အဖေနှစ်ယောက်သာဆိုရင်

ကျနော့် ဖေဖေနဲ့ မေမေက မော်လမြိုင်ကနေ ရန်ကုန်ကို ရောက်တိုင်း ကျနော့်ကို စကားပြောဖို့ အွန်လိုင်းလာတယ်.. လာတိုင်းမှာ အဖေက နာရီဝက်ကြို ရောက်နှင့်နေတတ်တယ်… ကျနော်က ဖေဖေ့ကို မေမေရောလို့ မေးရင်က “သားစိန် မေမေက အလှပြင်နေတာ တစ်နာရီလောက်ရှိပြီး… ဖေဖေလဲ မစောင့်နိုင်လို့ သားကို အရင်ဆုံးစကားလာပြောတာ... ပြင်လို့ကို မပြီးနိုင်လို့ မစောင့်နိုင်တော့တာ” လို့ ပြောတယ်လေ…

ဟုတ်ပဗျာ… အမေ အလှကြိုက်တာမပြောနဲ့ … ဆေးရုံတစ်ခါ တက်တုန်းက သတိပြန်ရလာတော့ အရင်ဆုံးမေးတာ ဘာလို့ထင်လဲ... သူ့နှုတ်ခမ်းနီဘူးလေ... ဆရာဝန်လာကြည့်ရင် မလှမှာစိုးလို့တဲ့… အဲလိုကို မေမေက အလှအပကြိုက်တာဗျ…

အွန်လိုင်းလာပြီး စကားလာပြောတိုင်းလဲ ကြားလား မကြားဘူးလားနဲ့တင် တစ်နာရီလောက် ကြာတော့ စိတ်မရှည်တဲ့ကျနော့် ညီမက ကျနော် ပို့ပို့ပေးတဲ့ ကျနော်ရေးတဲ့ စာတွေကို အဖေကို ပေးဖတ် ... အဲဒီအချိန်မှာ နောက်စက်တစ်လုံးနဲ့ ကျနော်ပြောချင်တာကို အမေ့ကို စာရိုက်ပေးရတယ်… စက်မအားရင် ကျနော့်ရေးတဲ့စာတွေနဲ့ ကျနော့်ရတဲ့ ကော့မန့်တွေကို နှစ်ယောက်သား ခေါင်းချင်ဆိုင်ပြီး ဖတ်နေတတ်တယ်လေ… အလုပ်အရှုပ်ဆုံးက ညီမလေး … အဖေက ဒီစာပျောက်သွားပြန်ပီး… အမေက သမီး ကိုကြီး ကို ဒါလေးပြောချင်တယ် ရိုက်ပေးပါနဲ့… ညီမခမျာ မောလို့…

အဖေက ကျွန်တော်ရေးတာတွေကို ဖတ်ပြီးရင် အဖေပြောတာတွေ… အဖေ့ အကြောင်းတွေ ရေးနေလို့ အဖေ့ကို မမေ့ဘူးဆိုပြီးဝမ်းသာနေတာ… စာဖတ်ပြီး အိမ်ပြန်သွားရင် ကျနော်ရေးထားတဲ့ စာတွေ အကြောင်းကို ပြောလို့ မပြီးနိုင်တော့ဘူး… ထမင်းစားတော့ လဲဒီအကြောင်း… လူမတွေ့နဲ့ တွေ့တဲ့သူကိုလဲ ဒီအကြောင်း... ညနေလို အမေ့ ညီမဝမ်းကွဲယောက်ျားနဲ့ ဝိုင်းတော့လဲ ဒီအကြောင်းပဲ... ကြာလာတော့ အမေလုပ်သူက ပြောစရာ တစ်ကွက်မှ မရဘူးဆိုပြီး စိတ်ဆိုးရော… အဲဒီလိုပြောပါများရင် အမေက အဖေကို တင်းပြီး မော်လမြိုင်ကို ပြန်ခိုင်းလိုက်တတ်တယ်..

