အင်္ဂါသားရဲ့ဝါသနာ အိပ်မက် ဆန္ဒနဲ့ ဘဝ

ဝါသနာဆိုတာ အရွယ်ရောက် လာကတည်းက ပတ်ဝန်းကျင်ရဲ့ ထိတွေ့မှုအောက်မှာ မြင်ရ တွေ့ရ စိတ်ဝင်စားခဲ့ရတာကို အခြေခံပြီး ဖြစ်တည်လာတာ လို့ထင်ပါတယ်… အဲဒီ ဝါသနာကြောင့် ဘဝမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ အိပ်မက်တွေ မက်ပြီး စိတ်ကူးယဉ်ခဲ့ ကြတယ်… ဒါပေမယ့် မက်ခဲ့တဲ့ အိပ်မက်တွေက အရွယ်ရောက်လာတဲ့ အခါ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း မကျခဲ့တာ တွေရှိတတ်ပါတယ်… အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်ပေါ့… ဒီပတ်ဝန်းကျင်နဲ့အတူ ကောင်းသော ဆိုးသော ပြောင်းလဲခြင်းတွေကြောင့် ဝါသနာတွေ မက်ခဲ့တဲ့ အိပ်မက်တွေ ပြောင်းလဲသွားတတ်တယ်…

တစ်ခါတစ်ရံတော့ ကိုယ်တိုင် ဝါသနာတွေက ငုတ်လျှိုးနေတတ်ပြီး အခါအခွင့် ကြုံလာပြန်တော့ မွေးကတည်းက ပါလာတဲ့ ဝမ်းတွင်းပညာ ကမနေသာပဲ အိပ်မက်ကို လက်တွေ့ဖန်ဆင်းခွင့် ရလာ တတ်ပါတယ်… ကြိုးစားအားထုတ်မှု လဲပါမယ် အတိတ်ကံကလဲ ကောင်းမယ် ဆိုရင် လက်တွေ့ဘဝမှာ ဒီဝါသနာ ကို အကောင်အထည်ဖော်နိုင် လိမ့်မည်လို့ ယုံကြည်မိတယ်…

ကျနော်တို့ ငယ်ငယ်တုန်းက အိမ်မှာ အမေက ကာတွန်း ရုပ်စုံ စာအုပ်တွေ ကိုဖတ်စေတယ်… ရွှေသွေး အပတ်စဉ်ထုတ် အပြင် တေဇ၊ မိုးသောက်ပန်း စတဲ့ ရုပ်စုံကာတွန်းတွေကို အမြဲဝယ်ပေးတယ်… ရွှေသွေးပဲ ဖတ်ဖတ်၊ တေဇ၊မိုးသောက်ပန်း ပဲဖတ်ဖတ် ဖတ်ပြီးရင်လဲ ဖတ်ပြီးတဲ့ ဇာတ်လမ်းလေးကို ကျနော်တို့ ညီအကို နှစ်ယောက်ကို ပြန်ပြောခိုင်းလေ့ရှိတယ်… ပုံပြောကောင်းပြီး ဇာတ်လမ်း တစ်ပုစ်လုံး မှတ်မိတဲ့သူကို မုန့်ဖိုးပိုပေးတယ်ဆိုတော့ ကျနော်တို့လဲ ကြိုးစားပြီးမှတ်မိအောင် ဖတ်ရတယ်ပေါ့… ဒီတော့ ကျနော်လဲ ကာတွန်းတွေ ဖတ်ရတာ စာဖတ်ရတာကို ဝါသနာပါလာတယ်…

ငယ်ငယ်ကဆို ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ မောင်စူပါ၊ ဒီလုံး၊ ဘိုဘို၊ စိန်မျောက်မျောက် အဲဒါတွေက ကျနော့် အသဲစွဲ… နောက် အရွယ်ရောက်လာတော့ မောင်ရိုး၊ ဦးစိတ်တို မျောက်ညို၊ တွတ်ပီ၊ သမိန်ပေါသွပ် လေးမွန် ထွေးမွန် (လေးလေးဇာ) စတဲ့ဇာတ်ကောင်တွေကို ကျနော် အရမ်းသဘောကျလာတယ်… (၅)တန်း (၆)တန်းလောက်တုန်းက ထင်တယ်… အပါလွင် ဇာတ်ကောင်ဆိုရင် ကျနော့် အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်ပြီး… သူရဲ့ စရိုက်အတိုင်း နေတတ်ချင်ခဲ့တဲ့ အထိ စိတ်စွဲနှစ်သက်ခဲ့မိတယ်… ကာတွန်းတွေ ဖတ်ပါများတော့ ကာတွန်းတွေကို ဆွဲ တတ်ချင်လာတယ်… ရှိသမျှ ပုံတူတွေကို ကာတွန်းဖတ် လိုက်တုဆွဲရတာ ဝါသနာ… ဆွဲခဲ့တဲ့ ကာတွန်းရုပ်တူတွေက ဗလာစာအုပ်နဲ့ အပြည့် ခုထိရှိတယ်… ဘယ်နေရာ ရောက်ရောက် စာရွက်အလွတ် မတွေ့နဲ့ ရရာပုံကို ရသလို ရေးခြစ်တတ်တဲ့ ဒီဝါသနာက လုံးဝမသေးပါဘူး…

