နာမ်စားများနဲ့ မိသားစု

ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအကြောင်း တစ်ခုပါ... အိမ်မှာ ကျနော်တို့ မိသားစုဝင်က စုစုပေါင်း ငါးယောက်… ဖေဖေရယ် မေမေရယ် ကျနော်ရယ် ညီလေးနဲ့ ညီမလေး ကျနော်က တော့ အိမ်မှာသားဦး… အကြီးဆုံးပေါ့… ကျနော့်အတွက် ညီတစ်ယောက် ညီမတစ်ယောက်စီ ပိုင်ဆိုင်ထားပေမယ့် အကိုအမတွေ မရှိတော့ လိုချင်ခဲ့တယ် ဆိုးချင်တာကိုး… ဒါပေမယ့် အကြီးဆုံး ဆိုပြီး မဆိုးရဘူးထင်ရင် မှားသွားမယ်… အိမ်မှာ ဖေဖေက မိသားစုဝင် ထဲမှာ ကျနော့်ကို ထမင်းစားလက်မှတ် ပေးထားတယ် (သိတယ်နော်)… ခေါင်းကိုက်တတ်တဲ့ ရောဂါကြောင့် စိတ်မကြည်ရင် ဒေါသကထွက်လွယ် စိတ်တိုလွယ် တယ်ဆိုတော့ အိမ်မှာ မှားမှားမှန်မှန် ကျနော့်ကို ခွင့်လွှတ်ထားကြတယ်… ဘေးမဲ့ပေး ထားတယ်ပေါ့… မှားလဲပြန်မပြောကြဘူး… ဒေါသထွက်လဲ ရှောင်ပေးကြတယ်… အငယ်တွေ ဆိုပြီး ဗွေမယူကြဘူးလေ… ချစ်ကြတာကိုး…

တစ်ခါတစ်လေ မိသားစုတွေက ဘယ်လောက်ချစ်ချစ် အမြင်ချင်း မတိုက်ဆိုင်တဲ့အခါ စိတ်အခန့် မသင့်တဲ့အခါ စိတ်တိုကြ စိတ်ဆိုးကြတယ် မဟုတ်လား… အဲဒီအခါကျရင် မိသားစုဝင် တွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ စကားတွေနဲ့ အနိုင်ယူကြတယ်လေ… ငယ်ကျိုးငယ်နာ ဖော်တယ် ခေါ်ရမှာပေါ့…

မိသားစု ဝင်တွေထဲမှာ ကျနော့်ကိုပဲကြည့်ပေါ့… အမေလုပ်သူက ကိုယ်မွေးတဲ့သားလေး ကျနော့်ကို အပေါ်နှုတ်ခမ်းလေး ထူနေတာ ထော်နေတာ စိတ်တိုရင် တစ်တောင်လောက် စူထွက်နေတာ ကိုတောင် ငါ့သားလေးနှုတ်ခမ်းက ချွန်နေတာပဲ ပြောတတ်ဆိုတတ်မယ့် ရုပ်လေး ချစ်ဖို့ကောင်းတယ် ဘာတယ်ညာတယ်ပေါ့… စိတ်တိုနေချိန်များဆို နှုတ်ခမ်းတလံ ပန်းတလံနဲ့ ထော်နေလိုက်တာများ ဝက်တောင် အရှုံးပေး ရမယ်တဲ့လေ… ဒါကအမေ လုပ်သူရဲ့ စိတ်တိုရင် ပြောတဲ့စကား… အမေပြောမှ နှုတ်ခမ်းကိုတောင် လှီးဖြတ်ချင်စိတ် ပေါက်တယ်…

ကျနော်က ရှေ့သွား တစ်ချောင်းက ချွန်ထွက်နေတယ် ပြီးတော့ အဲဒီသွားလေးက ခေါနေတယ်ပေါ့လေ ညီမလုပ်သူက ကိုကြီးသွားက ခေါတာမဟုတ်ပါဘူး နည်းနည်းထွက်နေတာပါ ညီမလေး ကိုကြီးက လှပြီးသားပေါ့… ညီမစိတ်တိုနေတဲ့ အချိန်များဆို သွားကလဲခေါသေး ပိုးကလဲစားသေး ရုပ်ကိုက “ခေါစိန် စိန်ခေါ”တဲ့ဗျ… အဲဒီလို ညီမလေးက ပြောတဲ့အခါကျရင် သူ့ အရှေ့ ရယ်ပြဖို့တောင် ကြောက်နေမိတယ်…

