နေချင်သော ကျနော့်မြို့လေး

ကျနော်တို့ မြန်မာလူမျိုးတွေ မြို့တွေနဲ့ ပတ်သက်လာရင် စကားတစ်ခွန်း ဆိုကြတယ် မဟုတ်လား…

မန္တာလာသား စကား…

ရန်ကုန်သား အကြွား…

မော်လမြိုင်သား အစားတဲ့………


“စားကျအုံးမလား…ဟောဒီက ပဲပြုတ် နံပြား”…………

………………………………
“ပဲတီ ပဲမှုတ်….ပဲတီ ပဲမှုတ်………ရမယ်……..”

………………………………
“အောင်သပြေ ဂန္ဒာမာ စံပယ် မွှေးမွှေးလေတွေ ရမယ်နော်…. ခရေကုံးလဲပါတယ်……..”

မိုးလင်း အာရုံတက်ပြီးဆိုရင် တစ်ချက်ကြားရလိုက် ပျောက်သွားလိုက် ပြန်ကြားလိုက်နဲ့ မနက်ခင်းဈေးသည်များ ရဲ့ အသံနဲ့ နိုးထရတဲ့ မနက်ခင်းလေး… အိပ်ယာထ မျက်နှာသစ်ပြီးပြီး ဆိုရင်တော့ လမ်းဆုံ လမ်းခွတိုင်းမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်ကို သွားမလား…. မုန့်ဟင်းခါး ခေါက်ဆွဲ ထမင်းကြော် ခေါက်ဆွဲကြော် အသုပ်စုံ ရှိတဲ့ဆိုင်သွားမလား… ဒါမှမဟုတ် တစ်ဖက်လမ်းက ကြက်သွန်ကြော် ဗူးသီးကြော် ဝယ်ပြီး ပဲပြုတ်ပင်ပေါက်နဲ့ ထမင်းဆီဆမ်းစားပြီး ကော်ဖီသောက်မလား… မလိုင် နံပြား ဆမူဆာ ကော်ရည်ဆီချက် ပေါက်ဆီ စသည့်ဖြင့် နေ့စဉ် မရိုးနိုင်အောင် မနက်အတွက် အစားအသောက် ပေါတဲ့ နေရာ …

မနက်စာ စာပြီးရင် မနက်ဈေးတန်းသွားပြီး ဟင်းသီးဟင်းရွက် အသားငါးစုံ ကိုလတ်လတ်ဆတ်ဆတ် ဝယ်လို့ရနိုင်တဲ့ဒေသ… ချောင်းရိုးတစ်လျှောက်မှ တက်လာတဲ့ ငါးပုစွန်တွေကိုလည်း စိတ်တိုင်းကျ ဝယ်ယူစားသုံးနိုင်သေးတယ်… ဒါတင်မက ကိုယ်ပိုင်စိုက်ပျိုးထားတဲ့ ခြံကထွက်လာမယ့် ငှက်ပျော သဘောင်္ ဒူးရင်း မင်းဂွတ် ကျွဲကော ကြက်မောက် စတဲ့ရာသီ သီးနှံများကို လတ်လတ်ဆတ်ဆတ် ခြံသွား လက်ညှိးထိုးစားမလား…






နေ့ခင်းဘက်ရောက်ပြီးလား… သာကူပြုတ်ရွှေရင်အေး ခွက်ပြင် မုန့်ကျွဲသဲ မုန့်လင်မယား မုန့်စိမ်းပေါင်း မုန့်ကြာရိုး ဂျုံပြုတ် စတဲ့မြန်မာမုန့်မျိုးစုံ လှည့်လည်ရောင်းနေတဲ့ အော်သံတွေ နဲ့အတူ နေ့ခင်းဘက် စည်ကားနေတတ်တဲ့ လက်ဖက်ရည်ဆိုင် အအေးဆိုင်တွေလဲ ပေါသေးတယ်..


