စာမျက်နှာ (၂၂)

တိမ်တွေ ငိုနေတဲ့ ကောင်းကင်ကြီးကို ပြတင်းပေါက်ကနေ တဆင့် မော့ကြည့်ရင်း ကျနော့် ညာဘက်လက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ စာအုပ်လေးကို ဘယ်ဘက်လက်နဲ့ ညင်သာစွာ ပွတ်သတ်နေမိတယ်… ဒီစာအုပ်နဲ့ အတူ ရင်ထဲမှာ ခံစားချက်တွေ ရှိနေပေမယ့် တိမ်တွေလို မငိုတတ်တဲ့ ကျနော့်စိတ်တွေက ဒီစာအုပ်လေးကို ဖွင့် လိုက်မိတိုင်း လူမသိ သူမသိ ကျခဲ့ရတဲ့ မျက်ရည်စက် တချို့ကိုတော့ ဒီအတွင်းစာမျက်နှာတွေက ကောင်းကောင်း မှတ်မိနေမှာပါ…

သူမ ရေးခဲ့တဲ့ စာအုပ်ကို အမြဲတမ်း မဖတ်မိ ပေမယ့် ကျနော့်အနားမှာ အမြဲတမ်းရှိနေခဲ့တယ်… ဒီလိုပဲ ကျနော့် အနားမှာ အမြဲတမ်း မခေါ်ထားနိုင်တဲ့ သူမကိုလဲ ကျနော့်ရင်ထဲမှာ အမြဲရှိနေခဲ့တယ်… ဒါပေမယ့် ကျနော့်ရင်ထဲ အမြဲရှိနေတာကို သူမကိုယ်တိုင် သေချာ သိထားအောင် မရှင်းပြတတ်တာကိုတော့ ကျနော့် အမှားတစ်ခုလို့ မခံယူမိခဲ့ဘူး… သူမ ကျနော့်ကို မည်မျှချစ်သည် ဆိုတာကို သိထားခဲ့ပေမယ့် ကျနော်ချစ်သည်ကို သူမသေချာနားမလည်နိုင်ခဲ့.... သူမကို တော့ ကျနော် နားလည်စွာနဲ့ နှစ်နှစ်ကာကာ ချစ်မိပါတယ်…

တခြားသူ တစ်ဦးတစ်ယောက်အတွက် အချစ်ဆိုတာကို အဓိပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် ကျနော့်အတွက်ကတော့ ချစ်သူနှစ်ဦးက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ကိုယ်ချစ်တဲ့သူ ကျန်းမာပျော်ရွင် နေရင် အဝေးကနေထိုင်ကြည့်နေရတောင် ပျော်နေတတ်တဲ့ သူပါ… မြတ်မြတ်နိုးနိုးနဲ့ အနားက အပျောက်မခံနိုင်အောင် သည်းသည်းလှုပ် ချစ်နေတတ်တဲ့ သူမနဲ့ ကျနော် တခါတလေ စိတ်အခန့်မသင့် နားလည်မှု လွဲတတ်ပေမယ့် အမြဲတမ်း အလျော့ပေးတတ်တဲ့သူမကြောင့်လဲ ကျနော် သူမကို မြတ်နိုးမိပါတယ်..

ဘာဖြစ်ဖြစ် သူမနဲ့ ကျနော်တို့ရဲ့ အချစ်သက်တမ်း ရက်တွေ တိုးလာနေခဲ့ပါတယ်… ဒီလိုရက်တွေ ရောက်တိုင်းလဲ သူမ ကျနော့်ကို ပေးထားခဲ့တဲ့ ဒီစာမျက်နှာလေးကို ဖွင့်ပြီး သူမ မကြားနိုင်တဲ့ ကျနော်ပြောချင်ခဲ့တဲ့ စကားတွေကို နှလုံးသားနဲ့ ပြောတတ်နေခဲ့ပါပြီး… သူမပြောနေကျ စကားများကို ဒီစာအုပ်လေးထဲမှာ မြင်ယောင်တိုင်း ကျနော်နှလုံးသားတွေ နွေးထွေးချိုမြ နေခဲ့သလို သူမအတွက် သနားစိတ်တွေနဲ့ အတူ နှလုံးသားလေး နာကျင်နေခဲ့ရပါတယ်…

ညင်သာစွာ ဖွင့်မိတဲ့ ပထမဆုံးသော စာမျက်နှာက ရင်ကို ကြည်နူးသွားစေမိသလို.....

