ဆောင်းနှင်းကြွေ မြရွက်ဝေ

အခန်း(၁)

အဆုံးရဲ့အစ


ဆောင်းလေမို့ အေးမြတဲ့ မြူငွေ့တွေ မျက်နှာကို ရိုက်ခတ်လာချိန်မှာ မို့မောက်လာတဲ့ နှလုံးသားရင်ပြင်က အသက်ရှုသံ ခပ်ပြင်းပြင်း တစ်ခုကိုထွက်ပေါက်ပေးလိုက်ပေမယ့် ကိုဆောင်း ရင်ထဲပေါ့မသွားခဲ့… နောက်ဖက်ကပ်နေတဲ့ နံရံကို အသာလေး ခေါင်းတင်မှေးပြီး မျက်လုံးအစုံကို မှိတ်လိုက်တော့ ဝမ်းနည်းမှုတွေ ပြိုဆင်းလာသလို…

“ယု… ရယ်…

ယု ကို “ကို” တကယ်ချစ်မိနေခဲ့တာပါ… ကဗျာတစ်ကြောင်းမှာ ယု နာမည် တလုံးမှ မပါပေမယ့် ကဗျာ တစ်ပုဒ်လုံးက ယု အတွက် နှလုံးသား နုနုနဲ့ ခံစားပြီးရေးထားတာပါ… ရင်ထဲကလာတဲ့ စကားလုံးတွေက ယုအတွက် ကဗျာအဖြစ် အံကျလာတယ်ဆိုတာ ယုံကြည်ပါယုရယ်… တခါတလေ ပေါ့ပျက်ပျက်စကားတွေလို့ ယုမှတ်ယူထားပေမယ့် ကို့ ရင်ထဲက လေးနက်နေခဲ့တယ်ဆိုတာ ဟောဒီရင်ဘတ်ကြီးက သက်သေပြုလို့ရပါတယ်…”

အခန်း(၂)

Eunos MRT station

ထုံးစံအတိုင်း ရုံးဆင်းချိန်မို့ လူအုပ်ကြီးက ဆီးကြိုနေသည်။ ဒီနေ့ MC တမင်ယူပြီး ယု ရုံးဆင်းပြန်အလာကိုစောင့် နေခဲ့သည်။ ဒီနေ့က ယု ဒီရုံးမှာ ရုံးတက်တာ နောက်ဆုံးနေ့… ယု စိတ်ညစ်နေမည်လား… ဝမ်းနည်းနေမည်လား ကိုဆောင်းစဉ်းစားရင်း အတွေးများစွာနှင့် ယု အလာကို လည်တဆန့်ဆန့်မျှော်နေခဲ့သည်။ ခုချိန် ယုတွေ့လျှင် ဘာပြောမည်နည်း။ “မောင်ဆောင်း နင်ပြန်တော့ နင့်မျက်နှာ ငါမကြည့်ချင်ဘူး ပြောမည်လား… မောင်ဆောင်းရယ် မပူပါနဲ့ ငါအတွက် အလုပ်မရှားပါဘူး ပြောမည်လား ” စသည့် လားပေါင်းများစွာဖြင့်အတွေးနယ်ချဲ့နေမိလို့ အနားမှာ ယုရောက်နေသည်ကို သတိမထားပဲ ခပ်ဆပ်ဆပ် အသံကြားမှ အသိတို့ ပြန်ဝင်လာခဲ့သည်။

“ဟဲ့ကောင်… မောင်ဆောင်း.. နင်ဘာလုပ်နေတာလဲ”

“နင့်ကိုလာကြိုတာလေ…”

“အေးဟာ… လာ… သွားမယ်.. နင်ကလဲ ငေးနေလိုက်တာ… ငါတစ်ယောက်လုံး နင့်အရှေ့မှာတောင် မမြင်ဘူးလား”

မောင်ဆောင်းတို့က တခါတရံ လွဲချော်တတ်သည်။

“ဟုတ်ပါဘူး ယုရယ်… ဘယ်လောက်လူများများ နင့်ကိုပဲ မြင်တာပါ”