ကျိုက်သလန် တောင်ပေါ်ဘုရား









ဆည်းဆာချိန်



နေသာချိန် ညနေချမ်းရောက်ရင်တော့ ကျိုက်သလန် တောင်ပေါ်ဘုရားမှာ ဘုရားဝတ်ပြုရင်း တောင်ပေါ်က ရှုခင်းသာကို လူငယ်တွေက ဆိုင်ကယ်ကိုယ်စီ… မိသားစုတွေက ကားကိုယ်စီနဲ့ သွားပြီး ကျယ်ပြောလှတဲ့ သံလွင်မြစ်ကြီးနဲ့အတူ လှမ်းမြင်နေရတဲ့ ကျွန်းစုတွေကိုကြည့်ပြီး မိသားစု စကားဝိုင်းဖွဲ့ရတဲ့ ညနေဆည်းဆာ အရသာက ဘာနဲ့မှ မလဲနိုင်… အိမ်အပြန်လမ်းမှာ ကမ်းနားလမ်း တလျှောက် ကားမောင်းပြီး မုန့်ဟင်းခါ ကြာဇံချက် ဖက်ထုတ် ကြေးအိုး အားပူကြာပတေ အားလူးပူရီ ပဲလိပ် အစရှိတဲ့အစားအစာမျိုးစုံကို မြို့ပတ် ရှာစားရတာလဲ ပျော်စရာ ကောင်းလှပါတယ်…

ညဘက်ရောက်လို့ အိပ်ခါနီးမှာ ပလာတာ အီကြာကွေးနဲ့ နွားနို့သောက် ဒါမှမဟုတ် ရေခဲမုန့် ဖာလူဒါ စားအုံးမလား.. တောမကျ မြို့မကျ ဆိုတော့ လျှပ်စစ်မီးကလည်း လာတစ်ရက်မလာတစ်ရက်… ဖယောင်းတိုင် မီးအိမ်ထွန်း ရတဲ့ရက်တွေမှာ လကိုအားပြုရင်း မိသားစုတွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနိုင်တယ် (မီးများလာခဲ့ရင် ဒီအခွင့်အရေးမရ... မိသားစုစကားပြောချင်ရင်တော့ မီးမလာပါစေနဲ့တောင် ဆုတောင်းရမလိုလို)… ဒီလိုညတွေမှာ သကြားမုန့်ဖက်ထုပ် သာကူမုန့်ဖက်ထုပ် ပူပူနွေးနွေး အော်သံလေးကိုပါ နားစွင့်နေတတ်ပြန်သေးတယ်…

ရာသီအလိုက် တစ်နှစ်ပတ်လုံး ဘုရားပွဲတော်များ နဲ့စည်ကားတဲ့မြို့… ကဆုန်ညောင်ရေသွန်းပွဲ ကနေစလို့ မိုးတွင်းတတွင်းလုံး ရပ်ကွက်အနှံ့ အသံမစဲ ပဌာန်းရွတ်သံကိုလဲ ကြားနေရမှာပါ… ဝါဆိုဝါခေါင် ရေဖောင်ဖောင် မှာ လှေကလေးတွေ စီးပြီး ချောင်းရိုးတစ်လျှောက် ဝါဆိုပန်းခူး ထွက်ကြမလား…

ကျိုက်ခမီရေလည်ဘုရား



သီတင်းကျွတ်ပြီးဆိုရင် မဖြစ်ဖြစ်အောင် သွားကြတဲ့ ကျိုက်ခမီဘုရား ပွဲတော်နဲ့ စက်စဲကမ်းခြေ…မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ကျင်းပပြုလုပ်တဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ဆီမီးမျှောပွဲတွေ… ရပ်ကွက်တိုင်း ပွဲတွေကဆက် အပျော်တွေက မပျက်…

ကျိုက်ထီးရိုးစေတီတော်



ဆောင်းတွင်းကျရင် ပျော်ပျော်ပါးပါး အုပ်စုဖွဲ့ပြီး တက်ကျတဲ့ ကျိုက်ထီးရိုးဘုရားဖူးနဲ့အတူ အပြန်ကိုဝင်လည်ကြတဲ့ ဘားအံမြို့က သာမညတောင်…