အဖေလုပ်သူကတော့ ငါ့သားမျက်ခုံးလေးက ကော့လန်နေတာ ဆယ်ယောက်မှာ တစ်ယောက်မရှိဘူး စင်ယော်တောင် လိုမျက်ခုံးမျိုး သမာသမတ်ရှိမယ့် မျက်ခုံးပိုင်ရှင်လေးတဲ့…. အဖေများ ဒေါသထွက်လို့ ကျနော့်ကိုအလိုမကျရင် “မျက်ခုံးကိုက ကြည့်ပါလား ပြတ်တောက်တောက်နဲ့ ကြည့်လိုက်ရင် လူသတ်တော့မယ့် အတိုင်း ရက်စက်မယ့် မျက်ခုံးမျိုး ဒီလိုမျက်ခုံး ပိုင်ရှင်က အဖေကိုတောင် အဖေမှန်းသိမှာ မဟုတ်ဘူး ဘယ်လိုပုံစံမျိုး ငါမွေးထားမိပါလိမ့်” ဆိုပြီး ပြောတတ်သေးတယ်… တစ်ခါတစ်လေ စဉ်းစားမိတယ် အဖေနောက်တစ်ခါ အဲဒီလို မပြောအောင် ပြောင်နေအောင် ရိတ်လိုက်ရင် ကောင်းမလားပေါ့…

ညီလုပ်သူကတော့ ကိုကြီး နှာခေါင်းက ကြီးပေမယ့် လှပါတယ် ကမ္ဘာခေါင်းဆောင် တော်တော်များများက နှာခေါင်းကြီးကြတယ်လေ ကိုကြီးကလဲ တနေ့နေ့တော့ ခေါင်းဆောင်ဖြစ်မယ့် နှာခေါင်းမျိုးပါ ဆိုပြီးပြောတယ်လေ… သူမကြည်ရင်တော့ နှာခေါင်းကပွပွ နဲ့ ရုပ်ကိုက စစ်ဖြစ်ဝင်ပုန်းလို့ ရတဲ့ရုပ်တဲ့… သေရော သူပြောမှ ကိုယ်နှာခေါင်းကို ပြန်ပြီး ပန်းရံဆရာခေါ် နည်းနည်းပါးပါး အချောသတ် ချင်စိတ် ပေါက်မိတယ်…

ဒါတွေက မိသားစုထဲမှာ သူတို့စိတ်တို ဒေါသဖြစ်တဲ့ အခါပါ… တော်ရုံ မိသားစု ပျော်နေတဲ့ အချိန်ဆို အဖေလုပ်သူက “လူမုန်း” အမေလုပ်သူက “နှင်းဆီ” ကျနော်ကတော့ “ပိုင်ဇေရဲထွန်း” ညီက “ဖြိုးကြီး” အငယ်မလေးက “သက်မွန်မြင့်” ဆိုပြီး အိမ်မှာ တစ်ယောက်ကိုတစ်ယောက် နာမည်တွေ ပေးကြတယ်ပေါ့… မိသားစုတွေထဲမှာ ဒီမင်းသား မင်းသမီးတွေနဲ့ တူတယ်ပေါ့လေ… အဲလိုပြောရင်လဲ ပြုံးနေပျော်နေကြတယ်…

တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေလို့များဆို အခေါ်အဝေါ် တွေပြောင်းလို့ အဖေကလဲ “ပန်ချာပီ စံမတူ” အမေကတော့ “မလုံးတင်” ကျနော်ကတော့ “ခင်လှိုင်” ညီလုပ်သူက “ကျော်ထူး” ညီမကတော့ ”တက္ကသိုလ်ဂွမ်းပုံ” ပေါ့… အမေက အဖေ့ကိုစိတ်ဆိုးရင် “ စံမတူငမဲ”… အမေကိုကျတော့ အဖေက “ အိမ်ကျယ်မ လုံးတင်” ညီကိုကြတော့ “ကျော်ထူးထုံ” ညီမလေးကတော့ “ဝက်ဝက်ဂွမ်း” တဲ့လေ…
ကျနော့်ကိုရော အိမ်မှာ စိတ်ဆိုးရင် ဘယ်လိုခေါ်လဲသိလား ချစ်စနိုးနဲ့ပေါ့…
ကျနော် မျောက်လောင်း ဖိုးစိန်ကို
“ပိုင်ဇေခေါစိန်” တဲ့
ကျနော့်ရဲ့ အကိုတွေ အမတွေ ညီတွေ ညီမတွေလဲ ကျနော်ဖိုးစိန် ကိုချစ်သော မျက်စိများဖြင့်ကြည့်ရင် ချောနေလှနေ ပေမယ့် တနေ့ စိတ်မကြည်ရင်တော့ ………..
“ပိုင်ဇေခင်စိန်ခေါလှိုင်” လို့များ ခေါ်မလားပဲ…
ဘယ်လိုခေါ်ခေါ်နော်… စိတ်လဲမဆိုးဘူး.. ကျနော့် ညီနဲ့ညီမ လိုပဲ ချစ်လို့ခင်လို့ ခေါ်တယ်ပဲမှတ်ပါတယ်…
ကိုကိုပြောင်ကြီးရေ (သက်ပိုင်သူ) တဂျီဂျီ နဲ့ မရဘူး ရေးပေးဆိုလို့နော်
ချစ်ခင်စွာနဲ့ ငယ်ကျိုးငယ်နာ ဖော်ပြီး နာမည်ပြောင် တွေကို ဖော်ပြပေးတယ်နော်
ကိုကိုပိုင်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

မြူး said…
ဟေးးးးးးးးးးးးးး
ပထမနော်
မြူး said…
သွားဖတ်တော့မယ်နော်တ့ာတာ
Mogok Thar said…
ခိန်စော.. ခေါစိန်။ ဖတ်ပြီး ပြုံးသွားပါကြောင်း။ မြင်သေးတယ်။ စူထော်ခေါစိန် ပုံကို။ ဟတ်ဟတ်....
ပိုင်ဇေရဲထွန်း ဟုတ်ပါဘူး။ ပီပီပါတဲ့ ညီညီတာ... :-P
မြူး said…
''ပိုင်ဇေခေါစိန်'' ရေးးးးးးးးးးးးးးးးး
လာဖတ်သွားပြီနော်
လှတယ်နော်.....နာမည်ပြောပါဒယ်
ပန်ရံဆရာလိုလားပို့ ပေးမယ်နော်
Anonymous said…
နှုတ်ခမ်းက ရုပ်မဆိုးပါဘူး .. စိတ်ဆိုးလွယ်လို့ အမြဲထော်နေရင်တော့ ကြာလာရင် တကယ်ပဲ ရုပ်ဆိုးမှာ.. သတိပေးတာပါ.. အခုလဲ ဖတ်ပြီး စိတ်ဆိုးဖို့ တာဆူမနေနဲ့ဦးနော်

တခုချင်းတော့ လိုက်မပြောတော့ပါဘူး.. တက်ဂ်လုပ်တာ အကြောင်းပြပြီး လှပါတယ် ပြောအောင် စကားခေါ်နေတာ.. ဟဟ
Anonymous said…
မကြီးမောင်လေးကိုများ ပိုင်ဇေခေါစိန်တဲ့ ပြောရက်လိုက်တာနော်။ ဒီလောက်ချောပြီး ပြောင်စပ်စပ် နိုင်တဲ့ရုပ်လေးကို ဘယ်လိုခေါ်ရင်ကောင်းမလဲ စဉ်းစားလိုက်အုံးမယ်။ နောက်မှ လာပြန်ပြောမယ်နော်။

ခင်မင်လျှက်
မကြီး
ညီမလေးလဲရှိတာလားးး ဟီ..... ယောက်ဖ... စတာနော် တော်ကြားးး ဟွန့် သိသွားလို ကွိုင်နေအုံးမယ်...

