တွေ့ဖူးသော ဘလောဂါများ

“မနာလိုခြင်း ဝန်တိုခြင်း ကင်းရှင်းကြပါစေ” တဲ့

ကျနော့်ကိုယ် ကျနော်ဆုံးမလိုက်တဲ့ စကားပါ… ဘာကြောင့်လဲဆိုတော့ တွေ့ဖူးသော ဘလောဂါများတဲ့… ခွက်ခွက်က တက်ဂ်ထားပါတယ်…. တက်ဂ်တဲ့လူတွေက အပြင်မှာ တစ်ကယ် တွေ့ဖူးကြးတာကိုး… တက်ဂ်ဖို့အားရှိတာပေါ့… အားတိုင်းလဲ အကြောင်းအမျိုးမျိုးပြ အပြင်ထွက်ကြတော့ တစ်ချိန်လုံးကို အားကျ မနာလိုဖြစ်ရတာက ကျနော်…

အရင့် အရင် အပတ်ကတည်းက ကြည့်ကြည့်နေတယ်…. ကလေးလူကြီး မကြီးရောင်ပြန်ပေါ့… အလုပ် မရှိအလုပ်ရှာ နန်းကြီးသုပ် လုပ်စားတယ်တဲ့လေ… ပြီးတော့ မှတ်မှတ်ရရ ရုပ်ရှင်စု ကြည့်ကြပြန်တယ်.. မိုးခါး မွေးနေ့ လေးက လာပြန်ရော… ဆုံကြပြန်တယ် ကလေးလူကြီးအိမ်မှာ… စုစုရုံးရုံး…

အဲဒီနေ့က ဖိုးစိန်ကတော့ ဂျီတော့ ကင်မရာကနေ သွားရည်လေးကျလို့ စားကြသောက်ကြတာကို မျှော်ရတဲ့ဘဝ… အဲဒီနေ့ကတော့ မှတ်မှတ်ရရ မကြီးရောင်ပြန်က စကတ်လေးနဲ့ သိပ်ကိုလှ… အရမ်းကိုလှပေါ့…

ပြီးတော့နောက်တစ်ယောက်… မသွားချင်ပါဘူး သူတို့စိတ်ချမ်းသာအောင်ပါ ပြောပြီး ဖိုးစိန်ကိုအချိုသတ် တစ်ပတ်ရိုက်ခဲ့တဲ့ ပေါ်ပေါ်(တောင်ပေါ်သား)

မွေးနေ့ရှင်လေး ထာဝရ ကြယ်စင်ညီမလေး မိုးခါး(ချစ်ရှာလေး ညီမလေးက ဟိ)…

ချစ်သယ်ရင်းကြီး ရီနို(ရီနိုမာန်)(ခန့်ချောကြီး)

ကလေးဖအေဖြစ်သွားမှ မာနကြီးသွားတဲ့ ကိုကိုသစ်(သီဟသစ်) (သားရှင်ဆိုတော့ ဝိုင်းဝိုင်းလည်ချင်း ခံနေရတယ်ထင်ပ)…

လူချော လူခန့်ကြီး ဦးရှင်ကြီး( ရှင်ရဲထွတ်)(မသိချင်ယောင်ဆောင်တတ်သူ)…

အစားအသောက် ကိုမချတမ်းစားတဲ့ ခွက်ခွက်(လူဂျောလေး)နဲ့ ပန်ပန်(ဂျပန်ကောင်လေး)(စားပြီးတိုင်းလဲ ကြာအောင်ထားတတ်တဲ့ အကျင့်မရှိတဲ့ညီလေး)

ပြီးတော့ ကဗျာဆရာမလေး ကြယ်ဖြူစင်(သူလဲကွဲနေတယ် အသည်း)ပေါ့…

စနောက်လို့ကောင်းတဲ့ စနေသား

နေ့သစ်နဲ့ နိုင်ငံခြားပြန် ဖြစ်တော့မယ့် ညီလေးဖိုးဂျယ်လေးကို မှတ်မှတ်ရရ အွန်းလိုင်းပေါ်ကနေ အလွမ်းပြေ ကြည့်လိုက်ရတယ်လေ…

ပျော်စရာကောင်းသလို မနာလိုစရာ ကောင်းလောက်အောင်လဲ စားကြသောက်ကြပေါ့… စိတ်ထဲမှာလဲ နေနှင့်ဦးပေါ့ကွာ ဆိုပြီး တောက်က တခေါက်ခေါက်ပေါ့…