ဒီလို အစားအသောက်တွေ နဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပေါများတဲ့ မြို့… မြစ်ချောင်း အင်းအိုင်တွေပေါပြီး ကျိုက်မရော ကျိုက်ပေါလော ကျိုက်သလံ မဟာမြတ်မုနိ ကျိုက်ခမီ ကျိုက်ထီးရိုး စတဲ့တန်ခိုးကြီးဘုရားနဲ့အတူ ထန်းပင် အုန်းပင် ရာဘာပင်များနဲ့ စိမ်းစိမ်းစိုစို အလှဆင်ထာတဲ့မြို့… ဒီမြို့က ကျနော်ရဲ့ဇာတိ ချက်ကြွေ မွေးရပ်မြေ….. မော်လမြိုင်ဆိုတဲ့ မွန်တို့ဌာနေ… အနေချင်ဆုံး မြို့ဆိုရင်တော့ မိဘဘိုးဘွား အစဉ်အဆက်က နေခဲ့တဲ့ မော်လမြိုင်ဆိုတဲ့ တောမကျ မြို့မကျမြို့လေးမှာပဲ နေချင်ပါတယ်… … မော်လမြိုင်မြို့ မှာနေရင်တော့ ဒီနေရာတွေကို နှစ်တိုင်းပုံမှန် ရောက်နေ သွားနေတဲ့ အလေ့အထ… ဒီလိုသွားရတာကိုလဲ ပျော်တယ်… မော်လမြိုင်မှာ နေမှလဲ ဒီနေရာတွေကို စုံအောင် ရောက်ဖြစ်မှာပါ… အကယ်၍ အသက်အရွယ် ရတဲ့အထိ နေရမယ်ဆိုရင်တော့ အစားအသောက်ပေါများတဲ့ မော်လမြိုင်မြို့ မှာရှိတဲ့ ခြံထဲက အိမ်လေးမှာ ခြံစိုက်စားရင် ဘဝကိုကုန်ဆုံးချင်ပါတယ်…


တစ်ဆက်ထည်းမှာ ပဲကျနော့်ရဲ့ ဘလော့ပေါ်က ညီအကိုမောင်နှများအားလုံးကို မော်လမြိုင်မြို့ကို အလည်တစ်ယောက် လာလည်ဖို့ ဖိတ်ခေါ်ပါရစေ… ဧည့်သည်အမြဲမျှော်တတ်တဲ့ မော်လမြိုင်သားတွေက အစားမျိုးစုံနဲ့ ဧည့်ခံပြီး မွန်ပြည်နယ်အနှံ့ လိုက်ပို့ပေးဖို့ ဖိတ်ခေါ်ပါတယ်… ဧည့်ဝတ်ကျေ မကျေသိချင် တယ်ဆိုရင်တော့ ဖိုးစိန်တို့ အိမ်ကိုရောက်အောင် လာခဲ့ဖို့ ပြောချင်ပါတယ်ဗျာ…

ဖိုးစိန်တို့ မိသားစုက နေထိုင်ရေးနဲ့ ခရီးသွား ဝန်ဆောင်မှုကိစ္စ အဝဝကိုတာဝန်ယူပါတယ်… အိမ်မှာအဖေကိုယ်တိုင် တီထွင်ထားတဲ့ ထော်လာဂျီ မာစီးတီး (၃)စင်းရှိတယ်… အမိုးဖွင့်ကားလေးတွေ… ရိုလာကိုစတာ စီးရတာထက် အဆတစ်ရာ ပျော်ဖို့ကောင်းတယ်… ကျနော်တို့ ညီအကိုတွေက ဘရိတ်ဆီဖိုးသက်သာအောင်(အဖေပေးတဲ့ဘရိတ်ဆီဖိုးက ဗိုက်ထဲရောက်သွားလို့) အိမ်ကနေအလကားရတဲ့ ခေါင်းလျှော်ရည် ထည့်ပြီးမောင်းတယ်… ဒါကြောင့် ဘရိတ်အုပ်ချင်ရင် (၁)မိုင်လောက်ကနေ အုပ်ရတယ်… ကျနော်ကားမောင်း ကျွမ်းတာလဲ မပြောနဲ့… မြင်သမျှ မတိုက်မိ မရှိစေရ… (လှယဉ်ကျေးမယ် တွေ မောင်ဗမာတွေ အရွေးခံချင်တဲ့ ကောင်တွေရဲ့ တင်ပါးတွေလဲပါတယ်)ကဲဒီလောက်ဆို ဝန်ဆောင်မှု ကောင်းကောင်းနဲ့ မော်လမြိုင်ကို အလည်တစ်ခေါက်လာဖို့ အားရှိလောက်မယ်ထင်တယ်…

