နားလည်မိသော သူငယ်ချင်း မိတ်ဆွေကောင်း
ကျနော်တို့ ငယ်ငယ်လေးကတည်းက အဖေလုပ်သူက အပြင်ပတ်ဝန်းကျင်နဲ့ ပေးမရောခဲ့ဘူး… အိမ်မှာပဲ ကစားစေခဲ့တယ်… အိမ်မှာကစားလို့ ရအောင်လည်း လိုချင်တဲ့ ကစားစရာတွေကို စိတ်ကြိုက်ဝယ် ထားပေးတယ်… “တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး” ဆိုပြီး ရပ်ကွက်ထဲက သူတွေနဲ့ ပေါင်းသင်းရင် ငယ်ငယ်နဲ့ အပေါင်းအသင်း ပျက်မှာကြောက်လို့ ဘယ်သူ ဘယ်သူမှ အခေါ်အပြော သူငယ်ချင်းလုပ်ခွင့် မရှိခဲ့ဘူး…
ကျနော်တို့ ကိုယ်တိုင်ကလည်း အပြင်ထွက်ဖို့ နေနေသာသာ အိမ်မှာရှိတဲ့ မောင်နှမသုံးယောက်တည်းနဲ့ ကစားချိန်တောင် မလောက်ဘူးလို ဖြစ်နေတယ်… တစ်ခါတစ်လေ အကိုအမ ဝမ်းကွဲတွေအိမ်ကို ပါမစ်နဲ့ သွားကစားရတဲ့ အချိန်ကလွဲလို့ပေါ့… ကြီးလာတော့လဲ ရပ်ကွက်နဲ့ အဆက်အဆံ မရှိတဲ့ အတွက် ရပ်ကွက်ထဲကသူတွေကို ရှိန်ပြီး စကားမပြောတော့ဘူး… သူငယ်ချင်းဆိုလို့ ကိုယ့်ညီ ညီမလို့ လက်ညှိုးထိုးပြီး ပြရုံကလွဲပြီး အပေါင်းအသင်းမရှိခဲ့…
အဲဒီအခါကျမှ အဖေက ငါထိန်းချုပ် တာများသွားတယ်.. မဖြစ်ဘူး ဆိုပြီး ပတ်ဝန်းကျင်ကို ထိတွေ့ ခွင့်ပေးတော့ နေသားကျနေပြီး ဖြစ်တဲ့ ကျနော်တို့အဖို့ ရပ်ကွက်မှာ အပေါင်းအသင်းမရှိတော့ဘူး… အရွယ်ပဲ ရောက်နေပြီလေ… ကိုယ့်ကိုလဲ ရှိန်နေကြပြီးပေါ့…
ဒီလိုနဲ့ ရန်ကုန်ကို ပြောင်းတော့ အဖေက “သားက ခုဆိုရင် အပြင်လောက ကိုရောက်တော့မှာ… မိသားစုထဲမှာလို သားကိုအမြဲ အနိုင်ပေးတဲ့သူ ရှိချင်မှရှိမှာ… ကိုယ့်ကိုချစ်တဲ့သူနဲ့ တွေ့နိုင်သလို… ကိုယ့်ကိုမုန်းတဲ့သူနဲ့ တွေ့နိုင်တယ်… ဒါကြောင့် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းကောင်း တစ်ယောက် ကိုတော့ ရအောင်ရှာပါ… မိတ်ဆွေဆိုတာ ရှိထားသင့်တယ်… အရေးကြုံလာတဲ့ အခါသူ့ အရေးကိုယ့်အရေးဖလှယ်နိုင်မယ့် သူငယ်ချင်းမျိုးပေါ့” ဆိုပြီးမှာတယ်…
ပြီးတော့ “အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် လူမှုရေးကိစ္စနဲ့ပဲ ဖြစ်ဖြစ် ကိုယ်က ယောကျာ်းလေးဆိုတော့ သူငယ်ချင်း မိတ်ဆွေနဲ့ပတ်သက်လာရင် ငွေရေးကြေးရေး စွန်းထင်မှုမရှိအောင်နဲ့ မိန်းမကိစ္စ စွန်းထိမှု မရှိအောင် သူငယ်ချင်းကြား ရှောင်ပါ… ဒီနှစ်ခု က သူငယ်ချင်း မိတ်ဆွေချင်း အကြည်ညိုကို ပျက်ပြားစေတယ်”… ဒါကအဖေအမြဲမှာတဲ့စကားး..
