ပထမရတဲ့နှစ်သိမ့်ဆု
မှတ်မိတာ တစ်ခုကို ပြောပြမလို့ပါ
အရွယ်အားဖြင့် ကျနော်နှစ်တန်း တက်နေတဲ့အချိန် အဲဒီတုန်းကတော့ ကျနော့်ကို အဖေတို့က စိတ်ပူလို့(ကျမ်းမာရေးချုချာတဲ့အတွက်) အိမ်နဲ့နီးတဲ့ ရပ်ကွက်က မူလတန်း ကျောင်းမှာထားတယ် အဲဒီအချိန် အဖေက ရပ်ကွက်မှာ လူကြီးဖြစ်နေပြီး ရပ်ကွက်လူကြီး ကတော်ဖြစ်တဲ့အမေလဲ အလိုလိုနေရင်း ကျောင်းသားမိဘ ဆရာအသင်းမှာ ဥက္ကဌရာထူး ခန့်ခြင်းခံရတာပေါ့
တစ်နေ့တော့ ဆရာမလုပ်သူက အိမ်စာစာအုပ်မှာ အိမ်စာတွေ ပေးရင်းနဲ့ မိဘများသိစေရန်ဆိုပြီး မနက်ဖြန်နေ့လည် (၁၁)နာရီတိတိမှာ ကျောင်းသားမိဘ အစည်းအဝေး ရှိသည်ဆိုပြီး ကျောက်သင်ပုန်းမှာ ရေးပေးတာကို ကူးပြီး အမေ့ကိုပြဖို့ မှာပါတယ်... နောက်တစ်နေ့မှာ အမေလဲ ကျောင်းသားမိဘ အစည်းအဝေးကို သွားပြီး ကျောင်းကပြန်ရောက်လာတဲ့ ကျနော့်ကို“သားစိန်လေး ကျောင်းမှာ ကဗျာပြိုင်ပွဲ ကျောင်းကပွဲလုပ်မယ်.. အဲဒါသားစိန်လေးကို ကဗျာဆိုပြိုင်ခိုင်းမယ်”ပြောတော့ ကျနော်ကငြင်းတယ် မပြိုင်ချင်ဘူးပေါ့ အမေက ”သားစိန်ရယ်ဝင်ပြိုင်ပါ သားစိန်ကို ပထမပေးဖို့ ဆရာမကို ပြောထားပြီးပြီး ကိုယ့်အဖေက လူကြီးပဲ ငါ့သားပထမရမှာပေါ့” လို့ပြောတော့ ကျနော်စိတ်ဝင်စား သွားတယ်လေ ပထမရရင် မဆိုးဘူးပေါ့ တကယ်တော့ အမေက ကျနော်အမြှောက်ကြိုက်မှန်းသိလို့ ပထမရမယ် ဘာမယ်နဲ့ ညာပြောတာလေ ကျနော်လဲအားတွေတက် စိတ်တွေမာန်တွေ တက်ပြီး ကဗျာပြိုင်မယ် ပြောလိုက်တာ
အမေ ကိုယ်တိုင် ရွေးပေးတဲ့ကဗျာလေးက “တို့ပြည်ထောင်စုအလံ”တဲ့ အဲဒီတုန်းက တေဇစာအုပ်မှာ ပါတဲ့ကဗျာလေး ကဗျာပြိုင်ဖို့ အတွက်လုံချည် တိုက်ပုံအကျီင်္ မောက်ကျက်သရေ ခေါင်းပေါင်းနဲ့ အလံတစ်ခုကို အမေက စီစဉ်ရတယ် မောက်ကျက်သရေ ခေါင်းပေါင်းက အဖေကိုယ်တိုင် ကြိမ်နဲ့ခေါင်းပုံစံ တိုင်းလုပ်ပေးတာ ဒါပေမယ့် ကျနော့်ခေါင်းနဲ့ နည်းနည်းကြီး နေတော့ ချောင်ကျိကျိ ဖြစ်နေတာ ပုဆိုးကတော့ အဖေရဲ့ ဘန်ကောက်ပုဆိုးကို ဖြတ်ချုပ်တယ်ဆိုလားပဲ (ကျနော်တော့မမှတ်မိဘူးလေ) တိုက်ပုံနဲ့ ဆိုတာတော့ မှတ်မိနေတယ်