“မွန်တို့ငှာနီ ရာမည သာစွနေပြည်…သာစွ နေပြည်.. ထန်းပင် ထန်းလက် ထန်းရွက်ညီညီ… တန်ခိုးကြီးဘုရားတို့စုံလင်ပေသည်… အထ္တရံ ဂျိုင်းပေါင်းဆုံပါသည် သံလွင်မြစ်ကြီးသက်သေတည်… သီးနှံများပေါကျွယ်ပေသည် မော်လမြိုင်မြို့ကသာယာလှပေသည်….. အလည်လာဖို့လဲ ဖိတ်ခေါ်ပါသည်... ထော်လာဂျီလဲ စီးဖူးမည်.... အစားလဲစုံ... ပျော်ပါမည်... လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါသည်”

ခင်မင်လေးစားစွာဖြင့်


ဖိုးစိန်

ချစ်သယ်ရင်း ကိုကိုနို( ရီနိုမာန်)ရေ... ကျေနပ်တယ်နော်...

ပုံတွေကို ရှာပို့ပေးတဲ့ တူရီးတော် ကိုကိုနွန် (တလနွန်)ကို ကျေးဇူးတင်ပါတယ်...
ဒီပုံတွေကို ရိုက်ပေးခဲ့သူများနဲ့ တင်ပေးခဲ့သူများကိုလဲ ကျေးဇူးတင်လေးစားလျှက်

