အမှတ်တရမှတ်တိုင်များ

၂၂.၇.၁၉၈၀ - ၂၂.၇.၂၀၀၉

ပထမဆုံး မှတ်တိုင် အမှတ်တရများ

လောကကြီးမှာ ကျနော် အသက်ရှင်နေထိုင်ခွင့် ရခဲ့တဲ့ရက်ဟာ ဒီနေ့ဆိုရင် ရက်ပေါင်း(၁၀၃၃၀) ရှိခဲ့ပါပြီး… နောက်ထပ်ရက်ပေါင်း မည်မျှ အသက်ရှင်ခွင့် ရမလဲဆိုတာ ကျနော်မသိရပါ… ဒါပေမယ့် ဒီလ ဒီရက်ရောက်တိုင်းမှာ အမှတ်ရစရာ တစ်ခုခု ဖြစ်ခဲ့ပါတယ်… အရင်တုန်းက ဒီလို အမှတ်ရစရာကို တစ်သက်လုံးမေ့မရမယ့် လူနှစ်ယောက်က အမြဲတမ်း အမှတ်တရတစ်ခုကို လုပ်ပေးပါတယ်… လူရယ်လို့ စဖြစ်လာကတည်းက ဒီနေ့အထိ အသက်ရှင်ခွင့် ရခဲ့တဲ့ရက်တွေမှာ ကျနော့်ကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် မညီးမညူ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပြီး စာနာနားလည်ခွင့်လွှတ်ပေးတဲ့ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ကို ဆပ်မကုန်တဲ့ ကျေးဇူးတွေရှိလို့ ဒီနေ့လေးမှာ ဒီနေရာကနေ ဦးညွတ်ကန်တော့လိုက်ပါတယ်။

ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေများခဲ့ပြီး ဒီဆန္ဒတွေ နောက်တကောက်ကောက် လိုက်နိုင် ဖို့အတွက် မညီးမညူပဲ ဦးစားပေး အနစ်နာခံခဲ့တဲ့ ညီလေးနဲ့ အရာရာကို သိတတ်နားလည်ပြီး အားပေးဖြည့်ဆည်း ပေးတတ်တဲ့ ညီမလေးကိုလဲ ဒီနေ့လေးမှာ ကျေနပ်စွာ ကျေးဇူးတင်မိတယ်။

နောက်ပြီး နတ်ဘုံနတ်နန်း ရောက်ခဲ့ဖူးသလို ဘဝမှာ အပျော်ဆုံးနဲ့ စိတ်အချမ်းသာဆုံး အချိန်တွေကို ပိုင်ဆိုင်စဉ်တုန်းက အသိပညာသာမက စိတ်ဓာတ်ရေးရာ တွေကိုပါ သင်ပေးလိုက်တဲ့ ဘဝတစ်လျှောက်လုံး မေ့မရလောက်အောင် အမှတ်တရ ဖြစ်စေမယ့် လေးစားချစ်ခင်ရတဲ့ ဖိုးစိန်ကို သားတစ်ယောက်လို တူတစ်ယောက်လို ချစ်ကြတဲ့ ပြင်သစ်ဘာသာ ဌာနက ဆရာမများ နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က ဆရာမများ အားလုံးကို ဒီနေရာနေ ဦးညွတ် ဂါရဝပြု ကန်တော့လိုက်ပါတယ်။

ဒီအချိန်ကို ပြန်တမ်းတမိတော့ ပျော်ရွင်ခဲ့တဲ့နေရက်တွေမှာ စလိုက် နောက်လိုက် စိတ်ဆိုးလိုက်နဲ့ ပြိုင်ဆိုင်မှုမရှိ ဝန်တိုမှုအတ္တ တွေကင်း ငြိမ်းချမ်းပျော်ရွင်တဲ့ သူငယ်ချင်းများနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကြီး…

လိုအပ်ချက်မှန်သမျှကို နောက်ကနေ လိုက်လျောဖြည့်ဆည်းပေးတဲ့ ကိုလင်းလင်းဇော်

အခက်အခဲမှန်သမျှ အရာရာကို ဒိုင်ခံခေါင်းစား ဖြေရှင်းပေးတဲ့ ကိုအောင်မြင့်ဦး

ခံစားလွယ်တတ်လို့ အားမလိုအားမရ အမြဲစိတ်တိုပြီးငေါက်တတ်တဲ့ ကိုစိုင်း

ဖြစ်သမျှအကြောင်း အကောင်းမှတ် ပြီးဘာလုပ်လုပ်အားပေးတဲ့ ဖိုးလပြည့်

ထပ်တူခံစားတတ်တဲ့ မွေးလတူ မြလေး

ငိုရင်လိုက်ငို ရယ်ရင်လိုက်ရယ်တတ်တဲ့ သန္တာလွင်

အကျိုးအကြောင်းနဲ့ ဆုံးမဆရာလုပ်တတ်တဲ့ သန္တာဆွေ

အကိုတစ်ယောက်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတဲ့စိတ်ဓာတ်နဲ့ အိခိုင်အေး

ရန်ဖြစ် ပြန်ချစ် အမြဲတမ်း တဖွဖွရွတ်ပေမယ့် အလိုလိုက် တတ်တဲ့ အိခိုင်ဇင်
ဒီအချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတူ မေဂျာတူတူတက်ခဲ့တဲ့ ရဲဘော်ရဲဘက်များကို အမှတ်တရတွေ ပေးခဲ့တဲ့ ဒီလိုနေ့ အတွက် အမြဲတမ်း သတိရလွမ်းနေမှာပါ….

(၂၂.၇.၂၀၀၈ ၂၂.၇.၂၀၀၉)

ဘဝရဲ့ ဒုတိယမှတ်တိုင် အမှတ်တရများ

ဒီမှတ်တိုင်လေးကတော့ တကယ်ကို ရင်နဲ့ အမျှ အမှတ်ရစေမယ့် စာမျက်နှာတစ်ခုပါ…. ဒီလိုရက်ကနေစလို့ အမှတ်တရ ဖြစ်ခဲ့တဲ့ တစ်နှစ်ပြည့် နေ့ရက်အတွက် အမှတ်တရထပ်ဖြစ်စေဖို့ ချစ်တဲ့ဦးနော်(ကိုရင်နော်ခင်လေးငယ်) အတွက် ရေးလိုက်ပါတယ်… မမခင်လေးလဲပါတယ်နော်...

ဇာတ်လမ်းအစလေးပေါ့... ဒီကိုမလာခင် လေယာဉ်ကွင်းရောက်တော့ သူငယ်ချင်း(သန္တာလွင်) က စာအုပ်အထူကြီး တစ်အုပ်ကို အူကြောင်ကြောင်နိုင်စွာ လက်ဆောင်ပေးခဲ့တယ်… “သယ်သွားပါ… နောင်သုံးနှစ် သို့ ငါးနှစ်ကြာတဲ့ အခါမှာ ငါတို့ရဲ့ ပြောင်းလဲလာတာ… နင်တွေ့ကြုံခံစားရတာကို ချရေး… စိတ်ပေါ့သွားမယ်… အနည်းဆုံး ဒီစာအုပ်မှာ ငါတို့ကိုလွမ်းကြောင်း အိမ်ကိုလွမ်းကြောင်းတော့ ချရေးဖြစ်မှာပါတဲ့… တစ်ချိန်မှာ ဒီစာတွေက နင့်ကိုကျော်ကြားချင် ကျော်ကြားစေလိမ့်မယ်”တဲ့လေ…

သူငယ်ချင်း စိတ်ချမ်းသာအောင် ယူခဲ့ပေမယ့် လက်တွေ့မှာ ဘဝရည်မှန်းချက်နဲ့ ဖြစ်နေတာက ဟက်တက်ကွာခြားခဲ့ရ မတူညီတဲ့ ညီမျှခြင်းတွေ ချခဲ့ရတဲ့အတွက် စုတ်ပြတ်သတ်နေတဲ့ ဘဝကို အနားသတ်ပြီး ဒီစာအုပ်ကို မြေမြှုပ်ရလောက်အောင် ထိုးသိပ်ကွယ်ဖျောက်ထားခဲ့တယ်…

မျှဝေခံစားဖို့ မရှိ နားမလည်နိုင်တဲ့ ကြားမှာ ရှင်သန်အသက်ဆက်ရင်း ခန်းခြောက်လာတဲ့ မျက်ရည်တွေကို အစားထိုးကုစားဖို့ အတွက် သူငယ်ချင်း ဖိုးလပြည့်ကပဲ (friendster) ဆိုတဲ့လင့်ခ်လေးပေးပြီး သူငယ်ချင်းတွေနဲ့ ဝေးနေတဲ့အချိန် သူငယ်ချင်းတွေ နားလည်ခံစားနိုင်ဖို့အတွက် ခံစားချက်တွေကို ခံစားနေရတာတွေကို ချပြဖို့ ရေးချဖို့အတွက် ဖွင့်ပေးခဲ့တယ်…

ဒီ(friendster) ဆိုတဲ့ ဘလော့လေးမှာ ဘလော့ဆိုတာက ဘာမှန်းမသိပဲ ခံစားချက်တွေ ချရေးဖို့ ဆုံးဖြတ်ခဲ့တယ်... ပထမဆုံး အနေနဲ့ အမှတ်တရဖြစ်အောင် မွေးနေ့မတိုင်ခင် ညက ကြိုးစားပန်းစာ မြန်မာလို အမှတ်တရရိုက်ထားတဲ့ အဖေအမြဲပြောခဲ့တဲ့ မျောက်ပုံပြင်ဆိုတဲ့ ပိုစ့်တိုတိုလေးကို မွေးနေ့မနက်မှာ မတတ်တတတ်နဲ့တင်လိုက်တယ်… (၁၅)ကြောင်းစာတောင် မရှိတဲ့ ပုံပြင်လေးကို ရိုက်တာ တစ်ညကုန်သွားတယ်… တင်ပြီးတော့လဲ ဘာဖြစ်သွားတယ် မသိ… ပိုစ့်ရော ဘလော့ပါပျောက်သွားရတဲ့ အမှတ်တရ… ဖတ်ဖို့စောင့်နေတဲ့ မိဘနဲ့ သူငယ်ချင်းတွေက မွေးနေ့မှာ ပိုစ့်ပျောက်လို့ ငိုနေတဲ့ ကျနော့်အတွက် လိုက်ငိုပေးရမလို ကျနော့်ကိုပဲ မွေးနေ့ ဆုတောင်း ပေးရမလိုနဲ့ အမှတ်တရ ဖြစ်ခဲ့တယ်… အဲဒီနေ့က (၂၂.၇.၂၀၀၈) ပေါ့…

