ရောက်ခဲ့သော မြို့တော်

ကျနော် မနေ့က မိုးကုတ် မြေရဲ့ တောင်ပေါ် မြို့လေး တမြို့ကို အလည်ရောက်ခဲ့တယ်... ဒီမြို့လေးကို အဝေးက နေ လှမ်းမျှော်ကြည့်လိုက် ကတည်းက ရင်ထဲကို နွေးထွေးမှု တစ်ခု စီးဝင်သွားတယ်... ကဗျာဆန်လိုက်တာဗျာ... ကောင်းကင် ပြာ ပြာ အောက် နွေးထွေးတဲ့ နေခြည် နဲ့ အတူ စီစီရီရီင်္နဲ့  လှလှပပ ရှိလှတဲ့ ရေတမာ တန်းလေး နဲ့ ခရေ ပင် ညိုညို ကြီးတွေကို အဝေးက ငေးမေားရတာဟာ ဘာနဲ့မှ မလဲနိုင်တဲ့ သဘာဝ ရှုခင်းကြီး တစ်ခုပေါ့... ကွေ့ပတ်စီးဆင်းနေတဲ့ သံလွင် မြစ်ကြီးကို ဒီမြို့ရဲ့ ဟီးရိုး ကြီးလို့ တင်စားကြသေးတယ်တဲ့လေ... မြို့ အဝင်အဝကို ဝင်လိုက်တာနဲ့ မားမားစွင့်စွင့်ကြီး သီဟ ခြင်္သေ့ က သစ်လွင်ခန်းနားစွာ သပါယ်လှတဲ့ စေတီပုထိုး ခြေရင်းမှာ ဝပ်တွားခယ ရှိနေလေရဲ့.... ညရဲ့ ကောင်းကင် လမင်းကြီးအောက် မှာ တင့်တယ်ခမ်းနားလှပါတယ်..

ဒီမြို့နဲ့ ပတ်သက်ပြီး ရှေးတုန်းက ဒဏ္ဍာရီ ဆန်ဆန် ပြော နေကျတဲ့ ပုံပြင်လေး တစ်ပုစ်တောင် ရှိခဲ့တယ်… ဂျူ နိုင်ငံကနေ လွမ်းဆွတ်ကြေကွဲနာမကျန်း နေတဲ့ မနော်ဟရီ မှော်ငှက်က ခေတ်နေလို့ အမည်တွင်ခဲ့တဲ့ ဒီမြို့ကို ပျံသန်းရောက် ရှိချိန်မှာ ဥယျာဉ်မှူး ဇက်ရဲ့ ဥယျာဉ်သာထဲက ချိုမြိန်တဲ့ ပီအိုနီ ပန်းတွေရဲ့ ဝတ်ရည်ကို သောက်သုံးပြီး ကျမ်းမာပျော်ရွင်လာခဲ့တယ်… ခေတ်နေ မြို့တော်ကြီးကိုလဲ ကျန်းမာရေးပြန်ကောင်းလို့ ရွေမိုး ငွေမိုးတွေ ချိမ့်ချိမ့်သဲ ရွာသွန်းစေခဲ့တဲ့အတွက် ရှေးရှေးက လူတွေက နတ်ဖန်ဆင်းတဲ့ မယ်တော် တပါးလိုကိုးကွယ်ခဲ့ ကြတယ်ဆိုပါတယ်.. နောက်တော့ ခေတ်နေပြည်တော်ကြီးထဲမှာပဲ အိနြေ္ဒ အိန္ဒြာ ရစွာ တစ်သက်လုံး နေသွားတော့တယ်… အဲဒီအချိန်မှာ ဇွန်မိုးစက်တွေနဲ့ အတူ ခေတ်နေဆိုတဲ့ နေပြည်တော်ကြီးမှာ မင်းတရား စိုင်းရှင်ကြီး က ညီတော် နိုင်စည်သူကို ထီးနန်းအရိုက်အရာ လွဲ အပ်ချိန်ပေါ့… တိုင်းပြည်ကြီး တစ်ခုလုံး ညီညီ ညာညာ စည်ကားပျော်ရွင်နေခဲ့တယ်လေ… အသက်တွေ ကိုတောင် ဘုရင့်ထံပါး အ ပိုင် ပုံပေးဖို့ မနှောမြောတဲ့ ပြည်သူ ပြည်သားတွေပါ... ဒဏ္ဍာရီ ဆန်တဲ့ သံစဉ်ချို ပုံပြင်တစ်ပုဒ်လို.....