Comments

Anonymous said…
၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁ ယူဦးမယ် :D
သုဒြေ္န said…
အာဟအာဟ၂၂၂၂၂၂၂၂
သုဒြေ္န said…
အာဟအာဟ၂၂၂၂၂၂၂၂
သုဒြေ္န said…
အာဟအာဟ၂၂၂၂၂၂၂၂
Mogok Thar said…
ညီရေ... မော်လမြိုင်ကို လာလည်မယ် စိတ်ချ။
ညီမောင်းတဲ့ ထော်လာဂျီတော့ မစီးဘူး။ ညီ့ကို ကုန်းပိုးခိုင်းပီး လည်မယ်။
flowerworld said…
ပြန်သွားရင်အရောက်လာမှာ နောက်မှထွက်မပြေးနဲ့ မီးလေးတစ်ယောက်လာညှင်းဆဲ တယ်ဆိုပြီး လိုက်မအော်နဲ့နော်ကြိုတင်ပြောထားမယ်း)
ထော်လာဂျီတော့မစီးရဲဘူး စီးရင်လဲဘရိတ်ဆီဖိုးယူလာခဲ့မယ် ဟီးးးး
Anonymous said…
ကိုဖိုးချိန်မောင်းမယ့် ထော်လာဂျီလေးစီးပြီး ပေါများလွန်းတဲ့ စားစရာတွေ တစ်ခုပြီး တစ်ခု လိုက်စားရင်းနဲ့ ဘုရားတွေစုံဖူးချင်တယ် ...
နေဒေးသစ်။
Anonymous said…
မော်လမြိုင်တခါ ရောက်ဖူးတယ်.. ရေးရေးပဲ.. စိန်ပြန်ရောက်နေရင် လာလယ်မယ်လေ.. ရိုလာကိုစတာစီးပြီး တနေကုန် မုန့်လည်စားချင်တယ်
WWKM said…
တို့က ၉ ပေါ့ကွယ်.း)
Anonymous said…
ကြတကယ်တော့  မလွယ် ဖိုးစိန်ကိုချစ်ခင်သူ တွေက အလွန်များတယ်ဗျာ သူ့ ရဲ့ ပိုစ် လေးမန့် ဘို့  ဒီနေ့  အလုပ်ကနေ နေ့ တ၀က်ပြန်ခဲ့ တာလေ ဒီတခါ အသစ်တင်ရင် အီဖေကိုတော့  ပထမဖြစ်အောင် နေရာဦးမယ်ဆိုတဲ့ အကြံလေးနဲ့ ပေါ့  ပို့ စ်လေး တင်လိုက်တယ်ဆိုရင်ဘဲ ကွန်းမန့် ကိုကြည့် လိုက်တော့  နေဒေးကဦးသွားပြီလေ သူလဲဘယ်အချိန်ကစောင့် နေလဲမသိ ဘာဘဲဖြစ်ဖြစ် ကောင်းပါတယ်လို့ တွေးမိပါတယ် တချိန်တည်းမှာ အသိတခုခေါင်းထဲဝင်လာတယ် ဘာလဲဆိုတော့  ဘလော့  ညီကိုမောင်နှမတွေဟာ တသီးနဲ့ တဦး သံယောဇဉ်ကြိုးတွေခိုင်ခိုင်မြဲမြဲချည်နှောင်ထားကြပြီဆို တာအခုကျနော့ ရဲ့အဖြစ်လေးကသက်သေပြနေပါတယ် ညီလေးရေ အဲဒီမြို့ လေးကိုရောက်အောင်သွားကြည့် ချင်ပါသေးတယ်ကွာ ချစ်ခြင်းများစွာဖြင့် အကို သုဒြေ္န
ဇော် said…
အာ
ဒုက္ခပဲ။ ဒါဆိုကိုဂျီးဆီလာရင် ၀ိတ်တက်မှာပေါ့နော်။
အဲ့ဒါရော ဘယ်လိုရှင်းပေးမှာတုန်း။ တာဝန်ယူရင် ခုလာဖို့ စာရင်းကြိုပေးထားမယ်။ အဟိ။
ဘကြီးတော် ဆီ အပြေးလာပါသော်လည်း အရောက်နောက်ကျသွားပြန်ပါပြီး။ မော်လမြိုင်မြို့ ကို
ပြန်ချင်တယ် ဟူးးးးးးးးးး။ ဘကြီးတော် အိမ်ကို ဧည့်သည်တွေလာရင် ကျွန်တော်တို့ အိမ်ပါ လှည့်လာခဲ့။
မော်လမြိုင်ပြန်ရင် ဘကြီးတော်ဆီကို ကျွန်တော်လည်း လာလည်မယ်နော် အဟဲ

ခင်မင်ခြင်းနှင့်
တူရီးတော်
ကိုရဲ said…
အားးးးးးးးးးးးးးးးး ။ ဘလော့ပိတ်ထားတာ ၀င်မရလို့ တစ်မရလိုက်ဘူး ။ စာကျက်ရင်းနဲ့တောင် ၀င်ဝင်ကြည့်တာ ပိတ်ထားတာကို လုံးဝ(လုံးဝ)မကျေနပ်ပါ ။ ထို့ကြောင့် အဘယ့်ကြောင့် ဘလော့ပိတ်ထားသည်ဆိုတာရှင်းပြပြီး ညီကျေနပ်အောင် စာတမ်းတစ်စောင် ရေးပေးပါ ။ နို့မို့လျှင် စာမကျက်ပဲ ထိုင်နေမည် ။ ဒါပဲ ။ မော်လမြိုင်သည် လည်ချင်သောမြို့များထဲတွင် ထိပ်ဆုံးကပြေးပါသည် ။ ကျွန်တော့်မေဂျာမှာ အဏ၀ါသိပ္ပံ(Ctrl+Alt+Shift key မရသေကြောင့်)ဆိုသောကြောင့် သွားလျှင်ရှယ်ပဲဟု တွေးမိဖူးပါသည် ။ ထားပါလေ ။ အမောင်မိုင်လပ်ဖ်လီးဘရားသား ကိုဖိုးစိန် အသင့် လျှောက်လဲချက်ကို စောင့်မျှော်နေသည် ။