စရေးတဲ့ (friendster) ဘလော့စာမျက်နှာကနေ အင်္ဂလိပ်လို မတောက်တစ်ခေါက်စမ်းပြီး ပို့စ်တွေ တင်ရင်း မြန်မာလို ရိုက်တတ်အောင် လေ့ကျင့်ဖြစ်ခဲ့တယ်… ဒိုင်ခံ ဖတ်ခဲ့တဲ့သူတွေကတော့ ကျနော့် မိဘ ညီမလေးနဲ့ ကျနော့် သူငယ်ချင်းတွေပါပဲ… နောက်ပြီး ဘလော့စပေါ့ကို ဖွင့်ထားခဲ့ပေမယ့် ဖရန်းစတားမှာပဲ စာတိုလေးတွေရေးရင် မျက်ရည်တွေကို ဖြေသိမ့်ခဲ့ရတယ်လေ… ဒီလိုမတောက်တခေါက်ရေးရင်း သူငယ်ချင်းပေးတဲ့ မကြီးဝါ ဘလော့ကိုရောက်မိတယ်… ခြေရာလေးချန်ခဲ့တော့ မကြီးကလိုက်လာတယ်… နောက်တော့ ချစ်တဲ့သူငယ်ချင်းညီမလေး မက်မက် ညီလေးမိုးသောက် သာကောမိုးသောက်ယံ မဇာ(မီးလေးဇာ) တို့က ပိုစ့်အသစ်တိုင်းကို မကြီးဝါနဲ့အတူလာအားပေးတယ်… တခါတရံရောက်လာတတ်တဲ့ နန်းညီ ပုလဲ နဲ့ ဗီလိန် တို့လဲပါတာပေါ့… အဲတုန်းက သူတို့ကော့မန့်လေးတွေ ချန်ခဲ့ရင် အိပ်တောင်မပျော်ဖူးလေ… သူငယ်ချင်းတွေကို ပြန်ကြွားတော့ သူတို့ရဲ့ ရှစ်ခေါက်ချိုး စပလိန် မျက်နှာပေးနဲ့ သူငယ်ချင်းအတွက် ပီတိဖြစ်ဝမ်းသာတာကိုမြင်ရပါတယ်… အဖေနဲ့ အမေကတော့ သားပျော်နေတော့ ဝမ်းသာတယ်လေ..

ဒီလို ကမ္ဘာလေး ကျဉ်းကျဉ်းလေးမှာ ပျော်နေတဲ့ကျနော်ကို တွန်အားပေးခဲ့တဲ့ မကြီးဝါ နဲ့ မက်မက်တို့ရဲ့ ခေါ်ဆောင်မှုနဲ့ ဘလော့စပေါ့ စာမျက်နှာကို ရောက်ခဲ့ရတယ်… ချစ်စရာ ညီတွေ ညီမတွေ သူငယ်ချင်းတွေ အများကြီးရခဲ့တယ်… လေးစားချစ်ခင်စရာကောင်းပြီး ညီလို မောင်လို ဆုံးမတတ်တဲ့ အကိုတွေ အမတွေကို ရခဲ့တယ်… ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားနဲ့ သံယောဇဉ်တွေပါ…

စာရေးမကောင်း စာကောင်းမရေးသလို ဗဟုသုတ ရစရာ ပိုစ့်တွေ တစ်ခုမှ မရေးနိုင်ခဲ့ပေမယ့် ကျနော့်ကို ညီလို မောင်လို အကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားပေးနှစ်သိမ့်ခဲ့တဲ့ စကားလုံးတွေက ရင်နဲ့အမျှပါ... ထိုစကားလုံးတွေ အတွက် ပီတိဖြစ်ခံစားပေးတဲ့ မိဘမောင်နှမ သူငယ်ချင်းများနဲ့ အတူ ကျနော်ကိုယ်တိုင် ကျေးဇူးတင်မဆုံးပါဘူး… တအားကို အားတက်ပြီး ဝမ်းသာခဲ့ရပါတယ်…

ခုဆိုရင် မွေးနေ့ကနေ စပြီး အမှတ်တရဖြစ်အောင် ရေးခဲ့တာ ဒီနှစ်မွေးနေ့ပါဆိုရင် တစ်နှစ်ပြည့်လို့ ပိုစ့်တွေလဲ အများကြီး ရေးဖြစ်ခဲ့သလို ချစ်တဲ့ ညီအကိုမောင်နှမတွေ ပါအများကြီး ထပ်ရလိုက်လို့ ပီတိဖြစ်ဝမ်းသားမဆုံးပါ…
တူမောင်ချစ်တဲ့ ဦးနော်ရေ…. ဖိုးစိန်ဆိုတဲ့ ဘလော့လေးကို ဒီလိုစတင်ခဲ့တာပါ… သားရဲ့မွေးနေ့မှာ အမှတ်တရ ဖြစ်ချင်လို့ သားချစ်တဲ့ ဦးနော်ရဲ့ တက်ဂ်ပိုစ့်လေးကို ဖြေပေးလိုက်တယ်နော်… (တွန်တွန်ဖတ်ပြီးရင် လာတွန်ဦးမှာသေချာတယ်)

ဒီဘလော့လေးကြောင့် မောင်နှမတွေ အများကြီးရခဲ့တယ်… ကျခဲ့ရတဲ့မျက်ရည်တွေက အကိုအမတွေ ညီညီမတွေရဲ့အားပေးနှစ်သိမ့် မှုတွေနဲ့ အားတက်ခဲ့ရတယ်… ပျော်ရွှင်စရာ နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ရတယ်… အရမ်းကိုကျေနပ် ပီတိဖြစ်ခဲ့ရတဲ့ အတွက် ဒီနေ့လေးမှာ အမှတ်တရ အဖြစ်အားလုံးကို ကျေးဇူးတင်ပါတယ်… ကျနော်စာကို အမြဲလာအားပေးတဲ့ ဘလော့ဂါတွေ မဟုတ်တဲ့ အမတွေ အကိုတွေ သူငယ်ချင်းတွေအားလုံးကိုလဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ...

ဒါကြောင့် ဖိုးစိန် ဆိုတဲ့ စာမျက်နှာပေါ် ရောက်လာခဲ့ကြတဲ့ ကျနော်ချစ်ခင်လေးစားရသော အကိုတွေ အမတွေ အားလုံးကိုလဲ ဒီနေရာကနေ ဂါဝရပြုကန်တော့ပါရစေ… ပြောမှာဆိုးမှာ ရှိရင် မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ကြပါလို့…။ နာမည်တွေကို တန်းစီရေးရင် ဘလော့လောကတစ်ခု လုံးကုန်သွားမှာမို့ ချမရေးတော့ဘူးနော်... ဖိုးစိန်ရင်ထဲ ဘယ်သူရှိလဲ ဆိုတာ ခံစားတတ်တဲ့ ရင်ဘတ်တူတဲ့ တူတိုင်း နားလည်မှာပါ...

ထူးထူးခြားခြား မွေးနေ့ မွေးလ တိုက်ဆိုင်ပြီး ခုနှစ်နှစ် တိတိကွာတဲ့ စာရေးကောင်းတဲ့ ညီမလေးဇော်ကိုလဲ ဒီနေရာကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်… ညီမလေးဇော်ရဲ့ဆုတောင်းက

ကိုဂျီးစိန်
မွေးနေ့မှာ ပျော်ရွှင်ပါစေ။


သင်၏ ဘ၀လက်ထဲမှာ ဘ၀ပန်းချီဆရာသည် ကုလားအုတ်မွေး စုတ်တံကိုကိုင်လျက် အချိန်တည်းဟူသော
ပြန့်ကျယ်ဖြူဖွေးသည့် ကင်းဗက်စရှေ့ရပ်လျက်ရှိ၏။ သင့်အတွေး သင့်ခံစားမှုများ သင့်လုပ်ရပ်များက ပန်းချီဆေးများဖြစ်သည်။
သင့်အတွေး၏ အသွေးအရောက်များကို သင်ကိုယ်တိုင် ရွေးချယ်ခြင်းဖြစ်သည်။
ညိုမှိုင်းမှိုင်းလား၊ တောက်တောက်လွင်လွင်လား၊ ဖျော့တော့တော့လား၊ ပြင်းအားကောင်းကောင်းလား၊
အရောင်ကောင်းကောင်းလား၊ အရောင်ညံ့ညံ့လား။
သင့်ခံစားမှု၏ အသွေးအရောင်ကို သင်ကိုယ်တိုင်ရွေးချယ်ခြင်းသာ ဖြစ်၏။

Wilferd Peterson


ဒီစာကိုမြင်ရင် ကိုဂျီးတန်းသိမှာပါ။ ကျနော်ဘယ်က ကူးလိုက်တယ်ဆိုတာလေ။ ဟုတ်ပါတယ်။ ဒါက ကျနော်အကြိုက်ဆုံးဖြစ်တဲ့၊ ကိုဂျီးလဲ ကြိုက်တယ်လို့ ရေးထားတဲ့
အကြည်တော်ရဲ့ နတ်နေကိုင်းထဲက ကျနော်နှစ်သက်မိတဲ့ စာသားလေးပါ။
ကိုဂျီးရဲ့ မွေးနေ့အမှတ်တရအဖြစ် ကျနော်လက်ဆောင်ပေးပါတယ်။
မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ထပ်ဆုတောင်းရင်း...။
ချစ်တဲ့
ဇော်။
--

အမှတ်တရ အစားအသောက် အစီအစဉ်

ဖိုးစိန်မွေးနေ့ ပိုစ့်ကိုလာဖတ်မိတဲ့ ညီအကိုမောင်နှမများ ဒီမှာ ကူပွန်လက်မှတ် ကုတ်နံပတ် များယူပြီး နီးစပ်ရာ McDonald's မှာ မိမိ ချစ်ခင်သော သူငယ်ချင်းတစ်ယောက်ယောက် ကိုခေါ်ပြီး နှစ်သက်ရာကို ကြိုက်သလောက် စားနိုင်ဖို့ စီစဉ်ထားပါတယ်... လက်မှတ် မကုန်ခင် ပြေးယူစေချင်ပါတယ်... ပျော်စရာ အစီအစဉ် များပါလို့ပါ... စကာင်္ပူ ရောက်ရင် ညီအကို မောင်နှမတွေ အားလုံးကို တစ်ဝိုင်းပေးဖို့ ကတိပေးပါတယ်... (မုန့်လက်ကောက်တစ်ယောက်တစ်ဝိုင်းပါ) အမတွေ အကိုတွေ စားချင်တာများကိုလဲ ချက်ကျွေးမှာပါ... မှတ်ထားကြပါ စားချင်များကို... ဆုံတဲ့နေကို ကျွေးပ့ါမယ်... မမခင်လေးအတွက်လဲ မုန့်လက်ဆောင်း ရှယ်ချက်ပေးမယ်နော်... ခုတော့ထုံးရှာမရလို့ ...း)