“နင်နော်.. သိပ်ကဲမနေနဲ့… ငါပြန်မပြောလို့ အကောင်းမထင်နေနဲ့… လူရှေ့သူရှေ့ဆို သိပ်ကဲမနေနဲ့… ဒါပဲပြောမယ်”
ဘာဖြစ်ဖြစ် မောင်ဆောင်း ကျေနပ်နေခဲ့သည်။

အခန်း(၃)

မနေ့ညက မောင်ဆောင်းအစလွန်၍ ယုစိတ်ဆိုးခဲ့ရသည်။ မက်ဆေ့တစ်ခုပို့ထားခဲ့သည်။ ပို့ထားတဲ့မက်ဆေ့က“I am unhappy, Don’t be angry”တဲ့… ဒီမက်ဆေ့ကို ကိုလျှံနဲ့ မဇင် မြင်သွားတော့ “ရနံ့သစ်” မှာ မောင်ဆောင်းတစ်ယောက် အစခံရသည်။ ထိုအခါ ယု မျက်နှာက ချဉ်ပြုံးပြုံးနှင့် ကဲ မှတ်ပလား ဆိုသည့် မျက်နှာပေးမျိုး… ဒါပေမယ့် မောင်ဆောင်းပျော်ပါသည်။

သူငယ်ချင်း မောင်နှမများနှင့် ပျော်ပျော်နေတတ်သောယုက မောင်ဆောင်းနှင့်စလျှင် စိတ်ဆိုးချင်သော်လည်း ဒီသူငယ်ချင်းကြားမှာစိတ်ဆိုး၍မရ… ဘာဖြစ်ဖြစ် သူငယ်ချင်းသံယောဇဉ် ရှိသူမို့ ခွင့်လွှတ်တတ်ခဲ့သည်။ တခါတရံ မောင်ဆောင်း ကိုယ်တိုင်က သူငယ်ချင်းတွေ ကြားစနောက် တတ်ပေမယ့် ယု လိုအပ်ချက်တွေကိုတော့ ဂရုတစိုက် ဖြည့်ဆည်းပေးတတ်နေခဲ့သည်။ မောင်ဆောင်းဘက်ကနေ ကိုမောင်ဟန်က ယုကိုနားချသည်။ သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် သူသူနှင့် ဝတ်ရည်တို့ကလဲ စဉ်းစားပေးဖို့ပြောသည်။ နားချတိုင်း ယု က မောင်ဆောင်းအရင်ကြိုက်ခဲ့သည့် မမ အကြောင်းကို ပြောလျှင် မောင်ဆောင်း ရှူးရှူးရှဲရှဲနှင့် စိတ်တွေ ဆိုးတတ်သလို တခါတရံ ဆိတ်ဆိတ်နေမိတတ်သည်။ ဘာဖြစ်ဖြစ် ယု ဘာပြောပြော မောင်ဆောင်း ကျေကျေနပ်နပ် လက်ခံနေခဲ့သည်။ ဒါကပဲ အချစ်လား…… ယုရယ်..

အခန်း(၄)

အစရဲ့ အဆုံး

“ရော့… နင့်အတွက်ကဗျာ”

ယု တစ်ယောက် မောင်ဆောင်းမျက်နှာကို မလှည့်ကြည့်ပဲ ဇတ်ကနဲ ကမ်းပေးတဲ့ကဗျာကိုဆွဲယူဖတ်ပြီး

“မြတ်နိုး . . .
အနားမှာကပ်ချွဲ
ချစ်ခြင်းဖွဲ့တေးကဗျာတွေ
ကျွန်တော်မဆိုချင်ဘူး။
တကယ်ဆို မြတ်နိုးရယ်…
နောက်က တကောက်ကောက်လိုက်
မပီဝိုးတ၀ါး ပုံပြင်တွေပြော . . .။
ညဥ့်နက်သန်းခေါင် ဂစ်တာတီး
လျှောက် . . ပြန် . . သံ ပေး
လ၀န်းကြီးလို ထိုင်ငေး
ချစ်တယ်ဆိုတာ
အဲဒီလိုလား..။ ”

.....

“နင့်ကဗျာက မြတ်နိုးကိုပေးဖို့လား… ငါ့ကိုပေးဖတ်တာလား..”