ကာတွန်းကြိုက်တဲ့ ကျနော်က ကာတွန်း ရုပ်ရှင်တွေ ကိုလဲ အရမ်းကို ခုံမင်နှစ်သက်ခဲ့တယ်… ငယ်ငယ်လေးကတည်းက အခုထိ ကာတွန်းကား ဆိုရင် မမောနိုင်မပန်းနိုင်ကြည့်တုန်း… ဒီမှာလဲ စိတ်ညစ်ရင်တော့ တနေကုန် ကာတွန်းတွေလာတဲ့ လိုင်းကို ဖွင့်ထားတယ်… ထိုင်ကြည့်တယ်… ဘာလို့မှန်းမသိဘူး သဘောကျတယ်… ကာတွန်းကား ဆိုပေမယ့် ကာတွန်းရုပ်တွေနဲ့ တူတဲ့ကာတွန်းဇာတ်ကောင်တွေကို ကြိုက်တယ်… ( 3D ကာတွန်းကားတွေကို တော့ ကြည့်ပေမယ့် သိပ်ပြီးသဘောတွေ့လေ့တော့ မရှိပါဘူး)… အထူးသဖြင့် ငယ်ငယ်ကနေ ခုထိစွဲလမ်းခဲ့ရတဲ့ (Mickey Mouse , Mighty Mouse , Cinderella, Snow White, Woody Wood Pecker, Donald Duck, Tom and Jerry, Peter Pan, Lion King , Teenage Mutant Ninja Turtles) စတဲ့ကာတွန်းဇာတ်ကောင်တွေက ခုခေတ်ခုချိန်ထိ မရိုးနိုင်ဘဲ ဘယ်အချိန်ကြည့်ကြည့် ကျနော့် အတွက်တော့ ထမင်းမေ့ ဟင်းမေ့ရတဲ့ ကာတွန်းကားတွေပါ… ခုထိလဲ ထွက်သမျှ ကာတွန်းကားတွေကို ကြည့်ပေမယ့် ငယ်ငယ်က ကာတွန်းတွေကို ပိုကြိုက်နှစ်သက်တယ်… (ဂျပန်ကာတွန်းတော့ အကြည့်နည်းပါတယ်)… ကလေးစိတ် မကုန်ဘူးပြောလဲ အပြောခံတယ်… လမ်းသွားရင်း တီဗွီအရောင်းပြခန်းတွေမှာ ကာတွန်းကား ပြထားတာ မြင်ရင် ဘယ်နေရာဖြစ်ဖြစ် တမေ့တမော ငေးကြည့်တတ်တာ ခုထိ....

ဒါကြောင့် ကျနော် ငယ်ငယ်ကတည်းက မက်ခဲ့ဖူးတဲ့ အိပ်မက် ဆန္ဒက ကျနော်ငယ်ငယ်လေးကတည်းက အကြိုက်ဆုံး ဇာတ်ကောင်တွေ ဖြစ်တဲ့ စူပါတို့ ဒီလုံးတို့လို စိန်မျောက်မျောက် တို့လို ဘိုဘိုတို့လို နိုင်ငံကျော် ဇာတ်ကောင်တွေကို အသက်သွင်းပြီး အဆင့်မှီတဲ့ ကာတွန်းကားလေးတွေ ဖန်တီးချင်တာပါ… ကာတွန်းဇာတ်ကောင်ရဲ့မူရင်း စရိုက်မပျောက်ပျက်စေပဲ ဇာတ်ကောင်တွေကို ကလေးတွေ အကြိုက် အသဲစွဲ ကာတွန်းကားလေးတွေ ဖြစ်အောင် ဖန်တီးတတ်ခဲ့ချင်တယ်။