ဒီမှာတင် ပြီးသွားမယ် ထင်သလား… စကတ်နဲ့လှတပတ မမ က နောက်တစ်ပတ် မိုးခါးအတွက် မွေးနေ့လက်ဆောင် ရှာပုံတော် ဖွင့်ဖို့ လူစုပြန်ရော… နောက်တစ်ပတ် အသည်းကွဲလို့ စတိတ်ရှိုးတဲ့… ပြီးမပြီး နိုင်တဲ့ တွေ့ဆုံခြင်းတွေ…

ကဲ တစ်ဖက်က ဒီလို အခြေအနေတွေနဲ့ စိတ်ထဲမရိုးမရွ ဖြစ်နေပါတယ်ဆိုမှ ဂျပန်က မကြီးဝါက မောင်လေး ဖိုးစိန်ရေ အမတို့စကာင်္ပူသွားလည်ကြမယ်တဲ့… အမတို့ မိသားစုနဲ့အတူ ဝသန်ကလဲသွားချင်တယ်တဲ့ ကဲ.. အဲဒီ အသံလဲ ကြားရော… ဖိုးစိန်က မျောက်အုန်းသီးရသလို ဖြစ်နေတယ်… သွားချင် ရွချင်တာကလဲ တပိုင်းသေ… ဒီလူတွေကိုလဲ တွေချင့်တယ်ဆိုတော့ကားးး…. ဖိုးစိန်ရင်ထဲ အဲဒီအသံကြားတိုင်း ကုလားဘုရား လှည့်နေတယ် မှတ်ပါ… မကြီးဝါ စကာင်္ပူရောက်တုန်း ဖိုးစိန်မလာရဘူးဆိုရင် မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေမယ့် ဖိုးစိန်အတွက် ခံဖို့ခွက်တွေ… နှပ်သုတ်ဖို့ တစ်ရှူးတွေ ကြိုရှာထားကြပါ…

တကယ်တမ်း နဖူးကိုင် ဒူးကိုင် (တစ်မျိုးတော့မထင်နဲ့ နေမကောင်းလို နဖူးကိုင်ဖူး ဒူးပြဲလို့ ဆေးလိမ်းပေးဖူးတယ်မှတ်) တွေ့ဖူးတာဆိုလို့ ကျနော့်နဲ့ တနိုင်ငံတည်းနေတဲ့ စိတ်သဘောထားပြည့်ပြီး အားနာတတ်တဲ့ နွေမရဲ့ ပိုင်ရှင် ကိုနေညို(နေညိုရင့်) ပါ… မထင်မှတ်ပဲ စီဘုံးမှာ လာအော်ရင်းနဲ့ ကျနော်နေတဲ့ မြို့ကို အရောက်လာတဲ့ သူငယ်ချင်းပါ… ခင်ဖို့ကောင်းတယ် အေးတယ်လေ… ကျနော်နဲ့များ အဆတစ်ရာကွာတယ်… ဒါပေမယ့် တစ်နှစ်လုံးနေလို့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့က မလွယ်ဘူးလေ… ကားခပေး လာအိပ်မယ် ပြောပြီး သူနဲ့ ဈေးညှိနေတာ ခုထိ ကြိုက်ဈေးမရသေးလို့ ဖိုးစိန်လဲ မသွားဖြစ်သေးဘူး…(အင်း..တွေးစရာတော့ ရသွားပြီး)..

နောက်ပြီး ဘလော့ စာမျက်နှာ ပေါ်မှာ တွေ့ရတဲ့ အားလုံး လေးစားချစ်ခင်ကြတဲ့ ပြည်သူ့ အချစ်တော် ချစ်မကြီးဝါ(ဝါဝါခိုင်မင်း) တို့မိသားစု...

ကိုကိုမွေးနေ့ပိုစ့်မှာ တွေ့ဖူးလိုက်ရတဲ့ လေးစားချစ်ခင်ရတဲ့ ချစ်မကြီး မနော်(မနော်ဟရီ)...