အမှတ်တရ လက်ဆောင်များ

မွေးနေ့လက်ဆောင်ကို ကျနော့်ဆီ အရောက်ပို့ပေးတဲ့ ချစ်ခင်လေးစားအားကျ ရတဲ့ကျနော့်ရဲ့မကြီး


အကိုမိုးကုတ်သား ပေးတဲ့ စကားလက်ဆောင်

“စိန်” ရတနာ တွေ အ “လျှံ ”ပယ်ကာ တောက်ပ “ထွန်း ”လင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။

အမှတ်တမဲ့ မဟုတ်ပါဘူး
ဆိုက်ဆိုက်မြိုက်မြိုက် သေချာ လိုက်လာခဲ့တာပါ။
ဘလော့ဂါ လောကကတဆင့် သိကျွမ်းခွင့်ရခဲ့ပေမဲ့
ခိုင်မြဲတဲ့ သံယောဇဉ်တွေက ဖြတ်မရ။
စိတ်ကောက်ပြီး အစသန်သော
သဘောဖြူသူ ညီလေးတစ်ယောက်
ကျွန်တော် ကောက်ရခဲ့တာ ဆုတစ်ခုပေါ့။
ကျမ်းအစောင်စောင် ပြုဖွဲ့မကုန်တဲ့ မေတ္တာတွေနဲ့
ညီလေးရဲ့ မွေးနေ့တစ်ခုက အစပြုလို့
အမှတ်တရတွေများစွာမှာ
ချစ်ခင်သူအပေါင်းနဲ့ ထာဝရ
ညီ့ဘ၀လေး ပျော်ရွှင်ငြိမ်းချမ်းပါစေ။
ချစ်ခင်ခြင်းများစွာဖြင့်

ကိုမောင်ဟန်
( ဖိုးစိန်တစ်ဦးတည်း မူပိုင်လိုင်စင်ရှိသည်။
မည်သူမျှ ကိုမောင်ဟန် ဟု ခေါ်ခွင့်မပြုပါ)
ပုံ - *မိုးကုတ်သား*



ညီလေးCraton ပေးပို့တဲ့မွေးနေ့ လက်ဆောင်









မနက်ဖြန် ၂၂ရက်နေ့ ဇူလိုင်လ ၂၀၀၉ ခုနှစ်မှာကျရောက်မယ့် ကိုဖိုးစိန်ရဲ့မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ချစ်သောသူများနှင့်သာ ချမ်းမြေ့သာယာစွာ အတူနေထိုင်နိုင်ရပါစေလို့ ညီဆုတောင်းပေးလိုက်ပါတယ်..
ဒီနေ့ မွေးနေ့ကဒ်ပို့လိုက်ပြီအစ်ကို.. မွေးနေ့လွန်မှကဒ်ရောက်လိမ့်မယ်.. တန်ဖိုးသိပ်မကြီး အပြင်အဆင်သိပ်မလှပေမယ့် မွေးနေ့မှာ ညီ့ဆီက အမှတ်တရလေးတစ်ခုဖြစ်သွားစေချင်ရုံသက်သက်ပါ..။ အချိန်မှီသိရအောင် မပို့ခင်ကဒ်ကိုဓါတ်ပုံရိုက်ထားတယ်.. မရောက်ခင်တော့ သွားရည်ကျနှင့်ပေါ့.. သူများလည်းကြွားလို့ရအောင်.. :P


ချစ်စရာ ကောင်းတဲ့ မမချစ် ရဲ့ မွေးနေ့လက်ဆောင် နဲ့ဆုတောင်း


ခင်မင်ရတဲ့ ဖိုးစိန်ရေ
ပျော်ရွှင်သော မင်္ဂလာရှိသော
ယခုမွေးနေ့  မှ နောင်နှစ်ပေါင်း ၁၀၀ တိုင်
ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ 
ဆုမွန်ကောင်း တောင်းပေးပါတယ်..
နောက်ကျ နေတာ ခွင့်လွှတ်နော်
မွေးနေ့  ကဒ်လေး လုပ်ပေးနေ လို့  ..
ကြည့်လိုက်အုံးနော်..
ပျော်ရွှင်သော မွှေးနေ့ ပါ..း))
မီးမီးချစ်



မွေးနေကဗျာကို မဂျုနဲ့ တစ်ယောက်တစ်ဝက် ခွဲယူရတဲ့ Z ရဲ့ကဗျာလေး

မွေးနေ့ ...

ကာလတစ်ခု ရွေ့သွားတာလား ...
..တိမ်တိုက်တစ်ခုရွေ့သွားတာလား ...
မနေ့ကလိုပဲ ဒီနေ့လည်း
ပန်းလေးတစ်ပွင့်ပွင့်နေခဲ့တယ် ..
မနက်ဖြန်တိုင်းမှာလည်း ပန်းလေး ပွင့်နိုင်ပါစေ ... ။

ရလာတာတွေနဲ့ ရောင့်ရဲတတ်လာတဲ့အခါ ...
ရောင့်ရဲတာတွေပဲ ရလာတော့တယ် ...
ကမ္ဘာကြီးကို သားရေတစ်ချပ်ခင်းဖို့မလိုဘူး ..
ငါ့မှာ ဖိနပ်တစ်ရံရှိတယ် ..( လို့ စိတ်ကို စိတ်ကပြောတယ် ....)
စိတ်ကို အိစက်ညက်ညောတဲ့ ဖိနပ်တစ်ရံ ဆင်မြန်းလာနိုင်တဲ့အခါ ...
စိတ်ကို စိတ်ကပြောတယ် ... စိတ်ချမ်းသာလိုက်တာ တဲ့ ...။


နာကျင်သောကိုယ်ရှိသော်လည်း
စိတ်မှာမနာကျင်ပါ ..

နာကုလပိတာ လျှောက်ခဲ့တဲ့လမ်းမှာ ...

စံပယ်ရနံ့တွေ စိမ်းစိုလန်းဆန်းနေခဲ့တယ် ...။


မနက်ဖြန်ရွာသွန်းမယ့်မိုးကို ဒီနေ့မစိုစွတ်စေတော့ဘူး ..
တိမ်တွေကိုလည်းပျိုးကြဲမနေတော့ဘူး ...
ဘေးကင်းလုံခြုံရာရောက်နေတဲ့စိတ်ဟာ ...
ရိတ်စရာသိမ်းစရာ အပူအပင်မဲ့စွာ ...
မိုးလေကင်းစွာ ... ချမ်းမြေ့သာယာနေတော့တယ် .....။ ။
ခင်မင်စွာဖြင့်
Z


ချစ်ခင်လေးစားရတဲ့ မကြီးဝါ(မဝါဝါခိုင်မင်း- အမှတ်တရလေးများ) ပေးပို့တဲ့ မွေးနေ့ပန်းစည်းလက်ဆောင်






မနန္ဒာပေးပို့တဲ့ စကားလက်ဆောင်

ပျော်ရွှင်ဘွယ်ရာ မွေးနေ့ ဖြစ်ပါစေ မောင်လေး ဖိုးစိန်

မောင်လေး ဖိုးစိန်ရဲ့ ပို့စ်တွေဖတ်ပြီး ကြည်နူးရ ရယ်မောခဲ့ရပါတယ်။

အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

မိဘကျေးဇူးကို သိတတ်သော မိဘလုပ်ကျွေးနိုင်သော သားလိမာလေးဖြစ်ပါစေ
ma nandar





ချစ်ခင်လေးစားရတဲ့ မဂျု ရဲ့ မွေးနေ့ကဒ်လေးနဲ့ အတူ စကားလက်ဆောင်


Wishing you the Happiest of Birthdays.


To my brother Phoe Sein,

May you have all the joy your heart can hold,
All the smiles a day can bring,

All the blessings a life can unfold,
May you have Gods best in everything.

Wishing u a Happy Birthday

with best wishes - Ma Ju




မမဆု ရဲ့ဆုတောင်းစကား

22nd,July;2009
Happy Birthday
"Ko Monkey Phoe Sein"

This special day belongs to you.
To celebrate with your lovely friends,and
those who wish the best for you,
With love that never ends.
I say a prayer for you today,
Of thank,,,
That u are here:
May every day be bless for you.............



yours sister
"Hsu"
:)


မမမေ (Mae) ရဲ့မွေးနေ့ကဒ်နဲ့အတူ ဆုတောင်း



Happy 29th!
Many happy returns
;)



အကိုကြီးအိမ် ရဲ့မွေးနေ့ သီချင်းနဲ့အတူ ဆုတောင်း



Happy Birthday, you're not getting older you're just a little closer to death.
Wishing you another wonderful year of happiness and joy. Happy Birthday!



ညီမောင်ငရ် ရဲ့မွေးနေ့လက်ဆောင်


သယ်ရင်းလေး ညီမလေးချစ်မက်မက် ရဲ့ဆုတောင်း


မကြီး မေတ္တာရောင်ပြန် ရဲ့ဆုတောင်းစကား

မကြီးချစ်သောမောင်လေး ဖိုးစိန်

ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ ကျရောက်တဲ့ မောင်လေးရဲ့ မွေးနေ့လေးမှာ ပျောရွှင်စရာ မောင်နှမတွေရဲ့ အားပေးစကားတွေနဲ့အတူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ပါစေလို့ မကြီး ဆုတောင်းပေးလိုက်ပါတယ်။
မောင်လေးရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာ မိဘကို သိတတ်ပြီး ကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာလေးလည်း ဖြစ်ပါစေနော်။ မောင်လေး ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျပြီး လိုအင်ဆန္ဒတွေလည်း အမြန်ဆုံးပြည့်ဝလာနိုင်ပါစေလို့ မောင်လေးကို ချစ်တဲ့ မကြီးမေတ္တာရောင်ပြန်က ဆုတောင်းပေးလိုက်ပါတယ်။
မောင်လေးချစ်ခင်ရတဲ့ ဘလောဂ့်ဂါမောင်နှမတွေနဲ့လည်း ထာဝရင် အခင်အမင်အပျက် တစ်သက်လုံး ချစ်ချစ်ခင်ခင် နေနိုင်ပါစေ မောင်လေးဖိုးစိန်။