ကျနော်ကိုယ်တိုင် ခံယူထားတာကလဲ သူငယ်ချင်း အချင်းချင်း ပေါင်းသင်းပြီး ဆိုရင်တော့ ဒုက္ခရှိသလို သုခလဲ ရှိမှာပဲလေ… ကိုယ်ချစ်လို့ ခင်လို့ သူငယ်ချင်းလုပ်မှတော့ ကိုယ်မကြိုက်တဲ့ အပြုအမူမျိုး သူငယ်ချင်းအပေါ်မှာ မလုပ်မိအောင် ရှောင်တယ်… ကိုယ်တောင်မကြိုက်ရင် တခြားတစ်ယောက် ကြိုက်ပါ့မလားဆိုတဲ့ အတွေးနဲ့ပေါ့… ကောင်းသောပြောင်းလဲခြင်းတွေ မကောင်းသော ပြောင်းလဲခြင်းတွေ ကြုံလာရင်လည်း သူငယ်ချင်းမိတ်ဆွေ နဲ့ ဒိုးတူဘောင်ဖက် ရပ်တည်နိုင်ရမယ်… သူစံစားရင် ပျော်ရမယ်… သူခံစားနေရင်တော့ အားပေးရမှာပေါ့… ဆိုတဲ့ အတွေးမျိုးထားခဲ့ပါတယ်…
နေစဉ်နဲ့ အမျှ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်းမှာ ပျော်ရွှင်မှုတွေ တွေ့ရင်လည်း လက်တွဲဖေးကူခေါ်ရမယ်… ကိုယ်မခံစား နိုင်သော သောက တွေတွေ့ရင်လဲ မျှဝေခံစား ပေးမယ့်သူ ဖြစ်ဖို့လိုအပ်ပါတယ်…
ကျနော့် ဘဝမှာ ဒီနေ့ထိ မုန်းတဲ့သူရယ်လို့ မရှိခဲ့ပါဘူး… သူငယ်ချင်း ရတဲ့အခါ သူငယ်ချင်းတွေရဲ့ အလိုလိုက်ခြင်းကို ခံရတာများတယ်… ဆိုးတာကို သိပေမယ့် ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးခြင်း သံယောဇဉ် ကြီးလွန်းခြင်း စတဲ့အချက်တွေကြောင့် ကျနော့်ကို သည်းခံကြပါတယ်… တစ်ခုခုဆို ကျနော့်ရှေ့ကနေ ရပ်တည်ဖြေရှင်း ပေးတဲ့သူက များတယ်… ကျနော်ကိုယ်တိုင်လဲ ဘယ်လောက်ပင်ဆိုးဆိုး ကျနော်ဆိုးတယ် ဆိုတဲ့အထဲမှာ မနာလိုဝန်တို မစ္ဆယ စိတ်မရှိခြင်းပါပဲ… တစ်ခုခု လိုအပ်လို့ အရေးကြုံလာလို့က ကျနော်ကိုယ်တိုင်က ဖြေရှင်းပေးဖို့ အဆင်သင့် ရှိနေခဲ့ပါတယ်… နားမလည်နိုင်သော သံယောဇဉ်တွေ နဲ့တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေက သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ အမြဲရှိနေပါတယ်…
များသောအားဖြင့် ကျနော်ကံကောင်းပါတယ်… ကျနော့်ကို ချစ်တဲ့သူ များပါတယ်… ကျနော်ကိုယ်တိုင်ကလည်း မုန်းဖို့ဆိုတာထက် အမုန်းကိုမေ့ပြီး ဥပေက္ခာပြုထားလိုက်တယ်… တစ်ယောက်ယောက် ကိုမုန်းဖို့ထက် ချစ်လာဖို့ပဲကြိုးစားမိတယ်… (မုန်းနေရတာ ပင်ပန်းတယ်ထင်လို့) သူ့ဘက်က မုန်းတော့လဲ ကိုကခွင့်လွှတ်လိုက်တယ်… အဓိကက သူကောင်းကောင်း မကောင်းကောင်း သူမကောင်းတာကို သိနေတဲ့ အချိန်မှာ ကိုယ့်ဘက်က အကောင်းဆုံးကို လုပ်ပြပေးနိုင်ဖို့က အဓိကပါပဲ… …
ဒါကြောင့် မိတ်ဆွေသူငယ်ချင်းဆိုတာ…
တစ်ခါတစ်ရံမှာ ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန် စိတ်အစာကျွေးပြီး ဖြည့်ဆည်းပေးတတ်တယ်..