နောက်ပြီး ဂျီတော့ကနေ အချင်းချင်းရုပ်ပုံလွှာတွေ တင်သွင်းပြီး ဖိုးစိန်မြင်ဖူးတဲ့သူတွေက
ချစ်ညီလေး (မိုင်လစ်တဲလပ်ဖ် လီး ဘရားသား) အရဲလေး(လေလွင့်သူ) ခုပြန်ကောက်ထားတယ်လွင့်နေတာလေးကို...
ဒါပေမယ့် ကျနော့်ရဲ့ အချစ်တကာ့ အချစ်ဆုံး အချစ်ဆုံး အချစ်ရဆုံးသော ညီလေး ပူတူတူးလေးပါ...

ချစ်ညီလေးမောင်ငရ် (ချစ်သူက ခေါက် ဂေါက်ခနဲတဲ့)

ချစ်ညီလေး ကိုနေဒေးသစ် (ချစ်တတ်သူကြီးပါ)

ချစ်ညီလေး မိုးသောက် (ခုတော့ပျောက်နေတာ)

(ဒီညီတွေက ရုရှား မှာ ပညာသင်နေပေမယ့် မတူ ထူးခြားတဲ့ စိတ်ဓာတ်တွေနဲ့ သဘောထားပြည့်ဝ ခင်ဖို့ချစ်ဖို့ ကောင်းတယ်.. ရုပ်လေးတွေကလဲ ခန့်ချောလေးတွေ… အဆင်လေးတွေပေါ့)

ဂျပန်က ခန့်ချောကြီး ညီငယ်ဝသန်မိုး

ဒူဘိုင်းက စတိုင်အပြည့်နဲ့ အပျိုကြီးမငုံ(ကန္တာရ မိုးစက်များ)

ညီမလေးဇော်(ကျွန်တော့်အိမ်) နဲ့

သမီးပျို

စကာၤပူက
တိုင်ဖင်ဖော် တိုင်ပင်ဖက် ညီမအဖြစ်တလဲ သူငယ်ချင်း မက်မက် (ခရေဇီးဒယ်ရင်း)

တူရီးတော် မွန်မင်းသားလေး ကိုကိုနွန်(တလနွန်)

ချစ်သော ပိုင်ပိုင်(သက်ပိုင်သူ)

ချစ်ကိုကြီး ကိုမောင်ဟန်(မိုးကုတ်သား)

မလေးရှားက အချစ်ရဆုံးသော ချစ်ညီလေး ယောက်ဖ အိုင်ခီ(ယမကာလုလင်)

ယိုးဒယားမယ် ဘားအံသူ မဇာ(မီးလေးဇာ) နဲ့

မဲဆောက်က ဆရာပြာ ကိုပြာသို(ခ)မောင်မျိုး (ဘုန်းကြီးဝတ်တုန်းက ပုံကိုတွေ့ဖူးလိုက်တာ) တို့ဖြစ်ပါတယ်…
ဒီလူတွေ အပြင် နောက်ထပ် တွေ့ချင်လို့ လျှောက်လွှာ တင်သွင်းဖို့ ကြိုးစား နေပါတယ်ဗျာ..

ဘယ်လိုဖြစ်ဖြစ်ပေါ့… တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအကိုကြီး အမကြီးတွေ… ညီတွေ ညီမတွေ သူငယ်ချင်းတွေ တွေ့ဖူး မြင်ဖူး... မတွေ့ဖူး မမြင်သေးဖူးသူများ အားလုံးကို လုံးဝ ပြန်တွေ့ဖြစ်မယ်ဆိုတာ တစ်ထစ်ချကြီး ယုံကြည်နေပါတယ်…
ညီငယ် ခွက်ခွက်(အဆိပ်ခွက်)ရေ…. ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Comments