အမေလုပ်သူကလဲ အမေ့ အကြောင်းကိုတော့ ပါအောင်မရေးဘူး… ဒါကြောင့် ယောကျာ်း လုပ်သူ အဖေရဲ့ ကြွားချင်းကိုခံရတာ ဆိုပြီး ကျနော့်ကို ပွစိပွစိလုပ်လေ့ရှိတယ်… ဒါပေမယ့် အမေ စိတ်ထဲမှာ ပျော်နေတယ်… အဖေ့အတွက် ပီတိဖြစ်နေတယ်ဆိုတာ ကျနော်တို့ မောင်နှမတွေ သိပြီးသားပါ… အဖေ့ကို မေမေက ချစ်တာကိုးလေ….
ကျနော် အသက်ကြီးလာတဲ့ အထိ အမေ နဲ့ အဖေ က ရန်ဖြစ်တာ ရှားတယ်… စကားပဲ များတာ … အမေလုပ်သူက များတာပါ.. အမေ က အဖေထက် အသက်ကြီးပေမယ့် အဖေက အမြဲ အလျှော့ပေးရတယ်… မှတ်မိတယ်… ကျွန်တော် (၉)တန်းနှစ်လောက်တုန်းက သူတို့ စိတ်ကောက်ကြ တာကို တော့ကောင်းကောင်းမှတ်မိသေးတယ်….

များရတဲ့အကြောင်း က အဆိုတော် တစ်ယောက်ကိစ္စ… အဆိုတော်ဆို လို့ အဲဒီအဆိုတော်ကို အဖေ က ရှုပ်တာ မျိုး အမေက ရှုပ်တာမျိုးမဟုတ်ဘူး… နှစ်ယောက်လုံးက သွားရှုပ်တာ… အဆိုတော် က ကေဂျာနူး…. ဖြစ်ပုံက တစ်ည မီးက မလာတော့ အင်ဗာတာ နဲ့ မိသားစုတွေ မြန်မာ့အသံရုပ်မြင်သံကြားကို ပဲကြည့်တာ… သတင်းလာခါနီး ကေဂျာနူး က သီချင်းဆို တော့ အဖေတို့ လင်မယား နှစ်ယောက် အလုပ်မရှိ အလုပ်ရှာပြီး ကေဂျာနူးမျက်နှာမှာ မှည့်ဘယ်နှလုံးရှိလဲဆိုတာ ရှာရင်း နဲ့ နောင်ဂျိန်ပါလေရော…. ဘယ်သူမှ အမှန်မသိပေမယ့် အဖေက လဲ အမေ့ကို စချင်လို့ နောက်ပြီး သူမှန်တယ်… အမေမှားတယ်… ထပ်ခါတလဲလဲပြောနေတယ် ဆို တော့ အမေက စိတ်ကောက်ပြီး မှောင်မှောင်ထဲ အခန်းမှားဝင်လိုက်တာ ဝင်တဲ့ အခန်းက အိမ်သာဖြစ်နေတယ်… အမေလဲ စိတ်ဆိုးနေတော့ အိမ်သာမှာဘဲ ဆက်ထိုက်နေလိုက်တယ် ..အဖေက ချော့တာတောင် သူ က တံခါးလုံးဝမဖွင့်ဘူး… တော်တော်စိတ်ဆိုးပုံရတယ်… တစ်ညလုံး အမေက အိမ်သာထဲမှာ အဖေလုပ်သူ က အိမ်သာရှေ့ မှာငုတ်တုတ်..

ကျွန်တော်တို့ မောင်နှမလဲ သူတို့ အချစ်နန်နန် ထတာကို ကြည့်ရင်းနဲ့ အိပ်ပျော်သွားတယ်……
မိုးလင်းရင်အဆင်ပြေမယ်လို့ ထင်ထားပေမယ်… မိုးလင်းတော့ အမေက အဖေကို “နင့်ကို ငါမပေါင်းနိုင်တော့ဘူး ကွာပေးတော့ ကွာပြီးရင် အိမ်ပေါ်ကဆင်း… မိန်းမကိုတောင် အလျှော့မပေးတဲ့ယောက်ျား … ကွာရမှကျေနပ်မယ်” လို့ပြောနေတာ တစ်မနက်လုံးပဲ… ဒါပေမယ့် အဖေ မနက်စာတော့ မငတ်ဘူး…

နေ့လည်ထမင်းစားတော့လဲ ... အမေက ပြောတုန်းပဲ … သူတို့ အချစ်စမ်းနေတာကို ကျွန်တော်တို့လဲ ကြားပါများတော့ စိတ်ကနေတင်းလာ မျက်စိနောက်လာတော့

