စုံထောက်ကြီးဖိုးစိန် နှင့် ဘားအံမယ် မီးလေးဇာ ၏ စိတ္တဇလူသတ်မှု

တနေ့တ၌ ကျုပ်စုံထောက်ကြီး ဖိုးစိန်နှင့် ညီလုပ်သူအရဲလေး ချစ်ယောက်ဖဖြစ်သူ အိုင်ခီတို့ အထပ်နှစ်ရာ အမြင့်ရှိသော အကိုမိုးကုတ်သား ဒီဇိုင်းဆွဲထားသည့် ရီနိုမာန် မိုးပျံဟော်တယ်ကြီးပေါ်တွင် အေးအေးလူလူ သတင်းစာဖတ် ကော်ဖီသောက်ရင်း အင်တာနက်မှ အဆက်မပြတ် လာနေသည့် သတင်းစဉ်များကို ငိုက်မြည်းစွာ နားထောင်နေမိသည်…

မိန်းမဖက်မှ အမွေများကို တစ်သက်စား မကုန်အောင် တရားလွန် ရထားပြီးသည့် သကာလ မိန်းမများကို နေရာပေးသော အနေဖြင့် စီးပွားရေး လုပ်ငန်းများကို ဦးဆောင်စေပြီး အကျွန်ုပ်တို့ ယောက်ဖိယောက်ဖ သုံးယောက်မှာ မိမိတို့ ဝါသနာပါရာ စပ်စုသည့်လုပ်ငန်း ဖြစ်သည့် မလွတ်တမ်း စုံထောက်စပ်စုခြင်း လုပ်ရန် အလို့ငှာ သူငယ်ချင်း၏ ဟိုတယ်ပေါ်တွင် လျှို့ဝှက်စခန်း ဖွင့်ပြီး အလကားနေနေသည်မှာ ယခုဆိုလျှင် (၉)လကျော်လို့ တစ်နှစ်ပင်ပြည့်တော့မည်…

အပြင်ဘက် မှန်ဘောင်အဆောက်အဦးကို ကျော်လွန်ပြီး ကြည့်လိုက်လျှင် ထိုးထိုးထောင်ထောင် မိုးပျံတိုက်တွေ ကြား လှုပ်ရှားသွားလာနေကြသည့် ညီဝသန်မိုး ကုမ္မဏီမှ မိုးပျံတက္ကစီများက ခေါက်တုံ့ခေါက်ပြန်… လေစကိတ်များစီးပြီး ရုံးကို အပြေးအလွှားလုတက်ရင်း ဖုန်းတစ်လုံးဖြင့် ဘလော့ ရေးနေသူများ ကောမန့်နဲ့ စီဘုံးကို အော်နေသူများကိုလည်း လှမ်းကြည့်ရင်း အင်္ဂါဂြိုလ်မှ တောင်ပေါ်သား တင်သွင်းလာသည့် ကော်ဖီကို အရသာခံပြီးသောက်နေစဉ် ချစ်ညီယောက်ဖ အိုင်ခီက…

“ချစ်ကိုကြီးရေ… ခုတစ်လော ညီယောက်ဖတို့ အမှုလိုက်နေလို့လား မသိဘူး… မှုခင်းတွေ တော်တော်ကျဆင်း သွားတယ်နော်”…

ကျုပ်စုံထောက်ကြီးက မိန့်မိန့်ကြီးပြုံးလို့ ညီလုပ်သူအရဲအား “ညီရေ ပြောပြစမ်းပါကွာ… အကိုတို့လိုက်ခဲ့တဲ့ အမှုတွေကို”…

“ဟုတ်.. မိုင် လပ်ဖ်လီး ဘရားသား… လက်ရှိလိုက်နေဆဲ အမှုက (၁၇)မှု… ရဲဦးသွားတဲ့ အမှုက(၁၀)မှု… ခြေရာပျောက်နေတဲ့ အမှုက(၂၀)… လက်လျှော့လိုက်တဲ့ အမှုက(၁၁)မှု… အမ် နောက်ပြီးတော့..”

“ဟို့…ဟို့..ရပြီး.. ဒီလောက်ဆို တို့ညီယောက်ဖတွေရဲ့ လက်ရည်ဘယ်လောက်ရှိလဲ ဆိုတာသိနေပြီး… ဒီလိုကွ… အမှုဆိုတာ ကြိုးရှည်ရှည်နဲ့ လှန်ထားရတယ်ကွ… ပြီးရင် အကွက်ကျကျ စီစဉ်မှ တရားခံရဲ့ ဟာကွက်တွေကို တနေ့ထက်တနေ့ ပိုသိလာမှာ… အဲဒီအခါကျမှ ..ဟော… ကွိကနဲနေအောင်……..”


ားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.....


စကားမှ မဆုံးသေး… အထပ်နှစ်ရာတိုက်ကြီး တုန်ဟီးသွားလောက်အောင် ကြောက်မက်ဖွက် အသံနက်ကြီး တစ်ခုကိုကြားလိုက်ရတော့ ညီယောက်ဖသုံးယောက် အကြည့်ချင်းဆုံလို့ နားစွင့်ရက်သား ဖြစ်သွားသည်…

“သေချာတယ်… ဒီအသံက ဒီဟော်တယ်ကနေလာတာ”… (ပြိုင်တူထွက်လာသောအသံ)

“အနည်းဆုံး အထပ်တစ်ရာလောက်က တက်လာတဲ့အသံ”.. (အိုင်ခီ)

“ဒါမိန်းမတစ်ယောက်ရဲ့ အသံဆိုတာသေချာတယ်”… (အရဲလေး)