ကိုယ်တိုင် ဒီကာတွန်းဇာတ်ကောင်တွေကို နှစ်သက် ခုန်မင်ခဲ့သလို ကျန်တဲ့သူတွေကိုလဲ ဝေမျှချင်တယ်… ခုခေတ် ကလေးတိုင်းမှာ သူတို့အကြိုက် ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တွေရှိပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျနော်တို့ ငယ်ငယ်က နိုင်ငံကျော် ဇာတ်ကောင်တွေကို မသိကြတော့ဘူး… ဒါကြောင့် မြန်မာပြည်မှာ အောင်မြင်ခဲ့တဲ့ နိုင်ငံကျော် ကာတွန်းတွေကိုလဲ ခလေးအကြိုက် ကာတွန်းဇာတ်ကောင်တွေ ဖြစ်လာအောင် လုပ်ချင်တဲ့ ဆန္ဒတစ်ခုပေါ့… ဒီဆန္ဒလေး ပြည့်ဖို့ သင်တန်းတွေတက် ခဲ့တယ်… ကာတွန်းဆွဲနည်းတွေ သင်ခဲ့ပေမယ့် ခုထိ အကောင်အထည် မဖော်နိုင်ခဲ့သေးပါဘူး…

နောက်ပြီး ဒီကာတွန်းကားတစ်ကား ဖန်တီးဖို့ ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ရတဲ့ အရာတစ်ခု မဟုတ်ပြန်ဖူး…နည်းပညာတွေ တိုးတက်ပြောင်းလဲ နေပေမယ့် အခုချိန်ထိ မြန်မာပြည် မှာ ကာတွန်းကားတွေက နှောက်နှေးနေဆဲပါ… လုပ်နေတဲ့သူတွေကို အားကျးလေးစားသလို ကိုယ်တိုင်လဲ လုပ်ချင်ပါတယ်။

ကလေးတွေရော လူကြီးတွေပါ လက်ခံပြီး ဗဟုသုတရစေတဲ့ အတုယူသင့်တဲ့ ဇာတ်ကောင်တွေ ဇာတ်လမ်းကောင်းတွေကို ဖန်တီးနိုင်ပြီး ကာတွန်းကား ကောင်းတစ်ကား ဖြစ်လာဖို့ အတွက် ကျနော်လို ဝါသနာတူ အိပ်မက်တူတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ ပညာရှင်တွေ အများကြီး လိုအပ်ပါသေးတယ်… တစ်ချိန်ချိန်မှာ ကာတွန်း စတီဒီယို (Cartoon Studio) ကြီးကြီး တစ်ခုဖွင့်ပြီး ကာတွန်းနဲ့ ပတ်သက်တဲ့ စာစောင်တွေ ရုပ်ပြတွေ ထုတ်ဝေပြီး ထိုကာတွန်းတွေကို အသက်သွင်း… ကလေးတွေ အတွက် ပျော်စရာ ဗဟုသုတရစရာ ကာတွန်းဇာတ်လိုက်ကျော်တွေ အဖြစ်ကို ဖန်တီးပေးချင်ပါတယ်… ဝါသနာ တစ်ခုအနေနဲ့ အိပ်မက်လိုသဘောထား ပေမယ့် တစ်ရက်ရက်တော့ ဖြစ်လာမယ်ဆိုတာ ယုံကြည်မိတယ်။

နောက်တစ်ခုက ကျနော် ဘာဝါသနာပါလဲ မမေးပဲနဲ့ ကျနော့်ကို ချစ်တဲ့ ခင်တဲ့သူတိုင်း သိနိုင်တဲ့ ဝါသနာကတော့ ချက်ပြုတ်ချင်းပါပဲ… ချက်ပြုတ်တာကို ဝါသနာပါတာတယ်… ငယ်ငယ်လေး ကတည်းက အမေနေမကောင်းတော့ အိမ်မှာ အဖွားကို ကူရင်း ချက်ခဲ့ရတော့ အလိုလိုနေရင်း အဖွားရဲ့လွှမ်းမိုးမှုတွေနဲ့ ချက်ပြုတ်ခြင်းကို ဝါသနာကို ပါလာတာ… ကိုယ်တိုင်ချက်စားဖို့ ပျင်းချင်ပျင်းမယ်… တစ်ယောက်ယောက် က ဖိုးစိန် ဒါလေး စားချင်လိုက်တာ ဆိုပြီး ညသန်းခေါင်ကျော်ထပြော… ကျနော် အိမ်မှာ ပစ္စည်းရှိရင် ထချက်ပေး လောက်အောင်ထိ ဝါသနာကြီးတယ်… အစားအသောက်လဲ မက်တယ်ဆိုတော့ ရန်ကုန်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တွေကို နာမည်ကြီးကြီး မကြီးကြီး မရောက်ဖူးသလောက်ပဲ… သူငယ်ချင်းတွေက ကောင်းတယ် ညွှန်းရင် သွားစားတယ်… အိမ်ပြန်ရောက်ရင် ချက်ကြည့်တယ်… ဘာများကွာလဲ သူတို့လက်ရာမှီလားပေါ့…