ဒီမြို့လေးက တခြားမြို့တွေနဲ့ မတူဘူးတဲ့... ဆောင်းမှာ ချမ်းသလို မိုးလဲ ရွာတတ်တယ်... ရွာတဲ့မိုးက မိုးခါးတဲ့လေ... အဲလို ဆောင်းမှာ နှင်းတွေ ပက်ဖျန်းလို့ ရွက်တွေ ကြွေကျ လေလွင့်နေတဲ့ အချိန်က ဘယ်လောက်များ ကဗျာ ဆန်လိုက်သလဲ... ပန်းပွင့် တွေ လေမှာ မြူးလို့ ဇင်ယော် လို ပျံဝဲနေလိုက်တာများ... ကြည်နူးစရာ... ပြီးတော့ ဒီမြို့မှာ ဗီ ပုံစံ လိန် ကောက်နေတဲ့ တလနွန် အမည်ရတဲ့ တောင်တွေကြားမှာ ဖိုး တန်တဲ့ မြို့ပိုင် မြ ကျောက်တွေ အများဆုံးထွက်တဲ့အတွက် ကမ္ဘာက မျက်စိကျရတဲ့ မြို့လေးပါတဲ့...

ဒီမြို့လေးမှာ ချစ်စရာကောင်းတဲ့ မျက်စိမှေးမှေး အနီရောင် ကင်းကောင်တွေ၊ ပူးတေ ကောင်တွေ ၊ ပိုးဟပ်လေး လဲ ရှိသေးတယ်.. ဒီကင်းကောင်တွေ၊ ပူးတွေက က လူတွေကို ဒုက္ခမပေးပဲ လူတွေအတွက် အကျိုးပြုတယ်ဆိုတာ ဒီမြို့မှာပဲရှိတာပါ... တီအမ်တီ ကိုယ်ပိုင်ရေအားလျှပ်စစ် စက်ရုံကြောင့် ဒီမြို့လေး လျှပ်စစ် မီး မပြတ်ရှိသလို ပီအမ် ဝန်ဆောင်မှု လုပ်ငန်းကြောင်းလဲ ဒီမြို့လေးမှာ ကမ္ဘာလှည့် ခရီးသည်တွေ မပြတ်ဘူးပေါ့... ခရီးသွားဧည့်သည်တွေ တည်းတဲ့ ရီနိုမာန် ဟိုတယ်ကြီးက ဒီမြို့ရဲ့အခန်းနား အကြီးကျယ်ဆုံးပါ...နိုဗယ်မိုး ဆိုတဲ့စူပါမာကတ်ကြီးမှာလည်း ဈေးသက်သက်သာသာ ဝယ်လို့ရလေရဲ့... ဒီမြို့လေး တမြို့လုံးကို မြင်ဖို့ ကားလေးနဲ့ မြို့ပတ်စီးရင် ကိုဂျေးရဲ့ မင်းကို ချစ်တဲ့သူ သီချင်းကို နားဆင်ရတာလဲ အရသာ တစ်မျိုးပါ...

ဒီလို ဖိုးတန်မြို့လေးမှာ သင်္ကြန် ပွဲတော်ကို နောင့်ပေ နောင့် သီချင်းလေးနဲ့ မြို့မျက်နှာဖုံး ငချမ်းကောင် နဲ့ အတူ လှပျိုဖြူ အမွှာ နှစ်ယောက် ဖြစ်တဲ့ မေလေး နဲ့ မေသူ တို့ ကတဲ့ “အိုး... ဘာတဲ့” ဆိုတဲ့ ရာချို အကဟာ ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ဝင်တစား ဓာတ်ပုံအမိအရပြေးရိုက်ကြတာက အမောပါ... ငချမ်းကောင် တို့ဆိုတာ မြို့မှာ နာမည်ကြီးတဲ့ အမျိုးကောင်းသား ထက်မြက်ပြီး ဇော် ကြတဲ့ကောင်တွေပါ...အဲလိုအချိန်တွေမှာ နှစ်စဉ်နှစ်တိုင်း မြို့ခံ ရွာသားတို့က ရွာထွက် ပစ္စည်းတွေနဲ့ စတုဒီသာ အလှုကို ခြိမ့် ခြိမ့်သဲကျင်းပတာဟာ ကျေနပ်ပီတိဖြစ် စရာပါ...