ခင်မင်လျှက်
အဆိပ်ခွက်
နာမည်ပြောင်လေးတွေ မိုက်တယ်နော် ဘကြီးတော်။
နောက်ကြုံရင် နှက်လို့ ရတာပေါ့ (မှားလို့ ) ခေါ်လို့ ရတာ
ပေါ့နော်။ မိသားစုတွေ ပျော်စရာကောင်းတယ်နော် (စနောက်နေကြတာတွေ)

ပျော်ရွှင်ပါစေ
တလနွန်
kiki said…
ငါးမည်ရ ပြည်ရွှေဘိုတောင် အရှုံးပေးရမဲ့  အသင်မောင်ဖိုးစိန်ရေ ။
နာမည် တခါခေါ်ဖို့  အရေး အချိန်အခါရွေးနေရတာနဲ့  အသင် မင်္ဂလာဆောင်ချိန်မှာ ဘိသက်ဆရာရဲ့ ဒုက္ခလေးများ အဘယ်သို့ ရှိမည်နည်းဟု တွေးတောနေမိပါသတည်း။

တအားသိတဲ့
ဖွားကိ..
စိန်ခေါဆိုတဲ့ နာမည်လေးကို သိပ်ချစ်တာပဲ .. သိလား
ဟီးဟီး
အကိုတို့ မိသားစုကလည်း ရီရတယ်
ပျော်စရာလည်းကောင်းတယ်
စာလေးတွေက သပ်သပ်ရပ်ရပ်နဲ့ ဖတ်ရတာ ရှင်းပြီး အရသာ ရှိလိုက်တာ.. ရေးထားတဲ့ အကြောင်းအရာလေးကလည်း စိတ်ဝင်စားစရာ.. မိသားစုရဲ့ ကြည်နူးစရာလေး..

ချစ်ခင်စွာဖြငိ့..
Ree Noe Mann said…
သယ်ရင်းရေ

ငါ့သယ်ရင်းက လူချောပါ။
ဘယ်သူပြောလဲ ခေါစိန်လို့။
မခေါ်ကြနဲ့ လုံးဝမကြိုက်ဘူး။
ဖိုးချစ်လို့ပဲခေါ်။

သယ်ရင်းက စာရေးကောင်းတယ်။
ဖတ်ရတဲ့သူကို နားလည်လွယ်အောင်ရေး
တက်တယ်။ ဟာသဆိုဟာသ၊ အလွမ်းဆိုအလွမ်း
ပုံပေါ်အောင်ရေးတက်တယ်။
သယ်ရင်းနဲ့ သယ်ရင်းဖြစ်ရတာ
ရီနိုတို့ ကံကောင်းတာပဲကွ။
အားပေးတဲ့ အတွက်လည်း ကျေးဇူး သယ်ရင်း
ကိုယ့်အတွက် ဖိုးချစ်အမြဲတမ်းရှိနေမယ်
ဆိုတာယုံကြည်ပါတယ်ကွာ။

သယ်ရင်း ရီနို
ကိုကြီးဖိုးစိန်..ကိုယ့်ကိုကိုယ်တော်တော်တင်စားထားတာပဲ..ဟိ

မျက်နှာကိုပြောင်တယ်... နာမည်လေးတွေက တော့အပျံ့ စားပဲ... :-P
ဟားဟားဟား...