ပြီးရင် သူငယ်ချင်းတွေကို ပြန်ချက်ကျွေးတော့ ကျနော့်သူငယ်ချင်းတွေက ပြောပါတယ်… “ဖိုးစိန် ဘာမှမလုပ်နဲ့ စားသောက်ဆိုင်သာဖွင့်… ဘယ်နေရာဖွင့်ဖွင့် မင်းအောင်မြင်လိမ့်မယ်… မင်းမှာ လက်ဆိပ်ရှိတယ်တဲ့” (ညာစားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့) စိတ်ထဲမှာလဲ ခုချိန်ထိ ဒီအိပ်မက်က ရှိနေတုန်းပါ။

ဆိုက်ပရပ်စ်ကို စရောက်တော့လဲ အလုပ်ရှာရင် စားသောက်ဆိုင် တွေမှာပဲ လိုက်ရှာခဲ့တော့ တဖြည်းဖြည်းနဲ့ ကျနော် ဘာကို ဝါသနာ အရင်းခံလဲဆိုတာ ကိုယ်တိုင် သိခဲ့ရပါတယ်… တခြားအလုပ်တွေနဲ့ စာရင် ဝါသနာပါတဲ့ ချက်ပြုတ်ခြင်းနဲ့ နီးရာကိုပဲ ခင်တွယ်မိခဲ့တယ်… စားသောက်ဆိုင်မှာ စလုပ်တုန်းကတော့ ပန်းကန်ဆေး ကြမ်းတိုက်နဲ့ဝင်လုပ်ခဲ့တာပါ… ကိုယ်တိုင်ကလဲ စိတ်ဝင်စားတော့ ကျနော်အားနေတဲ့ အချိန်ဆိုရင် သူတို့လုပ်တာ ကိုင်တာကိုကြည့်ပြီး မျက်စိနဲ့ အရင်သင်ခဲ့ပါတယ်… ပြီးတော့ ဝိုင်းကူလုပ်ပေးရင်းနဲ့လဲ သင်ခဲ့ပါတယ်…

ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တိုးပြီး စားဖိုမှုး ဖြစ်လာခဲ့တာပါ… ခုဆိုရင် ဂရိ အစားအစာ အားလုံး ချက်တတ်သွားပါပြီး… အီတလီနဲ့ စပိန် က နာမည်ကြီးတဲ့ အစားအစာ တချို့ကိုလဲ ချက်တတ်အောင် သင်ဖြစ်ပါတယ်… (တစ်ချိန်ချိန်မှာ အသုံးဝင်မယ်ထင်ပါတယ်) ခုချိန်ထိလဲ ချက်ပြုတ်မှု နည်းပညာတွေကို စိတ်ဝင်တစား လေ့လာသင်ယူ ဆဲပါ… အချက်အပြုတ် စာအုပ်တွေလဲ ဖတ်ပြီးလေ့လာတုန်း… ဗီဒီယိုတွေကိုလဲ ကြည့်တုန်းပါ… ကျနော် အားကျလေးစားရတဲ့ စားသောက်ဆိုင် ပိုင်ရှင်လဲဖြစ် စားဖိုမှူးလဲ ဖြစ်တဲ့ Jamie Oliver လို Gordon Ramsay လို လဲဖြစ်ချင်တယ်… သူတို့ရဲ့ဘဝတွေကို အရမ်းလဲ အားကျတယ်… သူတို့ရဲ့ လုပ်ရည် ကိုင်ရည်တွေက အစ စိတ်နေစိတ်ထားတွေ ခံယူချက်တွေ အဆုံး ကြိုက်တယ်… သူတို့လိုပဲ တစ်နေ့မှာ ကိုယ်ပိုင် စားသောက်ဆိုင်မှာ ကိုယ်တိုင်တီထွင်တဲ့ နာမည်ကြီးဟင်းတွေနဲ့ စားသောက်ဆိုင် တစ်ဆိုင် ပိုင်ချင်တဲ့ စိတ်ကူးရှိပါတယ်…