တစ်ခါတစ်လေ အော်ငေါက်ရင်းလဲ အကျိုးအကြောင်းပြ ပြောဆိုဆုံးမ နိုင်ရမယ်…
တစ်ခါတစ်လေ ကိုယ့်လိုပျော့ညံ့စွာ အနားထိုင် မှိုင်နေတတ်သေးတယ်...
တစ်ခါတစ်ရံကျတော့ အကိုလို အမလို အနားမှာ နေပြီး ရင်ဖွင့်သမျှကိုနားထောင်နိုင်စွမ်းရှိတဲ့သူ..
တကယ်ကို စလိုက် နောက်လိုက် စိတ်ကောက်လိုက်နဲ့ ပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ မရှိဘဲ နားလည်ပေးနိုင်တဲ့ ဘဝလေးကိုရရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ… အချိန်အတိုင်းအတာတစ်ခု အတွက် ဒီသူငယ်ချင်းမိတ်ဆွေက ဘဝ အမောကိုပြေစေမှာပါ… ဒီလို ဘဝအမောကိုပြေ ပျောက်စေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ဒီဘဝမှာ တွေ့ရဆုံတွေ့ခွင့် ရတာဟာ ကျနော့်အတွက်တော့ မင်္ဂလာတစ်ပါးပါ… ဘယ်တော့မှလဲ မေ့မှာမဟုတ်ပါဘူး…
အခုဆိုလဲ ကျနော်ဒီဘလော့စာမျက်နှာပေါ်ကိုရောက်လာတဲ့ အချိန်မှာ ညီအကိုမောင်နှမလို သူငယ်ချင်းမိတ်ဆွေ အစစ်တွေ ထပ်ရပြန်တယ်… မမြင်ရတဲ့ သံယောဇဉ်ကြားထဲက ကျနော့်ဘဝ တစ်ခုလုံးအတွက် တွေးတောပူပန် ပြီး ကျနော့်ဘဝရှေးရေးကို စဉ်းစားပေးတဲ့ ဘဝကို ပဲ့ပင်ဆုံးမ သွန်သင်ပေးတဲ့ အကိုတွေကို တွေ့ရတယ်… အမြဲတမ်း ဆုံးမပေးတဲ့ အမတွေ ကိုတွေ့ရတယ်… သူငယ်ချင်းအဖြစ် ရှေ့ကရပ်တည်ပေးတဲ့ သူငယ်ချင်းတွေ ရတယ်… အကိုထိရင် မခံနိုင်ဘူး ဆိုတဲ့ ချစ်ကြတဲ့ ညီတွေ ညီမတွေ ရတယ်… စဉ်းစားကြည့်… ဒီလူတွေက ဒီစာမျက်နှာပေါ်မှာ တွေ့ကြတယ်… ဆွေမျိုးရင်းချာ မောင်နှမတွေ မဟုတ်သည့်တိုင် ဖော်ပြလို့မရတဲ့ အကြင်နာတရားနဲ့ မေတ္တာတွေရှိနေတယ်… ဒါတွေဟာ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ ရဲ့စိတ်ဓာတ်ပဲ…
ဒီအတွက် ကျနော် အားလုံးကို ခင်မင်ချစ်ခင်ခွင့် ရတာ အတိုင်းမသိဝမ်းသာ ပီတိဖြစ်ရပါတယ်… ချစ်ခင်ခွင့် ရခဲ့တဲ့ ကျနော့်အကိုတွေ အမတွေကို လေးစားသလို သူငယ်ချင်း ညီ ညီမတွေကိုလဲ ချစ်ခင်ရပါတယ်…
ဒါကြောင့် ဒီလိုသံယောဇဉ်တွေနဲ့ “ဘဝတစ်ခုစာလုံး မမုန်းမဖက် အပြုံးစွက်လို့ မေတ္တာတွေထား အချစ်အားနဲ့ နားလည်ခွင့်လွှတ် သည်းခံရင်းနဲ့ မုဒိတာပွား မိတ်ကောင်းဆွေမွန်များ” ဖြစ်နိုင်ကြပါစေလို့……