မောင်လေးကို ချစ်သော
မကြီး
မေတ္တာရောင်ပြန်

ညီလေးယောက်ဖအိုင်ခီ(ယာမကာ) ရဲ့ ရင်ထဲကစကား

တစ်ကယ်တမ်းအစ်ကိုမွေးနေ့ မှာေ၇းမယ်ဆိုမှ ခေါင်းက ခြောက်အောင်စဉ်းစားလည်း မရေးတာကြာနေတာလား ၊ တစ်ခုခုဖြစ်နေတာလားမသိတော့ဘူး ။ ဖျစ်ညစ်ရေးနေပေမယ့် စိတ်တိုင်းမကျမိဘူး ။ ရေးပြီးတိုင်းဖျက်နေမိတယ် ။ တစ်ခုခုတော့ ရေးအုန်းမှပဲဆိုပြီး အတင်းကို ရေးနေမိတယ် ။ စီပုံးမှာ ညီလေးငမူးရေ အရက်သောက်ရအောင်လို့ လာခေါ်ကတည်းက ခင်မင်ရင်းစွဲရှိနေမိတယ် ။ တစ်ကယ်လည်း အစ်ကိုတစ်ယောက်လို လိုတာမှန်သမျှ ဖြည့်စည်းပေးတယ် ။ အစ်ကိုရေးထားတာတွေ ဖတ်ပြီး ဝမ်းနည်းလိုက် ၊ ဝမ်းသာလိုက် ဖြစ်ရတယ် ။ ရေးနိုင်စွမ်းရှိပြီးလူတစ်ကာနဲ့ တည့်အောင်ပေါင်းတတ်တယ် ။ အငယ်လည်းအငယ်နေရာ ၊ အကြီးလည်း အကြီးနေရာကထားပြီး ဆက်ဆံတတ်တယ် ။ အစ်ကိုတစ်ယောက်လို ပါပဲ ခင်မင်မိတာ ။ စိတ်ရင်းနဲ့ ပြောဆိုဆုံးမ တတ်သေးတယ် ။ ကဲ မတတ်တစ်ခေါက်လေးရေးပေးလိုက်မယ်ဗျာ နော် ချစ်ယောက်ဖကြီးရေ ။


နေ့ ရက် အချိန်တွေ ကုန်ဆုံးသွားလိုက်တာ
တစ်ဖြည်းဖြည်းလို ထင်ပေမယ့်
ကုန်သွားတဲ့အချိန်တွေက မနဲ တော့ဘူး
ပြန်တွေးကြည့်ရင်ခဏလေးလို့ ထင်ရပေမယ့်
ဖြတ်သန်းလာတဲ့ တစ်ခဏလေးအတွင်းမှာ
ရောင်စဉ်ဖြာသလိုပဲ
ဘဝတွေ အရောင်မျိုးစုံပြောင်းသွားလိုက်တာ
ဝမ်းနည်း ၊ ဝမ်းသာ ၊ သုခ နဲ့ ဒုက္ခ
တစ်လှည့်စီခံရင်းနဲ့ ခရီးဆက်ခဲ့တာ
ခရီးအတော့ပေါက်ခဲ့ပါပြီကော
မလျော့တဲ့ဇွဲလုံလ ၊ ဝီရိယတွေ
ရေးထားတဲ့စာတွေမှာဖတ်ရပါရဲ့ 
ယောက်ကျားကောင်းတစ်ယောက် ပီသစွာ
လောကကြီးကို အံတုလို့ အစွမ်းကုန် ကြိုးစားခဲ့မှန်းသိသာတယ်
အဖော်မရှိလို့ အားငယ်ဖူးတယ်
အားငယ်တိုင်းလည်း ဘယ်တော့မှစိတ်မပျက်ဘူးဆိုတာ သိနေတယ်
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်သွားလိုက်တာ
ချစ်ကိုကြီးယောက်ဖမွေးနေ့ ရောက်ခဲ့ပြန်ပြီရော
ဒီထက်မက ဘဝကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေဗျာ
မွေးနေ့ မှသည်နောင်နှစ်ပေါင်း အမြဲအောင်မြင်နိုင်ပါစေ



ဒါပဲဒါပဲ တတ်တယ် ဟွန်း မရတော့ဘူး ခေါင်းခြောက်သွားပြီ


ချစ်သောသယ်ရင်း ရီနိုမာန် ရဲ့ ဆုတောင်း

သယ်ရင်းရေ

ဇူလိုင် ၂၂ မှာ သယ်ရင်းရဲ့ မွေးနေ့ကို သတိရတယ်။
အားချိန်ထက် အလုပ်ချိန်က များနေတော့ ထွေထွေထူးထူး
ဘာမှ မလုပ်နိုင်ဘူး။
သယ်ရင်းရေ လောကမှာ လိုတာမရ၊ ရတာမလို
ဖြစ်နေတဲ့ အချိန်မှာ ငါ့ သယ်ရင်းရဲ့ ဘဝမှာ
ဒီနေ့ မွေးရက်က စပြီး အောင်မြင်သောဘဝ၊
ကိုယ်ကိုကိုယ် ပိုင်သော ဘဝ၊
စိတ်သွားတိုင် ကိုယ်ပါနိုင်ပြီး
မိဘ ကို ထာဝရ စိတ်ချမ်းသာအောင်
ထားနိုင်သော သားလိမ္မာလေး
တစ်ယောက်ဖြစ်ပါစေကွာ။

ဆုတောင်းနဲ့ မပြည့်စုံဘူး သယ်ရင်းရေ
ဝိုင်းလေး တစ်ဝိုင်းလောက်ပါလိုက်ရင်း
သိပ်ကောင်းမှာပဲနော်။

ချစ်တဲ့ ရီနို


ချစ်သော ပေါ်ပေါ် (တောင်ပေါ်သား) ရဲ့ ဆုတောင်း

အကိုရေ..

အကိုရဲ့ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော မိသားစုနဲ့ တူတူ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံစွာ နေရပါစေလို့
ကျနော် ရင်ထဲကနေ ဆုတောင်းပေးပါတယ်။ ဘ၀မှာ အခက်အခဲမှန်သမျှကို ဖြတ်ကျော်နိုင်သော ယောကျာ်းမြတ်တယောက်ဖြစ်ပါစေ
တိုင်းပြည်အတွက် မိသားစုအတွက် လိုအပ်တဲ့ နေရာလေးတွေကနေပြီးတော့ ဖြည့်စည်းနိုင်ပါစေ။ အသက်လဲ ရနေပြီနော်
ဒီတော့ ချစ်သော ကောင်မလေးနဲ့ တူတူ သက်ထက်ဆုံး ပေါင်းရနိုင်ပါစေလို့ ကျနော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
တခါတလေ ဘ၀မှာ အခက်အခဲဆိုတာကတော့ လူတိုင်းရှိတယ် အကိုရေ.. စိတ်မညစ်နဲ့ အားငယ်မနေနဲ့ တယောက်ထဲ ကျော်ဖြတ်ရတဲ့
အချိန်တိုင်း ကျနော်တို့လိုပဲ ဖြတ်သန်းခဲ့ရတဲ့ လူတွေ အများကြီးဆိုတာ သတိထားလိုက်ရင် ငါ့အကို စိတ်မဆင်းရဲရတော့ဘူးပေါ့။
အရာရာ အဆင်ပြေလို့ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံသော မွေးနေ့လေးဖြစ်ပါစေ။



ညီလေး သေးသေး အရူးလေး ရဲ့ အကိုအတွက် အဝေးရောက်ဆုတောင်း

မိုင်လပ်ဖ်လီးဘရားသား မွေးနေ့မှာ ပျော်ရွင်ပါစေ

မိုင်လပ်ဖ်လီးဘရားသားကို အမြဲချစ်တဲ့

မိုင်လစ်တဲ လပ်ဖ်လီးဘရာသား



ညီလေး မိုးသောက် ပေးတဲ့စကားလက်ဆောင်


ကိုကြီးစိန် ကျနော်က အိမ်မှာ တစ်ဦးတည်းသော သားဗျ .... အစ်ကိုလည်း မရှိဘူး ညီလည်း မရှိဘူး .....
ငယ်ငယ်က အစ်ကို တစ်ယောက်လောက် ရှိရင် သိပ်ကောင်းမယ်လို့ ထင်မိတယ် .... နည်းနည်း ကြီးလာပြန်တော့ ညီ တစ်ယောက်လောက် ရချင်ပြန်တယ် ... မဖြစ်နိုင်တဲ့ လိုချင်မှုကို တွန်းကန်တဲ့ သဘောလို့ပဲ ဆိုရမှာပေါ့ ... ဆိုက်ကို တစ်ခု ၀င်လာတယ် ....
အဲ့ဒါကတော့ ယောက်ကျားလေး မြင်ရင် အလိုလို မုန်းတီးလာတာပဲ .... ရန်စချင်တယ် .... အဲ့ဒါကြောင့်လည်း ၈ တန်း ၉ တန်း ၁၀ တန်း အချိန်တွေက
ကျနော် ရန်တဖုန်းဖုန်း ဖြစ်နေတဲ့ အချိန် ရဲစခန်း ခဏ ခဏ ရောက်နေတဲ့ အချိန်ပေါ့ .....
လိုရင်း ပြောရရင်တော့ ကျနော် ဘယ်သူ့ကိုမှ ညီအစ်ကိုလို မချစ်ခင်ဖူးဘူးဗျ ...
ဒါပေမယ့် ကိုကြီးစိန်ကိုတော့ ကျနော် ညီ အစ်ကို တစ်ယောက်လို ချစ်ခင်ခဲ့တယ်ဆိုတာ သိစေချင်တာပါ ...
အစ်ကို တစ်ယောက် အတွက် ညီလေးရဲ့ စေတနာ စကားလို့ပါ သတ်မှတ်ပေးပါ ....
မိရိုးဖလာ ထုံးတမ်း စဉ်လာ အရ ဂျူလိုင်လ ၂၂ ရက်နေ့ဟာ ကိုကြီး စိန် မွေးနေ့ ဖြစ်တယ် ဆိုပေမယ့်
အချိန်တိုင်း မိနစ်တိုင်း စက္ကန့် တိုင်းဟာ ကိုကြီးစိန် မွေးနေ့ ဖြစ်သလို သေနေ့လည်း ဖြစ်တယ်ဆိုတာ မမေ့စေချင်ဘူး .....
နောင် အနာဂတ် ငြိမ်းချမ်းဖို့ ဆိုတာထက် အခု လက်ရှိ အသက်ရှင်ဆဲ ဖြစ်နေတဲ့ သိစိတ်လေး တစ်ခု ငြိမ်းချမ်းဖို့ ပြုလုပ်စေချင်တယ် ....
လက်ရှိ သိစိတ်လေးတွေတိုင်း ငြိမ်းချမ်းနေရင်တော့ အမြဲ ထာဝရ ငြိမ်းချမ်းလိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ......
လက်ရှိ စိတ်လေးတွေကို ပူလောင်အောင် ထားမယ် ဆိုရင်တော့ အနာဂတ်ဆိုတာလည်း ပူလောင်မယ် ဆိုတာ ဗေဒင် မေးဖို့ လိုမယ် မထင်ပါဘူး ....
မွေးနေ့ တိုင်းမှာ ကိုကြီးစိန် ငြိမ်းချမ်းပါစေဗျာ ...
ခင်မင်တဲ့ ညီလေး
မိုးသောက်