စာမျက်နှာ (၁)

“ကိုကို…
ညလေး ကိုကို့ ကို အရမ်းချစ်တယ်… ညလေး အသက်ထက် ကိုကို့ကို ချစ်တယ် ညလေး ပြောမပြ တတ်လောက်အောင် ကိုကို့ ကိုချစ်တယ် ”
ညလေး

ကိုကိုလဲ ညလေးကို အရမ်းချစ်ပါတယ်… ကိုကို ပြောဖူးတယ်လေ… ညလေးကိုကို့ကိုချစ်ခဲ့တာဟာ ကိုကို့အတွက် မထင်မှတ်ပဲ မဟာသိန်းထီဆုကြီး ပေါက်ခဲ့သလို ကိုကိုပျော်ခဲ့ရတယ်လေ… ကိုကို ညလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကိုနှုတ်ကနေ ပြောဆိုနေတာ ထက် နှလုံးသားက အကြိမ်ကြိမ် ပြောနေတယ်ဆိုတာ အမှတ်ရနေပါ ညလေးရယ်…. ကိုကို ညလေးကို အရမ်းချစ်ပါတယ်… (ရင်ထဲမှာ တမ်းတရင်း ကျနော် ပြောမိတဲ့စကားကို သူမကြားနိုင်ပါစေ)….

စာမျက်နှာ(၂)


“ကိုကို……

ကိုကို….. ညလေးကို ချစ်ပါနော်… ညလေးကို ပြစ်မသွားပါနဲ့နော်…. ညလေးကို ထားမသွားပါနဲ့နော်…. ညလေးကိုချစ်ပါနော်… ညလေးကို ခွဲမသွားပါနဲ့နော်.. ကိုကို… ညလေး ကိုကို့ကို အရမ်းချစ်တယ်”

ပြောရက်လိုက်တာ ညလေးရယ်.. ကိုကို ညလေးကို ဘယ်တော့မှ မခွဲပါဘူး… ခွဲလဲ မခွဲနိုင်ပါဘူး… အရင်က ကိုကိုဘယ်လောက်ရှုပ်ခဲ့ ရှုပ်ခဲ့ ညလေးကို ကိုကိုချစ်မိတဲ့ အချိန်ကစလို့ ကိုကို့ ဘဝကို ညလေးကိုပေးပြီးသားပါ… ဒါပေမယ့် နားလည်ပါ ညလေးရယ်… ဝေးနေရပေမယ့် နေတတ်အောင်တော့ ညလေးကို နေစေချင်ပါတယ်… ကိုကိုလဲနေတတ်အောင် ကြိုးစားနေပါတယ်… တစ်ဘဝတာနီးဖို့ အတွက် ခဏတာဝေးနေတဲ့ အချိန်မှာ အားတင်းထားပါ… ကိုကိုနဲ့ ညလေး တစ်နေ့ တူတူနေရမှာပါကွာ…. (သူမစာကို နာကျင်ကြည်နူးမှု နဲ့ဖတ်ရင်းတိုးတိုးညည်းနေတာ သူမကြားနိုင်ပါ့မလား)

စာမျက်နှာ (၃)

“ကိုကို
ကိုကို ရက်စက်တယ်…
ညလေးကို မချစ်ဘူးလို့ ခံစားရတယ်…
ညလေးကတော့ ကိုကို့ ကိုလွမ်းလိုက်တာ… ကိုကို ကတော့ တစက်ကလေးမှတောင် စာမလာ အကြောင်းမကြားနော်… ကိုကို သိပ်နေနိုင်တာပဲ… ညလေးကို တကယ်မချစ်တာလား… ညလေးကို မချစ်တော့တာလား… ညလေး ကိုကို့ကို လွမ်းလို့ သေတော့မယ်ကွယ်…. ညလေးငိုချင်နေတယ်... အချိန်တိုင်းပဲကွယ်...

သတိရတယ်၊ လွမ်းတယ်ဆိုတာ ပြောမှ သိမှာလားညလေးရယ်… တတွတ်တွတ်ပြောနေမှ နေထိုင်ကောင်းမယ် ဆိုရင်တော့ ရင်ဘတ်ထဲက အနှစ်ထက် အပေါ်ယံက အဖြစ်တွေကို သာယာနေတာ ပိုများနေတယ်ဆိုတာ ညလေးသိထားပါ… တစ်ဖက်လူက သတိရနေလွမ်းနေရင် တစ်ဖက်ကလဲ ထပ်တူကျနိုင်တယ်ဆိုတာ ဘာလို့ စိတ်ထဲမှာ မမှတ်ထားတာလဲကွာ…. ဒီလိုဆို ကိုကို့စိတ်ကို ခုထိ အမှန်အတိုင်းမသိ သလို ကိုကိုခံစားရတယ်… (ကျနော့်စိတ်ထဲမှာ သူမကိုသနားပေမယ့် နားမလည်နိုင်တဲ့သူမ အတွက်စိတ်မကောင်းဖြစ်ရပါတယ်)

