိုးလို့ရတယ်ဆိုပေမယ့် ပတ်ဝန်းကျင်မှာ တဲတွေရှိတယ်။ ကိုယ့်အခြေအနေကိုယ်သိနေတယ်။ လူများရင် ဒီလိုလူတွေနဲ့ မဖြစ်ဘူး။ လူရှင်းတဲ့အုန်းပင်တွေ ကြားထဲမှာပဲ တဲထိုးဖြစ်တယ်။ တဲက စုစုပေါင်း ခြောက်လုံး၊ တဲကို ဂငယ်ပုံစံ ဝိုင်းဆောက်ကြတယ်။ အရှေ့တည့်တည့်မှာလဲ စားပွဲနဲ့ထိုင်ခုံတွဲလျှက်တစ်ခု ရှိတယ်။ အလည်မှာ ပလပ်စတစ်ဖျာ နှစ်ချပ်ကိုခင်းလိုက်တယ်။ အယောက်သုံးဆယ်စာ ထိုင်လို့လောက်တယ်။

တဲထိုးနေရာချပြီးတော့ နောက်လာမယ့်သူကို စောင့်တယ်။ ဖိုးစိန်၊ ရေတမာ၊ တောင်ပေါ်သား၊ ရီနိုမာန်၊ မကောင်းကင်ပြာ၊ မိုးခါးနဲ့ မေလေးတို့ Mc မှာ ကော်ဖီသောက်ရင်း လူစောင့်ပါတယ်။ ကော်ဖီသောက်ရင်း တောင်ပေါ်သားရဲ့ အတွင်းရေးတစ်ချို့ကို သိခွင့်ရခဲ့ပါတယ်။ သူက ဘာဆိုလား…ပဲ။ သိသွားတဲ့သူက သိသွားပါပြီး…။

တဲကိုပြန်ရောက်တော့ ရေမကူးတတ်တဲ့ ကိုမောင်ဟန်က ဘောင်းဘီတိုတစ်ထည်ဝယ်ပြီး ရေထဲကို ကော့ကော့ ကော့ကော့နဲ့ဆင်းသွားတယ်။ ဆရာကြီးလိုလို ရေကူးသင်တန်းနည်းပြလိုလို လက်တွေ ခြေတွေလှုပ်ပြီး ရေထဲဆင်းသွားတာ ခဏမကြာဘူး ပြန်တက်လာတယ်။ ထင်လိုက်ပါတယ်။ ဒီလို အလွဲကြီးက ရေဆင်းစိမ်တာ မဖြစ်နိုင်ဘူး။ မျက်နှာကြည့်သိတယ်ပေါ့။ ဘာဖြစ်တာလဲ ခပ်တည်တည်မေးတော့မှ ရေက ဆွဲတယ်။ ရေနစ်မလိုဖြစ်လို့တဲ့။ သိသာပါတယ်။ တစ်ခုခုဆို ဟန်ဆောင်လို့ မရနိုင်လောက်အောင် ဖြစ်နေတဲ့ ကိုမိုးကုတ်သားမျက်နှာကို မြင်ယောင်ကြည့်ကြပါ။ နာမည်နဲ့ မလိုက်အောင်ကို ဟန်ဆောင်မနေတတ်တာပါ။

တောင်ပေါ်သားက ခြင်းတစ်လုံးဝယ်လာတယ်။ ခြင်းခတ်မယ်ပေါ့။ ဝယ်ခဲ့တဲ့ ခြင်းလုံးက အင်ဂတေ ကိုင်ထားသလား အောက်မေ့ရတယ်။ ကိုဂျေ၊ ကိုသူရ၊ တောင်ပေါ်၊ ရေတမာနဲ့ ဖိုးစိန် ခြင်းခတ်တယ်။ ဖိုးစိန်ရဲ့ အစွမ်းအစကို ကြည့်ပြီးသကာလ အကုန်လုံး လက်ဖျားခါသွားတယ်။ ဖိုးစိန်ကို အထင်သေးတာကိုး။ ဖိုးစိန် ကို ခြင်းနဲ့ပတ်သက်ပြီး မသိဘူးထင်လို့ စိတ်စမ်းတဲ့ တောင်ပေါ်သား စိတ်လေသွားတယ်။ ဖိုးစိန် ခြင်းကို ခြေနဲ့တောင် မထိအောင် ခတ်သွားတယ်။ ခြင်းလုံးကိုယ့်ဆီရောက်တိုင်း လက်နဲ့ချည်း ဖမ်းနေတာကိုး။ ခြင်းပွဲပျက်သွားပါတယ်။ တဖွဲဖွဲနဲ့ ရောက်လာကြပါတယ်။