မ-အနမ်း
ရေ…ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်…
ညီမလေးဇော်ရေ… ကျေနပ်တယ်မဟုတ်လား…
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
Anonymous said…
111111111111111111
Anonymous said…
နေရာလာဦးတာ သေသေချာချာ ခုမှ ဖတ်မှာ :D
Anonymous said…
ဆိုးတာတော့ အရမ်းပဲ.. တခါတခါ စိတ်တိုလို့ လှည့်ကို မကြည့်ချင်ဘူး.. ပြီးရင် စလို့ကောင်းတယ်ဆိုတာ ပါသေးတယ်.. ဗိုလ်လဲကျ.. ငယ်ငယ်က အဖိုး တုတ်စာမိခဲ့ရင် ပြီးရော.. အဲ့ဒါဆို အပိုးကျိုးမှာ
Anonymous said…
ရောက်တယ်မောင်လေးရေ .. ဦးနော်အိမ်က လိုက်လာခဲ့တာ။ အင်း အဲလိုမိတ်ဆွေ သူငယ်ချင်း စိတ်ဓါတ်မျိုးကို အတုယူမိပါတယ်။
ကိုဖိုးချိန်ကို လူချစ်လူခင်ပေါတာတော့ ပြောစရာမလို... ယုံပြီးသား ... ဘလော့ပေါ်မှာတော့ အကို၊ အမ၊ ညီ၊ ညီမတွေ က ၀ိုင်းဝိုင်းလည်ချစ်နေကြတာ
ဒါကလည်း ကိုယ်ကောင်းလို့ သူတို့က ပြန်ချစ်ကြတာပေါ့
^_^
Anonymous said…
ကိုဖိုးစိန် စိတ်ကို သိပြီးသားပါ .... အများကြီး မပြောတော့ပါဘူး ... မြင့်မြတ်ပြည့်ဝတဲ့ စိတ်ဓာတ်ရှိမယ်ဆိုရင် ဘယ်လိုဘဝမျိုး ဘယ်လိုအဆင့်အတန်းမျိုးက ဖြစ်ပစေ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းပါပဲ ...
နေဒေးသစ်။
Ree Noe Mann said…
သယ်ရင်းရဲ့ စိတ်နေစိတ်ထားကိုကြည့်ပြီး
ကိုယ်နဲ့ တော်တော်တူလို့ ဘာနေ့သားလဲ
လို့ မေးလိုက်တာ အင်္ဂါသားတဲ့လေ။
အင်္ဂါသားတွေလိမ္မာတာက မတွေ့ဖူးလို့ပါ။
ခုတော့ တွေ့ဖူးသွားပြီ သယ်ရင်းရေ
သယ်ရင်းနဲ့ ချစ်သယ်ရင်း ဖြစ်ခွင့်ရတာ
ကိုကျေနပ်ပါတယ်ကွာ။
ဟန်လုပ်ပြုံးတာမဟုတ်ပဲ ရင်ထဲက ပြုံးပြတာကို
မြင်လိုက်ရတယ် သယ်ရင်း ဖိုးချစ်ရေ
ချစ်သယ်ရင်း
ရီနိုမာန်
kiki said…
“ဘဝတစ်ခုစာလုံး မမုန်းမဖက် အပြုံးစွက်လို့ မေတ္တာတွေထား အချစ်အားနဲ့ နားလည်ခွင့်လွှတ် သည်းခံရင်းနဲ့ မုဒိတာပွား မိတ်ကောင်းဆွေမွန်များ”
အလုပ်ကောင်းလျှင် ကံကောင်းမည် ။
ထို့ ကြောင့်..