နောက်ပြီး Jamie လို လေလွင့် ထောင်ထွက်တွေရဲ့ တကယ်ရှိနေတဲ့ အရည်အချင်းတွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်တဲ့သူ… Gordon ရဲ့ (Hell’s Kitchen) ရှိုးထဲကလို အရည်အချင်းပြည်မှီတဲ့ စားဖိုမှူးတွေ ဖော်ထုတ်ပေးနိုင်တဲ့ သူတို့ နှစ်ယောက်လို တစ်နေ့နေ့မှာ ဖြစ်ခွင့်ရရင် ဖြစ်ချင်ပါတယ်…

ဒါကြောင့် ကျနော့် ဘဝမှာ ကံလိုက်လာတဲ့တစ်နေ့ ဒီဝါသနာ ဒီအိပ်မက် နှစ်ခုတည်းက တစ်ခုခုကိုတော့ ဖြစ်နိုင်အောင် လုပ်ချင်တယ်… နှစ်ခုလုံးလည်း ဖြစ်နိုင်တာပဲလေ… ကြိုးစားမှာပါ… တစ်ခုခုကိုတော့ လုပ်ဖြစ်မယ် ထင်ပါတယ်…

လက်တွေ့ဘဝမှာ တကယ် ဖြစ်အောင်ကြိုးစားရင်း ကိုယ်တိုင်တိုးတက် ကြီးပွားလာတဲ့အချိန်မှာ မိဘနှစ်ပါးကို အနားမှာထား လုပ်ကျွေးပြုစုခွင့် ရချင်ပြီး သားလုပ်သူအတွက် မိဘနှစ်ပါးက ဂုဏ်ယူစေချင်တဲ့ ဆန္ဒကတော့ ကျနော့်ရဲ့ မဟာအကြီးမားဆုံးသော အဖြစ်ချင်ဆုံးသော ဆန္ဒပါပဲ…

မကြီးဝါ (မဝါဝါခိုင်မင်း) တက်ဂ်တဲ့ ဝါသနာလေးများ

ကိုကို (ကိုမိုးကုတ်သား) တက်ဂ်တဲ့ အိပ်မက်ဝါသနာများ

ညီမလေးရုံလေး (မြူးသျှရီ) တက်ဂ်တဲ့ အဖြစ်ချင်ဆုံးဆန္ဒ

ကို ပေါင်းစည်ပြီး ရေးလိုက်ပါတယ်

အားလုံးကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
တစ်လာယူတယ် ကိုကြီး

မြူးလေး
မ said…
မရဲ့ ကာတွန်းလေး ကာတွန်းတွေအကြောင်းရေးတာကို ပြန်ဖတ်တယ်နော်?

ခု လောလောဆယ်တော့ စိန်ချက်တာ ကောင်းတယ်ဆိုတဲ့ မူစာခါနဲ့ ပိုင်အဲလာရယ်.. စိန်ချက်ဖြစ်နေတဲ့ ခရမ်းချဉ်သီးငါးပိချက်နဲ့ ဝက်သားနဲ့ခရမ်းသီးနှပ်ရယ် ... အရမ်းစားချင်နေတယ်.... ပို့ပေး

စိန် ဖြစ်ချင်တာတွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ..

ချစ်မ
မငုံ said…
ထောက်ခံပါတယ်။ စားသောက်ဆိုင်ဖွင့်ပါ။ :) အလကားများ လာစားရမလားလို့ ။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
စားဖိုမှူးကြီးရေ
ဂရိစာတွေ မြည်းကြည့်ချင်သေးတယ်...
ယုံတော့ယုံဝူး ချက်တတ်တယ်ဆိုတာ...
စားဖူးရင် မြင်ဖူးရင်တော့ ယုံမယ်...
း))))))))
အိန္ဒြာ said…
ဝါသနာတွေကို..