တောင်ပေါ်သူငယ်ချင်း အစိုင်း ရောက်တော့ ဘောလုံးနဲ့ ဂစ်တာပါလာပြန်တယ်။ ဘောလုံးကို အသင်းနှစ်သင်းခွဲပြီး ကန်ပါတယ်။ ဂိုးဖမ်းတဲ့သူက မကောင်းကင်ပြာနဲ့ သဲသဲ။ ဖိုးစိန်ပါတဲ့ အဖွဲ့က ရှုံးပါတယ်။ ဂိုးဖမ်းသမားက သဲသဲပေါ့။ အော်မေ့ဂိုဏ်းချုပ်နဲ့ ကျန်တဲ့ မိန်းခလေးတွေက ဓာတ်ပုံရိုက်ကြပါတယ်။ ဘောလုံးကန်ပြီးတော့ တစ်ယောက်ကို တစ်ယောက် ရေထဲဆွဲချရင်း ရေကူးကြပါတယ်။ မှောင်လဲမှောင် လူလဲစုံတော့ ရေသွားချိုးကြပါတယ်။ လူစုံတယ်ဆိုတော့ အဲဒီညက လာတဲ့သူကို နာမည်ရွတ်ပြပါ့မယ်

ကိုမောင်ဟန် (မိုးကုတ်သား)

ကိုသီဟသစ် (နောက်ကျမှာရောက်၊ စိတ်ကကောက်)

ကိုZT (ဂစ်တာတီးတော်၏)

ကိုလူပျိုကြီး (တိတ်တိတ်လေးခိုးပြန်)

ရီနိုမာန်

ဆောင်းချမ်းမိုး

တောင်ပေါ်သား

ရေတမာ

ဖိုးစိန်

တလနွန်

ဏီင်္ကင်း

ဖိုးသင်္ကြန်

ဗီလိန် (ဓာတ်ပုံရိုက် အကျွမ်းကျင်ဆုံးဆုရထားသူ)

ကိုဂျေး (မင်းကိုချစ်တဲ့သူ)

သံလွင်ဟီးရိုး

ပိုးဟပ်လေး

ဖိုးပိုင်

ပိုင်ဖြိုးကို

ညီညီ(အနာဂတ်သံစဉ်)

စည်သူ

ငချမ်းကောင်

မျိုးထက်ဇော်

ညရဲ့ကောင်းကင်

ကိုသူရ (ရီနိုသူငယ်ချင်း)

အစိုင်း ( ပေါ်ပေါ်သယ်ရင်း) (ဘလော့ဂါတွေ အဆိုကောင်းလို့ အစောကြီးဝင်အိပ်သွားတဲ့သူ)

မကောင်းကင်ပြာ

မကြယ်ပြာ

မေသူ

မေလေး

မိုးခါး

မြရေလျဉ်

မက်မက်

သဲသဲ(ဆောင်းနှင်းရွက်)

သံစဉ်ချို

မိုး ( မိုးခါးသူငယ်ချင်း)

မြရဲ့သူငယ်ချင်းတွေ ရောက်လာပါတယ်။ အားလုံး (၃၀) ကျော်ပါတယ်။ (ကျန်တဲ့သူတွေ ရှိပါသေးတယ်၊ နာမည်ကျန်ပြောပါ)



