မမေ့အပ်သောဇူလိုင်(၁၉)

ဇူလိုင်လဆိုတာ မြန်မာပြက္ခဒိန် အရ မိုးတွေမှောင်မှောင် ရေဖောင်ဖောင် ဝါဆို ဝါခေါင်လထဲမှာပါ…. ဒီဇူလိုင်လ က ကျနော်ရောက်နေတဲ့ နိုင်ငံမှာ နေချစ်ချစ်တောက် ပူပြင်း တောက်လောင်နေပေမယ့် ချစ်တဲ့ အမိမြေမှာ မိုးတွေ ဖွဲဖွဲရွာနေနိုင်သလို မိုးတွေ သဲသဲမဲမဲ လဲရွာနေနိုင်တယ်… ဇူလိုင်လမှာ မွေးတဲ့ ကျနော့်အတွက် ဒီအချိန် အိမ်ကိုလွမ်းပါတယ်… ရင်ထဲမှာ လွမ်းဆွတ် တမ်းတမိတာက ကျနော့်ကို ခက်ခက်ခဲခဲ မွေးခဲ့တဲ့ အမေနဲ့ အဖေကို အရမ်းလွမ်းတယ်… အလွမ်းဓာတ်ခံ ရှိတဲ့ကျနော့် အဖို့ လွမ်းမဆုံးတဲ့ လတစ်လပါ...

ထူးခြားတဲ့ ဇူလိုင်လ ဆိုရအောင်လဲ လွန်ခဲ့တဲ့ (၁၉၄၇) ခုနှစ် ဒီလို ဇူလိုင်လ (၁၉) ရက်နေ့မနက်မှာ မိုးရေတွေကြား တစ်မျိုးသားလုံး ကိုယ်စား စီးမျောခဲ့ရတဲ့ သွေးချောင်းများကြောင့် ကျနော်တို့ မြန်မာပြည်သူ ပြည်သား အားလုံး ရင်ထဲမှာ မခံမရပ် နိုင်ပဲ မျက်ရည်မိုးတွေနဲ့ အတူကြေကွဲခဲ့ရပါတယ်… အဲဒီနေ့ကတော့ တမျိုးသားလုံး လုံးဝမေ့လို့မရတဲ့ (၁၉) ဇူလိုင် “အာဇာနည်နေ့” ပါ… အမိ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်ကောင်း ပီသစွာ အသက် သွေး ချွေး နဲ့ ပေးဆပ်ခဲ့ပြီး သွေးနဲ့ရေးခဲ့ ကြတဲ့ လွမ်းဆွတ် ကြေကွဲ စရာကောင်းတဲ့ ဒီလ ဒီရက် ဒီနေ့လေးကိုတော့ ဘယ်တော့မှ မမေ့ပါဘူး…။


ဒါကြောင့် ဝမ်းနည်းကြေကွဲစွာ ကျလာတဲ့ မျက်ရည်တွေကို မိုးစက်တွေနဲ့ သက်သေပြုလို့ ဇူလိုင်လ(၁၉) ရက်နေ့ မှာ အသက်ပေးသွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ရဲဘော်ရဲဘက်များကို ဒီနေရာကနေ ဂါဝရတရားနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားရိုသေစွာ အလေးပြု ရင်း ကဗျာလေးနဲ့ အတူ (၆၂) မြောက် အာဇာနည်နေ့ကို ဂုဏ်ပြု လိုက်ပါတယ်….


အာဇာနည်ဆိုတာ…

အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ
ငါ့နိုင်ငံအတွက်
ကြောက်သွေးကိုဖောက်
ဘယ်ခရီးရောက်ရောက်
ဘယ်နည်းပေါက်ပေါက်
ငါသေချင်သေ
ငါမွဲချင်မွဲပါစေတော့
ရင်ထဲက အပူကို တွေးပူကာ မလွမ်း
ငါ့နိုင်ငံ ငါ့လူမျိုးအတွက်
ငါပြေးလေရာ လမ်းခရီးမှာ
အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့
ဒီခရီး နီးအောင်
ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)
မျက်ရည်များကို လည်စင်းခံ
သေမယ့်ရက်ကို ချွေးနဲ့ဆက်လို့
ရှေ့ဆောင်လမ်းပြ
ဘဝမလှပဲ ကြွေလွင့်ခဲ့ကြရတယ်…။

ရင် နင့် စို့ လို့
ဆို့ နင့် ကြေ ကွဲ
သံသရာမျက်လှည့် ရက်တွက်မစေ့
တွေ့မဝ မေ့မရ
ရှေ့ဆောင်လမ်းပြ သူတို့ဘဝကို
ခဏခဏ တော့
တသ…သ…. နှောင်တွယ်သင့်ပါတယ်…။

အာဇာနည်ဟူသည်
လူသာသေသည် နာမည်မသေပါ…
အာဇာနည်မျိုး သေရိုးထုံးစံမရှိပါ….။



ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မယ့် (၆၂) မြောက် အာဇာနည်နေ့ကို အလေးပြုရင်း….

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

အာဇာနည်ဆိုတာ...
R-ဇာနည်မဟုတ်ပါ......
း)))))
နောက်တာပါ...
ကဗျာလေးက အရမ်းကောင်းတယ်....
တကယ့်ကို အနှစ်ရှိတဲ့ ကဗျာလေးပါ...
အာဇာနည်တွေကို လွမ်းတယ်
R-ဇာနည်ကိုတော့ ဟုတ်ဘူး...
Unknown said…
ကိုဖိုးစိန်ရေ....

ဘယ်တော့မှ ဘယ်လိုမှ မေ့လို့မရ... မမေ့အပ်တဲ့ နေ့လေးကို အခုလို အမှတ်တရလေးပြုလိုက်ပေးတာကို အထူးလေးစား ၀မ်းသာပီတိဖြစ်မိပါတယ်....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
Anonymous said…
အာဇာနည် မျိုးသေရိုးထုံးဆံမရှိ
မှန်တာပေါ့ အာဇာနည်များအားလုံးကို
ဒိနေရာကနေ အလေးပြုလိုက်ပါတယ်

မြူးလေး
WWKM said…
ဖိုးစိန်လုပ်မှပဲ Calendarမော့ကြည့်လိုက်ရတယ်.ဒီနေ့ဇူလိုင် ၁၉ များလားလို့..း)

အာဇာနည်နေ့တို့မမေ့.
လတ်တလောအခြေအနေ လာမဖတ်ဖူးလား.း))
ထက် said…
ကဗျာလေးနဲ့ အတူ
အာဇာနည် ၉ ဦးကို.
ဦးနှိမ် ညွတ်ကျိုးလျက်.
အလေးပြုပါ၏...
kiki said…
မ​မေ့အပ်တဲ့ ဒီအာဇာနည် ​နေ့  ၊ ​မေ့တဲ့ သူ​တွေ ​ မေ့ ​နေကြပြီ ...
ခုဆို အဲဒီ​နေ့  မနက် ၁၀း ၄၇ နာရီ အချိန် မှာ ...ဥဩဆွဲသံ ဆိတ်သုဉ်း ခဲ့ တာ ဘယ်​လောက် ကြာ ပြီလဲ ...
ဝမ်းနည်းစရာ ပါ . . .
အလေးပြုသွားပါတယ်။

မမေ့ပါဘူး။ အိမ်မှာ မြန်မာပြက္ခဒိန် ချိတ်ထားတယ်း)
အာဇာနည် များအား
မမေ့မလျော့
ဦးညွတ် အလေးပြုသွားပါတယ်
Mogok Thar said…
အာဇာနည်နေ့ ဒို့ မမေ့။
၁၉ ဇူလိုင် မမေ့နိုင်။
မမေံနိုင်တဲ့ နေ့လေးအတွက် အောက်မေ့ဖွယ် ကဗျာလေး တစ်ပုဒ်အတွက် ညီ့ကို ကျေးဇူးပါဗျာ။

ညီလဲ သား ဇာနည် တစ်ယောက် ဖြစ်ပါစေ လို့ အမြဲ ဆုတောင်းပေးလျက်

ချစ်ခင်လေးစားခြင်း များစွာဖြင့်

ကိုမောင်ဟန်
ဆယ်ကိုးဇူလိုင်မမေ့နိုင် ဆိုသလိုပဲ ဒီဇူလိုင်လရောက်တိုင်း ဗိုလ်ချုပ်ကို ထာဝရ သတိရနေဆဲပါဗျာ.... ကဗျာလေးကို ဖတ်ပြီး
ဗိုလ်ချုပ်ကို လေးစားစွာ အလေးပြုသွားပါတယ်...။
၁၉ ဇူလိုင်အမှတ်တရ ကဗျာလေးအတွက် ကျေးဇူးပါ အကိုရေ
အမှတ်ရနေသင့်တဲ့ နေ့လေးပါ
အာဇာနည်တွေကိုလည်း အလေး ပြု ဦးညွှတ်ပါတယ် ..
တကယ်ကိုလွမ်းလည်းလွမ်းသလို တမ်းလည်းအရမ်းတမ်းတနေမိတယ် အစ်ကိုေ၇...
၁၉ ဂျူလိုင် ကိုသတိပေးနှိုးဆော်ပေးတဲ့ အတွက်ကျေးဇူးပါ ကိုထောင်ရေ ဒါပေမဲ့ မေ့မနေပါဘူးလေ ဟိုတစ်နေ့ကပဲ ဗိုလ်ချုပ် အပါအ၀င် အာဇာနည် ခေါင်းဆောင်တွေရဲ့ လွပ်လပ်ရေး ကြိုးစားအားထုတ်မှု စာအုပ်ကို ဖတ်ပြီး ရင်ထဲမှာစိတ်မကောင်းဘူး အဲဒီစာအုပ်ထဲမှာ ဘယ်လိုအခက်အခဲတွေကြားက ကြိုးစားခဲ့ကြောင်း လွပ်လပ်ရေးရဖို့ ဘယ်လိုတောင်းဆိုခဲ့ရကြောင်း သွားလာရေးခက်ခဲမှုတွေကြားက ဘယ်လိုလှုပ်ရှားရုန်းကန်ခဲ့ရကြောင်းတွေ ဖတ်ခဲ့ရတယ် လုံးဝလွပ်လပ်ရေးပေးဖို့တောင်းဆိုပြီးလို့လန်ဒန်က ပြန်လာပြီး ၆လလောက်ကြာတော့ လုပ်ကြံခံခဲ့ရတယ်နော် နောက်၆လ ကြာတော့ လွပ်လပ်ရေးရဲ့ ငြိမ်းချမ်းတဲ့အရသာ ကိုတောင်ခံစားမသွားရရှာဘူး တွေးလေလေ စိတ်မကောင်းဖြစ်လေပဲ ကိုထောင်ရယ်...........ဂျူလိုင်၁၉ မမေ့ဘူးနော် .....အလေးပြုပါတယ်
အာဇာနည်နေ့ဆိုတာ ဘယ်လိုမှ မေ့လို့မရတော့တဲ့၊ မမေ့သင့်တဲ့နေပါ။ ကိုဖိုးစိန် လည်းအာဇာနည်နေ့ကို မမေ့တာ ဂုဏ်ယူပါတယ်။
mae said…
ဖတ်ပြီး စိတ်ထဲမှာ တမျိုးပဲ ဖြစ်သွားတယ်၊ ဒီရက်ပိုင်း အာဇာနည်နေ့ရောက်တော့မယ်လို့ စိတ်က သတိရနေတာ၊ post လေးအတွက် ကျေးဇူးတင်ပါတယ်
Julian said…
So my brother Phoe Sein,

Good post for all, by the way
you should remember me too..... together with this post :)

19th July is my Big Day too...... :lol

Ma Ju

** PS, computer formatted and can't write in Burmese now. Don't know how to do till then :(
chitpalone said…
အင်း အဲ့နေ့ကတော့ ဘယ်တော့မှ မမေ့ရက်ပါဘူး။ ဘွားဘွားပြန်ပြောပြလို့ သိရတာကတော့ အဲ့နေ့ကတဲ့ မိုးတွေကဖွဲဖွဲကျပီး အုပ်ဆိုင်းနေတာပဲတဲ့ ဖွားဖွားပြော တုန်းက မျက်စိထဲမှာ မြင်ယောင်မိတယ်။ အခုလို သတိပေးတာ ကျေးဇူးပါ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
Anonymous said…
စိန်.. အလေးလာပြုတယ်.. ကဗျာလေးလဲ သေချာဖတ်သွားတယ်နော်

သိပ်မလွမ်းပါနဲ့ကွာ.. အလုပ်တွေပင်ပန်းတာနဲ့ အိပ်ပျက်တာနဲ့...
း(

ချစ်မ
မငုံ said…
ဇူလိုင်(၁၉)ကိုတော့ မမေ့သင့်တာ အမှန်ပါပဲ။ မမေ့သင့် မမေ့ထိုက်တဲ့ နေ့လေးမို့ လာရောက်အလေးပြုပါတယ်။
ဗိုလ်ချူပ်နဲ့တကွ ကျဆုံးသွားသော အာဇာနည်ကြီးများအား
အလေးပြု
တည်မြဲ
နောက်လှည့်
ပြန်ပြီ
ပြူအလေး လိုက်ပါတယ် အဲလေ အလေးပြုလိုက်ပါတယ်လို...
အာဇာနည်နေ့ တိုမမေ့..

ခင်မင်လျှက်
အဆိပ်ခွက်
အာဇာနည်နေ့အတွက် ကြိုပြီးအလေးပြုသွားပါတယ်။
စည်သူ said…
နေ့ထူးနေ့မြတ်မရောက်ခင် အခုလို ပို့စ်လေးတင်ပေးတာ ကျေးဇူးပါ ကိုဖိုးစိန်ရေ..။ မေ့နေတဲ့သူတွေလည်း ပြန်ပြီး အမှတ်ရစေတာပေါ့ဗျာ..။ ပျော်ရွှင်ပါစေ ကိုဖိုးစိန်။
အလေးလာပြုပါတယ်
ကျရှုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု
တည်မြဲ သက်သာ
ကဗျာကောင်းလေးအတွက် ဖတ်ရတာ ကျေးဇူး

ခင်မင်ခြင်းနှင့်
တူရီးတော်
Martyr’s Day မှာ အာဇာနည်အားလုံးများကို salute ပြုသွားပါတယ်...
ဖိုးစိန် က ဝီရိယ ကောင်းတယ်..
အားလုံးနဲ့ တူတူ အလေး ပြုသွားပါတယ်..
khin oo may said…
ဝင် join သွားတယ်။
JuneOne said…
ဘယ်တော့မှမမေ့ဘူး။
(ဒွေး သီချင်းမဟုတ်ပါ)
Angel Shaper said…
ကိုဖိုးစိန်ရေ..... အားလုံးနဲ့ အတူ အလေးပြုသွားပါတယ်။ အရမ်းကောင်းတဲ့ ကဗျာလေးကို ခံစားသွားပါတယ်လို့ ။
Dream said…
မောင်ချစ်တဲ့ချစ်ချစ်က ချစ်ချစ်ချစ်တဲ့မောင့်ကို
လာအလေးနဲ့ပစ်တာ....အဲ...ဟုတ်ပါဘူး ..မှားလို့
လာအလေးပြုတာ... :P

ကျဆုံးသွားတဲ့ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်
အာဇာနည်ခေါင်းဆောင်များကို လာရောက်အလေးပြု ဂါရ၀ပြုပါတယ်...............
ဇော် said…
အာဇာနည်နေ့အတွက် ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ရပြန်ပေါ့ ကိုဂျီးစိန်... =)
နေဒေးသစ် said…
ဘဝတစ်ခုလုံးမှာ ဘယ်တော့မှ မမေ့နိုင် မမေ့အပ်ပဲ အမှတ်ရနေမယ့် နေ့ တစ်နေ့မှာ ..
အမှတ်တရ သတိရနေမိတဲ့ လူတစ်ယောက်ဆီ ရောက်လာခဲ့တယ် ..
ကိုဖိုးစိန် ...................................

နေရောကောင်းရဲ့လား ..
မွေးနေ့လည်း နီးပြီ ..
နေဒေးသစ်ကို နောက်ဆုံး စာလုံး တစ်လုံးလောက် ဖြစ်ဖြစ် သတိရနေသေးတယ် ဆိုရင် ကျေနပ်ပါတယ် ..

နေဒေးသစ်။
Ree Noe Mann said…
သယ်ရင်းရေ

ခုမှ လာဖတ်ဖြစ်တယ်နော်

အလေးပြုသွားတယ်

ချစ်တဲ့
သယ်ရင်း

Popular Posts