စာမျက်နှာ (၄)

“ကိုကို…

ညလေး ကိုကို့ကို ချစ်လို့ သဝန်တိုတာ ဆန်းသလား… ညလေးသဝန်တိုပေမယ့် ညလေးကိုကို့ကို အပြစ်ပြောဖူးသလား… ညလေး ချစ်တဲ့ကိုကို့ကို ညလေး မေးပိုင်ခွင့်… စိတ်ဆိုးပိုင်ခွင့်… သဝန်တိုပိုင်ခွင့် မရှိရဘူးတဲ့လား… ညလေး သဝန်တိုတာ ညလေးကိုကို့ကိုချစ်လို့လား မချစ်လို့လားဆိုတာ မခွဲခြားတတ်ဘူးလား ကိုကို… ညလေးစိတ်မကောင်းပါဘူး… ကိုကို ညလေးကို နားမလည်ဘူး…”

ကိုကိုလဲစိတ်မကောင်းပါဘူး ညလေးရယ်… ကိုကို အရင်က ရှုပ်ခဲ့ပွေခဲ့ပေမယ့် ဘယ်သူ့အပေါ်မှ မကောင်းတာ မလုပ်ခဲ့ပါဘူး… ခုညလေးကို ချစ်မိတဲ့အချိန်ကစလို့ ကိုကို မရှုပ်မပွေတော့ပါဘူး… ဒါပေမယ့် ကိုကို ပျော်သလိုနေခဲ့တဲ့ ဘဝလေးထဲမှာ ကိုကို့ သူတပါးအပေါ်ထားတဲ့ စိတ်သန့်တယ်ဆိုတာ ညလေးကို သိစေချင်တာပါ… ညလေး သဝန်တိုတာကို သဘောကျပေမယ့် ညလေး ဒီလို ခံစားဝမ်းနည်းနေရတာ ကို ကိုကို မကြည့်ရက်ပါဘူး… ကိုကိုကလဲ ညလေး သဝန်တိုရလောက်အောင် ညလေးနောက်ကွယ်မှာ ဘာမှ မလုပ်တဲ့ အတွက် ကိုကိုအနေကျပ်မိတာပါကွာ… ညလေးကို နားလည်ပါတယ်.. (ကျနော် သက်ပြင်းကိုသာ အခါခါချမိပါတယ်)

စာမျက်နှာ (၅)

“ကိုကို…..
ကိုကို့ အကြောင်းတွေးတိုင်း ညလေး လွမ်းမိတယ်…
ကိုကို စကားမာမာပြောတိုင်း ညလေး ဝမ်းနည်းမိတယ်..
ကိုကို ညလေးကို စိတ်မကောင်းဖြစ်အောင် လုပ်ရက်တယ်..

တစ်ယောက်နဲ့ တစ်ယောက် ခံစားချစ်တာခြင်း မတူညီပေမယ့် ညလေးကို မချစ်တော့မှာ ညလေး သေအောင်ကြောက်ပါတယ်… တကယ်ချစ်ရင်တော့ ညလေး လိုပဲခံစားရမယ်လို့ တွေးမိပေမယ့် ကိုကို ကနေနိုင်လွန်းပါတယ်…ဒီလိုခံစားချက်က ရှိသင့်လားမရှိသင့်လား ကိုကိုရယ်…

တကယ်တော့ ကိုကို က စိတ်မကောင်းဖြစ်အောင် လုပ်တာမဟုတ်။ ညလေး ဘာသာ တွေးနေ ခံစားနေပြီး ဖြစ်နေတာ… ညလေးကိုလဲ ကိုကို သိပ်ချစ်ပါတယ်။ ညလေးနဲ့ ချစ်တဲ့ ပုံစံနဲ့တော့ တူလိမ့်မယ် မထင်ဘူး…. ကိုယ်က ရင်ဘတ်ထဲမှာ ရှိနေရင် အတော်များများမှာ ကျေနပ်နေတတ်တဲ့သူပါ ညလေးရာ… (သူမနဲ့ ကျနော် နားလည်မှုတွေ ထပ်တူကျနေပေမယ့် လွဲချော်မှုတွေ ရှိနေပါသေးတယ်)

စာမျက်နှာ (၆)