စိတ်ရှိတိုင်း

ပျော်ပျော်ရွှင်ရွှင် အကောင်အထည်ဖေါ်နိုင်ပါစေ..။
kiki said…
ဆန္ဒ နဲ့ ဘဝ တထပ်တည်းကျ ပြီး
ဝါသနာ ၊ အိပ်မက်တွေ ကို အမြန်ဆုံး
အကောင်အထည်ဖေါ်နိုင်ပါစေ သတည်း ။

စားဖိုမှူးကြီး အဖြစ် မြန်မာပြည် ပြန်ုပြီး
ဆိုင်ဖွင့် ပါလား ။
ဟိဟိ ။ ရှယ်ယာ ထဲ့ မယ်လေ ။
စည်သူ said…
ဟာ......ကိုဖိုးစိန်ရေ
အင်္ဂါသားချင်းတူလို့ လားမသိဘူး
ကာတွန်းကား အကြိုက်ချင်းတူတယ်ဗျို့..။
ရည်မှန်းချက်ရှိသူတိုင်းသည်
လိုရာပန်းတိုင်းသို့ 
ရောက်ရစမြဲပင်ဖြစ်သည်(သို့ သော်)
မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားဖို့တော့လို တာပေါ့ဗျာ...။
ခင်မင်စွာဖြင့်
........စည်သူ။
ကိုဖိုးစိန်လက်ရာလေးစားချင်တယ်.. ချက်ကျွေးဗျာ..
မေဇင် said…
ဆန္ဒ နဲ့ ဘ၀ ထပ်တူ ကျနိုင်ပါစေ..။
ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေ ကိုဖိုးချိန်ရေ
Mogok Thar said…
ချစ်ညီ.....
ကိုယ် Multimedia ကို လေ့လာတုန်းက ညီ့လို အိပ်မက် မက်ခဲ့ဖူးတယ်။ ကိုယ်တို့ရဲ့ မြန်မာ ကာတွန်းဇာတ်ကောင်တွေကို နိုင်ငံတကာ အဆင့်မှီ ကာတွန်းရုပ်ရှင် ဇာတ်ကောင်တွေ အဖြစ် အသက်သွင်းဖို့ပေါ့။ ညီ Studio ထောင်ရင်တော့ ကိုယ့်ကို လက်တို့လိုက်ပါ။ ကိုယ် ရှယ်ယာပါမယ်။
ထမင်းဆိုင် ဖွင့်တာလဲအားပေးတယ်။ ဒါမှ တစ်သက်လုံး ညီ့ဆိုင်မှာ အခမဲ့ အားပေးလို့ ရမှာ။
ပါရမီရှင်လေးတွေကို မြေတောင် မြှောက်ပေးချင်တဲ့ စိတ်စေတနာလေးတွေ တွေ့ရတာကိုလဲ ကျေနပ်တယ်။ လေးစားတယ်။
ချစ်ညီ ရဲ့ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျနိုင်ပါစေ။

ချစ်ခင်ခြင်းများစွာဖြင့်
ကိုကို (မိုးကုတ်သား)
WWKM said…
မကြီးဝါက နံပါတ်မှာ ၁၃.း))
ဟုတ်ပါပြီ ဖိုးစိန်လေးရယ်...
ကာတွန်းစတူဒီရိုကြီးလည်းထောင်နိုင်ပါစေ...
စာသောက်ဆိုင်ပိုင်ရှင်ကြီိးလည်း ဖြစ်နိုင်ပါစေ..မောင်လေးရေ...
ဖိုးစိန်ကတော်ပါတယ်.. ဖြစ်လာမှာပါ။
ဖိုးစိန်စားသောက်ဆိုင်ပိုင်ရှင်ကြီးဖြစ်တော့ ကိုယ့်အမတွေ အလကားစားရတာပေါ့ကွယ်. အဟတ်
စတာပါ.. လာအားပေးမှာပေါ့.. အလကားကျွေးတန်ကျွေး.ဒစ်စကောင့်လျှော့တ်လျှော့
ပေါ့..း)))
ကာတွန်းကားကတော့ ဖိုးစိန်ကိုယ်တိုင် စိန်မျောက်မျောက်နေရာက ၀င်သရုပ်ဆောင်နိုင်တာပဲ.

ရေးပေးတာကျေးဇူးစ်


တော်ကြာနေဆိုရင် သာဓုခေါ်တော့နော်. နောက်ထပ် ၁၅ မိနစ်း)

ကျန်းမာပျော်ရွှင်ပါစေ

မကြီးဝါ
ဖတ်၏..
ကောင်း၏..
စားချင်၏..

ကဲဗျာ.. မချက်တတ်မပြုတ်တတ် စိတ်ညစ်နေတဲ့ နှမငယ်တို့ရေ.. အားမငယ်ကြလေနဲ့ မောင်ဖိုးစိန်ကိုသာ အားကိုးကြပေတော့..း)

ဆန္ဒတွေ ပြည့်စုံပါစေကွယ်..