အခုတော့ဖိုးစိန်က ကိုလူထွေးကို ဂျစ်ကိုကြီးတွေ ဘာတွေလုပ်နေတာ

မကြည်တဲ့အခါကျရင် အောင်ခိုင်တို့ စိုင်အောင်တင့်တို့ခေါ်မလားမသိ

ပိုင်ဇေစိန်မျောက်မျောက် အရှင်ဂျစ်တဲ့
ဂျစ်ကိုကြီး
Anonymous said…
အပြင်မှာ မမြင်ဖူးလို့လား မသိ
ဓာတ်ပုံထဲမှာ တွေ့တာတော့ မင်းသားပါ ...
နှုတ်ခမ်းက ပိပိရိရိ သေသေသပ်သပ် ... နှာတံက ဖြောင့်ဖြောင့် ၁၀၀ မှာ ၁ ယောက် ရှားပါးလွန်းတဲ့ အချိုးအဆက် ... မျက်ခုံးမျက်လုံးက စူးစူးရှရှ နက်နက်ရှိုင်းရှိုင်း ... တစ်ခါလောက် ဆိုင်ကြည့်လိုက်တာနဲ့ အကြည့်ခံရသူ ပျိုမေ့ရင်မှာ .. ညစဉ်ရက်ဆက် စွဲမှတ်မြဲခိုင်စေမယ့် ထင်ရှားမှုမျိုး ... အဟိုးဟိုး ... မြှောက်တာ နဲနဲ လွန်သွားပြီ .. လာလာပြန်ဆင်း ... အပေါ်မှာချည်းပဲ နေမနေနဲ့ ... နောက်တစ်ခါ ထပ်မြှောက်လို့ မရပဲ နေမယ် .. :D
MANORHARY said…
ပိုင်ဇေခင်စိန်ခေါလှိုင်း)
Dream said…
ပိုင်ဇေခေါစိန် ....အဟား..လှသားပဲ...


အမလေး....ကမ္ဘာ့ခေါင်းဆောင်တွေ မှန်သမျှက နှာခေါင်းကြီးလူတွေပဲ အုပ်စိုးတာနော်... ဟိဟိ...မက်မက်ကို များ စောင်းပြောထားတဲ့အတိုင်းပဲ...အဟား.. :P
ပျော်စရာပါလားဗျ...။လူ့သဘာဝ အရတော့ ဒီလိုပါပဲ
အိဒ္နြာကျော်ဇင်တောင် ကျွန်တော်က စိတ်တိုရင် မင်းထက်လှတဲ့ သူတွေအများကြီးလို့ ပြောတတ်တာပဲ..
အလကားနောက်တာနော် တကယ်လာမမေးနဲ့ ဓါတ်ပုံတွေလည်း မပြနိင်ဘူး...ဟဲဟဲ..
ပျော်ရွှင်ပါစေဗျာ...။
Zephyr said…
ကိုဖိုးစိန်
ငယ်တုန်းက ကျက်ခဲ့တာကတော့
နာမ်၏ အစားသုံးသောပုဒ်ကို နာမ်စားဟုခေါ်သည် ...။
သာဓက ...။ ကျွန်တော်၊ ကျွန်မ၊ ငါ ၊ ကျွန်ုပ်၊ ကျူပ်၊ မိမိ၊ သင်၊ မင်း၊ ခင်များ ၊ ရှင်၊ နင်၊ ညည်း၊ သူ၊ သင်း၊ ထို၊ ၄င်း၊ ယင်း ...။
အခုတော့ “ပိုင်ဇေခေါစိန်” ပါဖြည့်လိုက်ပြီ ....။ :)


ခေါင်းကိုက်တယ်ဆိုလို့... မှတ်မိတာလေးရေးပေးထားခဲ့တယ် ..။
..........................
ခေါင်းကိုက်တာက နှစ်ခုလုပ်ရမယ် ...။ ပထမတစ်ခုက ... ဆေးပဒေသာပင် လှူရတယ် ...။နောက်တစ်ခုက သစ်ပင်စိုက်ရင်စိုက် ... မစိုက်ရင် ကျောင်းလှူတဲ့ အလှူထဲမှာ ကုသိုလ်ပြုရတယ် ...။ သစ်ပင်စိုက်ရင်လည်း အရိပ်ရတဲ့အပင်မျိုးစိုက်ပြီး ... သတ္တ၀ါခပ်သိမ်း နားခိုရာရကြပါစေဆိုပြီး ဆန္ဒပြုပြီးစိုက်ရမယ်တဲ့ ..။
...............................
မှတ်မိတာပြောပြတာပါ ..။လုပ်ကြည့်လိုက်ပါဦး ...။

ခင်မင်စွာဖြင့်
Z
ပိုင်ဇေရဲထွန်း ရေ
flowerworld said…
ဟားဟ မပြောတော့ပါဘူးလေ
တော်ကြာ မီးလေးပြောလိုက်မှပိုဆိုးနေပါဦးမယ်
မီးလေးကလဲသူများကိုပြောရမယ်ဆိုရင် သိပ်သဘောကျတာ ပြောချင်တာလက်ကုန်ပဲ ဟိဟိ
ပိုင်ဇေခေါလန်ရေးးးးးးးးးခွိခွိ
ဟေးဟေး.. ကိုရင့်စာတွေက ဖတ်နေရတာကိုက ပျော်ပျော်လာတယ်...း)
ကိုကိုစိန်ရေ...