“ကိုကို…
ဘယ်အချိန်ဖြစ်ဖြစ်…. ဘာဖြစ်ဖြစ်…. ဘယ်လိုမျိုးပဲ ဖြစ်ဖြစ်…
ကိုကို့ကို ညလေးအရမ်းချစ်တယ်… ညလေး အရမ်းချစ်တယ်…
ညလေးကိုကို့နဲ့ မခွဲနိုင်ဘူး… ညလေး ကိုကို့ကို အရမ်းချစ်တယ်..
ညလေးတို့ ချစ်ခဲ့တဲ့ နေ့လေးကို ဘယ်တော့မှ မမေ့ပါနဲ့ ကိုကိုရယ်…

ညလေး ကိုကို့ ကို အရမ်းချစ်တယ်…

“ကဲပိုမလေး… ချွဲပိုမလေး… အသဲတုံးလေး … ချစ်တဲ့အကြောင်း ကြော်ငြာ အရမ်းဝင်တာပဲ ”လို့ ပြောရင် ပြုံးစိစိနဲ့ ရှက်နေတတ်တဲ့ ညလေး မျက်နှာကို ကြည့်ရင်း ကိုကို ညလေးကို ပိုချစ်ခဲ့ရပါတယ်… ကိုကို ညလေးကို အရမ်းချစ်ပါတယ်ကွာ… ကိုကို့ရင်ခွင်မှာ တိုးရင်း အကဲပို အချွဲပိုမယ့် ညလေးကို ကိုကို လွမ်းနေတယ်ဆိုတာ ညလေး ယုံထားလိုက်ပါကွာ.

ဒီစကားတွေကို ဒီနောက်ဆုံးစာမျက်နှာမှာ ကျနော့် ရင်ခွင်တစ်ခုလုံး ကြားအောင် ပြောလိုက်ရတဲ့အချိန်က ကျနော့်နှလုံးသားလေး ပေါ့ပါးလို့ သူမကို လွမ်းဆွတ်စွာ တမ်းတ ကြင်နာနေမိတယ်ဆိုတာ ကျနော် ကလွဲပြီး သိနိုင်တာ သူမ တစ်ယောက်ပဲ ဆိုတာ …..ကျနော်ယုံကြည်မိပါတယ်…

စာအုပ်လေးကို ပြန်ပိတ်လိုက်တယ်…

ဒီနေ့ (၂၂)ရက်နေ့ …

သူမနဲ့ ကျနော့် အတွက် အမှတ်တရ ရှိခဲ့တဲ့နေ့…..

ဒီစာမျက်နှာတွေက ကျနော်တို့ နှစ်ယောက်အတွက် မှတ်တိုင်တစ်ခုလို.....



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို









Comments

သုဒြေ္န said…
ဟေ့းဘယ်သူမှလာမလုနဲ့ နော်တစ်နောတစ်
mae said…
များနေပြီနော်? မ ရော ခိုင် ရော ညလေး ရော..

နာမည်က ဆန်းလိုက်တာ၊ ညလေး ဆိုတာ ညီမလေးကို မပီတာလား? ကလေးကို မုန့်ပေးကြိုက်တာလား?

ညလေးနဲ့ ကိုကိုမျောက်ငို အမြဲတမ်းချစ်နိုင်ပါစေ (အဲ့ဒါဆို ခိုင် နဲ့ မ က ကျိန်ဆဲမလား မသိဘူးနော်? ကျောချမ်းလိုက်တာ)

မေ့လို့.. ဖွဲ့ထားတာ လှတယ်
သုဒြေ္န said…
ဘယ်သူမှမရှိပါလားနှစ်ရပါတယ်ခင်ဗျား
Mogok Thar said…
ကိုသုဒြေ္န ကြီး သစ်တုံး(တစ်သုံး)ဖြစ်သွားဘီ။ ခုံဦးချင်တာကိုး။ (တစ်မရလို့ မကျေမချမ်းပြောသည်)

စာလေးတွေ အပြန်အလှန်ပြောပီး ဖွဲ့ထားတာလေးက သိပ်လှတယ်။

ညလေးဘ၀က သနားစရာ။
ညလေးကိုကိုက ကြင်နာတတ်ပုံမရဘူးနော်။

ဟေဟေ့ (တွန်းတာလေ)

ခြောင်လပြည့် မှသည် ဘ၀ဆုံးတိုင် ချစ်ခင်ကြင်နာနိုင်ကြပါစေသော်ဝ်...။ ။

ချစ်ခင်စွာဖြင့်
ကိုမောင်ဟန်
Mogok Thar said…
ခြောက်လပြည့်ပြောတာပါ။
ခြောင် နဲ့ မှားသွားလို့ အမှား ပြင်ပါတယ်။