ယူအာလပ်ဖ်လီးဘရားသား ( အရဲလေး )
စိန်ရေ အမ မရောက်ဖူးသေးတဲ့ မြို့ထဲမှာ မော်လမြိုင်ပါနေတယ်၊ လာလည်ပရစေ၊ စိန်မောင်းသော ဒေါ်လှကြည် ကို စိတ်ချစွာ စီးရဲပါတယ်
လာလည်ချင်ပါတယ် တိုကြီးစိန်ဖိုးတုတ်း) လိပ်စာလဲ မပြောဘူး မော်လမြိုင်ရောက်ရင် ဒေါ်လာကြီး မောင်းနေရင် ကိုဖိုးစိန် အိမ်ကလို့ လှမ်းအော်မှား)



လေးစားလျက်
တောင်ပေါ်သား
kiki said…
လာရင် အစုံစား အစားစုံမှာဆိုတော့ ဝမ်းပိတ်ဆေး ရယ် ။ ထော်လာဂျီ လေးစီး ရင် အညောင်းဆန့်ဖို့  ပြင်ဆင်ပြီးရင် လာလည်မယ်ဝေးးးးးး
Rita said…
မော်လမြိုင်သူတွေ ချောလို့မဟုတ်လား
ဟင်းဟင်း မပြောလဲသိ
ဂျစ်တူးလေး said…
ကိုကြီး...
ညီမငယ် လာအားပေးသွားတယ်....။
ကျိုက်ခမီရေလည် ဘုရား၊နဲ့ စက်စဲကိုရောက်ဘူးတယ်။
ပျော်ဘို့ကောင်းတယ်.....နောက်ပြီး ကျိုက်ထီးရိုးကိုနှစ်တိုင်း လိုလိုသွားဖြစ်တယ်....ကိုကြီးရ...။ မရောက်ဘူးတဲ့ နေရာတွေကျန်နေသေးတယ်.....။
ချစ်ခင်လေးစားစွာဖြင့်
ညီမငယ်ဂျစ်
Anonymous said…
အိမ်ရှင်ကခေါ်တော့လည်း ကျေနပ်အောင် လာရတာပ :D
အကိုမောင်းတဲ့ကားတော့ လိုက်မစီးတော့ပါဘူး .. လေတိုးမခံနိုင်ဘူးလေ :P

မိုးခါး
ကျိုက်သလန်ဘုရားပုံတော်ကြိး မှားနေတယ်
စိန်စိန်
မေလေး said…
ကိုကြီးရေ
ချိတ်ချိုးနေသေးလား....ဒီနေ့လေ အလုပ် ကရှုပ် အရှုပ်ကလုပ်နဲ့ မို့ လာဖြစ်တာပါ...ညဘက် အိမ်ရောက်မှ ဘဲ အေးအေးဆေးဆေး ရွှေရင်အေးလေးလာပို့ရင်းလာတာ...ခွေးလွတ်နော်..အဲလေ..ခွင့်လွတ်နော်....ကိုကြီးရေ ညီမလေးတို့လာရင်လဲ ဒေါ်လှကြည်နဲ့ လိုက်ပို့နော်...နော်...နော်...
ကိုကြီးရဲ့ မွေးစားညီမလေး
P.S...စိတ်ဆိုးပြီးအမွေမပေးတော့ရင်ဒွတ်ခ...အဟိ...
Dream said…
မော်လမြိုင်က တော်တော်လှတယ်နော်...

မက်မက်တို့ လာတဲ့အခါ ကျလို့ရှိရင်လဲ လိုက်ပို့ပေးရမယ်နော်...

ပုံလေး ကြည့်ပီး ရှုခင်းလေး လှလို့ ကြည်နူးသွားတယ်...