နာမည်လေးတွေက လန်ထွက်နေတာပဲ မိုက်တယ်...

:)

ခင်မင်စွာဖြင့်
သီဟသစ်
khin oo may said…
ဖိုးစိန်
လူပျိုလက်ဝက်မြီး
လာစမ်းသွားတယ်။
မငုံ said…
:)) ပိုင်ဇေခေါစိန်ရယ်။ ငါလဲ မကြီးရောင်ပြန်လိုပဲ ဘယ်လိုခေါ်ရင် ကောင်းမလဲ စဉ်းစားပြီး လာခေါ်မယ်။ဘာတဲ့ နှုတ်ခမ်းလေး နဲနဲလန်နေတာ၊ ဇင်ယော်တောင် မျက်ခုံးနဲ့ပဲ။ အဟိ..တော်တော်စဉ်းစားပြီး လာခေါ်ဦးမယ်။
yehtutnaung said…
ပျော်စရာကောင်းလိုက်တာဗျာ။ မိသားစု ချစ်ချစ်ခင်ခင် တွေ့ ရရင် ပီတိ ဖြစ်တယ်ဗျာ...။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
Anonymous said…
ပြောဖို့ မေ့လို့.. စိန်တို့ မိသားစုလေးအကြောင်းကြားရတိုင်း စိတ်ထဲမှာ နွေးတယ်.. အိမ်ကိုလဲ ပိုလွမ်းတယ်.. မိသားစုတိုင်း အဲ့ဒီလိုချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်ဆိုရင် အရမ်းကောင်းမှာပဲ
း)
နံမည်တွေက လန်ထွက်နေရောပဲ
ဘာတဲ့ ပိုင်ဇေရဲထွန်း .. သူက မလှပါဘူး .. နာ့အကိုမှ လှသေးတယ် .. (မုန့်များစားရမလားလို့ ..:P)
Taungoo said…
ရေးတတ်ပဗျား)
ကိုကိုစိန်က နာမည် သူဌေး ပါလား ဟာဟ
နောက်ထပ်နာမည်လေး တစ်ခု
ကိုစိန် ပိုင်ဇေ ခင်လှိုင် ခေါထွန်း
အဟီး
မိသားစု အကြောင်းလေးတွေ
ဖတ်ရတာ ပျော်ဖို့ ကောင်းတယ်ဗျာ။
လွမ်းလည်းလွမ်းတယ်

ခင်မင်စွာဖြင့်
ချစ်ညီဝသန်
ဖိုးစိန်လေးရေ
လာဖတ်သွားတယ်နော်
ခင်မင်လျက်
mgnge said…
အဟမ်းအဟမ်း
ဘယ်လိုခေါ်ရင်ကောင်းမလဲ
ချစ်ကိုကို ကျော်ဖိုးခင်ထူးလှိုင် ဗေလုစိန်

ဟီးးး
လ လား နာ မည်က
ဇော် said…
ဟားဟား
ကျနော့်ထက် နာမည်ရှည်တဲ့သူ တွေ့ပြီဗျ။
အဟိ။
Anonymous said…
အကိုတော်ဖိုးစိန် ..ရုံးမှာဖွင့်ဖတ်မိတော့ဒွတ်ခဖြစ်ပြီ … ကွန်ပြူတာကြီးဖွင့်ပြီး မျက်နှာကတည်တည်ဘယ်လိုမှထားမရ နောက်ဆုံး ပြုံးရာကရီ ရီလို့မပြီးလို့ခေါင်းငုံ့ပြီးရီရတဲ့ဘ၀ … များလိုက်တဲ့နာမည် အကိုတော်ဖိုးစိန်ရယ် ….ဟီးးး တအားရီရတယ် ..အိမ်မှာလည်းအဲလိုဘဲစနောက်နေကြ ခုတော့တစနေရာစီ ..တစ်ကွဲစီ အိမ်ကိုသတိရသွားပြီ

Popular Posts