မျောက်ငို က သူ့ မက်ြငနာတတ်ဘူး ပြောလို့ မကျေနပ်ဘူး ပြန်မန့်ပါတဲ့။

ဂျီကျလို့ ထပ်တစ်ခါပြန်လာ မန့်ပါတယ်။


ခြောက်လပြည့် မှသည် ဘ၀ဆုံးတိုင် ချစ်ခင်ကြင်နာနိုင်ကြပါစေသော်ဝ်...။ ။

ချစ်ခင်စွာဖြင့်
ကိုမောင်ဟန်
kaungkinpyar said…
ချစ်ကြပါ ချစ်ကြပါ...ချစ်နေကြတာ ကောင်းပါတယ်...း)
Ree Noe Mann said…
အရေးအသားကောင်တဲ့ သူတွေဆီမှာ လုံးဝမမန့်တော့ဘူးလို့

စဉ်းစားလိုက်တဲ့ အချိန်မှာ သယ်ရင်းမင်းလဲ

ပါသွားတယ်။ လာဖတ်သွားပါတယ် သယ်ရင်းရေ။

ချစ်တဲ့ ရီနို
ကိုချစ်ဖေတို့လည်း ချစ်ပါရစေ ငိုပါရစေဦးဗျာ.
“ညလေး”...နဲ့ အမြန်နီးပါစေဗျို့....
လွမ်းတဲ့အကြောင်းတွေ မကြားချင်တော့လို့ပါ...
လူရွှင်တော် ငိုတာ ကြည့်မကောင်းလို့ပါ....
Anonymous said…
များနေပြီ..များနေပြီနော်. ဖိုးစိန်ရေ.း))
အိန္ဒြာ said…
အေးလေ သူများတွေပြောပြောချင်စရာ

မသက်ထွေးကရော ဘယ်တစ်ယောက်လဲ

ဘာပဲဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ဖိုးစိန်လေး...စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ..။

ချစ်ခင်စွာ
စည်သူ said…
အင်း.. အင်း.. အင်း... လို့ပဲပြောတော့မယ်..း)

ညလေးနဲ့ ကိုကိုနဲ့
ကိုကိုနဲ့ ညလေးနဲ့
ညလေးရဲ့ကိုကို ကိုကို့ရဲ့ ညလေးပေါ့နော်..း)

အလွမ်းတွေသယ်နေကြတာ ဘေးကလူတောင် ဘယ်ဟာကို လွမ်းရမှန်းမသိဖြစ်သွားတယ်

လွမ်းနိုင်ပါစေ ချစ်နိုင်ပါစေ နှစ်ကိုယ်တူ ပေါင်းဖက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ် ကိုဖိုးစိန်ကြီးဟီးဟီးရေ..း)

ခင်မင်စွာဖြင့်
စည်သူ
ရင်ဘတ်ထဲကနေ ဖိုးစိန်ကြီးအလွမ်းတွေ ထွက်ကျလာတာ ညင်သာနူးညံလိုက်တာဗျာ။ညလေး ညလေးနဲ့ အမြန်ဆုံးကြီးကိုနီးစပ်ပါစေဗျာ။
ကြော်ငြာကလည်း ၀င် ၀င်နိုင်လွန်း
ဟွန်း
ပြောချင်ဘူး .. ဖတ်ရတာတောင် မျက်စိရှက်တယ် .. :P
ကြင်နာပြလိုက်ပါ ကိုဖိုစိန်ဂျီးရေ ...း)))
:D

ရိုမန်တစ်တွေ တအားဆန်နေပါလား စိန်စိန်ရေ..



ခင်မင်စွာဖြင့်
သီဟသစ်
MANORHARY said…
ဘာမှပြောစရာမရှိဘူး
၂၂ပို့စ်ရေးနိုင်မလားပဲ စောင့်ကြည့်မယ်
yehtutnaung said…
ကောင်းတယ်ဗျာ.. ကျွန်တော် ညလေး တယောက် လိုချင်တယ်..ဟဲ ။

တယောက်နဲ့ တယောက် ချစ်နိုင်ကြပါစေ...။
ဇော် said…
ဖတ်ပြီးကြောင်းပါ ကိုဂျီးစိန် .. =)
ထိပ်ဆုံး စာပုဒ်တွေနဲ့ နောက်ဆုံးစာပုဒ် တွေကို ဖတ်သွားတယ်။ ကြားထဲက စာမျက်နှာတွေက ဖတ်နိုင်တဲ့ အင်အားမရှိလို့ မဖတ်သွားတော့ဘူး။ ကျတော်က အသဲငယ်သဗျ

Popular Posts