အရင်တုန်းကတော့ ဒီလိုမြို့လေးကို အိပ်မက် လှလှ မှာပဲ ရူးသွပ်စွာ မြင်ဖူးပေမယ့် ခုကျနော် ဖိုးစိန် လက်တွေကျကျ မြင်ရတော့... ဒီမြို့လေးဟာ ညီ ညီ ညာညာ နဲ့ မောင်နှမတွေ အားလုံး စုပေါင်းတည်ဆောက်ထားတဲ့ မေတ္တာတွေ အခြင်းခြင်းယောင်ပြန် ဟပ်တဲ့ မေတ္တာရောင်ပြန် မြို့လေးပေါ့... ဒီမြို့လေးကို လာရတဲ့အတွက် ကျေနပ်ပီတိဖြစ်ခဲ့ရတာဆိုရင် အတိုင်း မသိပါပဲ..

တွေ့ခဲ့ရသူများကို အမှတ်တရ ရေးဖွဲ့သည်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

sweetpeony said…
၁ ကွ.... ဟားဟားးးးးး
sweetpeony said…
မ နော်က ပန်းဝတ်ရည်ကို သောက်လို့ နေကောင်းသွားတယ် ဆိုပါလားးး
တိုက်ဦးမှာ.....
း)
sweetpeony said…
ဒီ၁ခါပဲ ၁ ရဖူးသေးတယ်..
မအိပ်သေးဘဲ စောင့်နေရတာနော် ကိုကြီးစိန်... မန့်မလို့ကို...
ဟွင်း ဟွင်း ဟွင်း..။။။
Mogok Thar said…
အားးးးးးးးးးးးးး

1 မရတော့ဘူးးးး
sweetpeony said…
ဒါနဲ့ အပေါ်မှာကျ အရောင်တွေ ထည့်ထားပြီး အောက်မှာကျ မပါတော့ပါလား ကိုကြီးစိန်ရဲ့...
အဲ
ကိုယ်ချည်းပဲ ဖြစ်နေပါလား တော်ပီ တော်ပီ ရပ်မှ...
း)))))))))))))))))
ခွဲရေးထားလို့ နာမည်ကို လေးခေါက်တိတိရှာလိုက်ရတယ် :P
ရေးတတ်လိုက်တာ။
ပညာရှင်မို့ လေးစားပါတယ် :)
kaungkinpyar said…
စိန် စိတ်ချမ်းသာခြင်း ကိုယ် ကျန်းမာခြင်းတွေ နဲ့ ဒီမြို့လေးမှာ ပျော်ရွှင်စေချင်တယ်....
Mogok Thar said…
အင်းး
မောင်နှမတွေ အားလုံးရဲ့ နာမည်ကို စာတစ်ပုဒ်...စီပီး (ခေါင်း အသည်းအသန် ကိုက်နေတဲ့ကြားက) ဇာတ်လမ်းလုပ်ရေးနိုင်တဲ့ မျောက်ငိုကို တကယ် ချီးကျူးပါတယ်....

မောင်နှမတွေအပေါ် သံယောဇဉ်ကြီး ဂရုစိုက်တတ်တဲ့၊ မောင်နှမတွေ စုံမှ နေပျော်တဲ့ မျောက်ဖိုးစိန်ရဲ့ ရင်တွင်းဖြစ် အမှတ်တရလေးမှာ...
မိုးကုတ်သားက ထိပ်ဆုံး ပါခွင့်ရတဲ့အတွက်လဲ ၀မ်းသာမိပါတယ်...

ပိုလဲ ချစ်ပါတယ်...

အိပ်မက်လှလှ ဆီက အာဝါးတစ်သိန်း ငှားပီး ဆုချပါမယ်....

ချစ်ညီ မျောက်ငို .. ကို

ချစ်ခင်လေးစားလျက်

ကိုမောင်ဟန်
စိန်စိန်ကတော့ အင်မတန် ဖွဲ့ တတ်တာပါလား
:)

စိန်ဒိုင်းမွန်းလေးရောက်လာလို့ တစ်မြို့လုံး ဗြောင်းဆန်သွားတဲ့ အကြောင်း .. :P အဲလေ တစ်မြို့လုံး ပျော်သွားကြပါကြောင်း

:)

ခင်မင်စွာဖြင့်
သီဟသစ်
Mogok Thar said…
စာဖတ်ပီး အပျော်လွန်တာနဲ့
ပြာဂျီးပြောမှ သတိရတယ်..