သုံးယောက်သား ထင်မြင်ချက်ပေး လိုရာပစ္စည်းဆွဲပြီး အခန်းတံခါး ဖွင့်လိုက်တော့ ဘေးချင်းကပ်ရက် အခန်းမှာ တံခါးပွင့်နေပြီး စိတ်ပျက်ခြောက်ခြားနေတဲ့ ဟိုတယ်က ကျားဝန်ထမ်းတစ်ဦးကို တွေ့လိုက်တယ်… အလျင်အမြန် အခန်းထဲဝင်သွားတော့ အဖြူဆွတ်ဆွတ် အိပ်ယာခင်း တစ်ခုလုံး သွေးနီနီတွေ စွန်းထင်းနေပြီး အိပ်ယာခင်းပေါ်မှာ ဝက်သားခုတ်တဲ့ ဓားမတစ်လက် ကိုတွေ့လိုက်တယ်…

ညီလုပ်သူ အရဲလေးက အလျင်အမြန် ဓားနားသွားပြီး ဓာတ်ပုံရိုက် လက်ဗွေရာ ကိုဖတ်တဲ့စက်နဲ့ စကမ်ဖတ် ကော်ပီးကူးနေစဉ် ယောက်ဖလုပ်သူက အိပ်ယာခင်းပေါ်မှ သွေးစက် နမူနာ နဲ့အတူ ခုတင်ပတ်ဝန်းကျင်မှ တွေ့သမျှ ပစ္စည်း သေးသေးကြီးကြီး တစ်ခုမျှ မကျန်ကို ယူနေတယ်…

ကျုပ်စုံထောက်ကြီးက တော့ မျောက်တစ်ကောင်လို ခေါင်းကိုကုတ်ပြီး စဉ်းစားမိတာက … “အင်း… ဒီလိုအခန်းတွေမှာ သူငယ်ချင်း ရီနိုမာန်က အရေးကြီးတဲ့ ဧည့်သည်တွေကိုပဲထားတတ်တယ်… အထူးသဖြင့် ဘလော့ဂါ တွေကို ဦးစားပေးတဲ့နေရာ” ဆိုတော့… အခန်းထဲမှာ ရတဲ့အနံ့က မိန်းမရေမွှေးအနံ့ နဲ့အတူ ညှီစို့စို့ လတ်လတ်ဆတ်ဆတ် သွေးညှီနံ့ရနေတယ်… ပတ်ပတ်လည်အခန်းကို ရှာကြည့်တော့ ဆက်တီစားပွဲ အောက်က ယောကျာင်္းတတ်တဲ့ နေကာမျက်မှန်တစ်လက်က လွဲလို့လက်စလက်န ဘာမှမကျန်… ရေချိုးခန်းထဲသွားတော့ လက်ဆေးဇလုံနားမှာ သွေးစသွေးန… အိမ်သာခွက်ထဲမှာ ရေလောင်းချလို့ ပြန်တက်လာတဲ့ သွေးစများ… နေရာတကာသွေးစက်တွေ ဟိုတစ်ကွက် ဒီတစ်ကွက်…

တုန်နေအောင် ကြောက်နေတဲ့ ဟော်တယ်ဝန်ထမ်းကိုမေးကြည့်တော့ ဒီအခန်းကို လွန်ခဲ့တဲ့ တစ်ပတ်က စုံတွဲတစ်တွဲ လာတည်းကြောင်း သဌေးကြီး ရီနိုမာန် ကနေပြီး ဒီစုံတွဲက သူ့သူငယ်ချင်းဖြစ်ကြောင်း… မိန်းမလုပ်သူက အရင်က ဘလော့ဂါ ဘားအံမယ် မီးလေးဇာဖြစ်ကြောင်း… သေချာဂရုစိုက်ဖို့ မှာကြောင်း… မနေ့ကတော့ သူ့ချစ်သူကို မတွေ့တော့ကြောင်း… ညကျတော့ မိုးပျံညဈေးမှာ ဓားဝယ်ချင်လို့ တက္ကစီခေါ်ပေးရသေးကြောင်း… ဒီမနက်တော့ လကမ္ဘာကို အလည်သွားမယ် ဆိုပြီး ထွက်သွားကြောင်း… သွားတော့တစ်ယောက်တည်း ဖြစ်ကြောင်း… သတိထားမိ သလောက်တော့ ပျော့တွဲတွဲ အထုတ်နှစ်ထုတ်ပါလို့ ကူသယ်ပေးခဲ့ရကြောင်း ဟိုတယ်အပြင်ရောက်တော့ အလျိုအလျောက် တခြားဂြိုလ်ကို ရောက်သွားတဲ့ အမှိုက်ပုံးထဲကို အလျင်အမြန် ထည့်ခဲကြောင်း… အခု အခန်းရှင်းဖို့လာတော့ လူကြီးမင်းတို့ မြင်တဲ့အတိုင်း ဖြစ်ကြောင်း… ကျုပ်ဖိုးစိန်နီးပါး စပ်စုနိုင်သူ ဝန်ထမ်းက ပြောပြပါတယ်…

ကျုပ်လဲ ဝန်ထမ်းကို ပိုက်ဆံနည်းနည်းပေပြီး အမှုဖြစ်နေတဲ့ အခန်းကို ဘယ်သူ့ကိုမှ ပေးမဝင်ဖို့ ရဲစခန်းကိုအကြောင်းကြားဖို့ မှာရပါတယ်… ပြီးတော့ သယ်ရင်း ရီနိုဆီဖုန်းဆက် အကြောင်းကြားတော့ ဂျူပီတာဂြိုလ်ကို အလုပ်ကိစ္စနဲ့ ခရီးလွန်နေတာ သိရတော့ စိတ်မပူအောင် အကျိုးအကြောင်း ရှင်းပြပြီး ဘားအံမယ်ကို ရှာပုံတော်ဖွင့်ရပါတော့တယ်…

ဘားအံမယ်ရှာပုံတော်

“ချစ်ညီယောက်ဖရေ… သေချာစစ်ကွ… ခုလက်ရှိသွေး နဲ့ သူ့ချစ်သူသွေး တူလာမတူလားဆိုတာ..”