ခစ်ခင်စွာဖြင့်..
အကိုရေ ၀ါသနာတွေ အိပ်မက်တွေ ဖတ်သွားပါတယ် တချိန်ချိန်မှာတော့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာရမှာပေါ့ အားမငယ်နဲ့ စိတ်ဓါတ်မကျနဲ့ အကိုရေ အမြဲ ဘေးမှာ အားပေးမဲ့ ယောကျာ်းသားကျနော် ရှိတယ်း))

လေးစားလျက်
တောင်ပေါ်သား
Anonymous said…
မောင်လေး ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေ။

မကြီး
ကြွက်ကလေး ကာတွန်း လိုမျိုး လုပ်ပါလား. ချက်လဲ ချက်ပြီးသား ကာတွန်းလဲ ဆွဲပြီးသားး))
Anonymous said…
ချစ်ချစ်ချစ်တဲ့မောင့်ကို မောင်ချစ်တဲ့ချစ်ချစ်က
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးပါတယ်။

ချစ်ချစ်တဲ့မောင်ရဲ့မောင်ချစ်တဲ့ချစ်ချစ်
:P
Anonymous said…
ကိုကြီးမနေ့ ကလေဖတ်ပြီးထပ်မန့် ဖို့ မေ့သွားတယ်
ကျေးဇူးနော် ဟင်းချက်ကောင်းတယ်ပေါ့
ရုံလေးလဲကာတွန်းကြိုက်တယ်
Tom & Jeery
Mulan
Pop Eye
ခင်တဲ့
မြူးလေး
MANORHARY said…
ဖြစ်စေသတည်း
အိပ်မက်
ဆန္ဒ
ဘဝ
တစ်ထပ်တည်းကျစေ...
ဇော် said…
အတော်ပဲ ကိုဂျီးကို ဟင်းချက်သင်ခိုင်းရမယ်။
ကျနော်က ဟင်းလုံးဝ မချက်တတ်လို့။
အဟဲ။ =)
Julian said…
တော်လိုက်သည့် အင်္ဂါသား
အမမှာတော့ ဒီမှာတနေ့တနေ့မရိုးနိုင်သော ဟင်းပွဲ
အများဆုံးချက်တတ်မှ 10 မျိုးထက်မပိုသော ဟင်းရံ
ကိုယ့်ဘာသာကိုယ်ချက်ပြီး ကြည့်ကိုမကြည့်ချင်သော (စားချင်ဘို့ဝေးစွ)ဟင်းပွဲ
**ချက်လည်းမချက်တတ်သော သူဖြစ်ပါ၏။**
(သူငယ်ချင်းဒေါ်မေခနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော
ဘာသာရပ်)
သူများချက်လျင်လည်း ဂျေးများတတ်ပါသည်။
မွေးသမိခင်ကျေးဇူးရှင်နှင့်တော်တော်သည်းခံသော
အမအလတ်တို့ကို
ဒီရောက်မှဘယ်လိုတွေသတိရနေမှန်းကိုမသိတော့ပါ။

ဆန္ဒဖြစ်ချင်ရာတစ်ထပ်တည်းကျပါစေ။

စားသောက်ဆိုင်ဖွင့်လျင်သတ်သတ်လွတ်ကလေးပါထည့်ဖွင့်ပါ။
လာအားပေးပါမည်။

မဂျူ
ကိုစိန့်ဝါသနာတွေကလည်း များပါ့
း)
အကုန်ဖြစ်နိုင်ပါစေနော်
ချစ်စိန်ရေ

အိပ်မက်တွေ တကယ်ဖြစ်လာပါစေကွာ

ခင်မင်စွာဖြင့်
သီဟသစ်
tharthwe said…
ကိုစိန်စိန် ဆန္ဒတွေ အမြန်ဆုံးပြည့်ပါစေလို ဆုတောင်းပေးနေမယ်နော်........


သားထွေး
ကိုဖိုးစိန်ရဲ့ စတူဒီယိုကို လာလည်တဲ့ သူငယ်ချင်းတွေကို
ကိုဖိုးစိန်ပိုင်တဲ့ ဟိုတယ်မှာ ကိုယ်တိုင်ချက်ထားတဲ့ လက်ရာနဲ့ ဧည့်ခံတဲ့နေ့ရောက်လာမှာပါ...မဖြစ်နိင်ဘူးလို့
ဘူပြောမလဲ....။

...ခင်မင်သောအားဖြင့်...
Anonymous said…
If you can dream it, you can achieve it....

I wanna encourage you to do your best...
And don't forget that your parents don't want anything except love from you...

For them, you are adorable enough ...