လူစုံတဲ့ အချိန်ရောက်တော့ ဝိုင်းဖွဲ့ ဂီတာတီး သီချင်းဆိုကြပါပြီး။ တောင်ပေါ်သား၊ ကိုမောင်ဟန်နဲ့ ဖိုးစိန်တို့ အသားကင်တဲ့အချိန်မှာ ရီနိုမာန်က အသားကင်ဖို့ တုတ်ထိုးပေးပါတယ်။ အဲဒီအသားကင်တွေကို မြနဲ့ မေသူက ဗန်းထဲထည့်ပြီး လိုက်ရောင်းပေးပါတယ်။ အသားကင်းတွေက အမှောင်ထဲမှာ ဖြစ်သလိုကင်ရတဲ့ အတွက် ကျက်တာကျက်၊ တူးတာတူး၊ မြေတလူးလူးနဲ့ သဲတရှပ်ရှပ်က စားလို့ကုန်တာပဲ။ အာလူးနဲ့ ပဲပြားတုတ်ထိုးကိုတော့ မေလေးတို့ မိုးခါးတို့ဝိုင်းထိုးကြတာပဲ။ စုစားရတာ ဘာမှ မဟုတ်ပေမယ့် ဖယောင်းတိုင် မီးမှိန်မှိန်တွေ ကြားမှာ ပျော်စရာကောင်းပါတယ်။ ပျော်ပျော်ပါးပါး လုစားကြတယ်၊ ကင်မလောက်ပါပဲ။ စားလို့သောက်လို့ ဝကြပြီးဆိုတော့ ဖယောင်းတိုင် တွေကို ဖျာပတ်လည် မြေကြီးမှာ မြှုပ် အလည်မှာ လည်းသုံးတိုင်လောက်ထွန်းပြီး ဂစ်တာနှစ်လက်နဲ့ သီချင်းစာအုပ်တွေချပြီး သီချင်းတွေ ဆိုကြပါတယ်။ ဂစ်တာတီးကောင်းတဲ့သူတွေက ကိုဇက်တီ၊ ဆောင်းချမ်းမိုး၊ ကိုဂျေးနဲ့ အစိုင်းတို့ပါ။ သူတို့ အတီးဘယ်လောက်ကောင်းကောင်း အဆိုးကောင်းတဲ့ သူတွေ အောက်မှာ ပြားပြားဝပ်သွားတာပဲ။ သီချင်းတွေ အစအဆုံး မရတော့ အစပိုင်းမှာ ကောင်းသလိုလိုနဲ့ နောက်ပိုင်းမှာ ဖျက်ဆိုသူဖျက်၊ အသံသေး အသံကြောင်နဲ့ အော်လိုအော်၊ ဒီကြားထဲ မိန်းမသီချင်းတီးလို့ ယောကျားလေးတွေက ဖျက်ပြီး ထထဆို၊ ယောကျားသီးချင်းကို မိန်းခလေးတွေက ဖျက်ဆိုနဲ့ သီချင်းတစ်ပုစ်မှ မဆုံးပဲ ရယ်စရာ ပွဲကျလို့ နေပါတယ်။ တီးတဲ့သူတွေ လက်မြှောက်အရှူံးပေးရလောက်အောင်လဲ အသံတွေက အောင်ကြပါတယ်။ ရယ်လိုက်ကြတာလဲ ဝက်ဝက်ကွဲပါပဲ။

သီချင်းဆိုလို့ ညောင်းတော့ ဂိမ်းကစားကြပါတယ်။ ဂိမ်းကစားဖို့ တောင်ပေါ်သား၊ ဆောင်းချမ်းမိုးနဲ့ မက်မက်တို့က ဦးဆောင်ပါတယ်။ မဲရွက်ပေါ်မှာ ကိုယ်လုပ်ခိုင်းစေချင်တဲ့ တစ်ခုခုကိုရေးထားပြီး တစ်ယောက်ယောက်က နာမည်ကို နှိုက်ပေးရင် နာမည်ကျတဲ့သူက မဲနှိုက်ပြီး ကိုယ်ကျတဲ့မဲလိပ်အတိုင်း လုပ်ရတဲ့ ကစားနည်းပါ။ မောင်နှမတွေ အားလုံး ချစ်ခင်ရင်နှီးစွာ ကစားခဲ့ကြပါတယ်။ အရမ်းပျော်စရာကောင်းပါတယ်။ အဲဒီအချိန် ကွမ်းမူးလို့ အန်ပြီး ပြန်သွားရတာက ဏီကင်းပါ။