“အင်း…ထူးဆန်တယ် ယောက်ဖကြီးရေ… သွေးကနှစ်မျိုးဖြစ်နေတယ်… သေချာတာက ဘားအံမယ်က သတ်ထားတယ်ဆိုတာပဲ… နောက်သွေးတမျိုးကတော့ ရှာတုန်းပဲ… ထွက်ပြေးသွားတဲ့ သူကိုဖမ်းဖို့သာလိုတာပါ”

“ညီအရဲရော… လက်ဗွေရာစစ်ပြီးပြီးလား… ရဲစခန်းကပို့ တဲ့ ဘားအံမယ် လက်ဗွေရာနဲ့ ဒီလက်ဗွေရာ တူလား…”

“ကွက်တိပဲ လပ်ဖ်လီး ဘရားသားရေ… မီးလေးဇာ လက်ဗွေရာက တူတယ်…”

“အင်း… တစ်ခုခုတော့ တစ်ခုခုပဲ… စဉ်းစားစရာပဲကွ… သူက လူသတ်ပြီးရင်လဲ ဒီဓားကို ဘယ်နည်းနဲ့မဆို ဖျောက်ခဲ့မှာပဲ… ပြီးတော့ အိပ်ယာခင်းတွေ စောင်တွေလဲ အမှိုက်ပုံးထဲ ထည့်ခဲ့မှာပဲ… ဘာလို့လက်စ လက်နထားခဲ့သလဲဆိုတာ စဉ်းစားစရာပဲ”

“ဒါကတော့ ကိုကြီးယောက်ဖရယ်… စိတ်မနှံ့တဲ့သူက ဘယ်လိုလုပ်ပြီး အသေးစိတ်ကျနိုင်မလဲ… မဇာက အရင်က သူ့ချစ်သူကို အရမ်းချစ်လို့ မနာလိုဘူးဆိုတဲ့ ကဗျာလေးတောင် ရေးဖူးတယ်လေ… သူ့ချစ်သူဖောက်ပြန်လို့ ခုအဲဒီစိတ္တဇနဲ့ သတ်လိုက်တာလားမှ မသိတာ”

သုံးယောက်သား မျက်နှာချင်းဆိုင် မျက်တောင်မခတ်ပဲ စကားမပြောမိကျ…

“ကဲ..ကဲ.. ဝသန်ကိုဖုန်းဆက်… ဒုံးပျံတစ်စင်း အမြန်ပို့ဖို့ပြော… တို့ယောက်ဖိတွေ လကမ္ဘာကို ထွက်ပြေးသွားတဲ့ မီးလေးဇာကို ရအောင်ဖမ်းလိုက်ဖမ်းမယ်… ဒါမှ တို့ညီအကိုတွေ စကြာဝဋာကျော် တော့မှာ”…

လကမ္ဘာကို ဒုံးပျံကြီး ဆင်းသက်တယ်ဆိုရင်ပဲ အေးမြတဲ့ အထိအတွေ့နဲ့ အတူ မွှေးပျံ့နေတဲ့ ဇွန်ပန်းရနံ့လေးကို ရှုရှိုက်မိချိန်မှာ အိမ်က ပုံမလာပန်းပျက် မဒီအိုကြီးကို သတိတော့ရမိပါရဲ့… ကျုပ်ရဲ့မဒီအိုကြီးက ဇွန်ပန်းနဲ့ ကံ့ကော်ပန်းကို သိပ်ကြိုက်တယ်လေ… တစ်ခါလောက်တော့ ဟန်းနီးမွန်းထွက်အုံးမယ်လို့ တွေးမိပါရဲ့…

ချိုင့်ခွက်တွေမှာ ပျံလန်နေအောင် ဆောက်ထားတဲ့ လပေါ်တိုက်တွေကိုကြည့်ရင်း လေစကိတ်စီးပြီး
“ကဲ… ချစ်ညီတို့… လူသတ်သွားတဲ့ အခန်းထဲက ဖမ်းယူလာတဲ့ အနံ့နဲ့ ပြန်ဖမ်းရမယ်… အနံ့ဖမ်းစက်ကိုဖွင့် ဒီစက်ကပြတဲ့ ရေဒါအတိုင်း ဒို့လိုက်သွားမယ် ဒီရေဒါက ကိုယ်သင်းအနံ့တူတဲ့ သူဆီမှာ ရပ်သွားလိမ့်မယ်… ငှဲ..ငှဲ..ငှဲ… ဘယ်ပြေးမလဲ မိချိုသဲ (အဲလေ) ဘားအံမယ်ရယ်… ဖိုးစိန်လက်က ပြေးမလွတ်ပါဘူးကွာ..”


“ဂီး…ဂီးး…ဂီးး….တိ..တိ.တိ.တိ.တိ.”