Anonymous said…
ဟေးး တစ် ဟေ့
yehtutnaung said…
ဟေ့လူ.. နွေမရဲ့  ပိုင်ရှင်က နွေမရေးတဲ့ တေးရေးဆရာပေါ့ဗျ..။ ဒုက္ခပဲ အမှုတော့ ပတ်တော့မှာပဲ။ :P
နည်းနည်း ထပ်ဖြည့်ပေးပါ.. အနေအေးတယ်.. ကုတ်ကမျင်း..။ (ဟီဟီ ကိုယ့်ကိုကိုယ်ဖော် မသူတော်)..။
နောင်လဲ အပြင်မှာ ဘလော့ဂါတွေ များများတွေ့ နိုင်ပါစေဗျာ..။
တွေ့ချင်ပါဘူး..း)
Anonymous said…
အခုမှ ဖတ်ပြီးမန့်တယ်။ အောင်မလေး အွန်လိုင်းကနေ မို့လို့သာတော်တော့တယ်နော်။ ကမ္ဘာအနှံ့ မောင်ဖိုးစိန်တို့တွေ့တာများ ပြောမဆုံးပေါင်။ ဖွချက်ကတော့ မခံနိုင်ဘူး အခုထိ ဒီစကပ်က မပါမပြီး။ အားလုံးထက်သာတယ်နော်။ မနာလို အူတို စိတ်ကောက် မောင်လေးရေ ... လိုက်အုံးမလား မနက်ဖြန်ညနေ စီးတီးဟောက မန္တာလာမှာ ဖိုးဂျယ် နှုတ်ဆက်ပွဲလေး လုပ်ရင်း ဆုံကြအုံးမယ်။ ကြိုပြောတယ်နော် မပြောလည်းကောက် ပြောလည်းကောက် မထူးတော့ဘူး။ အဲဒီစကပ်လေး ပြန်ဝတ်သွားအုံးမယ်။ အရမ်းလှတယ်ဆိုလို့ နောက်မှ ဓါတ်ပုံရိုက်ပြီး ပို့ပေးမယ်နော်။ :D

ခင်မင်လျှက်
မကြီး
thondrae said…
နဲနဲနောက်ကျသွားတယ်
ကြည့် ဘယ်တုန်းက ချောင်းနေလဲမသိဖူးးးးးးးးးးးးးးးးးး.... ဟွန်... စလုံးလာခဲ့ရင်မ ငိုနဲ့နော် ဘာလိုလဲဆိုတော့ စလုံးကျွန်းလေးဗျ... ငိုလိုက်လိုရေပြည့်သွားရင်.... နေစရာမရှိဘဲနေမယ်....

ခင်မင်လျှက်
အဆိပ်ခွက်
စလုံးရောက်ရင် ဒီပို့ စ် က တော်တော်
အသက်ဝင်သွားမှာနော်
အခုတောင် တော်၂လေးတွေ့ ထားတာ
ဟီး
ဒီထက်ပို များများ ဘလော့ဂ်ဂါတွေ
တွေ့ နိုင်ပါစေ ဗျာ
ခင်မင်စွာဖြင့်
ချစ်ညီဝသန်
ကိုရဲ said…
ချစ်ညီလေး (မိုင်လစ်တဲလပ်ဖ် လီး ဘရားသား) အရဲလေး(လေလွင့်သူ)တဲ့ ဟင့်ဟင့် ...

လပ်ဖ် လီး ဘရား ဆိုတာ နဲနဲပြင်ပေးလို့ရမလားဟင် ။ ကြည့်ပါဦး ဖတ်ရတာ အူယားလာလို့ ဟီးးး

(ကိုရဲ)
Mogok Thar said…
ကိုမောင်ဟန် ဆိုတဲ့ နာမည် ဒီ ညီတယောက်ပဲ ခေါ်ဘူးသေးတယ်။
အဲဒီနာမည်ကို ညီ့ မူပိုင် ပေးလိုက်ပီ။
တခုတ်တရ ထည့်ရေးပေးတာ ၀မ်းသာ၏။
Dream said…
လာမယ်ဆို ကြိုပြောလေ... (ပုန်းနေမလို့.)
ဟီးးး

အန်းးးးးးးးးဟန်းးးဟန်းးး လုံးဝမတွေ့ဖူး..တူညားကို ချာယုံပေါင်း များနေတယ်... တိုင်ဖင်ဖော်တိုင်ပင်ဖက် တဲ့...ဗြဲ..၀ဲ..အဲ..အဲ့...တိုင်ပင်ဖော် တိုင်ပင်ဖက် မဟုတ်ဘူးလားလို့..
ချာယုံးပေါင်းတွေကရဲနော်..ဖတ်ရတာနဲ့တင်
ကြက်သီးထတယ်..ဟတ်ဟတ်...ဟွင်းးဟွင်း..နာမယ်
သတိထား.... ထော်ဖူး.. ခစ်ခစ်.. :P
mgnge said…
လူကိုများ အဆင်လေးတဲ့ နည်းနည်းတောင် တွန့် သွား တယ်...
ပခုံးပြော ပါတယ်
ဟီးးး
Ree Noe Mann said…
သယ်ရင်းရေ