အဲဒီကစားထဲမှာမှသဏ္ဍန်လုပ် သရုပ်တူလို့ တဟားဟားပွဲကျခဲ့တဲ့သူတွေက တစ်ည နှစ်ဘဝပြောင်းသွားရတဲ့ သယ်ရင်း ရီနိုမာန်ပါ။ မြက ရီနို ခါးကိုဖက်ပြီး “အိုပါ… လက်ထပ်ရအောင်”လို့ ပြောပြီး မကြာခင်မှာပဲ ရီနိုက ဘဝပြောင်းပြီး ဖိုးစိန်ထံမှာ နွဲ့နွဲ့နှောင်းနှောင်း ချစ်ခွင့်တောင်းခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ ပြီးတော့ မမပြာက မေလေးကို ဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းတာ၊ မေလေးရဲ့ ထက်လင်းရင်လူးဆေး ကြော်ငြာကို မေ့မရသလို ဗီလိန်ရဲ့ဖားခုန်ခုန်တာ၊ ကိုဂျေး ခွေးလိုက်လို့ ပတ်ပြေးရတဲ့ အမူအယာ၊ ရေတမာရဲ့ တချိန်တည်း မဲ့၊ ပြုံး၊ ငို၊ ရယ်၊ လုပ်ပြတဲ့ မျက်နှာတွေကလဲ တဟားဟားနဲ့ ပွဲကျခဲ့ရပါတယ်။ ဖိုးစိန်ခမျာလဲ မဲကျလို့ မလုပ်တတ် ရှက်တတ်သူတွေကို နည်းပြရင်း ညရဲ့ကောင်းကင်ကို ကိုမိုးကုတ်သား အရက်မူးဟန် လုပ်ပြနေတဲ့ အချိန်မှာ ဗီလိန်ရဲ့ ရိုက်ချက်ကောင်းမှုကြောင့် တောင်နှလုံးကြားက လထွက် ခဲ့ရပါသေးတယ်။

ကစားပွဲကြီးပြီးတော့ ည တစ်နာရီကျော်နေပါပြီး။ မေလေး လဲ အားလုံးအတွက် မနက်စာ ကောက်ညှင်းပေါင်း ကျွေးဖို့ အစောကြီး ထရမယ်ဆိုပြီး ပြန်သွားပါတယ်။ (အမှန်တော့ ကိုကိုဆူမှာစိုးလို့ပါပေါ့) ညီညီတို့လို မနက်အလုပ်ရှိသူတွေ ပြန်သွားကြတော့ ကျန်တဲ့သူတွေ ဝိုင်းဖွဲ့ပြီး ဂီတာဆက်တီးကြပါတယ်။ အဲဒါချိန်မှာ တက္ကဆီခ (၁၈)ကျပ် အကုန်ခံပြီး ရောက်လာသူက ကိုသီဟသစ်ပါ။ ကိုဇက်တီ၊ ကိုဆောင်း၊ တို့နဲ့ သီချင်းတွေ ဆက်တီးပြီး ဆိုကြပါတယ်။ ဖိုးစိန်၊ ရေတမာ၊ ဦးသစ်နဲ့ ရီနိုမာန်တို့ လေးယောက် တစ်ယောက်ချင်းစီကလိုက် တွဲပြီးကလိုက်နဲ့ ဖျော်ဖြေပါတယ်။ ဒီလိုနဲ့ တစ်ယောက်ဝင်အိပ်လိုက်၊ တစ်ယောက်ကိုနှိုးလိုက်နဲ့ မနက် (၅)နာရီလောက်ထိ ။ အော်မေ့ဂိုဏ်းက မြ၊မိုး၊မေ တို့လဲ ဟိုနေရာခွေ၊ ဒီနေရာခွေ အိပ်ကုန်ပြီး။ ရီနိုမာန်၊ ကိုသူရနဲ့ မိုးတို့က မနက်အလုပ်ဝင်ရမှာ ဖြစ်လို့ MRT ဖွင့်တဲ့အချိန် ပြန်သွားပါတယ်။ အမာခံကျန်တာက မကောင်းကင်ပြာ၊ မိုး၊ ဖိုးသင်္ကြန်၊ ဗီလိန်၊ သဲသဲ နဲ့ ဖိုးစိန်ပါ။ သဲသဲက ကိုဂျေးဟောက်သံကိုတောင် ရီကောဒင်းယူထားရလောက်အောင် ကိုဂျေး အိပ်မောကျနေပါတယ်။ မိုးလင်းခါနီး ဖိုးသင်္ကြန်နဲ့ ဗီလိန်တို့ ပြန်မယ်၊ အလုပ်ဝင်ရမယ် ဆိုတော့ ဖိုးစိန်လဲ ဝင်အိပ်ပါတယ်။ အဲဒါအချိန် အလင်းရောင် ရနေပါပြီး။ ဝင်အိပ်တဲ့အချိန်မှာ ကိုဘိုနဲ့ မမပြာတို့က ကော်ဖီတောင်သွားသောက်နေပါပြီး။ ကော်ဖီသောက်ပြီး ပြန်လာတဲ့ ကိုဘို ကော်ဖီခွက်ကို မသောက်ခင်မှာပဲ တောင်ပေါ်သားနဲ့ သံလွင်ကြား ခွေခွေလေး အိပ်ပျော်သွားပြီးတဲ့နောက်မှာ စာစာ စာစာနဲ့ ရုံးကို သွားတော့မယ့် မြ အသံကို ကြားတော့မှ နိုးလာပါတော့တယ်…။ ပြီးတော့…. ဆိုပေမယ့် မပြီး ပြတ်သေးတဲ့ ပန်းချီကားလိုပါပဲ...။ (၂၆)ရက်နေ့မှာ အမှတ်ရစရာတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်...။

ဆက်ရန်....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

kaungkinpyar said…
ကုမ်ပဏီ ဖွင့်ရင် အလုပ်ခန့်မယ်ဆိုလို့ မအိပ်သေးပဲ ရင် တထိတ်ထိတ် နဲ့ လာဖတ်သွားတယ်...တော်သေး၏
kaungkinpyar said…
ကုမ်ပဏီ ဖွင့်ရင် အလုပ်ခန့်မယ်ဆိုလို့ မအိပ်သေးပဲ ရင် တထိတ်ထိတ် နဲ့ လာဖတ်သွားတယ်...တော်သေး၏
khin oo may said…
ပျော်စရာကြီး
မေလေး said…
မှားနေပါတယ် မှားနေပါတယ် ဦးသစ်ရောက်လာတာ တစ်နာရီကျော်နေပါပြီ။
မေလေးပြန်တာ ၂ နာရီကျော်မှပါအေ့
မယုံ ကိုဘိုနဲ့မမပြာမေးကြည့်
သူတို့စုံတွဲလိုက်ပို့တာ
တက်တက်စီခ ၁၂ ကျော်ကုန်တာလေးထည့်လိုက်ပါအုန်းအေ့
အိမ်ရောက်တော့ ၃ နာရီထိုးတော့မယ်
ကိုကိုကမဆူတတ်ဘူးနော့်။ဟွမ်းးး
ဘယ်လောက်သဘောကောင်းတယ်ဆိုတာ သိသားနဲ့
၃၁ရက်နေ့ည နဲ့ ၂ ရက်နေ့ည ကိစ္စကိုဖွပလိုက်မယ်နော်
ဘာမှတ်လဲ။ဟွမ်းးးး
မီတင်ဆို လန့်..လန့်...လန့် နေရပါဒယ် :D