ကိုကြီးရေ… ယောက်ဖရေ… မိပီဟ…ဒီတိုက်ပဲ… ဒီတိုက်ပဲ..ဟီးး..ဟီးးး…ဟီးးးး…နာမည်တော့ကြီးပြီး”

ဒေါက်…ဒေါက်..ဒေါက်

“ဘယ်သူလဲ”

“တံခါးဖွင့်ပါ မီးလေးဇာ… ထွက်ပြေးလို့ဘယ်လိုမှ မလွတ်နိုင်ပါဘူး”

အီလက်ထရောနစ် တံခါးမကြီးပွင့်သွားတော့…

“အောင်မလေးးးး ဘယ်သူများလဲလို့… မျောက်မူးလဲဖွတ်ချိန်… အမူးသမားခီလောက် နဲ့ အရူးလေးတို့ပါလား… ဘာကိစ္စနဲ့များ ရာရာစစ အိမ်ကိုလိုက်လာရတယ်လို့… ကျွေးစရာ ဘာမှမရှိဘူး ပြန်တော့ ငါမအားဘူး”ဆိုပြီး စကားတွေ တရစပ်ပြောနေတဲ့ ညဝတ်အကျီပါးပါးနဲ့ မီးလေးဇာ…

“ဒီမှာ မီးလေးဇာ… နင့်ကိုလူသတ်မှုနဲ့ ဖမ်းရလိမ့်မယ်.. ရဲလက်ထဲမရောက်ခင် ငါ့တို့ ဆီမှာ အပြစ်ဝန်ခံပါ… နင့်ကို အပြစ်သက်သာ အောင်လုပ်ပေးမယ်…”

“ဟင်… နင်တို့က ငါ့ကိုတကယ်ဖမ်းကြမယ်ပေါ့… နင့်တို့နဲ့ငါနဲ့က သူငယ်ချင်းတွေလေ… ဘလော့တူတူ ရေးဖူးတယ်လေ… ဒီမျက်နှာလေးကို မထောက်တော့ဘူးလားဟင်…”

“မရတော့ဘူး… ငါတို့မှာ သက်သေခံ ဓား… နင့်လက်ဗွေရာနဲ့ နင့်ချစ်သူသွေးတွေ ကိုရထားပြီးပြီး… နင်အရမ်းချစ်လို့ သတ်လိုက်တာသိပါတယ်… ဥပဒေကိုတော့ လက်တစ်လုံးခြားမလုပ်ပါနဲ့… လိုက်နာရလိမ့်မယ်ကွယ်…”

“နင်တို့ ဘာတွေလာပြောနေတာလဲ…. ငါ ကငါ့ချစ်သူကိုသတ်တယ်… ဟုတ်လား… သွေး… လက်ဗွေရာ..ဟားးး…ဟားးးး..ဟားး..”

တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်ပြီး..သေချာပြီး မီးလေးဇာ စိတ္တဇဖြစ်ပြီး ယဉ်ယဉ်လေး ရူးနေတဲ့သူဆိုတာ မျက်စပြစ်မိကြတယ်…

“ဒီမှာ ကိုစုံထောက်တို့.. စုံမထောက်လို့ တစ်ဖက်ပဲထောက်ထောက်… အလုပ်မရှိ အလုပ်ရှာရတယ်လို့အေ… ငါ့ချစ်သူသွေးတွေ ဆိုတာ မှန်ပါတယ်အေ… အဲဒါကအိပ်နေရင် သူနှားခေါင်းသွေးလျှံလို့ပါအေ… ဒါနဲ့ဗေဒင်သွားမေးတော့ ငါးရံ့နှစ်ကောင်ကို သူအိပ်တဲ့နေရာမှာ ခုတ်သတ်ရင် သူ့ရောဂါပျောက်မယ်… သူအိပ်ပြီးသွားမှ လုပ်ရမယ်ဆိုလို့ ငါကဓား နဲ့ငါးကို သွားဝယ်ပြီး ငါ ဒီမလာခင် မနက်မှာပဲ သူအိပ်ခဲ့တဲ့မွေ့ယာပေါ်မှာ စိတ်မကောင်းစွာနဲ့ သေနေတဲ့ ငါးရံ့နှစ်ကောင်ကို ပက်ပက်စက်စက် ခုတ်သတ်ခဲ့တာပါအေ… ရာရာစစ… ငါ့ချစ်သူကို ဒီလောက်ချစ်တာ ခုတ်သတ်မလားအေ… အံပါရဲ့ အေ… အလုပ်မရှိအလုပ်ရှာလို့ ငါ့ကိုတရားခံ လာဖမ်းနေတယ်အေ… ဟီးးဟီးး..ခွိခွိ ..ခစ်ခစ် ရယ်ရတယ်… ကိုလတ်ရေ… ချစ်ဆုံးလေး… အသည်းလေးရေ… လာပါအုံး… ဒီအစုံမထောက်တဲ့ ယောက်ဖ သုံးယောက်က ကိုလတ်ကိုတွေ့ချင်လို့တဲ့… ခစ်ခစ်..ခစ်ခစ်”

အပြင်ထွက်လာတဲ့ ကိုလတ်ဆိုတဲ့သူ… အားပါးပါးးးး အပေါ်အကျီ ဗလာကျင်းကျင်းမှာ ဖွံ့ဖြိုးမို့မောက်နေတဲ့ ကြွက်သားတွေနဲ့ ငှက်ပျောဖူးသဏ္ဍန် လုံးကျစ်နေသော လက်မောင်းသားက သုံးနှစ်အုန်း ပင်စည်လောက်ကအသာလေး… ညာဘက်လက်ဖျံရိုးမှာပင် ကျုပ်တို့သုံးယောက် တွဲလဲခိုလို့ရတဲ့ အနေအထား… ပေါင်တလုံးက နှစ်တရာကျွန်းပင်လို တုတ်ခိုင်ခိုင်ဆိုတော့…
မတိုင်ပင်ပဲ ညီအကိုယောက်ဖသုံးယောက်က

“ခွင့်ပြုပါအုံး… အမှုလေးတွေ လိုက်စရာရှိလို့...ဟဲ..ဟဲ..”