သယ်ရင်းတွေ့ဖူးတဲ့ လူတွေကများလိုက်တာနော်။
စင်ကာပူကို လာရင်း တကယ်တွေ့ရမှာနော်။

ဒါနဲ့ သယ်ရင်းနေမကောင်းဘူးဆို။
ကျန်းမာရေး ဂရုစိုက်ပါကွာ။
အနားမှာက ကိုယ့်ကို ဂရုစိုက်
မဲ့လူရှိတာမဟုတ်ဘူး။ ကိုယ်ကိုတိုင်ပဲ
ဂရုစိုက်ရမှာ နော်နော် နော် သယ်ရင်း။

ခန့်ချောကြီးပြောလို့ ကျေးကျေးကျေးဇူးပါဗျာ။

ချစ်သယ်ရင်းကြီး ရီနို
ကိုကိုစိန်ရေ...

စင်္ကာပူကို လာသာလာခဲ့ပါဟ..
နန်းကြီးသုပ် လက်ဖက်ထမင်းနာမည်ကြီးတဲ့ မမရောင်ရဲ့လက်ရာတွေနဲ့ ဧည့်ခံမယ်..


ခင်မင်စွာဖြင့်
သီဟသစ်
flowerworld said…
သူ့ကိုတွေ့ချင်တယ်လို့လဲံ မပြောမိပါဘူးနော်
ဟွန်း တွေ့ချင်တဲ့သူကလဲများလိုက်တာ မတွေ့ရသေးတော့ တွေ့ချင်တယ်လုပ်နေတယ် တကယ်တွေ့တဲ့အခါကျမှ မသိချင်ယောင်ဆောင်မနေနဲ့ ဟွန့်
ဒီတစ်ပုဒ်တော့ မမန့်တော့ဘူး...
ဒီအတိုင်းပဲ ပြန်သွားတယ်...
ဒီ...
khin oo may said…
တွေ့ချင်ပါတယ်။
ဇော် said…
အဟိ
တော်ပါသေးရဲ့ နောက်ဆုံးနားက ကပ်ပါသွားလို့ အနော်က။ ဟီး။
လာတွေ့တယ် လာတွေ့တယ်၊ ငိုနဲ့နော်
မငုံ said…
:( အမလေးနော်..ဒူဘိုင်းက စတိုင်အပြည့်နဲ့ အပျိုကြီးမငုံတဲ့ ။
ဟွန့် သူ့ထက် အသက်လေး လပိုင်းကြီးမိတာနဲ့ ပါးစပ်ဖျားက မချတော့ဘူး။ အပျိုကြီးတဲ့။
:))
မြူး said…
ကိုကြီးတွေ့ ဖူးတဲ့ထဲမပါတာတော်သေးတယ်
အဲလိုလိုက်ပြောတတ်တာလားဟီးးးးးးးး
WWKM said…
ဟေးးး ၂၁း(((((
သြော်..မဆိုင်တာတွေကော ဆိုင်တာတွေကောအကုန်
ဆွဲထည့်ရေးသွားတယ်ပေါ့လေ... ဟုတ်ပါပြီ တို့အလှည့်
လာဦိးမှာပေါ့ကွယ်..း)))) ပွဲစည်အောင်လုပ်လိုက်ဦးမယ်.း)

ပဲထုတ်ရဲ့အစ်မ

မကြီးဝါ
moekhar said…
တွေ့ကြသေးတာပေါ့ ကိုဖိုးစိန်ရယ် ငှဲငှဲ :P
တကယ်တွေ့ချင်တာပါ ကြိမ်းတာမဟုတ်ပါဘူး .. ဟီး

မိုးခါး
ဟ.. တူတော်မောင် တူစိန်ရ.. ဦးနော်ကို ကျတော့ တွေ့ဖူးဘူးလား..
ဦးနော်ပုံကြီး ဟိုနားပါ ဒီနားပါကို..း)

တူမောင် ရေးထားတဲ့ သူတွေ တော်တော်များများကို ဦးနော် တွေ့ဖူးနေပါတယ်.. သူတို့တွေကတော့ ဦးနော်ကို မသိရှာကြဘူး..း)

ဒီတစ်ခါတော့ ကျော်ဟိန်းက လူတိုင်းကို သိပြီး လူတိုင်းက ကျော်ဟိန်းကို မသိကြဘူး ဖြစ်နေတယ်.. အဟေးး..း))

ဘာရယ်မဟုတ် နောက်တောက်တောက် ပြောသွားတာပါ..