ဟီးးးးးး
ဘဝမှာအမြဲအမှတ်ရနေမဲ့ နေ့ရက်တွေပါအကိုရေ။
ဖတ်ရတာနဲ့တင် တော်တော့ကိုပျော်နေပြီ
ကျွန်တော်အတွက်လဲ တကယ့်ကို အမှတ်တရပါပဲ .........
Thetmar said…
ဘယ်လို ကဘယ်လို blog စလည် မိတာ တော့ မမှတ်မိတော့ ပါ။ကိုဖိုးစိန် ၊မမေလေး၊.ကိုရီနိုမာန်၊dream၊သံလွင်ဟီးရိုး၊ကိုသီဟသစ်၊ကိုတောင်ပေါ်သား၊မဝါဝါခိုင်မင်း........အခု gathering လုပ်တဲ့ blogger တွေ ရဲ့ blog တွေလိုက်ဖတ်တာ နေ့ တိုင်းလိုပဲ။
၊မဝါဝါခိုင်မင်းSG လာတုန်းကလည်း blog မှာဓာတ်ပုံတင်တော့ ပါဝင်သူတချို့ ကိုblogနာမည် နဲ့ တွဲမိနေတယ်။ကိုဖိုးစိန် လာကြောင်းလေဆိပ်ကြိုမှာကြိုကြကြောင်းphoto လည်းတွေ့ ရတယ်။
အဲပြောချင်တာ က...........31Dec တုန်း က 401bus no.ကို bedok interchange က စီးပြီးeast coast သွားတာ 1မှတ်တိုင် အရောက်မှာ တက်လာသူတွေ ကြည့် လိုက်တော့ .............အခုblogger တွေ ကိုအပြင်မှာတွေ့ လိုက်ရတယ်။ကိုဖိုးစိန်၊ကိုရီနိုမာန်ဦးဆောင်တက်လာတာပါbus ကားပေါ်ကို။ကိုယ်တွေက Esat coast ကို မသွားတတ်လို့ ကားတွေမှားစီးမိ၊နောက်ဆုံး bedok interchangeရောက် bus service ကိုမေးပြီး မှ 401 ကိုစီးတာပါ။ကံ ကြုံလို့ တွေ့ လိုက် ရတယ် ထင်ပါတယ်။25 Dec ကလည်း အလှူလုပ်တဲ့  ဘုန်းကြီးကျောင်းရောက်အောင် သွားမယ် နဲ့  24Dec က အိမ်ပြန် နောက်ကျ နောက်မနေ့  မထနိုင်လို့ မရောက် ခဲ့ ပါ။ 401 စီးပြီးတော့  ဆင်းရမဲ့  bus stop မသိလို့ ရောက်နေတဲ့  မြင် ကွင်းကို ပဲ ကြည့် ပြီး esat coast နဲ့ တူရင် ဆင်းမယ် လို့ ကို ဆုံး ဖြတ်ထားတော့  esat coast လမ်းရောက်တော့ ဆင်းတာပဲ။ ဘလော့ မောင်နှမတွေက တော့ ဆင်းတာ မတွေ့ ပါ။ ကားပေါ်တက် 2 ချင်း ကလည်း နှုတ် ဆက် လိုက်ရင် ရုတ်တရက်သူတို့ ကမသိပဲ..........ကိုယ် ကဘယ်လိုသိတာ ဆိုတာကို ပြောပြ ရင် အချိန်ကြာနေမှာစိုးလို့ ။


တော်တော် လေး အပင်ပန်းခံ အချိန်ယူပြီးကိုgather လုပ်ကြပျော်ကြတာကိုတွေ့ ရတော့ ချီးကျူးမိပါတယ်။အံသြ စရာရေစက်ပဲနော်။စာတွေဆက်ဖတ်ပြီး အားကျနေမယ်။
မေဇင် said…
အပျော်တွေ ကူးတယ်...အားလုံးကို မျက်စိထဲမှာ မြင်ယောင်ပြီး ပြုံးနေမိတာ..။ ဆက်ရန်ကို မျှော်နေမယ်နော်...း)) ။
သားအကြောင်းတော့...နောက်မှပဲဇာတ်နှောပြီးငိုပြတော့မယ်။ တော်သေးတယ်... နာ့ကို..ကိုဖိုးစိန်ကြီးကနဲနဲပဲရေးသွားလို့.. နာတော့ဖဲ့ခံရပြီမှတ်ထှာ..... ကံကောင်းလို့.

အဲဒိနေ့ညကအိမ်ကိုဘယ်လိုပြန်ရောက်သွားလဲ... ပိုက်ဆံတွေဘယ်ရောက်သွားလဲ....
ဘယ်သူနဲ့ထပ်တွေ့လဲ....
ဘာတွေဖြစ်ကြလဲ.....
သိချင်ရင်....
မကြာမှီ..လာမည်....မျှော်...
sweetpeony said…
အော်... ကိုကြီးစိန်က ခြင်းဖမ်းတော်တာကိုးးး
း)))))))))))))
၂ည အိပ်ပြီး ၃ရက်မြောက် ညဘက် ပြန်တာတောင် ပြန်ချိန်တန်လို့သာ ပြန်သွားကြတာ
တယောက်မှ ပြန်ချင်တယ် ပြောသံ မကြားရဘူးနော်
:D
Mogok Thar said…
ေ၇ာက်ဖူးတဲ့ ကမ်းခြေတွေလို ပခုံးမြှုပ်လဲ ဘာမဖြစ်ဘူး ထင်ပြီး ရေဆင်းစိမ်တာပါ။ ရေကူးတတ်လို့ မဟုတ်ပါ။ လိုင်းတွေက ပင်လယ်ထဲ ဆွဲခေါ်သွားမယ် မထင်မိတာ ကျွန်တော်မျိုး အမှားပါ။ ကံကောင်းလို့ ကမ်းခြေ ပြန်ရောက်ပြီး အသက်နဲ့ ကိုယ် အိုးစားမကွဲတယ် မှတ်ပါတယ်။ အမှတ်တရပေါ့။