“နင့်အတွက်ရေးတဲ့ကဗျာလေးကွာ… မြတ်နိုးဆိုတာ မြတ်နိုးလွန်းလို့ တင်စားတာ”

“အောင်မလေး ကြီးကြီးကျယ်ကျယ်… ခံစားချက်နဲ့ ခန္ဒာကိုယ်နဲ့ မမျှလိုက်တာ”

“နင့်မှာ ဘောပင်ပါလား”

“အင်… နင်ဘာလုပ်ဖို့လဲ”

“ပေးမှသာပေးစမ်းပါ… ”

မောင်ဆောင်းဘောပင်ထုပ်ပေးတော့ ယုတစ်ယောက် ကဗျာ ကယာ စာရွက်ပေါ်ချရေးလိုက်တာက

ကမ္ဘာတစ်စုလုံးစာပါ
အရာတစ်ခုလုံး ထက်လဲ သာတယ်ပြောလို့
ကပျာကယာ
ခေါင်းငုံ့ ကြည့်လိုက်တယ်။

သူရေးတဲ့ ဘယ်ကဗျာတစ်ပုဒ်မှာမှ
ငါ့အမည်နာမ ....................................
မတွေ့ခဲ့ရဘူး...............................။

ကဗျာကို ကောက်ရေးပြီးလှည့်ပေးလိုက်စဉ် စည်းချက်မမှန်စွာ လှုပ်ရှားနေသော မောင်ဆောင်းရင်ခုန်သံနဲ့ သက်ပြင်းချသံနဲ့အတူ နံရံကို ခေါင်းတင်မှီထားတဲ့ မောင်ဆောင်းကို တွေ့တော့လဲ ယုတစ်ယောက် သိမ့်ကနဲ တုန်ပြီး စိတ်မကောင်းဖြစ်သွားရသည်။

“မောင်ဆောင်းရယ်… ဘာဖြစ်ဖြစ် ခုချိန်ထိ ငါတို့က ပျော်ရွင်ခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ ရှိနေသေးတာပဲ… ရှေ့ဆက်ရမယ့် ငါတို့ရဲ့ အနာဂတ် ရည်ရွယ်ချက်တွေ ရှိပါသေးတယ်… ဒီတော့ ပျော်ပျော်နေကြရအောင်နော်”

ယုပြုံးပြုံးနှင့်ပြောတော့ မောင်ဆောင်းတစ်ယောက် မျက်နှာလေးလွှဲကာ ခေါင်းလေးညိတ်လို့ အရင်က ပျော်ရွင်ချိန်များကို တွေးရင်း... ငေးရင်း..

ဆောင်းနှင်းတွေ ဘယ်လောက်ဝေဝေ... ဆောင်းရင်မှာ မအေးချမ်းနိုင်သေးပေ..

ဘာကြောင့်ပဲ ဖြစ်ဖြစ်… သံယောဇဉ်က သံယောဇဉ်ပါ…



သံယောဇဉ်ရှိသူ
နှစ်ဦးအတွက်
ပေးဆပ် နေတတ်ခြင်းသည်
သိပ်ပြီး အံ့သြစရာ
မရှိလောက်သော
ကမ္ဘာငယ်ထဲက ကြိုးနှစ်စသာ…။


ချစ်ခင်လေးစားစွာဖြင့်

ဆက်လက်ကြိုးစားပါဦးမည်။

ဖိုးစိန်

ဝန်ခံချက်

စိတ်ကူးသက်သက်မျှသာ...။

ကဗျာများကို ရေးသားသော ပိုစ့်နှင့် ကိုက်ညီအောင် မောင်နှမများ ဘလော့မှ ကူးယူထားပါသည်။

Comments

kaungkinpyar said…
ချစ်သူတိုင်း ညားကြပါစေ....:P

(စတာ မဟုတ် အတည် ပြောသည်)
မောင်ဆောင်း တစ်ယောက် ယုအချစ်ကို အမြန်ဆုံးရပါစေ။
တော်တော်မျောသွားတာ...ပြီးသွားတာတောင်မသိလိုက်ဘူး.
ကိုဆောင်းကိုမျက်စိထဲပြေးမြင်မိတယ်....