း))
လာလည်သွားတယ်.... ဖတ်ရှုပ်သွားတယ် ... ခုမှဘဲအိမ်လည်နိုင်တော့တယ်


ခင်မင်လျှက်
အဆိပ်ခွက်
Ree Noe Mann said…
သယ်ရင်းရေ ကျေးဇူးကွာ

သိပ်နေမကောင်းလို့ များများကော့မန့် မရေးနိုင်ဘူးနော်။

ကိုယ်တို့အိမ်က ဘားအံမှာဆိုတော့ နေချင်ပြန်လာလည်လို့ ရတယ်။
လာလည်မယ်နော် သယ်ရင်း။

ချစ်သယ်ရင်း
ရီနို
JuneOne said…
မော်လမြိုင်မှာသူငယ်ချင်းတွေအများကြီးရှိတယ်။
မော်လမြိုင်ကိုမရောက်ဖူးပေမယ့် မော်လမြိုင်လေသံနဲ့တော့မစိမ်းဘူး။
Anonymous said…
မောင်လေး အခုမှမကြီးပြန်ရောက်လို့ လာတာ နောက်ကျသွားတယ်နော်။ မောင်လေး မော်လမြိုင်မှာနေရင် ကျိုက်က္ခမီ ကိုလိုက်ပို့နော်။ မကြီးတို့လာလည်မယ်။

ခင်တဲ့
မော်လမြိုင်သူလေးတွေ ချောတယ်တဲံ့
ကိုဖိုးစိန်ဆီ လာရင်း ဟီ ဟိ
းဝ))
ညီငယ်ဝသန်
မငုံ said…
ဘုရားဖူးလာဖူးမယ်။ မုန့်လာစားမယ်။
သူငယ်ချင်းဆီလာလည်မယ်...ထော်လာဂျီတော့ မစီးတော့ပါဘူး..ဗေဒင်ဟောထား လို့ပါ...လမ်းပဲလျှောက်တော့မယ်...။
ရောက်ဖြစ်မှာသေချာပါတယ်..။
လဘက်ရည် သောက်လို့ပြီးချိန်မှာ အိမ်ရှင်က မင်းဂွတ်သီးလာချပေးတယ်...

မင်းဂွတ်သီးနဲ့ သကြားမတည့်ဘူးလို့ ကြားဖူးထားကြတဲ့ ဧည့်သည် တော်တော်များများကတော့ ယောင်လို့တောင်မှ နှိုက်ဖို့ စိတ်မကူးကြပါဘူး...

မော်လမြိုင်သား မောင်ဖိုးစိန်ကတော့ မင်းဂွတ်သီးမြင်တာနဲ့ တလုံးကောက်ယူ... လက်ဖဝါးနှစ်ဘက်ကြားမှာ "ခွပ်" ခနဲမြည်အောင် ခွဲလိုက်ပြီး အထဲက ဖြူဖွေးနူးအိနေတဲ့ အသားတွေကို မြိန်ရည်ယှက်ရည် စားပြပါတော့တယ်...

ဒါကို စောင့်ကြည့်နေတဲ့ အိုင်ဆေး ကိုလူထွေးကလဲ မော်လမြိုင်သား "လူသတ်ကောင် ဖိုးစိန်ကို" လွယ်လွယ်နဲ့ပဲ ဖမ်းမိလိုက်တော့တာပေါ့...

(မင်းသင်္ခရဲ့ ဝတ္ထုတပုဒ်ကို အမှတ်ရသွားလို့ပါ ချစ်ညီရေ...)

းဝ)
မြူး said…
ကျဲကျဲ

၃၁ တဲ့ ရက်စက်လိုက်တာ
ဘာမှရေးတော့ဖူးရယ်နော်
အဆင်ပြေပြီသွားပြီလား

ခင်တဲ့
မြူး
MANORHARY said…
နေချင်တဲ့နေရာလေး.........
.....................
ဖတ်ပြီးလွမ်းသွားတယ်
နေမကောင်းရတဲ့ထဲ..း(
မော်လမြိုင်သားလေး ကိုး..
ဒီလိုဆို စကားဝဲမှာပေါ့..း)

တကယ်တော့ မော်လမြိုင်က မြို့ကြီးတမြို့ပါ..
ငယ်ငယ်တုန်းက ရေဒီယိုမှာကြားရတဲ့
သီချင်းလေးတပုဒ် ရှိတယ် ