အကျဉ်းအကြပ်ထဲက ချစ်ခြင်းအား
ရင်ထဲမွတ်သိပ်ကြိတ်မှိတ်ခံစား
နားလည်မှုအလွဲလေလား
ခံစားတတ်မှနားလည်မတဲ့လား
ကြင်နာတရားကင်းဝေးမှုများ
ပူလောင်ခံစား ခါးသီးနာကျင်နေလား
ဝမ်းမနည်းလိုက်နဲ့တအား.....ဒါစာနာတတ်မယ့်အား.....။
ဒါတွေကိုရင်မှာမှတ်သား
နောင်ဆုံကြုံလာမယ့်ဘဝများ
သူလဲဆုံကိုယ့်လိုပုံအဖြစ်မျိုးများ
ဒီတစ်ခါနားလည်မှုထား
နှစ်သိမ့်ပေးလိုက်ပါတအား....ဒါအလိုအပ်ဆုံးသောအား...။
ငြိမ်းချမ်းလာမယ့်ပုံရိပ်များ
ပျော်ရွှင်စရာအချိန်များ
လှပလာမယ့်အနာဂတ်များ
အပြုံးချင်းပြိုင်ပိုင်ဆိုင်ချင်သလား
ဒါဆိုရင်မှာအစဉ်သာထား
ချစ်ခြင်းများနဲ့တစ်တပ်တစ်အား
တစ်ဘဝလုံးအတွက်ပေးဆပ်လိုက်ပါတအား...ဒါကိုယ်ချင်းစာတရား....။
အကျဉ်းအကြပ်ထဲက ချစ်ခြင်းရဲ့အား.။
အကျဉ်းအကြပ်ထဲကအား...။
(ဘာရယ်မဟုတ်ပါဘူး ပထမတော့ပိုစ့်အသစ်တင်မလို့ပါပဲ
ကိုယ့်ညီလုပ်သူကိုရဲလေးစိတ်ဓာတ်ကျနေတာကိုမကြည့်ရက်စိတ်မကောင်းလို့
ဒီကဗျာလေးကိုတင်မိတာပါ
ကဗျာလေးနဲ့ဆိုင်ချင်မှဆိုင်မှာ ဒါပေမယ့်ရေးဖြစ်သွားတာပါဗျာ)
ပုံကို(yahoo)ကနေရှာယူထားပါသည်
ဖိုးစိန်
Comments
ရင်ထဲမွတ်သိပ်ကြိတ်မှိတ်ခံစား
နားလည်မှုအလွဲလေလား
ခံစားတတ်မှနားလည်မတဲ့လား
ကြင်နာတရားကင်းဝေးမှုများ
ပူလောင်ခံစား ခါးသီးနာကျင်နေလား
ဝမ်းမနည်းလိုက်နဲ့တအား.....ဒါစာနာတတ်မယ့်အား.....။
ဒါလေးကို ပိုသဘောကျပါတရ် ။ ကျေနပ်ပါတရ်အစ်ကို ။ ကျေးဇူးလည်းတင်ပါတရ် ။
(ကိုရဲ)
စိတ်အကျဉ်းအကြပ်ထဲကနေ သက်သာရာရစေပါတယ်
ခင်တဲ့
မကြီး
ဒီလိုမိတ်ဆွေကောင်းတွေ ရှိနေလို့ ကမ္ဘာကြီးက ပိုပြီး သာယာလာတယ် ...
မောင်ရဲ အဆင်ပြေပါစေ။
သင်္ကြန်ပို့စ်လေးတွေ တင်ဦးလေ.
မကြည့်ရသေးဘူး။
ကျနော့်စိတ်ထဲ တစ်ခုခုတော့ကျန်ခဲ့တယ်။ ဘာတစ်ခုခုလဲတော့သိဖူးရယ်။ ကိုရဲကိုလဲမန့်ခဲ့တာပဲ။ ကျနော်က သိပ်နားမလည်ဝူးအကိုရ။ ကျနော်က အချစ်အကြောင်းကို သင်ရဦးမယ်ထင်ပါ့။ အဟက်။
ရေးပေးတဲ့သူရော.. အရေးပေးခံရတဲ့သူပါ.. အဆင်ပြေပါစေဗျို့...
သီချင်းဖြစ်မယ်ထင်တယ်...
သီချင်းရေးဆရာ "တက္ကသိုလ် ဖိုးစိန်" ဆိုပြီး ဖြစ်ဖြစ်
"တေးရေးသေးစို ဖိုးသင်းမျောက်" ဆိုပြီး ဖြစ်ဖြစ်
ဂီတစာဆို "ဖိုးစိန်လေး" ဆိုပြီးတော့ ဖြစ်ဖြစ်ပေါ့...
းဝ)
ကောက်ထား... ပျောက်သွားမှဟုတ်ပေ့ဖြစ်နေမယ်....။
ဘ၀ဆိုတာ ဒီလိုပဲ နိမ့်တခါမြင့်တလှည့် နဲ့ဒါမျိုး
နောင်ခံစားချင်ပါတယ်ဆိုတာတောင် ပြန်ရမှာမဟုတ်ဘူးဗျ ဒီတော့ မြိန်မြိန်ကြီးသာခံလိုက်... ရှောင်ရှားလို့မရမဲ့ အတူတူတော့ မထူးဘူးလေ.. အတွေပအကြုံလေးလဲ ရသွားတာပေါ့ဗျာ..
ဟုတ်ဘူးလား
သီးသန့် ညီအတွက်လုပ်ပေးပါ
ငရဲ ကြေကွဲနေတာကို အနော့ အရက်တစ်လုံးသွားပေးထားတယ်
အကိုစာလေးနဲ့ ဖက်လိုက်တော့ သီချင်းတောင်ဆိုစရာမလိုဘူး
အရက်လေးတစ်ခွက်သောက်လိုက် စာလေးတစ်ကြောင်းဖတ်လိုက်နဲ့ ညီတော့ဟုတ်နေပြီ
အကိုရေ ဒါမျိုးလည်းရတယ်နော် မထင်ရဘူး
အကိုတော်ရကျိုးနပ်လိုက်တာ
စိတ်ချ ညီမကို စောင့်ရှောက်ပေးမယ်