အားလုံးကိုသတိရလိုက်တာဗျာ...
နွေးနေခြည် said…
အဟိး)
ချစ်သူတိုင်း ညားကြပါစေ
မေဇင် said…
တကယ်လား...အဟုတ်လား...ချစ်သူတိုင်းလဲ ညားကြပါစေ...ညားသူတိုင်းလဲ ချစ်ကြပါစေ..း))
Anonymous said…
ရိက္ခာ ထောက်ပံ့မှုကိုတော့ ဖြတ်တောက်ရတော့မယ်
လက်သည်ဒေါ်ကြီးစိန်ရေ့...
kaungkinpyar said…
အဲ့ အနော်နီးမတ်စ် က မြ ပါ...း)၊ အိပ်ရာ နိုးနိုးချင်း တခေါက် လာထပ်ဖတ်တယ် စိန်...
Mogok Thar said…
ပြာလဲ့ကြည်စင်တဲ့ “မိုး” သားအောက်က အေး“ချမ်း”တဲ့ “ဆောင်း” ရင်ခွင်ထဲမှာ....
“ယု”ယကြင်နာမှုတွေ “ဝေ”ဆာစွာနဲ့ “ဝင်း”ပတဲ့ နေ့ရက်တွေကို.....ကြည်နူးစွာ ဖြတ်သန်းနိုင်ကြပါစေ..။

သံယောဇဉ် တွေ..... သံယောဇဉ်......

“သံယောဇဉ်ရှိသူ
နှစ်ဦးအတွက်
ပေးဆပ် နေတတ်ခြင်းသည်
သိပ်ပြီး အံ့သြစရာ
မရှိလောက်သော
ကမ္ဘာငယ်ထဲက ကြိုးနှစ်စသာ…။”

တကယ်တော့ တစ်ချောင်းတည်းနဲ့ လူနှစ်ဦးကို ချိတ်ဆက်တွယ်ငင်ထားတဲ့ ကြိုးတစ်စ ဖြစ်မယ်ထင်ရဲ့...

ချစ်ခြင်းမေတ္တာ... နားလည်ယုံကြည်မှု.. ပေးဆပ်မှုတွေနဲ့ ထားကြတဲ့ သံယောဇဉ်တွေ မြင်နိုင်ကြပါစေ..
ခံစားကြည်နူး ပျော်ရွှင်နိုင်ကြပါစေ...

စိတ်ကူးယဉ် ရေးဖွဲ့ထားတယ် ဆိုပေမဲ့.. ပေးဆပ်သူတို့ နှလုံးသားကို လှပ်ခနဲ ဖော်ပြသွားတာ.. ဇာတ်ကောင်တွေ လွဲပီး ဖတ်သွားပါတယ် (ဘယ်သူနဲ့ ဘယ်သူလဲ လာမမေးနဲ့.. အသေသတ်.. မဖြေဘူး)

ချစ်ညီ မျောက်ငို ကို

ချစ်ခင်စွာဖြင့်

ကိုမောင်ဟန်
လုပ်တယ်ဟ အဲ့ဂလိုကြီးမလုပ်သင့်ပါဘူးဂျာ......... အချင်းချင်းတွေပဲ အဲ့လိုတော့ မကောင်းပါဘူးးးးး ထဲ့ကြီးတော့ မဖဲ့ကောင်းပါဘူးးးးးးးးးး)

ရုပ်တည်နဲ့ မုန့်တီ လုပ်စားသွားတယ်

ဝန်ခံချက်

စိတ်ကူးသက်သက်မျှသာ...။



လေးစားလျက်
တောင်ပေါ်သား
ပြုံး၍ဖတ်သွားသည်။ :)
sweetpeony said…
ဝန်ခံချက်

စိတ်ကူးသက်သက်မျှသာ...။
ဟုတ်လို့လား ကိုကြီးစိန်......
း))))
ဒီတခါ ၁ မဟုတ်တော့ပါလားးးး
ဘယ်တုန်းက တင်လိုက်မှန်း မသိလိုက်ဘူးးး
ZT said…
ဝန်ခံချက်
စိတ်ကူးသက်သက်မျှသာ...။