ချစ်စရာကောင်းတဲ့ ညီမလေး ရုံလေး(မြုးသျှရီ) ရဲ့မွေးနေ့ကဒ်နဲ့အတူ ဆုတောင်း


ယနေ့ မွေးနေ့မှသည် ကိုကြီးတယောက် ကိုယ်ကျမ္မာ.. စိတ်ချမ်းသာ၍ ရောဂါဘယ ကင်းဝေး ပါစေလို့ ..........
ခင်မင်လေးစားတဲ့ ရုံလေး


ချစ်စရာကောင်မလေး ပိတိတုန်းလေး ရဲ့ဆုတောင်း

ကိုကြီး

မင်္ဂလာရှိသောမွေးနေ့ ပြစ်ပါစေ

ဆန္ဒနဲ့ဘ၀တထပ်ထဲကြပါစေ

ပိတိတုန်းလေး


ညီမ ဂျစ်တူးလေး ရဲ့မွေးနေ့ဆုတောင်း

ကိုကြီး ဘ၀မှာပျော်ရွှင်မှုတွေအမြဲပြည့်ဝပါစေ....
ကောင်းသောလိုအင်တွေလဲ ထပ်ခါထပ်ခါရပါစေ


ညီမလေး တာရာ ရဲ့ ဆုတောင်း





ခင်တဲ့ အကိုဖိုးစိန်...
အကို့မွေးနေ့ အလှူအတွက် တာရာက တစ်တပ်တစ်အားပါဝင်ပြီး ပုဇွန်ကော်ပြန့်ကြော်ရယ် . ဝက်သားဒုတ်ထိုးရယ် လုပ်ပေးလိုက်တယ်နော်..အချဉ်ရည်
လည်းပါတယ်. မွေးနေ့မှာ လာဆုတောင်းပေးတဲ့သူတွေကို ကျွေးလိုက်ပါဦး.....
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေရှင်...........................
ချစ်ညီမ တာရာ


ပျော်စရာကောင်းသော မွေးနေ့မင်္ဂလာပါ ကိုဖိုးစိန်
၂၉နှစ်မြောက် မွေးနေ့မင်္ဂလာမှသည်
နောင်နှစ်ပေါင်းများစွာ ချစ်သူခင်သူပေါများပြီး
အောင်မြင်သော ပန်းတိုင်ကို စိတ်ချမ်းသာကိုယ်ကျမ်းမာနဲ့ လျှောက်လှမ်းနိုင်ပါစေ


မွေးနေ့ဆုတောင်းကိုပိုစ့်တင်ပေးတဲ့ ညီမလေး မေလေး ညီမလေး မိုးခါး ချစ်သောမောင် ချမ်း

မွေးနေ့မတိုင်ခင် ကြိုတင်ဆုတောင်းပို့ တင်ပေးတဲ့ မနှင်း

မွေးနေ့မတိုင်ခင်စီဘုံးမှာ လာရောက်ဆုတောင်ကြသော ချစ်တဲ့ ညီအကို မောင်နှမများ

မွေးနေ့ကဒ်ကို ပေးပို့ကြသော ချစ်တဲ့ ညီအကိုမောင်နှမများ
အားလုံးကို ချစ်ခင်လေးစာလျှက်


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
နေရာလာဦးတာ
အမ်
သွားပြီ
Anonymous said…
ငှဲလျောင်း၊ ငှဲလျောင်း၊ငှဲလျောင်း... နာတွ
တာရာ said…
ဘယ်ရမလဲ ၄ ကွ
Anonymous said…
21 Jul 09, 23:27
ကိုလူထွေး: ငှက်ပျောသီးစားရင်း တရားထူးများလဲ ပွားများနိုင်ပါစေ...
21 Jul 09, 23:25
ကိုလူထွေး: အခွံနွာစားပါ
21 Jul 09, 23:23
ကိုလူထွေး: ငှက်ပျောသီး မကျွေးရတာ ကြာပီ
21 Jul 09, 23:22
ကိုလူထွေး: မင်္ဂလာရှိတဲ့ မွေးနေ့ဖြစ်ပါစေလို့ ချစ်ကိုကြီး ကိုလူထွေးမှ ဆုမွန်တောင်းပေးပါတယ် ညီငယ် မောင်ငွေကိုင် (ခ) ငကြွား... အဲ... ဖိုးစိန်... မျောက်ဖိုးစိန်... ဇာတ်မင်းသားဖိုးစိန်
21 Jul 09, 22:39
ဇော်: စိတ်ကြည်လင်အေးချမ်းတဲ့ မွေးနေ့လေးကို ပိုင်ဆိုင်ရပါစေဗျာ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုဂျီးစိန်။ =)
21 Jul 09, 22:39
ဇော်: မွေးနေ့မှသည် အသက်ထက်ဆုံးထိအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရှိနိုင်စေဖို့ ဆန္ဒပြုပါတယ် ကိုဂျီးစိန်။
21 Jul 09, 20:32
နှင်းနဲ့မာယာ: မင်္ဂလာမွေးနေ့ပါနော်..
21 Jul 09, 20:29
ကျရေ: ပျော်ရွှင်ဖွယ်မွေးနေ့ကလေးဖြစ်ပါစေ စိတ်ရှုပ်စရာတွေ မြန်မြန်ပပျောက်ပါစေ အဆင်ပြေချမ်းမြေ့ပါစေ
21 Jul 09, 20:14
ကိုမောင်ဟန်: Happy Birthday!!!!!!! http://www.123birthdaycards.com/cards/monkey_bday.htm
21 Jul 09, 19:45
thetpaingthu: ကိုစိန် .. happy birthday
21 Jul 09, 19:22
ThihaThit: ချစ်စိန် happy birthday
21 Jul 09, 19:08
kaungkinpyar:ံHappy Birthday ပါ စိန်ရေ၊ ပျော်ရွှင်ဖွယ်နေ့လေး ပိုင်ဆိုင်ပါစေ
21 Jul 09, 18:52
ဝသန်မိုး: ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေနော်
21 Jul 09, 18:52
ဝသန်မိုး: ဟက်ပီးဘက်ဒေးပါ ကိုကိုစိန်ရေ
21 Jul 09, 16:59
pyestar: happy birthday nyi lay monkey pho sein :)
21 Jul 09, 15:52
မီးလေးဇာ: ငကြွားကိုလာဖတ်သွားပါတယ်ချင့် ကြိုတင်ဆုတောင်းပေးသွားတယ်နော် မနက်ဖြန်ကွန်မရရင် နောက်ကျမှာစိုးလို့ ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့လေးဖြစ်ပါစေနော်
မငုံ said…
့HAPPY BIRTHDAY သူငယ်ချင်းရေ။။
မွေးနေ့မှစ.ပျော်ရွှင်မှု့အတတိဖြစ်ပါစေ။
မ said…
ပျော်ရွှင်မွေးနေ့ ဖြစ်ပါစေ

ချစ်မ
နေဒေးသစ် said…
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာ ခြင်းများနှင့် ပြည့်စုံပြီး အလှူရေစက် လက်နှင့် မကွာ လှူနိုင် တန်းနိုင် ကျွေးနိုင် မွေးနိုင် စားနိုင်သောက်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပြီး သကာလ ..

မိဘကျေးဇူး သူတထူးအား စောင့်ရှောက်ပြုစု ဖေးမ တွဲကူနိုင်သော ယောကျာင်္းကောင်း ယောကျာင်္းမြတ် တစ်ယောက် အဖြစ် အနာဂတ် နေ့ရက်ပေါင်း များစွာ ဖြတ်သန်းတင့်တယ် နိုင်ပါစေ ..

နေဒေးသစ်။
Anonymous said…
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ
ပျော်စရာမွေးနေ့လေးကို သူငယ်ချင်းတွေရဲ့ ဆုတောင်းတွေနဲ့ စည်စည်ကားကားနဲ့တွေ့ရတာ
ထပ်ဆင့်ပျော်စရာလေးနော်...
မွေးနေ့ပါင်းများစွာမှာ အခုလို ချစ်တဲ့ သူယ်ချင်းတွေနဲ့
ပျော်ရွှင်ပါစေနော်....
mgnge said…
Happy Birthday! ပါ အကို
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့..။ ဒီနေ့ ကစပြီးတော့ အသက်တစ်နှစ်ကြီးသွားပြီလေ..။ နောက်မှာကျန် ခဲ့တဲ့ မကောင်းတာတွေကို မေ့ပြီး..ရှေ့ ဆက်လို့ ..အကောင်းတွေနဲ့ ပဲကြုံနိုင်ပါစေပေါ့ဗျာ..။