“အမေရာ အမေ့ ယောက်ျားကို ကွာချင်ကွာဗျာ… ဒါပေမယ့် သားတို့ ကို လုပ်ကြွေးမယ့် အဖေမရှိလို့ မဖြစ်ဘူး အဲ ဒီတော့အမေ အဖေ့ကိုအိမ်ပေါ်က ဆင်းစေချင်ရင် နောက်ယောက်ျားမြန်မြန်ယူ” လို့ ကျွန်တော်ကပြောတော့
ကျွန်တော့်ညီလေးက “ဒါဆို ရင် အမေ့ ဒီယောကျာ်းကို ဘယ်လို လုပ်မလဲ… အဖေအသစ်က စိတ်ရင်းမကောင်းရင်ရော”ဆိုတော့
ညီမလုပ်သူက “တုံးလိုက်တာကိုငယ်ရယ်… တွေးပူမနေနဲ့... ကောင်းတာကို ရွေးစဉ်းစား ... အမေက နောက်ယောက်ျားယူတော့ ညီမလေးတို့ သူများထက်သာသွားပြီး…. ဟော….အဖေက နှစ်ယောက်ဖြစ်လာပြီးဆို တော့ မုန့်ဖိုးရရင်နှစ်ခါတောင်ရမှာ … စိတ်မပူနဲ့ ကိုငယ်ရေ… အမေရေမြန်မြန်သာယူလိုက်” ပါတဲ့ဗျာ..

အဖေ နဲ့ အမေခမျာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ညီမလေး ပြောတဲ့စကားကို သဘောကျပြီး ရယ်ပါလေရောဗျာ…

စိတ်ဆိုးလဲ ပြေသွားတယ်ထင်ပါရဲ့... ညနေကျတော့ ဘယ်သားသမီးကိုမှ အသိမပေးပဲ အပြင်မှာ အချစ်နန်နန် သွားထတာ မိုးကို ချုပ်လို့… အိမ်ပြန်လာတော့ ကျနော်တို့က ဒါဘာသဘောလဲ ဆိုတဲ့ မျက်နှာပေးတွေနဲ့ မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတာကို သူခိုးလူမိတဲ့ မျက်နှာလေးတွေနဲ့လေ… အဖေရော အမေရော ပြုံးစိစိပေါ့… ချစ်ကြတော့လဲ သူတို့လောက် ချစ်တာ သူတို့ပဲလေ… အဲအချိန်ကျ သားသမီးတွေ မပါတော့ဘူး… နှစ်ယောက်သား ပြုံးလို့ ပျော်လို့….

အမေ့အကြောင်းရေးလိုက်ပါတယ်… အမေကြားရင် မိဘကို ပြောစရာလား ဆိုတဲ့စကားနဲ့ အတူအမေ့ရဲ့ အမာစိန် ခေါင်းခေါက် လက်ကွက်နဲ့ မိမှာသေချာတယ် ... ဖတ်ပြီးရင်တော့ ပြုံးနေမှာ မြင်ယောင်သေး....

အိမ်ကို တကယ်လွမ်းမိပါတယ်….
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

မငုံ said…
ကိုဖိုးစိန် ရဲ့အဖေနဲ့အမေ ချစ်ကြပုံအကြောင်းဖတ်ရတာ ပျော်စရာကောင်းတယ်။ အိမ်ကိုလွမ်းနေပြီထင်ပ။ အခုတော့ ကိုဖိုးစိန်အမေလဲ ၀မ်းသာနေလောက်ပြီ။ သူ့အကြောင်းပါသွားပြီလေ။ :)
mae said…
အမ အမေနဲ့ အဖေလဲ ဒီလိုပဲ၊ အရမ်းချစ်ကြတယ်၊ ပျော်ဖို့ကောင်းတယ်၊ စလိုက် ကောက်လိုက် တည့်လိုက်နဲ့၊ ဖတ်ပြီး သတိရသွားတယ်..
ကြွားစိန်က လူလည်ပဲ
အဖေကိုရော အမေကိုရော လှည့်ပတ်ပြီး
ဆိုးနေသလိုပဲ.....
အိမ်ကိုလွမ်းတဲ့ အလွမ်းတွေတော့ ပြေတာပေါ့နော်....
MANORHARY said…
ဖတ်ပြီးပြုံးရပါတယ်
အမေလည်းပြုံးရမှာသေချာပါတယ်။
ပျော်စရာကောင်းတဲ့မိဘတွေကိုရထားတဲ့ သယ်ရင်းဘဝ ကိုအားကျတယ်ဗျာ။
Anonymous said…
ဖတ်ရတာပျော်စရာကောင်းလိုက်တာ ဟီးး အဖေ၂ယောက်ဆိုမုန့်ဖိုး၂ခါရမယ်တဲ့ တွေးလည်းတွေးတတ်ပါ့ lol