ဒါပေမယ့် မျက်လုံးထဲမှာတော့ ကွင်းကနဲ ကွက်ကနဲပဲ။:D
Anonymous said…
အရေးအသားလေးက ကောင်းလိုက်တာ
အဖွဲ့အနွဲ့လေးက ညက်နေတာပဲ
ကဗျာလေးတွေကိုလည်း သူ့နေရာနဲ့သူ အစပ်အဟပ်တည့်အောင် ထည့်သွားလိုက်တာ..
ဇာတ်ကောင်စရိုက်တွေကလည်း ကွင်းကွင်းကွက်ကွက်
ဇာတ်လမ်းလေးကလဲ နင့်သွားတာပဲ
စိတ်ကူးလေးကလည်းကောင်း..
တော်လိုက်တဲ့ ၀တ္ထုရေးဆရာ..
Anonymous ရေးသွားတာ ထောက်ခံပါတယ်ဗျို့.............
ဘာပြောရမှန်းတောင် မသိတော့ဘူး
ဖတ်ပြီးလည်သွားတယ်
:D
ရေတမာ said…
ဆောင်းဆောင်းဖက်က ရှိနေတယ်။ ဒါပေမယ့် မောင်ဆောင်း ပျော်မှာပါ။ အကုန်လုံး ပျော်မှာပါ။
MANORHARY said…
that's why you wanna meet Freyja ?? :)
ကောင်းလိုက်တာ ရေးသွားတာ..အဖြစ်အပျက်တွေကို ဇာတ်ကောင်နဲ့ တွဲပြီး ဖတ်သွား၏...:))))))

ခင်မင်ခြင်းများနှင့်
တလနွန်
Anonymous said…
ဒါက
တကယ် လားး ..
အဟုတ် လားး ..
အတည် လားး ..
ညီမလေး ဆောင်း ရဲ့
ယောင်းမ က
ဘယ်သူ ပါလဲ ... ?
သို့လော .. သို့လော.. မလုပ်ပါနဲ့ ..!

တိုကြီး ဆောင်းရဲ့ ညီမလေး
ဆောင်းနှင်းရွက်
ဒီလိုနဲ့ပဲ စတွေ့ကြတာပဲ
ဓါတ်တိုင် နဲ့ မခိုင်
စာဥနဲ့ သာဓု

:)
အိန္ဒြာ said…
း)
စိတ်ကူး အကြီး အကျယ် နှစ်ပိသာ လောက်ကြီးကို ယဉ်သွားတယ်.......

ဟိ

(ဘယ်လိုစိတ်ကူးယဉ်တာလဲ ဘာမှလာမမေးနဲ့ .... အသေသတ် မဖြေဘူး)
ဆောင်းရေ ရရင်ရ မရရင်တော့ ရိုက်လုကွာ ...
ကြာတယ် ......
ဆောင်းရေ ရရင်ရ မရရင်တော့ ရိုက်လုကွာ ...
ကြာတယ် ......
Julian said…
Freyja နဲ့မြန်မြန်တွေ့ပါစေ........

မဂျူ
Anonymous said…
မောင်ဆောင်းလေး ကံကောင်းပါစေဗျာ...။
Phyo Maw said…
ဆိုင်တော့မဆိုင်ဘူး သူများတွေ ပြောတော့ ဝင်ပြောရဦးမယ် =D

ကိုသီဟသစ် လမ်းစဉ် မလိုက်မိပါစေနှင့်
၃ နှစ် ၃ မိုး

jie jie နေခြည် လိုလဲ မဖြစ်ပါစေနှင့်
၇ နှစ် ၇ ရက်

အဲလိုတွေ အဲလိုတွေကို
တကယ် pm ဘာဆို ဘာမှ မသိပါ။
ပိုစ်ရေးတဲ့လက်တွေက တယ်ဟုတ်ပါလား ကိုဖိုးစိန်ရ.. စာရေးသားတွေ ကောင်းသလို.. ဇါတ်တွေတောင် နိုင်နေပြီပဲ..
noblemoe said…
ဖူးစာမှန်ရင်မလွဲဖူးတဲ့ 
သာယာချမ်းမြေ့ ပါစေနော်
မိုး
noblemoe said…
မေ့ လို့ ဆောင်းဆောင်း ဇွဲကောင်းမှုကြောင့် ဇွဲဆုရပါစေ။

Popular Posts