“ပြန်လိုက်ပါအုံးမယ်ဂျ ”

“ဒုံးပျံစောင့်နေပြီးဂျ.. အနော်တို့ နောက်ကျနေလို့...ဟီးးးး”

ယောက်ဖိ ယောက်ဖ သုံးယောက် ခေါင်းချင်းဆိုင်လို့ အမှုတစ်ခုတော့ ကွင်းလုံးကျွတ် ဖော်ထုတ်နိုင်ခဲ့ပါတယ်…

မှားတဲ့အခါလဲ မှားပေမပေါ့လေ…

နောက်အမှုတွေ အတွက် သင်ခန်းစာရတာပေါ့..

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်


ဒီစိတ်ကူးယဉ် စုံထောက် ဇာတ်လမ်းလေးကညီဝသန်မိုးက ကျနော့်ကို အကိုရယ် အလွမ်းတွေ အချစ်တွေထက် ပြန်ပေးဆွဲ သတ် ဖြတ်တဲ့ ကြမ်းကြမ်းရမ်းရမ်း တွေရေးပါလား ဆိုလို့ ဒီဟာသစုံထောက် ဇာတ်လမ်းလေးကို ရေးဖို့ဖြစ်လာတာပါ… အပျော်သဘောမျိုး ဖြစ်အောင်လဲ ခွင့်ပြုထားတဲ့ ဘလော့ဂါမောင်နှမတွေ နာမည်ကိုပဲ သုံးချင်လို့ ရေးဖြစ်တာပါ… ခုနာမည်တွေအပြင် သူတို့ဖြစ်ချင်တဲ့ ဇာတ်ကောင်တွေကိုပါ ပြောထားတဲ့ အတွက် ဟာသဖြစ်အောင် ရေးတဲ့သဘောပါ… အားလုံး တချက်ပြုံးနိုင်ရင်ကျေနပ်ပါတယ်..
အကယ်၍ ကြိုက်တယ်ဆိုရင်တော့

စုံထောက်ဖိုးစိန် နှင့် စိန်တိုက်ပိုင်ရှင်မေတ္တာရောင်ပြန် ပျောက်ဆုံးသွားသော အတွင်းပစ္စည်း

စုံထောက်ဖိုးစိန် နှင့် ကန္တာရ အပျိုကြီးမငုံ ပျောက်ဆုံးမှု

စုံထောက်ဖိုးစိန်နှင့် အိပ်မက်ချစ်သူမက်မက် ပြန်ပေးဆွဲခံရမှု

စသည့် ခွင့်ပြုချက်ရထားသော နာမည်များဖြင့် ဆက်ရေးပေးပါမယ်… ပေါတောတော ဖြစ်နေရင်တော့ ဒီတစ်ပုစ်တွင်ပဲ ရပ်ပါရစေလို့…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

ကိုရဲ said…
ဟေးးးး တစ်ကွ ။ နေရာဦးထားတာ ။ သွားဖတ်လိုက်ဦးမယ် ။

(ကိုရဲ)
Mogok Thar said…
ငရဲ ဥသွားဘီ :-(
မြူး said…
ဒါတောင် ၃တဲ့
Anonymous said…
နေရာဦးသူတွေ အရမ်းများနေတယ်ကွယ် ... ခက်တယ် .. :D
Mogok Thar said…
တတ်နိုင်ပါပေ့ စုံထောက်ရှော် အဲလေ. စုံထောက်ကျော် စိန်မျောက်မျောက် ရယ်။
အမှုလိုက်ရတာ တော်တော် ခေါင်းမူးနေပေါ့။
ကိုရဲ said…
တရ်တော်တဲ့စုံထောက် ယောက်ဖိယောက်ဖသုံးယောက်ပဲ ။ နာမည်တော့ကြီး အဲလေ ပျက်ပါပီဂျာ ဟင့်ဟင့်ဟင့် ကိုယ့်စားအိုးကို ကိုယ်ပြန်ပိတ်ရလား ဟီးးး

(မိုင်လပ်ဖ်လီး ဘရားသား အရဲလေး)
Anonymous said…
ကောင်းမှကောင်း အားပေးတယ် နောက်တစ်ပုဒ် နောက်တစ်ပုဒ် .. မြန်မြန်သွက်သွက် လေး ဖြစ်နိုင်ရင် နောက် ၃ ပုဒ်လုံး တဘရိတ်တည်းသာတင် .. ဂွတ်တယ် .. ဂိုးဂိုး
နေဒေးသစ်။
ဟီးဟီး.. အဲဒီ ဓါးမနဲ့ ဆက်အခုတ်မခံရတာတောင်နည်းသေး.. အဟေးဟေး.. နောက်အပုဒ်တွေစောင့်နေပါတယ်ဗျို့..
ဆက်ပါ ဆက်ပါ အားပေးပါတယ်။ ကိုဖိုးချိန်တို့ရဲ့ စုံထောက် အရည်အချင်းကို ယုံကြည်ပြီးသားး)
ရီရတယ်ဗျို့
myittaryongpyan said…
အဲ ဖိုးစိန်တို့ တော်ချက် ဒီယောက်ဖသုံးယောက် ပေါင်းမှတော့ ဒီလောက်တော့ရှိမှာပေါ့။
နောက်လာမယ့်ပိုစ့်က မကြီး အပ်ထားတဲ့ အမှုနော်။ တလွဲလုပ်ရင်တော့ တွေ့မယ်။ ဘားအံမယ်လိုတော့ အကျီပါးပါး မလုပ်နဲ့နော်။ ဟီးဟီး ဖိုးစိန်ကို ကြောက်လို့ ကြိုမှာထားပါတယ်ဝေးးးးးးး

ခင်တဲ့
မကြီး
MANORHARY said…
အော် မှတ်သားလောက်သောအမှုကြီးပါပဲ
တော်သေးတယ် နောက်လာလတ္တံ့သောအမှုတွေ
ဖတ်တော့ ကိုယ်မပါလို့
ကျေးဇူးတင်ပါတယ်မောင်ဖိုးစိန်
ပြောခဲ့သလိုပဲ မိန်းမချောချောလှလှ ချမ်းချမ်းသာသာ
ရပါစေတော်း)း)
မငုံ said…
မှားတဲ့အခါလဲ မှားပေမပေါ့:))စုံထောက်ကျော်တွေရေ။

အဲ..လုပ်ပြန်ပြီ ဒီအပျိုကြီးကနေကို မလွတ်ဘူး။ လျော့လျော့ပေါ့ပေါ့ရေးနော်။ ဒီအမှု့မပေါ်လို့က သေချာတယ် ဒီစုံထောက် အမှု့အပ်မဲ့သူလျော့တော့မယ်။:))
kiki said…
ဪ .. ဖိုးစိန် ဖိုးစိန် ..
ဘာပြောလို့  ပြောရမှန်းတောင် မသိတော့အောင်
တကယ့် ကို ယဉ်ယဉ်လေး ပါဘဲလားးးး
နောင် ဘယ်တော့ သွက်သွက်ခါ လေမလည်း လို့ ..

စောင့်မျှော်လျှက်

ဖွားကိ ..( ဟင်းးးးးး သက်ပြင်းရှည်ကြီး ချသွားသည်)
WWKM said…
ဖိုးစိန်တို့ တော်ချက်...
စိတ်ကူးရရင်ရေးပေါ့..
ရေးတော့လည်း အပျင်းပြေဖတ်ရတာပေါ့ကွယ်..
ဒါပေမယ့် နေမကောင်းဘူး ခေါင်းကိုက်နေရင် ကျန်းမာ
ရေးလဲဂရုစိုက်ပါဦး။ စာတွေနေ့တိုင်းမရေးပဲ. ၁ရက်ခြား
လောက်ရေးပြီး အိပ်ရေးဝအောင်သေခြာအိပ်ပါ ဖိုးစိန်ရေ.

ကျန်းမာပျော်ရွှင်ပါစေ.

မကြီးဝါ
flowerworld said…
“ဒါကတော့ ကိုကြီးယောက်ဖရယ်… စိတ်မနှံ့တဲ့သူက ဘယ်လိုလုပ်ပြီး အသေးစိတ်ကျနိုင်မလဲ… မဇာက အရင်က သူ့ချစ်သူကို အရမ်းချစ်လို့ မနာလိုဘူးဆိုတဲ့ ကဗျာလေးတောင် ရေးဖူးတယ်လေ… သူ့ချစ်သူဖောက်ပြန်လို့ ခုအဲဒီစိတ္တဇနဲ့ သတ်လိုက်တာလားမှ မသိတာ”

အဲ့မှာရီနေရတယ် ဟားဟ ဒီလူမလွယ်ပါလားနော်...........
အပေါ်အကျီ ဗလာကျင်းကျင်းမှာ ဖွံ့ဖြိုးမို့မောက်နေတဲ့ ကြွက်သားတွေနဲ့ ငှက်ပျောဖူးသဏ္ဍန် လုံးကျစ်နေသော လက်မောင်းသားက သုံးနှစ်အုန်း ပင်စည်လောက်ကအသာလေး… ညာဘက်လက်ဖျံရိုးမှာပင် ကျုပ်တို့သုံးယောက် တွဲလဲခိုလို့ရတဲ့ အနေအထား… ပေါင်တလုံးက နှစ်တရာကျွန်းပင်လို တုတ်ခိုင်ခိုင်ဆိုတော့…
ကိုလတ်ပုံကိုမြင်ယောင်မိသွားတယ် ကြောက်စရာကြီးပါလာနော် မီးမီးကြောက်ကြောက်...ဟိဟိ

ဖိုးစိန်ရေ ဖတ်ရတာရယ်ရတယ် ဟတ်ဟတ် ဆက်ရေး အားပေးတယ်
ကျန်းမာရေးလဲဂရုစိုက်ပေါ့ကွယ်နော် မီးမီးမှာအလှူအတွက် ထည့်ဖို့ပိုက်ပိုက်ကသိပ်မရှိဘူးရယ် ဖိုးစိန်အတွက်ဆိုတော့သေချာလုပ်ပေးချင်တာလေ ဟီးးးးးးးးးးးးးးးးး
စတာနော် အတည်
yehtutnaung said…
ကိုဖိုးစိန် ဘယ်တုန်းကတည်းက စုံထောက် အလုပ်လုပ်နေတာလဲဗျ......။ လိုမှန်းသိ အတွင်းခံဘောင်းဘီ ပျောက်တဲ့ အမှု အပ်လိုက်ပါတယ်..။ :P
စုံထောက်၃ယောက်ပေါင်းပေလို့ပဲ ပေါချက်က တစ်ယောက်တည်းသာဆို အမှုပေါင်းသောင်းခြောက်ထောင်များရှိမလားမသိ အဟတ် မီးလေးဇာတော့သွားပါပြီနော် ည၀တ်အပါးလေးတဲ့လုပ်ရက်တယ်း) နောက်ဆိုထူထူလေးလုပ်ပါ...
ခင်မင်စွာဖြင့်
နှင်းဆီနက်
နော်ထပ်ရေးဖို့ အားပေးပါတယ် ကိုကြီးးဖိုးစိန်ရယ် နောက်ထပ်နောက်ထပ်
အဟား စုံထောင်ကြီး အဲလေ မှားလို့ စုံထောက်ကြီး ဖိုးစိန် မှားတဲ့ခါလဲ မှားပေမှာပေါ့ နောက်အပိုင်းတွေ စိတ်ဝင်တစားနဲ့ အင်္ဂါဂြိုလ် ကနေ လှမ်းကြည့်နေတယ်ဝေးးး


လေးစားလျက်
တောင်ပေါ်သား
khin oo may said…
ဆက်ရေးပါ။ဖတ်လို့ကောင်းတယ။် အားပေးနေပါတယ။်
စုံထောက်ကြီးတို့ရေ..
ဦးနော် လာဖတ်တယ်..
အလွန်ကောင်းတဲ့ ပိုစ့် ပါပဲ..
နောက်ဇာတ်လမ်းတွဲတွေ ဆက်ရေးပါ.. အားပေးမယ်..း)
ဓါးထက်ထက် said…
z လမ်းလေးရေးပုံလှပသေသပ်သည် လှည့် စားထား မှုပီပြင်၏ တချက်မကပြုံးမိသည်ဒါနဲ့ပြောပါရစေ ဦး မလွတ်တန်းစုံထောက် ဦးဖိုးစိန်ရယ် ကျနော်အပ်ထား တဲ့ အမှုတွဲလေး ဘယ်အခြေနေရောက်နေပြီလဲသိချင်ပါတယ် ဓါးထက်ထက်ရဲ့ ညီမလေးရှာပုံတော်ဆိုတဲ့ အမှုလေးပါ စုံထောက်ကြီးကအလုပ်တွေအလွန်များနေလို့  မေ့ သွားမှာစိုးရိမ်သဖြင့် သတိပေး ၇ ခြင်းဖြစ်ပါတယ် လေးစားယုံကြည်အားကိုးမှုများစွာဖြင့် စောင်မျှော်နေသူ ဓါးထက်ထက်
ဟားဟား တော်တော်ရယ်ရတဲ့ စုံမထောက်ကိုဖိုးစိန်
သွေးကွက်တွေ့ တာနဲ့  လူသတ်မှုတဲ့
ဆက်မျှော်နေပါ့မယ် နောက်အပိုင်းတွေ


ခင်မင်ခြင်းနှင့်
တူရီးတော်
Anonymous said…
ဆက်ရေးပါအကိုတော် ..စောင့်ဖတ်နေပါတယ်
avocado
ကောင်းတယ်..ဆက်ရေးပါဗျိုး.............
ဂျစ်တူးလေး said…
ကိုကြီး...
ရေးတာတအားကောင်းတယ်...အလုပ်မှာ
စိတ်ညစ်လာတာတောင် မေ့သွားတယ်..
ကိုကြီးပို့စ်က ဂွတ်ပါ့...
အားပေးလျှက်ပါကိုကြီး
ဂျစ်
ကောင်းတယ်ဗျ ဆက်ရေးပါ အားပေးနေပါတယ်...။
Ree Noe Mann said…
သယ်ရင်းရေ ရီနိုမာန် ဟိုတယ်မှာ သယ်ရင်း
အတွက် တခန်းပေးထာပါတယ်ကွာ။

နောက်ဆက်လိုက်မဲ့ အမှုတွေကို ဖတ်ချင်တယ်
ကွာ။

ဆက်ရေးပါအုံးနော် သယ်ရင်း။

မျော်လင့်နေတယ်နော် သယ်ရင်း

ချစ်တဲ့ သယ်ရင်း
ရီနို
Anonymous said…
အဟေဟေ ဖတ်လို့ကောင်းပါ့ျော ဆက်ရေး ဆက်ရေး...။
ဂွတ်တယ် ထင်ရင် ဒူးသာဒူး ပါ ကိုကိုစိန်ရေ
း)
Dream said…
အဟား...စုံထောက်ကျော် မျောက်သုံးကောင် အဲ..ဟုတ်ပါဘူး... စုံထောက်ကျော် ဖိုးစိန်နှင့်အဖွဲ့...

ဟတ်ဟတ်... ရေးလဲ ရေးတတ်ပါ့..သူမို့လို့ ကြံကြံဖန်ဖန် ရေးတတ်တယ်... ဟွန်းးး မပြောချင်ဘူး..မပြောချင်ဘူး..ပြောကို မပြောချင်ဘူး.... (ဒေါ်မြလေး လေသံနှင့် ဖတ်ပါ)
ဟတ်ဟတ်...:P:P
ဖိုးစိန်ရေ ကောင်းတယ်။
ဟာသ ရုပ်ရှင် ရိုက်ရင်ကောင်းမယ်။
အထပ်ထပ်အခါခါ ပြုံးပီးဖတ်တယ် ဆရာစိန်ရေ၊ မျှော်မယ်နော်
စုံထောက်ကြီး ကိုဖိုးစိန်ရဲ့ 
နောက်ထပ်ဇာတ်လမ်းတွဲ လေးများကိုလည်း
မျှော်နေတယ်ဗျို့ 
မိုးပျံတက္ကစီတွေ ဘာတွေနဲ့ ဆိုတော့
ဘယ်နှစ်ခုနှစ်လည်း ထည့်ရေးဦးလေ
တိုတိုလေးမဟုတ်တော့ဘူးနော်
ကိုကိုစိန်
ခင်မင်စွာဖြင့်
းဝ))
ဝသန်
ပေါတောတောတော့ဖြစ်တယ်...
ဒါပေမယ့် ဆက်ရေးပါ... ဖတ်လို့ကောင်းတယ်....

lovely brother ကိုဘာလို့ ခွဲရေးလဲ သိပါရစေ... လူကြီးတွေလဲ လာလည်တယ်ဆိုတာလဲ သတိထားပါဦးးဝ)

စုံထောက်ကြီး ဒီနေ့ ကံမကောင်းပါလားပေါ့...

ဖိုးစိတ်အသေချစ် အရှင်ချစ် စုတ်ပြတ်သတ်အောင် ချစ်တဲ့...

ကိုလူထွေး...
းဝ)
Anonymous said…
ကောင်းတယ်.... စာလုံးပေါင်းမှားတာ တစ်ခုပဲ
ဟီးဟီး
ရီရတယ်
မေလေး said…
ကိုကြီးဖိုးစိန်
အမှုတွဲမှာ ကိုကြီးညီမလေး နဲ့ ယောက်ဖ အမှုရောပါအုန်းမှာလားးးးးး
ဆက်ရေးပါ ကိုကြီးရေ
အားပေးနေမယ်နော်
မွေးစားညီမ
မေလေး
ရီရပါတယ်...တခါတလေအမောအပန်းဖြေဖို့သာကောင်းပေ မယ့်...အချိန်သုံးရမှာချင်း အတူတူ...အမြဲကျန်နိုင်တဲ့စာမျိုးရေး ဖို့သာပိုအားပေးချင်ပါတယ်...ငါကတော့ပျင်းတာမို့ ဘယ် Blog မှဆက်မရေးတော့ဘူး...ဟီးးဟီးး
Rita said…
ဆက်ပေါပါ။ အဲလေ ဆက်ရေးပါ
ပူတူတူးလေး said…
ဖတ်လို့ တကယ်ကောင်း..... ဆက်ရန်တွေကို လာဖတ်ဦးမှာ....
ကောင်းလိုက်တာ.. သည်းထိတ်ရင်ဖိုကနေ.. နောက်မှ ဇာတ်ရည်လည်တော့တယ်.. ဟီး ဘယ်လိုများရေးလိုက်တာလဲဟင်....
နောက်အပုဒ်တွေကိုလည်း စောင့်ဖတ်မယ် ဒါပဲ..
s said…
ပီားပိာပိာ အရမ်းရယ်ရတာပဲ၊ မမ မီးလေးဇာ ရေးထားတဲ့ကဗျာလေးတောင်မလွှတ်ဘူး :P အားပေးနေမယ်နော်။ဆက်ရေး။မိုက်တယ်။
mgnge said…
ထင်ပါတယ်.... ဘယ်လို လွဲမလဲလို့ ရင်တစ်ထိပ်ထိပ်နဲ့ 
ဖတ်နေတာ...

နည်းနည်းလေး လွဲသွားတယ်နော်... :P

နောက်ထပ်အမှုတွေစောင့်မျှော်လျက်ပေါ့ဗျာ
ဟီဟိ...ရယ်ရတယ်....ကိုကြီးဖိုးစိန်...ဆက်ရေးးးနေမကောင်းတာလေးတောင်ပျောက်ချင်ချင်ဖြစ်သွားတယ်...ရယ်ရလို့ ... :-)
ဖိုးစိန်လေးရေ
"စုံထောက်ကြီးဖိုးစိန် နှင့် ဘားအံမယ် မီးလေးဇာ ၏ စိတ္တဇလူသတ်မှု"
လာဖတ်တယ်
ရေးတတ်လိုက်တာ
ခင်မင်လျက်
Anonymous said…
ဟဲဟဲ
မပြောချင်ဘူးနော် ..
အမှုတခုအပ်ချင်လို့ စုံထောက်ရှော်ကြီးရေ
ကိုရီနိုကြီး သတင်းအစအနမရပဲ ပျောက်သွားတဲ့အမှု
စိတ်ချ လက်ချ ယုံယုံကြည်ကြည် အားကိုးပြီးတော့ အပ်ပါတယ် .. :P

မိုးခါး
Moe Cho Thinn said…
အမှုရှိရင် နဘေးက လိုက်ပြီး ပညာယူပါရစေ ဆရာကီး စိန်။
တောင်းဆိုတဲ့သူတွေလည်းတောင်းဆိုကုန်ပြီ
စုံထောက်ကြီးရေ့ 
အသစ်တွေ ရေးပါတော့ဗျို့ 
ဒါမှမဟုတ်တစ်ခုခုတော့ အကြောင်းပြန်ပါဗျို့ 
စောင့်မျှော်နေမယ်
ခင်တဲ့
ညီ
ဝသန်
ဇော် said…
အီဖေကိုယ် လက်စ်စ်စ်တ်တ်တ်။ အဟိ။

ကိုရဲက တစ်ဆို ကိုယ်က ဘိတ်ချေးလေ။ ငှဲငှဲ။

နောက်အမှုတွေမှာ အပျိုကြီးတွေကို များများသာဆော် သိလား ကိုဂျီး။ အားပေးနေတယ်။ အဟီး။

( အချွန်နှင့် မခဲ့သည်။ ခွိခွိ )
hninzaw said…
မိုက်တယ်ဗျာ :)

Popular Posts