အဖေနဲ့အမေကိုသတိတအားရသွားပြီ အကိုတော်ရေးတာဖတ်ပြီးတော့

ထောပတ်သီး
အန်တီရေ...
ဒီကလေး မလွယ်ဘူး..
အဖေ့ရေးလိုက်.. အမေ့ရေးလိုက်နဲ့.. ပတ်ချွဲနေတယ်..း)
ခေါင်းကို နာနာသာခေါက်.. ((( ဒေါက်..)))

အဖေနဲ့ အမေ ဝေးနေတော့ ဘလော့ပေါ်မှာ ချစ်ခင်နေတဲ့ အစ်ကိုတွေ.. အစ်မတွေ.. ဦးလေးတွေ.. အဒေါ်တွေကို ပတ်ချွဲတတ်သေးတယ်...

မနိုင်မနိုင်... တကယ်မနိုင်ဘူး..

ဦးတို့.. အန်တီတို့ သူ့စာလေးတွေ ဖတ်ပြီး ဘဝအမောတွေ ပြေနိုင်ကြပါစေ..

ချစ်ခင်စွာဖြင့်..
စည်သူ said…
ကိုဖိုးစိန်ရေ အမေကပြောတယ်လေ အဖေ့ကို
ရှင့်ကိုကျွန်မ မပေါင်းနိုင်ဘူး အခုချက်ချင်းဆင်းသွား

ဒါမဖြစ်နိုင်မှန်းသိလို့ အချစ်စမ်းတဲ့သဘောနဲ့
မောင်းချတာနေမှာဗျ..။

စိတ်ထဲကတော့ထင်နေမှာ
တကယ်သာဆင်းသွားရင်တော့

ဖိုးစိန်ဖိုးစိန် ဖေကြီးကိုလိုက်ခေါ်စမ်းဆိုပြီးတော့ပေါ့လေ..။

ခင်မင်စွာဖြင့်
စည်သူ။
မိဘတွေအကြောင်းဖတ်ရတာစိတ်ချမ်းသာ တယ်.. များသောအားဖြင့်မိဘတိုင်းက ဒီလိုပါဘဲ.. ကျွန်မတော့ မိဘနဲ့နေရတဲ့အချိန်နဲလို့ သေချာတော့ မသိဘူး.. ဒါပေမယ့် စိတ်ကောက်လိုက်ပြန်တည့်လိုက် ဘဲ ဖြစ်နေမယ်လို့ခန့်မှန်းလို့ရပါတယ်.
ပျော်ပျော်ရွင်ရွင် ကိုဖိုးစိန်တို့ မိသားစုသဘင်ကို ကြည့်သွားပါတယ်။ တယ်ပျော်ဖို့  ကောင်းတယ်။

ခင်မင်ခြင်းနှင့်
တလနွန်
:).. ကိုကြွားစိန်တို့ မိသားစုက ပျော်စရာကြီးပါဗျာ...း)
kiki said…
အချစ်ဆိုတာ နံ လေ ကောင်းလေ ပါလား ။။
ဆက်လက် နံနိုင်ကြပါစေ .. ဟေဟေ...
မုန့်ဖိုး ၂ ခါမရပဲ ဟိုက ပေးပြီးသလို ဒီကပေးပြီးသလို ဆိုရင်တော့ ကြားကလွတ် နေအုံးမယ် ။။ဟိဟိ
Anonymous said…
ဖိုးစိန်ရယ် ဖြစ်ရမယ်။ မောင်လေးကတော့လေ ရေးစရာမရှိ အမေ အတင်းပြန်ရေးတယ်။ ရန်ကုန်ရောက်ရင် မော်လမြိုင်အထိ သွားတိုင်မယ်။