မြို့ကလေးမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပြီး ရည်ရွယ်ချက်တွေအားလုံး အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်ပါစေ။ မောင်နှမတွေ အားလုံးနဲ့ အမြဲစည်းလုံး ပျော်ရွှင်နိုင်ပါစေလို့.....

မျောက်ငို

ချစ်တဲ့

ကိုမောင်ဟန်
ကောင်းတယ်ဗျာ... အားလုံးပါတယ်... အရေးအသားကောင်း အတွေးခေါ်လဲစမ်းသစ်နေတာပဲ...
အဲ့ဒီမြို့တော်ကို တစ်ခေါ်က်လောက်သွားလည်ရမယ်...


ကိုဖိုးစိန်ခင်တာထက် အားလုံးကကိုဖိုးစိန်ထက်ပိုခင်နိုင်ပါစေ....
Ree Noe Mann said…
အဲမြို့လေးမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ ထာဝရနေသွားချင်ပါတယ်။
ပူလောင်ခြင်းမရှိ လွမ်းဆွေးခြင်းမရှိပဲ
တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့
အေးချမ်းတဲ့ မောင်နှမတွေလို နေချင်မိတာ
ရင်ထဲကဆန္ဒပါ။

တကယ်ကော ဖြစ်နိုင်ပါမလာလို့ တွေးလိုက်တိုင်း
စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။
ဘာပဲ ပြောပြော တွေ့ဖူးတဲ့ လူတွေကို
လှလှပပလေး ခုလိုရေးဖွဲ့ထားတာ တွေ့ရတော့လည်း
ဝမ်းသာကျေနပ်မိတယ်။

ပိုင်ဆိုင်မှုတွေ တကယ်ဖြစ်လာရင် သိပ်ကောင်းမှာပဲ သယ်ရင်းရာ။ ဟိုတယ် ကြီးကိုရည်ရွှယ်ပါတယ်။

ဒါနဲ့ စကားမစပ် ဒီနေ့ ခေါင်းကိုက်သက်သာရင်
အလုပ်လျှောက်ဖို့ လုပ်အုံးနော်။

ချစ်တဲ့ သယ်ရင်းရီနို
ရေတမာ said…
တမာတော မှာ ပျော်တယ်ဆိုတဲ့ စိန် ရေ စိန် ရေ တမာချဉ်ကို တို့မှာလား ပေါ်ပေါ်ချဉ်ကိုတို့မှာလား ကွဲကွဲပြားပြား ပြောပါစိန်ရေ။ ဇီးသီတော ရနံသစ်မှာ ပြည်ချစ်သား ကိုဖိုးစိန်ရေ။
:D
လူစုံတက်စုံပဲ
ပင်ပန်းတယ်ဆိုလို့ ဘာလို့ပင်ပန်းတယ် ခုမှ သိတော့တယ် .. :D
ရောက်ခဲ့သောမြို့တော်ကနေ ကျွန်တော့ မြို့တော် ဖြစ်အောင် အမြန်ကြိုးစားပါ
ဝိုင်းဆုတောင်းပေးမယ်
ဒါနဲ့ ပေါက်ပေါက်က မေးနေတယ်
ဘယ်အချဉ်ကို တို့မှာလဲတဲ့ :D
အရေးအသားက မောင်နှမအားလုံးကို ပါအောင်ခေါ်သွားတာပဲ။
ဖိုးစိန် ရေချီးကြူးတယ်ဟေ့
ချီးကျူးပါတယ်ဗျာ။ဒီမြို့လေးမှာဒီလူတွေအားလုံးနဲ့
ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေ။
အားလုံးအဆင်ပြေပါစေ.
မေဇင် said…
ဒီမြို့လေးမှာ ဒီမောင်နှမတွေ နဲ့ ပျော်ရွှင်စွာ..အမြဲ နေရပါစေ....ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုမိပါတယ်...။
Julian said…
အင်မတန်ခေါ်ရခက်တဲ့ မဂျူနာမည်ကိုရအောင်ထည့်ပြီးရေးထားတဲ့ တပည့်ကျော်ကြီးဖိုးစိန်ကို အင်မတိအင်မတန်လေးစားမိပါဒယ်...... အမ တကယ်ပျော်ခဲ့ရတဲ့အချိန်တွေပါ..... မုဆာခါများစားရရင်ပိုပျော်မလားဘဲ ဟားဟား...... အားလုံးကိုဓါတ်ပုံတွေပြန်ကြည့်တိုင်း တစ်ယောက်တည်းပြုံးနေတတ်တယ်..... ပျော်တတ်တဲ့သူတွေနဲ့တွေ့ခွင့်ရလို့ နေမကောင်းတာတွေတောင်မေ့နေတယ် အဲဒီရက်ပိုင်းတွေမှာ...............
အားလုံးဘဲပျော်ရွှင်ကြပါစေ