ချစ်ခင်စွာဖြင့်

ဦးနော်

ps.. အီးမေး ရတယ်ကွ.. သတိရတာ ကျေးဇူးကွာ.. ဦးနော် နေကောင်းတယ်.. စိတ်မပူနဲ့ ဝက်ဖလူးဖြစ်ရင် ဦးနော်အကြောင်း သတင်းစာထဲ ပါလာမှာကွ..း))
ဘကြီးတော်

လာမဲ့ရက်ကို ကြိုတင်ပြော။ ယာယီပြသာဒ် ဆောက်ပေး
မည်။ (ဝါးလုံး လေးတိုင် နှင့် သွပ်ပြားတစ်ချပ်)
ခင်မင်စွာနှင့် နောက်သွားသည်။။။။။။။။။။။။

တလနွန်
MANORHARY said…
နက်မကောင်းဘူးဆိုတဲ့မေလ်းရလို့ ပို့စ်တောင် မတင်နိုင် ဘူးထင်ပြီး မေးလ်ကိုတောင် ပို့စေချင်တဲ့သူဆီလက်ဆင့် ကမ်းပေးလိုက်သေးတယ် ။ခုတော့ ဒီမှာပို့စ်က တက်လို့။
တတ်လည်းတတ်နိုင်ပါ့ ။တစ်နာရီရွှေ တစ်နာရီငွေ ကျနေ တာပဲ။ ထီထိုးဖို့ စိတ်ကူးနေတယ်။ပေါက်ရင်
တွေ့ချင်တဲ့ ဘလော့ခ်ကာတွေအားလုံးကို ခရီးစားရိတ်
ပေးခေါ်ပေးမယ်။မပူနဲ့။ထီထိုးဖြစ်ဖို့ စိတ်ကူးထဲက ထွက်မိအောင်ပဲဆုတောင်းပေးး)း)း×
ဟေးဟေး.. အဲလို မဖော်ရဘူးလေ.. ထိန်းပါတယ်..နည်းနည်းဆီ.. ထိန်းလို့ပဲ အငွေ့အနေနဲ့ပဲလွတ်တာကို.. တွေ့မယ်.. စလုံးလာမှ အငွေ့တွေ ထုတ်ပေးဦးမယ်.. ဟီးဟီး
နွေးနေခြည် said…
ကြိုက်ဈေး?????????
စဉ်းစားစရာပဲ ကိုဖိုးချိန်း)
လုံးလုံး၀၀ ကြီးကို မကျေနပ်ဘူးး.... ( ကိုကိုစိန့် ကိုမဟုတ် :-P) အခုချက်ချင်း နွေးကိုလာတွေ့ ... လေယာဉ်ရုံးကို ဖုန်းဆက်လိုက်ပါ ငှဲငှဲငှဲ....
Anonymous said…
ပြောမပြောချင်တော့ပါဘူးလေ ... ဘလော့ဂါ ပြတိုက်မှာ ပြဖို့ ဓာတ်ပုံတွေများလိုက်စုနေသလား မသိ .. နောက်ဆို ဘလော့ဂါ ဓာတ်ပုံမြင်ဖူးချင်ရင် ပိုင်ရှင်ဆီတောင်းစရာ မလိုတော့ဘူး ကိုဖိုးစိန်ကိုပဲ တစ်ချက်လောက် တောက်လိုက် ရပြီပဲ ... :D
Anonymous said…
အနော်လဲ မပါဘူး။ဟင့်........။
Anonymous said…
ကိုကြီးစိန်ရေ အိမ်မှားတက်နေလို့ ဒုက္ခတွေ ရောက်နေတာ ဟောဟဲ ဟောဟဲ .. :P
အလဲ့ ကျနော်လည်း ပါသေးသကိုးဗျ ...
ခန့်ချောလေးတွေ ဆိုလို့ ပိုခင်သွားပြီဗျ :D
ဘလော့ပေါ် မတက်ဖြစ်ပေမယ့် သတိရလျှက်ပါ ကိုကြီးစိန်ရေ ...
ဒီလိုပဲ တစ်ခါ တစ်ခါတော့ ရောက်လာနေမှာပါ ..
ကိုကြီးစိန် ပျော်ရွှင်ပါစေဗျ :)

Popular Posts