အမြဲပျော်နိုင်ပါစေ ဘရာသာရေ..။
mae said…
ကိုဖိုးစိန်.. ဒီမွေးနေ့က စလို့ နှစ်တိုင်း မွေးနေ့တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ
တာရာ said…
ဟောတော့ ဝက်သားဒုတ်ထိုးက ဘယ်ရောက်သွားတာတုန်း....england နဲ့ cyprus ကြားမှာပျောက်သွားပြီထင်ပ....
ကဲကဲ မွေးနေ့ ရောက်တိုင်း အရက်အတူတူသောက်ချင်တယ်ဗျာ
ပိုက်ပိုက်သာများများရှာလာခဲ့ချေ
သရေယိုအောင်မလုပ်နဲ့ သိလား
အတူတူ ကဲမယ် ဟုတ်ပြီလား
ဟွန်းတစ်ကယ်တည်း လွန်လွန်းတယ်
လက်တွေ့ အပြင်မှာတစ်ပွဲလောက်နွဲလိုက်ချင်တယ်
ချစ်ကို တစ်ခွက် ညီတစ်ဖလားပေါ့ နော့်
ဇော် said…
ဘယ်မှာလဲဗျ ကျနော်ပေးတဲ့လက်ဆောင်။ =(
မွေးနေ့မှာပျော်ရွှင်ပါစေ ကိုထောင်ရေ ဒီနေ့ကစလို့ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ပျော်ရွှင်တဲ့ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေ ကာယသုခ စိတ္တသုခ နှစ်ဖြာပြည့်ဝလို့ လုံးတိုင်းတာရနိုင်တဲ့သူဖြစ်ပါစေ ကြံစည်သမျှတောင်းတ အရာရာအဖြာဖြာတို့ လျှင်မြန်စွာပြည့်ဝတဲ့ ကိုထောင် ဖြစ်ပါစေ...လို့နော်
ဇော် said…
အယ် .. အဟီး။
ကျနော့်မွေးနေ့လက်ဆောင်ပါတယ်ဟ။ အဲ့ဒါကို မမြင်ဘူး သေချာလဲမဖတ်ရသေးဘဲ သမန်ကာ လျှံကာကြည့်ပြီး နှုတ်ခမ်းစူလိုက်မိတာ။ အဟီး။
၁လိုချင်လို့ စောင့်ပါတယ်ဆိုမှ။ မွေးနေ့ဆုတောင်း ဖုန်းတွေလာနေလို့ ဖြေရင်း ၁၅ဖြစ်သွားတယ်။ အီးးး။
ကိုဂျီးစိန်။ မကျေနပ်ဘူး။ ဟင့်။
ဒီတစ်ခါပဲ ၁လိုချင်ခဲ့မိတာပါဗျာ။ =(
Anonymous said…
ဗျို့ ကိုကြီးစိန် မအိပ်ပဲနဲ့ ကွန်မန့်တွေ စောင့်ဖတ်ပြီး ရင်ခုန်နေတာလားဗျ ....
ကြည်နူးလို့လည်း မျက်ရည် ကျမနေနဲ့ဦးနော့ .... :)
ကျနော် စောစောလေးကပဲ သတိတရ နဲ့ အိပ်ယာက ထပြီး တစ်ခေါက်လာသေးတယ် ... ကိုကြီးစိန် တင်မထားသေးလို့ ပြန်အိပ်နေတာ .. အိပ်ယာထဲ ခဏ လှဲကာပဲ ရှိသေးတယ် .. ကွန်မန့်က ၁၇ ခု ရောက်နေပြီ ... တယ်လည်း လူချစ်လူခင်ပေါတဲ့ ကိုကြီးစိန်ပါလား :P
ကိုကြီးစိန်ကို ညနေက ပြောခဲ့သလိုပဲ ကျနော့်ဘ၀မှာ ကိုကြီးစိန်လို မာန်မာနကင်းတာ ရိုးသားတာ တစ်ခါမှ မတွေ့ဖူးဘူး ... ရိုးသားတဲ့သူ မာန်မာနကင်းတဲ့ သူကို အများ ချစ်ခင်ကြတာ မဆန်းပါဘူး ကိုကြီးစိန် .. လေးစားပါတယ်ဗျာ ....
ကိုကြီးစိန် တစ်ယောက် ကျန်းမာ ပျော်ရွှင်ပြီး လူဖြစ်ရကျိုးနပ်တဲ့ လူတစ်ယောက် ဖြစ်ပါစေ...
မိမိအကျိုး အများအကျိုး သယ်ပိုးနိုင်တဲ့ လူသားတစ်ယောက် ဖြစ်ပါစေ လို့ ကျနော် ဆုတောင်းပါတယ် ...
ချစ်ခင်လေးစားတဲ့
ညီလေး
မိုးသောက်
Anonymous said…
ပျော်ရွှင်သေားမွေးနေ့ ပွဲ ဖြစ်ပါစေ
ဆန္ဒနဲ့ ဘ၀တထပ်ထဲကျပါစေ
း)
ချစ်တဲ့
ပိတိတုန်းလေး
WWKM said…
သူငယ်ချင်းမောင်နှမတွေ အများကြီးနဲ့ ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ဖိုးစိန်ရေ. :D
ဟတ်ပီဘတ်ဒေး ကိုဖိုးစိန် ....... မွေးနေ့မှသည် နောင်နှစ်ပေါင်းမျာစွာ ပျော်ရွှင်ပါစေ၊ ချစ်တဲ့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။
ဟတ်ပီဘတ်ဒေး ကိုဖိုးစိန် ....... မွေးနေ့မှသည် နောင်နှစ်ပေါင်းမျာစွာ ပျော်ရွှင်ပါစေ၊ ချစ်တဲ့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။
MANORHARY said…
ပျော်ရွှင်ချမ်းမြေ့ဖွယ် အမှတ်တရမွေးနေ့လေးမှသည်
နောင်နှစ်များစွာ အမှတ်တရမှတ်တိုင်များ စိုက်ထူခဲ့နိုင်
ပါစေလို့......................
ယနေ့ ကျရောက်တဲ့ ဘကြီးတော်ဖိုးစိန်၏ ၂၉ နှစ်မြောက်မွေးနေ့ မှစပြီး နောက်နှစ်ပေါင်းများစွာ ပျော်ရွင်အေးချမ်းမှုများသာ တူးဖော်ရရှိနိုင်ပါစေ...

Happy Birthday To Brother

ခင်မင်ခြင်းနှင့်
တူရီးတော်
ကိုစိန်ရေ
တတိယအကြိမ် ထပ်ဆုတောင်းပေးလိုက်တယ်။.
ပထမက စီဘုံးမှာ။
ဒုတိယက တစ်ယောက်သောသူရဲ့ အိမ်မှာ ကိုစိန့်အတွက် ထင်ပါရဲ့ .. သူဆုတောင်းထားတာ တွေ့လို့ ၀ိုင်းပြီး ဆုတောင်းပေးခဲ့တယ်.
အခုဒိမှာပေါ့
ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ
Anonymous said…
22 Jul 09, 03:43
စန္ဒကူး:ံbelated birthday wish.. မေလေး ဘလော့ comment မှာသီချင်းဆိုထားပေးတယ်.. မောလို့ ထပ်မဆိုတော့ဘူး..း)
22 Jul 09, 03:41
ကိုကိုသုန်: ကိုစိန် ဟတ်ပီဘတ်ဒေး ........ မုန့်ဝယ်ကျွေး....
22 Jul 09, 02:51
ရေတမာ: ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေ
22 Jul 09, 01:41
wwkm: HAPPY BIRTHDAY TO U. :D
22 Jul 09, 01:13
မေလေး: Happy Birthday ပါ ကိုကြီးဖိုးစိန်။
22 Jul 09, 00:50
မိုးသောက်: ကိုကြီးစိန် ကျနော် ရောက်တယ်ဗျို့ .. ကွန်မန့် ရေးခဲ့တယ်နော့ .... ပျော်ရွှင်စေကြောင်း ဆုမွန်တောင်းပါတယ်ဗျာ :)
22 Jul 09, 00:17
သမီးပျို: ရေးချိုးတာပြီးသေးဘူးလား အအေးပတ်တော့မှာပဲနော်
21 Jul 09, 23:48
mgnge: Happy Birthday ! Brother ;
21 Jul 09, 23:48
နေဒေးသစ်: အာဘွားးးးးး
21 Jul 09, 23:48
နေဒေးသစ်: ဟီးပက်ဘေးဒက် ကိုကိုချိန်
21 Jul 09, 23:42
သမီးပျို: happy birthday နော်ကိုထောင်
21 Jul 09, 23:42
မငုံ: ရောက်လာပါတယ်မွေးနေ့ရှင်ရေ.ဘာကျွေးသလဲ
kiki said…
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ မင်္ဂလာ ပါ မောင်ဖိုးစိန် ရေ ...

သက်တော် ၁၂၀ ရှည်စေသောဝ် ။
ခေါင်းကိုက်ခြင်း ဝေဒနာမှ ကင်းဝေးစေသောဝ် ။
ချစ်တဲ့သူတွေ နဲ့  ကွေကွင်း ဆင်းရဲခြင်းမှ ကင်းဝေးစေသောဝ် ။
ကြံတိုင်းအောင် လို့ ဆောင်တိုင်းမြောက် စေသောဝ် ။
လိုရာ ဆန္ဒ ပြည့် ဝ စေသောဝ် .....

သြုံ ။။ သျှရီ ။။ သျှရီ ။
ဒူ ဝေ ဝေ။

စည်တော်တီးပြီး ဆုတောင်း ပေးလိုက် ပါသည် ။။။
နွေးနေခြည် said…
ကိုကြီးဖိုးစိန် နေကောင်းကျန်းမာပြီး ချစ်တဲ့ မိသာစုနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေ...

ဘာလက်ဆောင်မှ မပါပေမယ့် ရင်ထဲက ဆုတောင်ပေးသွားတယ်ဆိုတာ ရင်ဘတ်တူရင် ခံစားတတ်မှာပါ ဟိး)
ဟက်ပီးဘတ်ဒေးနော် ကိုကြွားစိန်..အဲ ကိုဖိုးစိန်..း)
ညီလေး ဖိုးစိန် ယနေ့မှသည် မမြင်နိုင်သေးသော ဟိုးအနာဂါတ်ဆီမှ ညီလေး၏ လိုချင်သော တပ်မက်သော အရာမှန်သမျှကို အတ္တ နဲပါးစွာစွာနဲ့ ရယူပိုင်ဆိုင်နိုင်ပါစေ။
Anonymous said…
မောင်လေးဖိုစိန်

ဇူလိုင် ၂၂ မှာကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွား ပျော်ရွှင်ဖွယ်မွေးနေ့များကို ဖြစ်သန်းနိုင်ပါစေနော်။

"HAPPY BIRTHDAY MGLAY PHOE SEIN"

မကြီး
Unknown said…
သူငယ်ချင်း ကိုဖိုးစိန်...

ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေဗျာ...

ညီရေ နောက်ကျသွားတဲ့အတွက် စောရီးနော်... အချိန်တွေက မတူနောက်ပြီး ကျနော်လည်း အလုပ်နည်းနည်းများသွားလို့ဗျာ...
သူငယ်ချင်းတွေလည်း ဆုတွေပေးထားကြတာ တော်တော်လည်းစုံနေပြီ.... အရမ်းပျော်ရွှင်ဖွယ်ရာမွေးနေ့လေးပါဗျာ...

မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ ကျော်သည့်တိုင် သူငယ်ချင်းရဲ့ လိုအင်ဆန္ဒတွေ တလုံး တခဲနဲ့ကို ပြည့်စုံပါစေဗျာ... :) :) :)

စိတ်ကူးနဲ့ အိပ်မက်တွေလည်း လက်တွေ့ဖြစ်ပေါ်ပါစေဗျာ....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
Dream said…
Happy Birthday ပါ.....