အဲဒီကဗျာမှာ သရုပ်ဆောင်ကွက် တွေပါတယ်
မှတ်မိသလောက်ပေါ့
စင်ပေါ်ရောက်ရင် နာမည်ကိုမိတ်ဆက်မယ် ဘယ်အတန်းမှာ ပညာသင်နေလဲပြောမယ် အခုရွတ်ဆိုပြမယ့် ကဗျာနာမည် ကိုပြောမယ်ပေါ့...ပြီးရင် ညာဘက်ကို ခြေလှမ်းသုံးလှမ်းလှမ်း ဘယ်ဘက်လက်သီးကိုဆုပ် ညာဘက်လက်နဲ့ အလံကိုကိုင်မြှောက်ပြီး ဒါငါတို့အလံ ခေါင်လေးမော့ပြီး မာန်ပါပါ အော်ရမယ်...ပြီးရင် ဘယ်ဘက်ကို သုံးလှမ်းလှမ်း ညာလက်သီးကိုဆုပ် ဘယ်ဘက်လက်ကနေ အလံကိုကိုင်မြှောက် ”ဒါငါတို့ပြည်ထောင်စုရဲ့အလံ”
ပြီးရင်အလယ်လာ ဆိုသမျှ တိုင်းကို ခြေဆောက်ပြီး အားမာန်ပါပါဆိုရတဲ့ကဗျာ
မှတ်မိသလောက်ကဗျာက
ဒါငါတို့ အလံ
ဒါငါတို့ပြည်ထောင်စုအလံ
စပါးနှံစက်သွား ဒါငါတို့ရဲ့အား
အရွယ်တူကြယ်ဖြူ၁၄လုံးဝန်းရံထား
ပြည်နယ်နှင့်တိုင်းကိုယ်စား
ရဲ့ရင့်တဲ့ငါတို့ သွေး
ဖြူစင်တဲ့စိတ်ဓာတ်နဲ့
ငြိမ်းချမ်းတဲ့နံမိတ်ပုံဆောင်
ငါတို့ရဲ့အလံကိုထောင်
ကမ္ဘာတည်သရွေ့မပျက်ပေါင်
(ကဗျာက ကျန်သေးမယ်ထင်တယ်... ကျနော်စိတ်ထဲစွဲကျန်သလောက်ပါ)
ဒီလိုနဲ့ နေတိုင်းအမေက သေချာစနစ်တကျ လေ့ကျင့်ပေးပါတယ် အဖေရော အမေရောက “ငါ့သားတော်တယ် သေချာတယ် ငါသားက ပထမရမှာ အသံကလဲကောင်း မာန်ကလဲပါ”ဆိုပြီး အားတွေပေးတာ.. နဂိုက မြှောက်ရင် တက်အောင် ကတဲ့သူဆိုတော့ ပီတိတွေဖြစ်ပြီး နေ့ရောညရော ဒီကဗျာဆိုနေတာပဲ ဘယ်သူလာလာဆိုပြ သရုပ်ဆောင် ပြရတာအမော
ဒါနဲ့ ကဗျာပြိုင်ပွဲ ညနေရောက်လာတယ်ပေါ့ ပျော်ပွဲရွှင်ပွဲ ကျောင်းသားမိဘ တွေ့ဆုံပွဲဆိုတော့ လူတွေအများကြီး လာကြတယ် ကျောင်းရှေ့မှာ ပွဲစင်ထိုးပြီး အောက်မှာလူကြီးတွေက ထိုင်ခုံတွေနဲ့ထိုင် ဘေးကနေ ကြည့်နေတဲ့ သူတွေကလဲ များသားလား...
ပွဲစခါနည်းတော့ ကျနော် လူအုပ်တွေကို ကြည့်ပြီး မျက်စိကလည်ကလည် လုပ်နေတော့ အဖေလုပ်သူက ”သားစိန်လေး မကြောက်နဲ့ ဒီကောင်တွေအားလုံးက အဖေ့တပည့်တွေ သူတို့ကို ကြောက်စရာမလိုဘူး ကိုယ့်ကဗျာကို ကိုယ်ဆို သူတို့မိုက်ရင် အဖေ့လက်သီးစား ကျွေးမယ်တဲ့လေ”... အမေလုပ်သူကတော့ ”သားပထမရမှာ အမေတို့ ဒိုင်လူကြီးကို ပြောထားပြီးပြီး စင်ပေါ်ရောက်ရင် မမေ့နဲ့သင်ထားတာ အကုန်လုပ်”ပေါ့ ကျနော်လဲ ခေါင်းတညိတ်ညိတ်နဲ့..ဒါနဲ့ ကျနော့်အလှည့် ရောက်တယ်... ကဗျာဆိုဖို့ စင်ပေါ်ကြွပါဆိုတော့ ကျနော်လဲ စင်ပေါ်ကို တက်သွားတယ်... ပထမတော့ကြောက်တယ် စင်အောက်မှာ အဖေတို့ မျက်နှာကိုမြင်တော့ အားလုံးက အဖေ့တပည့်တွေ လို့စိတ်ထဲမှာမှတ်ပြီး မိတ်ဆက်စကား ပြောတယ် မာန်တွေ မုတွေလဲဝင်သွားတယ်လေ... ကိုယ်ကိုယ်ကိုလဲ ငါတော်ပါလားပေါ့...
ကဗျာလဲ စဆိုမယ်လုပ်လို့ ညာဘက်ကို ခြေလှမ်းအလှမ်းမှာ လေကအတိုက် မောက်ကျက်သရေ ခေါင်းပေါင်းက သုံးလေးပြန်လောက်လွင့်သွားတာ အဲဒါကိုကောက် မလို့အသွား ပုဆိုးစကိုနင်းပြီးတော့ ပုဆိုးက ကျွတ်သွားပါလေရော ဒါနဲ့ပုဆိုးကို ပြန်ဝတ်မတတ်လို့ပုဆိုးစကိုဆွဲပြီး ခေါင်းပေါင်းကို ရှက်ရှက်နဲ့ သွားကောက်တော့ အောက်ကနေ တဝါးဝါး ဆိုပြီးပွဲကျတာပေါ့ ကျနော်ရှက်ရှက်နဲ့ “နင်တို့ ငါ့အဖေတပည့်တွေ ဘယ်သူမှမရီကြနဲ့ ငါ့အဖေ လက်သီးစားမိလို့ သေသွားမယ် ဘာမှတ်လဲ” ဆိုပြီး ငိုပြီးပြော ပြီးတော့ ရှက်ရှက်နဲ့ ကိုင်ထားတဲ့ ပုဆိုးကိုချွတ် ပုဆိုးတွေ အလံတွေ ခေါင်းပေါင်းတွေနဲ့ ရှေ့ကဒိုင်လူကြီး ဆရာမတွေကို ကောက်ပေါက်တာပေါ့ အဲအခါမှပိုရယ်ကြတာ... ဒါနဲ့ အမေလဲစင်ပေါ် တက်လာပြီး ပုဆိုးကို တောင်းပြီးပြန်ဝတ်ပေး ပြီးတော့ အစကနေ ပြန်စခိုင်းတယ် “ငါ့သား လုံးဝမရှက်နဲ့ ပြီးအောင်ဆို” ဆိုလို့ အငိုတိတ်ပြီး ရှိုက်သံနဲ့ နှပ်သံနဲ့ ဆိုရတာပေါ့ လေ့ကျင့်ထား သလောက်တော့ ဘယ်ကောင်းမလဲ ပြီးတော့ အောက်က ရယ်တဲ့သူတွေကို ကဗျာဆိုလို့ ခြေထောက် ဆောက်တိုင်း မျက်စောင်းကလည်း ထိုးသေးဗျ ဒီလိုနဲ့ပဲ ကဗျာလေးပြီးသွားပါတယ် ရယ်တာကတော့ မရပ်ကြဘူးလေ
ဆုလဲပေးရော ကျနော့်နာမည်ကိုခေါ်ပြီး နှစ်သိမ့်ဆုပါတဲ့ဗျာ
ကျနော်လဲ အဲဒီအခါကျမှ ဝမ်းနည်းပြီး အော်ငိုပါလေရော အမေ့ကိုလဲ ကန်ကျောက်ပြီး “အမေပြောတော့ ပထမရမယ်ဆို ဆရာမကို ပြောထားပြီးပြီးဆို အဖေလူကြီးကို ကြောက်ကြတယ်ဆို အမေတို့က လူလိမ်တွေ ဆရာမတို့လူလိမ်တွေ ပထမပဲ ယူမယ် ပထမ ကိုပေးဆိုပြီး” ငိုတာ အဲဒီအခါကျမှ တကယ်ဝမ်းနည်းပက်လက် တကယ့်အကြီးအကျယ် ပဲတဲ့လေ ဘေးက လူတွေကလည်း အရယ်မတိတ်ဘူး တဝါးဝါးနဲ့ ကျနော်ငိုပြီး ဖော်ကောင် လုပ်နေတာကို သဘောကျနေတာ အဲဒါနဲ့အမေ့ အကူအညီနဲ့ ဆုကိုပြန်ကြေငြာ ပေးရတယ်
“မောင်ဖိုးစိန် ပထမ နှစ်သိမ့်ဆုကို ယူရန်စင်မြင့် ပေါ်သို့ကြွပါ” ဆိုမှမကျေမနပ် နဲ့ဆုတက်ယူခဲ့တာ
အမှတ်တရပေါ့... အဖေကတော့ သတိရတိုင်း ပြောလို့မဆုံးပါဘူး အိမ်လာသမျှ လူကိုလဲ ပြောလိုက်တာ... အဲတုန်းက ရိုက်ထားတဲ့ငိုမဲ့မဲ့ မကျေမနပ် မျက်နှာကိုထုတ်ကြွားရတာအမော
ပုံကဟောင်းနွမ်း နေပေမယ့် အမေကသိမ်းထားတုန်း အခုချိန် အိမ်သွားလည်း အဖေပြောပြပါလိမ့်မယ်
အဖေက ပြောပါတယ် သားစိန်ရေ..မင်းမွေးလာမယ့် သားသမီးတွေကို မင်းဆိုးကြောင်း မင်းဗရုပ်ကျကြောင်း မင်းခေါင်းမာကြောင်းတွေ မင်းမကောင်းကြောင်းတွေကို ပြောခွင့်ရချင် ပါသေးတယ် အဲလိုအားရပါးရ ပြောရမယ့်အချိန်ကို စောင့်နေတယ်တဲ့လေ
အဖေ့ ဆုတောင်းလေးပြည့်မှာပါဗျာ...
ရခဲ့ဖူးတဲ့ပထမနှစ်သိမ့်ဆု ကတော့ အမှတ်တရပေါ့လေ

Comments
နင့်ထက်ဦးတယ် ဘာမှတ်လည်း
စောင့်နေတာ ပြီးမှပြန်လာမယ်စောင့်နေ
အဟီး ဖတ်လိုက်မယ်
ခုကနေရာလာဦးတာ
နေဒေးသစ်က မဆိုစလောက်လေးနောက်ကျတာပါ
မငုံထက်အရင်ဦးအောင်လာတာ အဟီး
အမ် ပြောနေတာနဲ့ ဆိုလိုတာပျောက်သွားပြီ အဟီး
ကဗျာလေး ကို ကြိုက်တယ် အကိုရ
ဆိုလိုရင်းလေးကို ထိထိမိမိ စပ်ထားတာလို့ ခံစားမိတယ်
ဒါငါတို့ အလံ
ဒါငါတို့ပြည်ထောင်စုအလံ
စပါးနှံစက်သွား ဒါငါတို့ရဲ့အား
အရွယ်တူကြယ်ဖြူ၁၄လုံးဝန်းရံထား
ပြည်နယ်နှင့်တိုင်းကိုယ်စား
ရဲ့ရင့်တဲ့ငါတို့ သွေး
ဖြူစင်တဲ့စိတ်ဓာတ်နဲ့
ငြိမ်းချမ်းတဲ့နံမိတ်ပုံဆောင်
ငါတို့ရဲ့အလံကိုထောင်
ကမ္ဘာတည်သရွေ့မပျက်ပေါင်
အကိုဆိုလိုချင်တာက သဘောတစ်မျိုးနော်
သိနေတယ် ယောက်ဖခြင်းဆိုတော့
ငယ်ဘဝ အကြောင်းကို ဟာသနှောပြီး
ပြောချင်တာကို ကဗျာလေးထည့်သွားတယ်
ညီယောက်ဖလေး မူးနေလို့ တွေးမိတာ
မူးကြောင်ရူးကြောင်အတွေးဖြစ်ပါတယ်
အတင်းကို ကားပြာထဲပို့ ပေးမလို့ ပါ
လုံခြုံအောင်အစောင့်တွေနဲ့ လိုက်ပါစေမယ်
တံခါးကိုသော့ခတ်လို့ ဘော်ဒီဂတ်တွေနဲ့ လေ
အဟား
ပြောချင်တာပြောသွားတာနော် ချစ်ကိုကြီးရေ
တော်သေးတယ်.မြူးပထမ
မရတားးးးးးးးးးးးး
(ကိုရဲ)
တော်သေးတယ် ၂တန်းကျောင်းသားဆိုတော့ .. :P
ဖတ်ရတာ မြင်ယောင်လာတယ်..
ငယ်ဘဝနော်.. ပျော်စရာတွေ.. အလွဲတွေနဲ့..
နှစ်သိမ့်ဆု ဆိုတာလည်း ဆုတော့ ဆုပါပဲ..
စိတ်ဓါတ်မကျနဲ့ အခု ဘာပဲလုပ်လုပ် ပထမ ရအောင် ပြန်လုပ်..း)
ဒီခေတ်မှာ သာ ဆိုရင် ပထမ ချုပ်မှူးကြီးဆု ပြေးမလွတ်ဘူးဟေ့ ....
ပုံ/ ဆရာပြာ
ဒါကြောင့် ကိုဖိုးစိန်တို့က ပထမမှ ပထမ ဖြစ်နေတာကိုး
ခုမှသိတော့တယ်
ငယ်ငယ်တည်းက အကျင့်ကိုး .. :D:D
ပုဆိုးကျွတ်လို့ 
၈ တန်း ။ ၉ တန်းမှဆိုရင်တော့..................
း)
ခင်တဲ့
ဝသန်မိုး
ဖိုးစိန်က တော်ပါသေးတယ်။
မအယ်က တစ်ကယ် ပထမရပြီး လူကြီးသမီးကို ပေးရမှာမို့ သမီးက တတိာ ဆုပဲယူတဲ့။
မအယ် ဆု တက်မယူလို့ ကျောင်းအုပ်တွေရော ဆရာဆရာမတွေရော အိမ်လာပြီး အတင်းခေါ်ကြတယ်။
ဆုလည်းယူပြီးေ၇ာ တစ်ကယ်ရတာ ငါပါ ဆရာတွေက ဘယ်သူ့ သမီးကို လူကြီး သမီးဆိုပြီးပေးလိုက်တာပါဆိုပြီး မြို့ ပတ် အော်ပေးလိုက်တယ်။
ရီရတယ်။ သူနဲ့ တက္ကသိုလ်ရောက်တော့ တစ်ကျောင်းထဲ ပြန်ဆုံသေးတယ်။
မအယ်က ဖိုးစိန်လိုတော့ ပုဆိုးကျွတ်မကျဘူး
ဝတ်ထားတဲ့ပုဆိုးကကျွတ်
ခေါင်းပေါင်းကလည်း လေတိုက်လို့ လွင့်
ငိုတော့ နှာရည်တွေယိုလို့ 
ရှက်ရှက်နဲ့ ကုန်းအော်
(ဒီလိုနဲ့ ပဲ ပထမရတဲ့ နှစ်သိမ့်ဆုကို ရသွားတာပေါ့)
လူကြီးသားကွ...ငါအဖေတပည့်တွေကြီးပဲ ဆိုပြီး
မာန်တင်းပြီး ကဗျာရွတ်နေပုံကိုလည်း သဘောတော်ကျသွားပါကြောင်း။
ခင်မင်ခြင်းနှင့်
တလနွန်
ခင်မင်လျှက်
မကြီး
I wanna see this cute photo of you.
Your writing style is so nice.
ုပုဆိုးကျွတ်ကျလို့ 
သူစိုးရိမ်
နှစ်သိမ့်ဆု
ပေးသော်ငြား
ပထမ မရလို့ 
သူငိုထား
ပြန်ပြောင်း ကြော်ငြာ
ပထမပါ
ဒါမှ အငိုတိတ်သွား။
ဟီးဟီး ဘယ်လို ပုံဖြစ်နေမယ် ဆိုတာတွေးမိပါရဲ့။
ဘာတက်အောင်ကတာလဲ?
တခုခုပဲ ဘာလဲမသိလို့ ပြောပြပေးပါနော်။
အဲ့ဒါရှင်း အဲ့ဒါရှင်းမှ ရီနိုမာန် ဆိုတာဘာလဲ လို့ ပြန်ရှင်းပြမယ်။
ချစ်သယ်ရင်း
ရီနို
လေးစားလျက်
တောင်ပေါ်သား
နဂိုက မြှောက်၇င်တက်အောင် ကတယ်ဆိုတာ ဘာ တက်အောင်ကတာလည်းဟင်
မတိရို့ ဘာ
ဘာပဲဖြစ်ဖြစ် သားသမီးကို လူတောတိုးရဲတဲ့စိတ်
သတိံ္တရှိရှိဖြစ်စေချင်တဲ့ ကိုဖိုးစိန် မိဘတွေရဲ့ လုပ်နည်း လုပ်ဟန်လေးက အတုယူစရာပါပဲ..
ခိုးပြီးဖတ်ပါတယ်ဆိုမှ အော်ရီမိလို့ လူမိသွားတယ်။ ဟီးဟီး။
အဲလိုကို ရီပစ်လိုက်တယ်။
သူ့ အလှည့်ကျမှ ပေါက်ပေါက်ရှာရှာတွေပဲ ကြားရတယ်...
ပထမနှစ်သိမ့်ဆုတဲ့...
လူကြီးတွေကလဲ ကလေးကို ဘာကြောင့် ညာရတာတုန်း.. အဲဒါကြောင့် လူကြီးတွေမကောင်းဘူးလို့  ပြောတာ...
ယူရန် ဆင်မြင့်ပေါ်သို့ တက်ရောက်ပါရန်
ကိုဖိုးစိန်အား ဖိတ်ခေါ်ပါတယ်။
ဖျောင်း ဖျောင်း ဖျောင်း (ခုံ ရိုက်ချိုးသံ မဟုတ်ပါ။)
ခင်တဲ့ ညီလေး
ဖိုးဂျယ်
ဟတ်ဟတ် ဖိုးစိန်လေးကတော့ မပြောတော့ပါဘူး. ;D
ခင်မင်စွာဖြင့်
သီဟသစ်..