ပျော်စရာမိသားစုလေးပါ မောင်လေးရယ်။

ချစ်တဲ့ မကြီးရောင်
ဒီတခါတော့ အမေမော်မြိုင်ပြန်ရမယ့်အလှည့်နဲ့တူတယ်
အမေကပဲကြွားနေတော့ အဖေ့မှာပြောစရာ မရှိလောက်တော့ဘူးလေ ဒါကြောင့်တင်းပြီး ပြန်ပို့မှာ

ပျော်စရာမိသားစုဆိုတာခန့်မှန်းလို့ရပါတယ်

ဒီတခါ တီဗီမှာ ခင်မောင်ထူး သီချင်းဆိုရင် ခေါင်းဘယ်နှစ်ခါ ခါသလဲ ပြိုင်ရေ ခိုင်းကြည့်ပါလား...။

ကျွန်တော့်သူငယ်ချင်းရဲ့ ဖေဖေနဲ့မေမေလည်း ပျော်ရွှင်ပါစေဗျာ...။
မေဓာဝီ said…
လွမ်းမယ်ဆိုလဲ လွမ်းချင်စရာ ...
ပျော်စရာကောင်းတဲ့ မိသားစုလေးပဲ။
ဖိုးစိန်မေမေ အလှကြိုက်ပုံလေးကို ပြုံးမိတယ်။
လှတဲ့သူမို့ အလှကြိုက်တာပေါ့ ... နော်။
ဖိုးစိန်လဲ အမေတူသားထင်ပါရဲ့။
Mogok Thar said…
ဟားးး
ကြည်နူးစရာကောင်းတဲ့ မိသားစုပါလားဗျ။
တစ်ပြုံးပြုံးနဲ့ အဆုံးထိ ဖတ်သွားပါတယ်။
တော်သေးရဲ့။ မောင်ဖိုးစိန်က စီးပွားတွက် တွက်ပီး အမေ့ကို နောက် အဖေတယောက် ဇွတ် မပေးစားခဲ့တာ။

ညီလေးရဲ့ ဖေကြီး၊ မေကြီးနြ့ ညီလေး ညီမလေးတွေ အားလုံး ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး အမြဲ အေးချမ်း ပျော်၇ွင်ဖို့၊ ကျန်းမာဖို့ ဆုတောင်းပေးပါတယ်။

ညီလေးလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနြ့ လိုရာဆန္ဒ အားလုံး ပြည့်ဝပါစေဗျာ။
(တော်ကြာ မောင်ဖိုးတစိန်မယောက် သူ့အတွက်ောတ့ ဆုမတောင်းပေးဘူး။ ကျန်တဲ့သူတွေအတွက်ပဲ ဆုတောင်းပေးခါံတယ် လာ ရစ်မစိုးလို့)
rose of sharon said…
ကြည်နူးစရာကောင်းတဲ့မောင်နှံတွေဘဲနော်
Anonymous said…
ကိုဖိုးစိန် ရဲ့အဖေနဲ့အမေ ချစ်ကြပုံအကြောင်းဖတ်ရတာ ပျော်စရာကောင်းတယ်... စိတ်ကောက်ကြရခြင်း ရဲ့အစကိုဖတ်ရတာ တော်တော်ရယ်ရတယ်ဗျ ...
အိန္ဒြာ said…
ဖိုးစိန်ရေ...

အဖေနဲ့အဖေကတော့ ချစ်လိုက်ကြတာ...
ဖိုးစိန်ကရော ဘယ်တော့ လဲ...
ဂျစ် said…
ကိုကြီး
ဒီပို့စ်လေးကို ဖတ်တာနဲ့ ကိုကြီးတို့ မိသားစုလေးက
သိပ်ချစ်ချစ်ခင်ခင် ရှိကြတဲ့ မိသားစုလေး ဆိုတာ
သိမြင်နိုင်ပါတယ်.....။

ဂျစ်တူးလဲ အိမ်က ဖေဖေနဲ့မေမေ့ ကိုလွမ်းသွားရတယ်။
ဂျစ်ဖေဖေနဲ့ မေမေက သိပ်ချစ်ကြလို့ ဂျစ်ဒီအသက်အရွယ်ျရာက်တဲ့ အထိ ရန်ဖြစ်တာ လုံးဝမမြင်ဘူးပါဘူး ။

တစ်ယောက်ကိုတစ်ယောက်ခေါ်တာကတော့ ခုခေတ်လူငယ်တွေတောင် လိုက်မမှီဘူး.....။
သိပ်ချစ်ကြတယ် .....။ကိုကြီးရဲ့ မိသားစုလေးအကြောင်း ဖတ်မိတော့ ဂျစ်ပါပျော်ရွှင်မှု
ဖြစ်သွားတယ် ....။

ကိုကြီးတို့ မိသားစုက ပျော်စရာကြီးဗျာ...ဒီထက်မက
ကျန်းမာပျော်ရွှင်ပါစေ......။


ချစ်ခင်လေးစားစွာဖြင့်
ညီမဂျစ်
အဖေနှစ်ယောက်...

ဖိုးစိန်တို့ မောင်နှမတတွေကတော့...

မြန်မာပြည်ပြန်ရောက်လို့ ဖိုးစိန်ရဲ့ ဖေဖေနဲ့ မေမေနဲ့ကို တွေ့ရင်တော့ ခင်မိမှာပဲ...

ဒါပေမယ့် တခါတခါ နားပိတ်ထားပြီး တခါတခါ နှာခေါင်းပိတ်ထားရမယ် ဆိုတာတော့ ကြိုသိထားပြီးသားပါ...

အိမ်ကမိဘတွေကို ဘလော့ ပေးဖတ်တယ်ဆို... မဟုတ်တော့ဘူးလား...

းဝ)
ဇော် said…
ကျနော့်အဖေနဲ့ အမေလဲ အဲ့လိုပဲ ကိုဂျီးရ
ကျနော်လဲရေးချင်လိုက်တာ။
=)
ကိုစိန် ရဲ့ အမေက ချောပြီးသား ဆိုတော့ ပိုပြီး လှအောင်ပြင်တာနေမှာပါဗျ။ ချောအောင်ပိုပြီး ပြင်တာ မဖြစ်နိုင်ဘူး ...... ဦးလေးကလည်း ခန့်ချောကြီးနော်.... မော်လမြိုင်သွားလည်ရင် မုန့်များများစား ရအောင်ကြိုပြီး ပြောပေးထား နော်။ ကိုစိန် ကတော့ စလုံးလာမှပဲ မုန့်တွေ အများကြီးကျွေးတော့နော်......
ပျော်စရာကောင်းတဲ့ နွေးထွေးတဲ့ မိသားစု အကြောင်းလေး ဖတ်ရတာ စိတ်ချမ်းသာစရာ ကောင်းပါဘိတော့
Ree Noe Mann said…
သယ်ရင်းရေ လာရယ်သွာတယ်နော်။

နေမကောင်းဘူးဆို။

ကိုယ်လည်း အလုပ်များနေလို့ ဂရုမစိုက်နိုင်
ဘူးဖြစ်နေတယ်။

ငါ့ချစ်သယ်၇င်း ဖိုးချစ်တစ်ယောက်
အမြန်ဆုံးနေကောင်းလာပါစေကွာ။

ချစ်တဲ့ ရီနို
ကိုဖိုးစိန် တို့ မိသားစု
အကြောင်းလေးဖတ်ရတာ
ပျော်စရာလေးဗျာ
ကျွန်တော့်အိမ်ကိုတောင်
လွမ်းသွားပြီ
ခင်တဲ့
ညီငယ်ဝသန်
Anonymous said…
ကိုဖိုးစိန် အိမ်အကြောင်း ဖတ်လိုက်ရင်တော့ အမြဲတမ်း ပျော်သွားမိတာပဲ ..

မိုးခါး
ဖတ်ရတာကြည်နူးစရာလေးတော့ကောင်းသား။ မိသားစု စုံစုံလင်လင်နဲ့ ပျော်စရာကောင်းတဲ့ဘ၀လေးကို ဖိုးစိန် အရေးအသားလေးနဲ့ ပျော်လိုက်မိတယ်။
ဖိုးစိန် တို့ တော့မုန့် ဖိုး၂ခါမရလိုက်တော့ဘူးပေါ့။း)
အဆင်ပြေပျော်ရွှင်ပါစေ။
khin oo may said…
ဖိုးစိန်ပျော်ရွင်ပါစေ။
Unknown said…
တော်တော် ရေးတက်တယ်နော် သယ်ရင်း

ပျော်စရာကောင်းတဲ့ မိသားစုလေးပေါ့နော်

ချစ်တဲ့
သယ်ရင်း

Popular Posts