မောင်ဖိုးစိန် ..အသင်ကံကောင်းသည် ။
သင့်၏ မိတ်ဆွေအပေါင်း အသင်းများ ပို၍ ကံကောင်းသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့  ဆိုးလျှင်လည်း အသင် ခွင့်လွှတ်မည်ဟု သိထားသဖြင့် နောက်နောင်တွင် သင့်အပေါ် အစဉ် သဖြင့် လာ လာ ရစ် လို့ ရသောကြောင့် ဖြစ်၏။
အဟက်.. ဘယ်လို လောဂျစ်ကြီးလဲ လို့ တော့ လာ မမေးပါနှင့် ။။ လော ပြီး တော့ ဂျစ် ကျ ထားတာ ဖြစ်ပါကြောင်း။
သူငယ် မပြန်သေးတဲ့ 
ဖွားကိ။
မငုံ said…
ဒီကိုနေဒေးသစ်ကတော့ သူ့ချည်းပဲ တစ်နေတာ ခဏက မိုးစက်အိမ်မှာလဲ တစ်ပဲ။။
ပေးပါတယ်လေ။ ကိုယ်အရောက်နောက်ကျတာကိုး:))
အဲ. ဖိုးစိန်ရေ..ကောင်းတယ်ဟ။ သူငယ်ချင်းမိတ်ဆွေကောင်းများ ထပ်မံရရှိပါစေ။
အမှန်ပေါ့ အကိုရေ အကိုဖေဖေစကားလေး မှတ်သွားတယ်ဗျာ.. ကိုယ်ဟာကိုယ်တောင် ပြန်သုံးသပ်နေမိတယ်.. သူငယ်ချင်းကောင်းပေါင်းချင်ရင် ကျနော့်နားလာခဲ့ အပေါင်းအသင်းကတော့ ကောင်းသလားမမေးနဲ့ လာခဲ့ တူတူကစ်မယ် ( ကြိုက်တတ်သူကို ကြိုက်တာနဲ့ မျှားခေါ်ရတယ်တဲ့ ကြားဖူးတာ အဟီးးးးး)
လေးစားလျက်
တောင်ပေါ်သား
တူမောင်ရေ..
ချစ်စရာကောင်းတဲ့ တူမောင် မျောက်ဖိုးစိန်လေးရေ..း)
စာလေးကို ဖတ်လိုက်ရတာနဲ့တင် အခြေခံ စိတ်ရင်း စိတ်ဓါတ်လေးကို မြင်လိုက်ရပါတယ်..
ဒါဟာ မိဘတွေရဲ့ အုပ်ထိန်းမှုကောင်းလို့ ဆိုတာ ထင်ရှားပါတယ်..
ဒီလို စိတ်ရင်းလေးတွေ.. ခံယူချက်လေးတွေကြောင့် ရောက်တဲ့နေရာမှာ လူချစ်လူခင်များပြီး တွေ့တဲ့လူနဲ့ တည့်အောင် ပေါင်းတတ်မယ်ဆိုတာ ယုံကြည်ပါတယ်..
အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲ..
ကြီးကြီး ငယ်ငယ် မှတ်သားစရာ.. အတုယူစရာ တွေ့ရင် ယူသာယူဟေ့..
ဦးနော်လည်း တစ်ခုခုတော့ ယူသွားဦးမှပါ..
အရင်းတစ်ယောက်လို ချစ်ခင်စွာဖြင့်..