Please get this image from the link below and try to boost up your aim ....
http://imgbit.com/i580

With Peace,
Z
စိန်မျောက်မျောက် ရုပ်ရှင်ပြန်ရိုက်မယ်လေ...
ဖိုးစိန်က မင်းသား...
"မျောက်မ" ကရှာတာ မတွေ့သေးဘူး...
မမွေးသေးဘူး ထင်တယ်...

းဝ)
ဆန္ဒနှင့် ဘဝ ထပ်တူကျတဲ့ တစ်နေ့အမြန်ရောက်ပါစေဗျာ.. ဝါသနာကောင်းလေးတွေ ဖြစ်လာမှာပါ

ခင်မင်ခြင်းနှင့်
တူရီးတော်
Vista said…
I ကတော.ရေမြင်းလေးနဲ.နှင်းနှင်းလေးပဲကြိုက်တာ ဟားဟား...ကဖိုးစိန် လက်မှာအဆိပ်ရှိတယ်ဆိုမှစားသောက်ဆိုင်ဖွင်.ရင်
လာစားသူတွေသေကုန်မှာပေါ. Pagoda Pagoda !!
JulyDream said…
သြော် အင်္ဂါသားကိုး... ဒါနဲ့ ဆရာသမားရဲ့ မွေးနေ့က ရှေ့အင်္ဂါလား နောက်အင်္ဂါလား ခင်ဗျ။
ကိုကြီး
ကတွန်းကိုတော့ ဂျစ်လည်းကြိုက်တယ်ဗျို့...။

ကိုကြီး စိတ်ကူးလေးတွေက တော်တော်လှတယ်ဗျာ။


စိတ်ကူးလေးတွေ လက်တွေ့အကောင်အထည် ဖော်နိုင်ပါစေနော် ။


ဟင်းချက် ကောင်းတဲ့ကိုကြီးဆီ ဟင်းချက်နည်း
လာသင်အုံးမှပဲ .....။


အမြဲ အောင်မြင်ပါစေ....ကိုကြီး

ချစ်ခင်တဲ့
ညီမဂျစ်
ဆန္ဒတွေအကောင်အထည်ပေါ်ပါစေ ကိုဖိုးစိန်ရေး)
ဒီကိုလာရင်တော့ ချက်ကျွေးတော့မယ်ထင်တယ် :P
ညီမက ချက်ဖို့သာပျင်းတာ စားဖို့ဆို တရေးနိုးထကျွေးလည်း စားပါတယ်
ချက်ပေးတဲ့လူကိုအားနာလို့ :P
khin oo may said…
11 Jul 09, 13:04
kom: ချမ်းမြေ့ပါစေ

11 Jul 09, 13:04
kom: အခု ကိုယ်လာပြီ.

11 Jul 09, 13:04
kom: ချစ်သူတွေအများကြီ့း ကွန်မက်တွေအများကြိးမို့လို့ အများထဲက တစ်ယောက်မို့လို့အားငယ်လို့မရေးခဲ့တော့တာပါ။

11 Jul 09, 13:03
kom: အဲဒါ ဂျုလိုဒရင်းရေးခဲ့ဘူးတဲ့ ကျွန်တော်ကြိုက်သောကာတွန်းကားများ နဲ့လေး အကြုံးဝင်သေးတယ။် သူလဲကာတွန်းကား ကြိုက်တယ် ရွမ်းမီလည်းကြိုက်တယ။် အစ်မကတော့စားရတာပိုကြိုက်တယ်။ မော်လမြိုင်သူများအစားဆိုတော့မွန်တွေ က

11 Jul 09, 13:02
kom: ဖြစ်ခဲ့သမျှတွေအတွက်တောင်းပန်ဝန်ချဘို့ကိုယ်ရောက်ခဲ့ပြီ။ ခွင့်လွတ်ပါလေ။
Rita said…
ကောင်းတယ်။
Rita said…
ကာတွန်းကတော့ ကြိုက်တယ်။ စားစရာလဲ ကြိုက်ပါတယ်။ ချက်ရတာသာ မကြိုက်တာ။
mgnge said…
ဟင်းချက်ကောင်းတယ်ဆိုရင်တော့ .. အဆင်ပြေ တယ်။။။ ဆိုင်မဖွင့်နိုင်သေးရင်တောင် ကိုယ့်အတွက် ကိုယ် ကောင်းကောင်းစားနိုင်တာပေါ့..။

အိမ်မက်တွေအကောင်အထည်ပေါ်မှာပါ..။

Popular Posts