မဂျူ
ဆောင်းမှာ နှင်းတွေ ပက်ဖျန်းလို့ ရွက်တွေ
ကြွေကျ လေလွင့်နေတဲ့ အချိန်က
ဘယ်လောက်များ ကဗျာ ဆန်လိုက်သလဲ ....

သွေ့လော .. သွေ့လော ...

ူခုမှ သေချာစဉ်းစားမိတယ် ..
ကိုယ့် နာမည်ကိုယ် ..
အရမ်းကို နုရွ နေသလိုပဲ ....
အဟိ...

တကယ်တော့
ကိုယ့် စိတ်ကူးနဲ့အကြောင်းနဲ့ ပေးထားတာ ..!
အော် ဂလိုလား တတ်လဲ တတ်နိုင်ပေတယ် အဟားးးးး ဥာဏ်ကွန့်မြူးတာပေါ့လေး)


လေးစားလျက်
တောင်ပေါ်သား
ပူးတေက ကင်းကောင်တွေနဲ့ ဘာတွေတုန်း
:)
ဟီး
ဒီမြို့လေးမှာ မောင်နှမတွေနဲ့ အတူ ပျော်၂ရွှင်၂ နေနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
မိုးကုတ်မြို့မှာ သံလွင်မြစ်ကြီး ထူးဆန်းစွာနဲ့
ပတ်စီးခွင့်ရသွားတဲ့အတွက် ဟီးရိုးဖြစ်ရကျိုးနပ်
သွားပါပြီ........ မောင်နှမအားလုံး အဆင်ပြေ
ပျော်ရွှင်ကြပါစေ။
ညီအစ်ကို မောင်နှစ်မတွေ စုံစုံလင်လင် ရှိတဲ့ မြို့လေးပါလား
တော်လိုက်တာ
နာတွ လူတွေကို ဒုက္ခမပေးပဲ အကြိုးပြုတဲ့ ပိုးဟပ်
ဆရာ ဆရာ ဆရာ လို့ သုံးခါ ခေါ်လိုက်တယ်.
ကိုယ့်ရဲ့မြို့တော် ဖြစ်အောင် မြန်မြန် လုပ်ပါ
khin oo may said…
ရင်ထဲက အမြဲချစ်နေမယ်။
အိန္ဒြာ said…
မြို့လေးကို ဒီလိုပဲ ကိုယ်ဘာသာကိုယ်နှစ်သက်ရာအရောင်တွေ ရေးရတော့တာပေါ့.....

ကိုယ့်စိတ်ကိုယ် ထားစရာနေစရာ ရှာဖွေရတော့တာပေါ့..

တကယ်က သိပ်အထီးကျန်ဆန်နေကြသူတွေချင်းမို့..
ဒီလောက် ချစ်ခင်စည်းလုံး ဒီအထိစာနာနားလည်
ဒီလိုကြင်နာဖေးမ နိုင်ခဲ့ကြတာပါ..။

ဗမာပြည်မှာ ဆိုရင်လားးးးးးးး
ဟွန်းးးးးးးးးးး
ဝေးးးးးးးးသေးးးးးးးးး

ချစ်ခင်စွာ
မမ
ရေးတတ်လိုက်တာ။း)))
အဲဒီ့မြို့လေးမှာ ဆက်ပြီးပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ ဆုတောင်းပေးနေမယ်နော်။
အကိုရေ အားကျစရာပဲ ပျော်ရွှင်ပါစေ

Popular Posts