ကိုရင်နော်
ကိုဖိုးစိန် စကားများမှန်ပါ၏
ကျနော့လည်း သူငယ်ချင်းဆိုတာ ဆိုးအတူ
ကောင်းအတူ ဆိုရင် ပေါင်းတယ်။ သူငယ်ချင်း
ဆိုတာ ဆွေမျိုးထက်တောင် ရင်းသွားတတ်သေးတယ်။
ကိုဖိုးစိန်တောင် ကျနော့ ဘကြီးတော် လို ဖြစ်သွားပြီးဟုတ်။
ခင်မင်ခြင်းနှင့်
တလနွန်
1313131313...13...13...13...13...phewww....
သုဒြေ္န said…
Hmway said…
စိန်...ကိုယ့်စိတ် နဲ့ ကိုယ့်ကိုတောင်အမြဲတထပ်တည်း မကျနိုင်တဲ့ လူ့ဘ၀မှာ... ကလျှာနမိတ္တ နှင့်ပြည်စုံခြင်းဟာ လည်း ချမ်းသာခြင်းမည် ပါတယ်....စိတ်ကောင်းရှိတဲ့..စိန့်မှာ နှလုံးကောင်းရှိတဲ့ မိတ်ဆွေများ ရှိတာမဆန်းပါ ဘူး.... ဒီလိုအဓိပ္ပါယ်ရှိသော Post များဆက်လက်ရေးသားနိုင်ပါစေကြောင်း....
MANORHARY said…
၁၇ယောက်မြောက်ကျမှ ဘာပြောရမှာလဲ
ပြောဘူး ..း(....လို့ပြောလို့ ဘယ်ကောင်းမလဲနော် ..း)
လူချစ်လူခင်များသလို မိတ်ကောင်းဆွေကောင်းများနှင့်
လည်းတစ်ခရီးတည်းသွားနိုင်ပါစေလို့..
ဒါပေါ့ ဒါပေါ့ ဟုတ်တာပေါ့
မှန်တယ်း)
ဘာတွေလဲတော့သိဘူး
း))
သူငယ်ချင်းမိတ်ဆွေကောင်းတွေ ဒီထက် ပိုတိုးပွားပါစေ
(ယောကျာ်းလေးသူငယ်ချင်းများသာ)
I need to comment second time as Pho Sein won't tell me what I want to know. Hee Heee..I don't know how to comment except that I like this post... I think you always remember how your parents reproved you...but remember doesn't mean you follow strictly...and even u don't follow, glad to know that you have many friends who love you and understand you well...
Moe Cho Thinn said…
ဒီလို စိတ်ထားလေးကြောင့်လဲ ဖိုးစိန်ကို လူချစ်လူခင် များတာပဲ။ အဲဒီအထဲ အမလဲ ပါပါတယ်။ :)
Anonymous said…
.....................
......................
..................
........................
ဖိုးစိန်ကို အရှင်ချစ်
အသေချစ်
အလုံးလိုက်အခဲလိုက်ချစ်
ဝရောသောပါးချစ်တဲ့
ချစ်ကိုကြီး
းဝ)
ဖိုးစိန်ရေ
ကိုယ်ချင်းလည်းစာ သူချင်းလည်းစာတဲ့
ဖိုးစိန်သီအိုရီလေးသာ နည်းနည်းလောက် လိုက်နာနိုင်ရင် ဒီကမ္ဘာကြီး တော်တော်လှမှာပဲ။
ဖိုးစိန်လိုပဲ သံတမန်သင်တန်းတက်မှ ထင်ပါရဲ့ ။
မအယ်
Mogok Thar said…
ညီ.. မညက နေမကောင်းလို့ ONLINE မတက်ဖြစ်တာ။ 23 မှ လာမန်နိုင်ပေမဲ့ ညီ ကျေနပ်မယ် ထင်ပါတယ်။
နက်မကောင်း၊ နေမကောင်း တဲ့ကြားက ပို့စ်လေး တင်ပေးတာ ကျေးဇူးတင်တယ်။
နောက်ပြီး ဒီပို့စ်လေးက မိတ်ဆွေကောင်း ပီသတဲ့ ညီ့ စိတ်ဓာတ်လေးကို မြင်နေရတယ်။
ညီနဲ့ ခင်မင်မိတ်ဆွေဖြစ်၇သူတိုင်း ကံကောင်းကြသလို ညီလဲ ကံကောင်းမယ် ယုံကြည်လျက်
ချစ်ကို
hninzaw said…
“ဘဝတစ်ခုစာလုံး မမုန်းမဖက် အပြုံးစွက်လို့ မေတ္တာတွေထား အချစ်အားနဲ့ နားလည်ခွင့်လွှတ် သည်းခံရင်းနဲ့ မုဒိတာပွား မိတ်ကောင်းဆွေမွန်များ” ဖြစ်ချင် လိုချင်မိပါသည် :)
သူများဘ၀ကို အားကျလိုက်တာနော်...
အချစ်အားနဲ့ နားလည်ခွင့်လွှတ် သည်းခံရင်းလာဖတ်သွားပါတယ် ကိုကြီးဖိုးစိန်... နွေးတယောက်လုံးရှိပါတယ်..စိတ်မပူနဲ့ .. :-)
khin oo may said…
အာာံးလုံးကိုဖတ်သွားသည်
အဟီး စောစောလာတာပဲ ။ ကိုးနတ်ရှင်က အ၀င်မတော်
လို့ နောက်ကျသွားတယ်။ သူငယ်ချင်း မိတ်ဆွေတွေ အလွန်ပေါသော ဖိုးစိန်လေးရေ. အခုလို ကြွေး မြန်မြန် ဆပ်တဲ့အတွက်ကျေနပ်ပါတယ်။ အတိုးလည်းမတောင်း တော့ပါဘူး။:D
နောက်ဆို အကူအညီလိုရင်လည်းလာပြောတော့မယ် နော်။ ဒီလိုလူမျိုးစောင့်နေတာ :P
ဘ၀တစ်ခုစာလုံး အမုန်းမဖက် အပြုံးစွက်လို့ 
မေတ္တာတွေထား အချစ်အားနဲ့ 
နားလည်ခွင့်လွှတ်သည်းခံရင်းနဲ့ မုဒိတာပွား
မိတ်ကောင်းဆွေမွန်များ ဆိုတာလေးကို ပိုသဘောကျမိပါရဲ့ ။
ပျော်ရွှင်ပါစေ။ ပို၍လည်းဆိုးသွမ်းနိုင်ပါစေ။ :P
အဲဗြာ said…
ဖိုးစိန်တို့မိသားစုလေးကိုအားကျတယ်.. ဖေဖေနဲ့မေမေကလဲ လေးစားစရာအရမ်းကောင်းတယ်..
ဒီကိုလာတိုင်း တခုခုတော့ရသွားတယ်...
WWKM said…
ဖိုးစိန်လေးကတော်ပါတယ်.
လိမ္မာပါတယ်.
အပေါင်းအသင်းမိတ်ဆွေတွေက ချစ်ကြပါတယ်.
အစစအရာရာ အဆင်ပြေပါစေ မောင်ဖိုးစိန်ရေ.
မကြီးဝါ
mgnge said…
ချစ်ဘူး
လို့ ပြောရင်ချိတ်ချိုးမှာယား
ကို့  အတိုကြီး ပဲ.. အဲ့မှားလို့ အကိုကြီးပဲ ချစ်မှချစ်
ဇော် said…
ကျေနပ်ဒယ် ကျေနပ်ဒယ်။
ဒါပေမယ့် ထုံးစံအတိုင်း ကိုဂျီးဆီမှာဆို ကျနော်က ဘိတ်ချေးဟုတ်။ အဟိ။
mgnge said…
မိတ်ကောင်းဆွေကောင်းဆိုတာ ရှိသင့် ပါတယ်...။
ညီကတော့ မိတ်ဆွေကောင်းထက် ပြိုင်ဘက်ကောင်း ကို ပိုကြိုက်တယ်...။
Popular Posts