ပျော်ရွှင်မှု အပေါင်းကို သရဖူဆောင်းနိုင်ပြီး စိတ်၏
ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ပဲ

ဆုတောင်းမေတ္တာပြုပါတယ်။

ခင်တဲ့
မက်မက်
အမြဲ ပျော်ရွှင် စိတ်ချမ်းမြေ့ပါစေ..
ရည်မှန်းချက်တွေ အမြန်ဆုံး အောင်မြင်ပါစေ လို့  ဆုတောင်းပေးပါတယ်း))
ံHappy Birthday ပါဖိုးစိန်ရေ။ ကွန်နက်မကောင်းလို့ ခုမှ ရောက်လာရတယ်။ နောက်ဆုံးဖြစ်နေပြီထင်တယ်။ နောက်ဆုံးပိတ်အိတ်နဲ့ လွယ်ဆိုသလိုပေါ့နော်။
ဖိုးစိန်ရဲ့ ဒီနေ့ ကျရောက်တဲ့ မွေးနေ့ မှနောင်ရက်ပေါင်း များစွာကို ဆန္ဒတွေ၊ အိမ်မက်တွေအကောင်အထည်ဖော် ကာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
Mogok Thar said…
35 မှာမှ လာမန့်တယ်ကွာ။
ညီလေး မွေးနေ့မှသည် နေပတေါ နေ့တွေတိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ။
ညီ့ အိပ်မက်တွေ လက်တွေ့တကယ် ဖြစ်လာနိုင်ပါစေဗျာ။

မေတ္တာဖြင့်
ကိုမောင်ဟန်
မွေးနေ့အိမ်မှာလူတွေများနေလို့ အခုမှပဲ အေးအေးဆေးဆေး ဆုတောင်းသွားပါတယ်...

စိတ်ကောင်းရှိပြီး ကူညီတတ်တဲ့ သူငယ်ချင်းဖိုးစိန် မွေးနေ့မှာ ပျော်ရွှင်ရသလို နောင်နှစ်ပေါင်းများစွာလည်း
ပျော်ရွှင်ပါစေ..အဆင်မပြေမှုတွေ ကြုံလာခဲ့ရင်လည်း ခဏအတွင်းပြေပျောက်သွားပါစေ...။
ဝေဒနာဆိုးတွေကိုလည်း ကျော်လွှားနိင်ပါစေ
လက်ရှိခေါင်းကိုက်နေတဲ့ ဝေဒနာဆိုးလည်း အမြန်ဆုံး ပျောက်ကင်းသွားပါစေဗျာ....

မိဘကို စိတ်ချမ်းသာအောင်ထားပြီး ကျေးဇူးဆပ်နိင်တဲ့
သားကောင်းရတနာ ဖြစ်ပါစေ

သူငယ်ချင်းကိုခင်တဲ့...(ပိုင်)
အကိုရေ
အကို့ကို ချစ်တဲ့လူတွေ အများကြီးပဲနော်
ဒီတော့ ပျော်စရာကြီးပါ
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ
အမြဲ ပြုံးပျော်နိုင်သူတယောက်ဖြစ်ပါစေ
အများကြီးဆုတောင်းပေးချင်တယ်
:D
Anonymous said…
22 Jul 09, 08:36
မမခင်လေး: ဖီလင် HAPPY BIRTHDAY TO YOU.. happy birthday to you.. HAPPY BIRTHDAY DREAR "MYOUK MYOUK" happy birthday to youuuuu............ ဖီလင်
22 Jul 09, 08:17
ကိုပိုင်: သူငယ်ချင်းအစစအရာရာ အဆင်ပြေ ပျော်ရွှင် ပါစေ
22 Jul 09, 07:56
မ အနမ်း: Happy Birthday ! ပါ။ ဖိုးစိန် မန့် ခဲ့ပါတယ်။
22 Jul 09, 06:53
မီးမီးချစ်: အီးမေး ပို့ ထားတယ် နော်.. ကြည့်လိုက်အုံး.. ပျော်ရွင်သော မွေးနေ့  ပါ..း))
22 Jul 09, 05:49
ဝေါသားလေး: အရမ်းပျော်စရာကောင်းသော မွေးနေ့လေးပါဗျာ.... သူငယ်ချင်း ကိုဖိုးစိန်ရေ... ပျော်ရွှင်ပါစေဗျာ...
22 Jul 09, 05:40
ပြည့်စုံ: hApPY bIRtHdAY ! ! ! ကိုဖိုးစိန်.... :)
22 Jul 09, 05:00
မေဇင်: Happy Birthday par... ko gyi
22 Jul 09, 04:23
မေတ္တာရောင်ပြန်`: "HAPPY BIRTHDAY MGLAY"
22 Jul 09, 04:08
kiki: HAPPY BIRTHDAY ! ! ! ဖိုးစိန်လေး ရဲ့ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ လေး ဖြစ်ပါစေ ...
22 Jul 09, 03:43
မောင်လေး... မျောက်မျောက်

ဘာမှတော့ ထွေထွေထူးထူးပြောတော့ဖူး...

ဘဝမှာ မွေးနေ့တွေ လာပြီးရင်...
အမတို့တွေ အတွက် သေနေ့လည်း ရောက်လာဦးမယ်.....

အဲ့ဒီနေ့ ရောက်မလာခင် စပ်ကြား...
မွေးနေ့တိုင်းကို စိတ်ကြည်လင် ပျော်ရွှင်ချမ်းမြေ့ကောင်းမွန်စွာနဲ့ တို့မောင်နှမတတွေ ဖြတ်ကျော်ကြရအောင် မောင်လေးရေ....

ချစ်ခင်စွာဖြင့်...
ဦးနော် မမခင်လေး ကလေးလေး
Vista said…
ံ Happy Birthday ပါ ကဖိုးစိန်
:P said…
Happy Birthday
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပြီး လိုရာဆန္ဒ အ၀၀ ပြည့်စုံပါစေလို့ ဖိုးစိန်လေး အတွက် မွေးနေ့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


မအယ်
ပျော်ရွှင်ပါစေ ကိုကြီးရေ..အလုပ်ရှုပ်သွားလို့ အတော်လေးနောက်ကျသွားပြီ.. သွေ့ ပုချိပါနော်...း-)

ချစ်တဲ့ညီမလေး
Waing said…
ကိုဖိုးစိန်ရေ မွေးနေ့မှာပျော်ရွှင်ပါစေ။ ၀ိုင်းရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့သူလည်း http://www.politenesskid.co.cc/ မွေးနေ့တူပဲနော်။ ၂ယောက်စလုံးကို ပျော်ရွှင်စရာ နေ့လေးတစ်ရက် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
Anonymous said…
22 Jul 09, 10:49
ma phyu: phoe sein.. monkey lay. ဘတ်ဒေး . Happy Birthday !
22 Jul 09, 10:28
May Flower: Happy Birthday ကိုဖိုးစိန် (ရီစရာလေးတွေ များများရေးနိုင်ပါစေ)
22 Jul 09, 10:13
zt: ကိုဖိုးစိန်ရေ။ Happy Birthday ပါ။ ဆိုမယ်
22 Jul 09, 10:10
Pwint Myue Zin: Happy Birthday! I saw your foto at Moe Khar's Blog. Really handsome. :P
22 Jul 09, 10:09
နွေး: ကိုကြီးစိန်ရေ... HAPPY B'DAY TO U....~~~ ဒီနေ့ မွေးတဲံသူတွေကတယ်ချောဆိုပဲ... :-)
22 Jul 09, 08:36
Anonymous said…
လာတွန်တာဗျို့.. အဲလေ.. ယောင်လို့.. သားက နေရင်းထိုင်ရင်း ကြက်ဖြစ်ဦးမယ်.. လူကိုများ..။

Joyeux Anniversaire à vous ပါ! YUFL ကို ကူလွမ်းပေးသွားပါတယ်.. အမှတ်တရတွေလည်း ဝေမျှသွားပါတယ်..

မွေးနေ့အစီအစဉ် အားလုံးကိုသဘောကျတယ်.. ပျော်ဖို့လည်းကောင်းတယ်.. တစ်ခုပါပဲ.. ဟွန်းးး.. ဘာလဲသိတယ်နော်.. ဒါနဲ့ပတ်သက်လို့ သိပ်ကျေနပ်တာမဟုတ်ဘူး.. သိပ်ပိုလွန်းနေပြီ.. နည်းနည်းလျှော့.. တူကတူနေရာနေပေါ့.. သားထက် တူက တစ်လကြီးချင်နေတယ်ထင်ပါ့ဗျာ.. ဟွင်းးး..
khin oo may said…
happy birthday!
flowerworld said…
Happy Birthday ပါချစ်စိန်ရေ မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစုနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ အသက်ထက်ဆုံး နေထိုင်သွားရပါစေလို့နော်
အိန္ဒြာ said…
မောင်လေးဖိုးစိန်...

မွေးနေ့တည့်တည့်မှအင်တာနက်က ကွန်မကောင်းလို့
အချိန်မှီဘာမှမပေးလိုကတာအတွက် စိတ်မကောင်းဖြစ်နေတာ..။

အခု အခု ၅၀ မြောက်ကွန်းမန့်မှာ မကြီးလက်ဆောင်ပေးပါ့မယ်..။

စိတ်ဘွဲ့ရတု

စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့
လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..
သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..
စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့
ပရိတ်သတ်အလည်မှာ...
စိတ်ဟာ..စိတ်ရှိလက်ရှိပျော်၇ွှင်လို့ရယ်ပေါ့...

ဘယ်မှာ အထီးကျန်ပါ့မလဲ...
ငါတို့ဘေးနားမှာ...
ဆွေမျိုးအရင်းအချာ
စိတ်တွေ..ရာထောင်မကရှိနေတယ်...။

အိန္ဒြာ
စည်သူ said…
ကိုဖိုးစိန်ရေ....
၅၁ နော်...။

သူများတကာတွေပြောသွားလိုက်တာ

ဘာပြောရမှန်းကိုမသိတော့ဘူး

ပြောချင်တာ တစ်ခုပဲရှိတယ်

စားဖိုမှူးကြီးဖြစ်ပါစေ
စားသောက်ဆိုကိုလည်း
မိမိကိုယ်တိုင်ဦးစီးပြီ
အောင်မြင်တဲ့စားသောက်ဆိုင်ကြီးဖြစ်ပါစေ
ဖွင့်နိုင်ပါစေ..။

မွန်ပြည်နယ်သားဆိုတော့သိတဲ့အတိုင်းပဲလေ
ခင်မင်စွာဖြင့်
စည်သူ။
JuneOne said…
happy birthday!

ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကိုဖိုးစိန် ၂၉ နှစ်ပြည့်မွေးနေ့ မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း
တို့ နဲ့  ပြည့်စုံပြီး
မိခင်ဖခင်တို့ အား အကောင်းဆုံး
လုပ်ကျွေးပြုစု ကျေးဇူးဆပ်နိုင်သော
သားလိမ္မာလေး တစ်ယောက်ဖြစ်ပါစေ လို့ 
ဆုတောင်းပေးပါတယ်
ခင်မင်လျက်
ညီငယ်ဝသန်
Ree Noe Mann said…
သယ်ရင်းေ၇

ပျော်ရွှင်စရာမွေးနေ့ပါကွာ။

တစ်ဝိုင်းနော် တစ်ဝိုင်း

သယ်ရင်း
22 Jul 09, 17:56
အရူးလေး: အရက်တစ်ပုလင်းတော့တိုက်နိုင်ပါလိမ့်မရ် ။ ချစ်တဲ့ညီငယ် (အကိုခေါ်နေကျ အရဲလေး ခေါ် အရူးလေး)
22 Jul 09, 17:56
အရူးလေး: မိုင်လပ်ဖ်လီးဘရားသားရေ မွေးနေ့မှာပျော်ရွှင်ပါစေ ။ သူများတွေလိုကဒ်တွေဘာတွေမပေးနိုင်လို့စိတ်တော့မကောင်းပါဘူး ။ ရင်ထဲကနှစ်နှစ်ကာကာဆုတောင်းပေးပါတရ် ။ နားလည်နိုင်မှာပါ ။ ညီ့ဆီလာခဲ့ရင် မွေးနေ့အတွက်
22 Jul 09, 17:08
ရွာသားလေးဝိုင်တီယူ: BON ANNIVERSAIRE !
22 Jul 09, 15:44
မိုးခါး: ဂွတ် အီး ဗနင်း .. မကြာခင် ဂွတ်နိုက်တော့မယ် ..း) အိမ်ရှင်ရှိလား
22 Jul 09, 14:58
ဖြိုးဇာနည်: တို့ကျော်ခွပီးရေးရင်းနဲ့ဆက်လက်မွေးမြူပါတော့မယ်။
22 Jul 09, 14:58
ဖြိုးဇာနည်: အဟတ်ဟတ့်နောက်ဆုံးတော့လဲပြန်ရောက်လာရတာပဲ့ညီပြန်လာပီအကို့ဘလော့လောကထဲကိုပေါ့ တခြားဟာတွေမှာရှာရေးရတာမပျော်ဝူ့းဒီဘလော့စပေါ့ လေးကိုပဲညီသံယောဇဉ်ဖြစ်နေရတာ့ဒါကြောင့်အရင်အိမ်အဟောင်းလေးမှာပဲ့ဇာနည်
22 Jul 09, 14:35
politenesskid: မွေးနေ့မှသည် သက်ထက်ဆုံးပျော်ရွှင်ပါစေဗျာ
22 Jul 09, 14:35
politenesskid: HAPPY BIRTHDAY TO YOU..
ဂျစ် said…
ချစ်ခင်လေးစားရသော .....ကိုကြီးဖိုးစိန်

သူများတွေကို ပျော်ရွှင်မှုရအောင် အမြဲ
ပျော်ရွှင်ဖွယ်စာလေးတွေ တင်ပေးတတ်လို့
ကိုကြီးလဲ ဘယ်တော့မှစိတ်ညစ် ရမှာမဟုတ်ပါဘူး။

ကိုကြီးစာတွေ ဖတ်လိုက်ရုံနဲ့ ခင်မင်ဘို့ကောင်းမယ်
လို့ ခန့်မှန်းလို့ရပါတယ်.....။

ဂျစ် ချစ်ခင်ရတဲ့ ကိုကြီး အမြဲပျော်ရွှင်မှုတွေ ပြည့်ဝနေပါစေလို့ ထပ်ဆုတောင်းပါရစေ....။

ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာမှုတွေ ထာဝစဉ်
ပိုင်ဆိုင်နေပါစေ.....။

ချစ်တဲ့သူနဲ့ ပေါင်းစည်းရပါစေ......။

ချစ်တဲ့
ညီမဂျစ်
တူမောင်ရေ..
ဦးနော်ကတော့ ထုံးစံအတိုင်း နောက်ဆုံမှ ရောက်လာတယ်.. အရင်ဆုံးဖတ်ပြီး နောက်ဆုံးမှ မန့်ဖြစ်တာက ကော်မန့်တွေကို သေချာ ဖတ်ချင်လို့ပါ..း)

တဂ်ပိုစ့်လေးကို မွေးနေ့ပွဲမှာ ရောရေးပေးတော့ အမှတ်တရပိုဖြစ်တာပေါ့.. ကျေးဇူးတင်တယ်လို့ ပြောဖို့မလိုပါဘူးနော်..း)

မွေးနေ့အတွက် ဘာမှ အထူးမပေးဖြစ်တာလည်း တူမောင် နားလည်မယ်ဆိုတာ ယုံပြီးသားပါ.. (ပေးလိုက်တာတွေ ရတယ်မလား..!)း)

“စိတ်များနှင့်ကျင်းပသောမွေးနေ့” ဆိုပြီး ဦးနော်တို့ အိမ်က သမီးကလေးလေး ရဲ့မွေးနေမှာ စိတ်တွေထပ်တူကျတာကို လက်တွေ့ကြုံခဲ့ရဘူးတယ်..
အခုလည်း စိတ်တွေ ထပ်တူကျနေတာ မြင်ရပြန်ပြီ...
တကယ့်ကို အံ့သြစရာပါပဲ..

ကြည့်လိုက်စမ်း တူမောင့်ကို ချစ်တဲ့.. ခင်တဲ့ သူတွေ ဘယ်လောက်များတယ် ဆိုတာ..
ဒါဟာ တကယ်တော့ အံ့သြစရာ တစ်ခုပဲ.. သူတို့တွေ တူမောင့်အနားမှာ မရှိကြဘူးနော်.. တူမောင့်ကိုလည်း မတွေ့ဖူးကြဘူး..
ဒါပေမယ့် သူတို့ရဲ့စိတ်တွေက တူမောင့်ကို သိနေ ခင်နေကြတယ်.. ချစ်နေကြတယ်.. သူတို့တွေ တူမောင့်ရဲ့ မွေးနေ့ပွဲလေးကို စိတ်တွေနဲ့ တက်ရောက်လာကြတယ်..
သူတို့ရဲ့ ကြည်နူးမှုတွေ.. တူမောင့်ရဲ့ ပျော်ရွှင်မှုတွေ ဒီနေရာမှ ထပ်တူကျနေတယ်..
ဒါဟာ လက်တွေ့ဘဝထက် ကြီးမားကျယ်ပြန့်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်ခုပဲ..
စိတ်တွေနဲ့ ဖြစ်တည်တဲ့ သံယောဇဉ်တွေပဲ..
သေချာတယ် ဒါဟာ မေတ္တာစစ်စစ်တွေ. တူမောင်ရေ ပျော်ရွှင်လိုက်တော့.. သူတို့တွေ ယူဆောင်လာတဲ့ ရင်ထဲက မေတ္တာတွေ.. ရင်ထဲက လက်ဆောင်တွေ.. ရင်ထဲက ဆုတောင်းသံတွေနဲ့ တူမောင့်ရဲ့ မွေးနေ့ပွဲလေးကို ရင်ခုန်ကြည်နူးစွာ ကျင်းပလိုက်တော့..

အဲ့ဒီလို စိတ်ချင်း ဆက်သွယ်မိနေကြပုံကို ကော်မန့်မှာ မအိန္ဒြာ ရေးဖွဲ့ပြသွားတဲ့ “စိတ်ဘွဲ့ရတု” ကဗျာတိုလေးက ပေါ်လွင်နေပါတယ်..

တူမောင်ရေ..
ဆုတွေဘာတွေ တောင်းမနေတော့ဘူးလေနော်..
ဘာပဲဖြစ်ဖြစ် ဦးနော်နဲ့တီငယ်က
ရင်ဘတ်ထဲကနေ လှိုက်လှဲရင်းနှီးစွာ ချစ်ခင်မိနေပါတယ်..

မပျော်ရွှင်ရင်.. စိတ်ဓါတ်ကျနေရင်..
ဒါမှမဟုတ် ငိုချင်နေရင်..
ဦးနော်နဲ့တီငယ်ကို တံခါးသာ ခေါက်လိုက်..
စိတ်တွေနဲ့ ပျော်ရွှင်စေရမယ်..
စိတ်တွေနဲ့ ကျနေတဲ့ စိတ်တွေကို မြင့်တင်ပြမယ်..
စိတ်တွေနဲ့ မျက်ရည်တွေ သုတ်ပေးမယ်..

ခြေလှမ်းတိုင်း.. ဆုံးဖြတ်ချက်တိုင်း မှန်ကန်နိုင်ပါစေ..

ချစ်ခင်စွာဖြင့်

ဦးနော်တီငယ်..
Anonymous said…
မွေးနေ့အတွက် ပို့စ်ရေးဖြစ်ပေမယ့် ...
အခုမှအိမ်တိုင်ရာရောက်လာဆုတောင်းပေးလိုက်ပါတယ် ...

အဆင်ပြေသင့်သလောက် အဆင်ပြေပါစေ ..
အဆင်မပြေသေးရင်လည်း အဆင်မပြေသေးတာအတွက် အဆင်ပြေပါစေ ..
အဆင်ပြေသွားရင်လည်း အဆင်ပြေသွားတာအတွက် အဆင်ပြေပါစေ ..


ဖြစ်သမျှကိစ္စတွေနဲ့ ကိုယ့်စိတ်ချမ်းသာမှုဟာ တိုက်ရိုက် အချိုးမညီနေမှန်း နားလည်တဲ့ စိတ်ကို ပိုင်ဆိုင်ပါစေ ...



With Peace,
Z
s said…
တော်တော်လေး လူချစ်လူခင်ပေါတဲ့အကိုကြီးပဲ မွေးနေ့က ပျော်စရာကြီးနော် ၊ မခင်ပေမဲ့ ၀င်ဆုတောင်းသွားပေးတယ်။။။။။ ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်နှစ်တွေမှာလည်း ဘလောဂါ မောင်နှမတွေနဲ့ မွေးနေ့ကိုကျင်းပနိုင်ပါစေရှင်
ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေရှင်း)
ကိုဖိုးစိန်ရေ.... ၅၁ နော်...။ သူများတကာတွေပြောသွားလိုက်တာ ဘာပြောရမှန်းကိုမသိတော့ဘူး ပြောချင်တာ တစ်ခုပဲရှိတယ် စားဖိုမှူးကြီးဖြစ်ပါစေ စားသောက်ဆိုကိုလည်း မိမိကိုယ်တိုင်ဦးစီးပြီ အောင်မြင်တဲ့စားသောက်ဆိုင်ကြီးဖြစ်ပါစေ ဖွင့်နိုင်ပါစေ..။ မွန်ပြည်နယ်သားဆိုတော့သိတဲ့အတိုင်းပဲလေ ခင်မင်စွာဖြင့် စည်သူ။

Popular Posts