ချစ်ခြင်းတည်ရာ

ခရမ်းပြာ ကောင်းကင်ရဲ့အောက်
မှိုင်းညို့ညို့တိမ်ပျိုတွေကို ငေးလို့
ညင်သာငြိမ့်ညောင်းစွာ စီးဆင်နေတဲ့မြစ်ပြာပြာတစ်စင်းက
ကျုပင်တွေ ကြားနစ်မျောသွားဖို့ အဆင်သင့်ပေါ့…။

ဆာလောင်မွတ်သိပ်တဲ့ အချစ်တွေမှာ
အဆုံးမသတ်တဲ့ နာကျင်မှုတွေ လိုအပ်လိမ့်မယ်ဆိုရင်…
သွေးထားတဲ့သင်တုံးဓားက
ငါ့ရဲ့ ဝိညာဉ်တွေကို သွေးထွက်သံယို ဖြစ်စေတော့မယ်။

ဘယ်တော့မှ အသက်ရှင်ဖို့ မကြိုးစားတဲ့
တုန့်ပြန်မှုမဲ့ စိတ်ဝိညာဉ်ကလဲ
သေဆုံးမှာကိုကြောက်နေမိတယ်..

ရှည်လျားလှတဲ့ ညတွေမှာ လမ်းကျဉ်းလေးတစ်ခု
အထီးကျန်တာ ဆန်းသလား...
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...

တစ်ခါတစ်ရံ ခေါမ စစ်ချီသံကို ကြားရသလိုလို...
တစ်ခါတစ်ရံ သိုသိပ်စွာ ထွက်ပေါ်လာမယ့်
ပန်တျာ ဘုရင်မရဲ့ စည်သံကနားစည်ဝကိုရောက်လာသလိုလို...

ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ထပ်မရမယ့် အိပ်မက်ချိုချိုက
နိုးထဖို့ကို ကြောက်မိပြန်တယ်…

ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…


နှင်းခါးဖြူဖြူတွေ တစ်ဆုပ်တစ်ခဲ ကျတဲ့ ဆောင်းရာသီမှာ
လဲလျောင်းနေတဲ့ မျိုးစေ့လေဟာ
နွေးထွေးတဲ့ နေရောင်ခြည် ရဲ့ ချစ်ခင်ယုယမှုအောက်
နွေဦးရာသီမှာ
ပန်းလေးတပွင့် ဖြစ်လာမှာပါ။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
1111111111111111
မြူး
Anonymous said…
ဟီးးးးးးးးးးးးးးး
သွားဖတ်ပြီ
၁ရတယ်နော်
၂ ပါ
ပန်ထွာရယ်
ဟိးဟီး
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...


အရမ်းလှတဲ့ အဖွဲ့လေးပဲ...

မျောက်မျောက်ရေ....
ပန်းလေးက...!! ဒူလေး...!!

မျောက်မျောက်လေးရဲ့ ရင်ခွင်ရာသီမှာ ပွင့်ဖူးစေချင်တဲ့ ပန်းလှလှလေး တစ်ပွင့် ငွါးငွါးစွင့်စွင့် အမြန်ဆုံး ပွင့်ပါစေသား....

with love...
d said…
အင်း ...ဖတ်သွားတယ်
Dream said…
ချစ်ချစ်ချစ်တဲ့မောင်က မောင်ချစ်တဲ့ချစ်ချစ်ကို ရေးပေးတာ မောင်ချစ်တဲ့ ချစ်ချစ်က ချစ်ချစ်ချစ်တဲ့မောင့်ကို ကျေးဇူးတင်ပါတယ်။

ပေးနေကြ အာဝါးးအကြီးကြီး ပေးလိုက်မယ်နော်...

ချစ်လွန်းလို့ ချစ်လွန်းလို့.....

အာကြီးကြီးရေ ၀ါးး အာဝါးးး

:P

ချစ်ချစ်ချစ်တဲ့မောင်
မောင်ချစ်တဲ့ချစ်ချစ်
မေဇင် said…
ကဗျာ လေး...
ဖိုးစိန်ရေ ကဗျာကောင်းလေး ဖတ်သွားတယ်ဗျာ
:).. အခုတလော ဘာတွေခံစားနေတာတုန်းဗျာ...
MANORHARY said…
ချစ်ခြင်းတည်ရာ ကဗျာလေး ဖတ်သွားပါတယ်။
ကိုကြီး
ကဗျာလေး လာအားပေးသွားသည် ။

လေးစားစွာဖြင့်
ဂျစ်
ဘကြီးတော်ရေ
ချစ်ခြင်းတည်ရာ ပန်းကလေးတစ်ပွင့်အတွက် ရေးဖွဲ့ထားတာ ခံစားချက် ကနုတ်ချက်တွေ နက်ရှိုင်းပုံရတယ်နော်။ ဖတ်တဲ့သူတောင် မိုးအေးအေးမှာ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်သွားပြီး။ ကဗျာကောင်းလေးပါဗျ။

ခင်မင်ခြင်းနှင့်
တူရီးတော်
Mogok Thar said…
နွေဦးရာသီမှာ
ပန်းလေးတပွင့်ြ သာမက ပန်းတခင်းလုံး မွှေးမြတဲ့ ချစ်ခြင်းတွေ ဖူးပွင့်ဝေစေ။
မှော်ဆန်တဲ့ ခရမ်းပြာ ကောင်းကင်အောက်မှာ
အသွင်ပြောင်းတတ်တဲ့ ပေါ့ပါးတိမ်တွေလို
အရောင်တွေ ဆင်ထားပေမဲ့ သူဟာ ကောင်းကင်ပါပဲ။
ကျူပင်တွေကြား နစ်သွားလဲ အဲဒီ မြင်ပြာပြာက သူ့လားရာ မပျက် တက်လက် စီးဆင်းနေဦးမယ်။

အင်း ကဗျာလေးကို ခံစားပီး ရေးရရင်စာတစ်ပုဓ် ဖစ်တွားတော့မယ်။ ဒိကဗျာလေး အတွက် စာလေး တစ်ပုဒ် ရေးမယ်။ ကဗျာလေး ပေးသုံးပါ။ ပိုင်ရှင်ကို ခွင့်တောင်းပါတယ်။

ချစ်ခင်စွာဖြင့်

ကိုမောင်ဟန်
မ said…
ကဗျာလေး လှလိုက်တာ.. အရမ်းပဲ

ခံစားသွားတယ်နော်

ချစ်မ
ဇာတ်ဆရာတို့ ကဗျာတွေနဲ့ လန်းနေပါလား :D
အထောင်တို့ကတော့ ကောင်းသွားပြန်ပြီဟေ့...
mae said…
ဖတ်လို့ကောင်းတဲ့ ကဗျာလေးတစ်ပုဒ် လာဖတ်သွားပါတယ်
စည်သူ said…
ကိုဖိုးစိန်ရေ မေးချင်တယ်
ကဗျာလေးက နက်နဲတယ်
တကယ့်ခံစားချက်လား သိချင်တယ်..။
ခင်မင်စွာဖြင့်
........စည်သူ။
အိန္ဒြာ said…
ဒီလို ဒီလို လှတပတလေးလည်း ရေးတတ်သား..
Anonymous said…
မောင်လေးရေ ....... ထူးဆန်းတဲ့ ကဗျာလေးကို မကြီး ခံစားသွားတယ်နော်။
ဇော် said…
တစ်ပုဒ်လုံးက ပက်ပက်စက်စက်ကို ကောင်းပါတယ်။
ဒါပေမယ့် ကိုဂျီးရာ .. ဘာဖြစ်လို့များ
ဒီနေရာ (မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ… )ဆိုပြီး နွဲ့သွားရတာတုန်းဗျ။
တစ်လျှောက်လုံး အားရပါးရ ဖတ်လာပြီးမှ အဲ့နားလဲရောက်ရော ထောက်သွားပါလေရော .. =(
မကျေနပ်ဘူး။ အစက ပြန်ရေးပေး။ အီး။။ =(
မငုံ said…
ကဗျာလေး လာဖတ်တယ်။ ဘာတွေ ခံစားနေရတာလဲ။ မသိရပါလားဟ။ ဘာပြောပြော အဆင်ပြေပျော်ရွှင်ပါစေ။
ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…

ကြိုက်တယ်ဗျို့
mgnge said…
ဟူးး
ကိုယ်တိုင် မရေးအားလို့ သူများရေးထားတာတွေ ပဲလိုက်ဖတ်ပြီး.. အလေးပြုနေရတယ်ဗျာ..။

Popular Posts