ပျော်ရွှင်ဖွယ်ရာ နေ့ရက်များနဲ့ စည်းလုံးညီညျွတ်မှုအင်အားများ.... မောင်နှမတွေကြား..
ထာဝရ မြဲစေသားးးးးး....။

ချစ်ခင်လျက်

ကိုမောင်ဟန်
အော်..လာဖတ်လိုက်တိုင်း အပျော်များ ကူးစက်ပါဘိ..။
ဒါ့ပုံဝေဝေဆာဆာလေးနဲ့ဆို ပိုမကောင်းလားဗျာ။ နော့... ကိုဗီလိန်။
ဆက်မယ် ဆက်မယ် မြန်မြန် မြန်မြန်း)
ဖတ်ရတာနဲ့တင်ပျော်ပါတယ် ကိုဖိုးစိန် ဓါတ်ပုံလေးများပါရင်ဖြင့် ပိုဖတ်ရတာ ပျော်စရာပေါ့ဗျာ.
အကြောင်းကြောင်းကြောင့်များ ဓါတ်ပုံမထည့်တာလား.လို့..
Ma Thandar said…
ပျော်စရာကြီးပါလားကွယ်။

ကျောင်းပြေးလေးဖိုးသင်္ကြန် east coast တရားစခန်း ၀င်လိုက်လို့ ပျောက်သွားတာကိုး။ :P
အမလေးးး လေးးး
ကဲ တာတွေ တော့
လူတွေ သိကုန်ပါပြီ ...

တရားစခန်းနေ့က စလို့
ဘယ်နေ့ အထိ
လုပ်ခဲ့တာတွေ ရေးမှာလဲ ဟင် .... ??
အမယ်လေးတော်... ဘယ်သူတွေတုန်း ဒီလောက် ကဲကြတာ...

ဟင်းးးးးးးး

ကလေးတွေများတော်တော်ခက်တာပဲကွယ်...

ဒါတောင် ဆက်ရန် ရှိသေးသတဲ့လေ
Ree Noe Mann said…
မသက်မာကလည်း လှမ်းခေါ်လိုက်တာ မဟုတ်ဘူး
ကျနော်တို့တွေက မရိုင်းတက်ပါဘူးဗျ။
နောက်ဆို တွေ့တဲ့နေရာမှာ လှမ်းသာခေါ်ကြားလား။

သယ်ရင်းရေ ကိုယ်လည်း အလုပ်မရှိခဲ့ဘူးဆိုရင်
တရားစခန်းဝင်အုံးမို့ပါ။ အလုပ်က လုပ်နေရလို့နော်။
ခက်တယ် ခက်တယ်
ခေတ်ကာလ ဘလော့ဂါများ တယ်ဆော့ကြပါလား

ဟိုသွား၊ ဒီသွားနဲ့
:P

ရှေးရေစက်တွေ ပေါ့ကွယ်၊

ခုတော့ ရေမလာတော့ဘူးတဲ့
ပန်းတောက်ပင်အောက်က
ခြောက်လုံးတဲ ကိုတော့အလွမ်းသားဗျ.....
အားကျလိုက်တာ...
ပျော်စရာကြီးးးးး

မြန်မြန်ဆက်ပါဗျိုးးးးး :D
ပျော်စရာကောင်းတဲ့ အမှတ်တရနေ့လေးပါပဲဗျာ..
အပန်းဖြေတာများသွားတယ်..
အသားမဲသွားတယ်.. အသံတွေအက်သွားတယ်.. တစ်ကိုယ်လုံးညောင်းကိုက်နေတာပဲ.. အိပ်ရေးလဲမ၀ဘူး..အစားအသောက်လဲ ပျက်သွားတယ်..
နောက်တစ်ခေါက်သွားကြဦးစို့
စင်ကာပူမှာရှိနေရင်သိပ်ကောင်းမှာဘဲ

Popular Posts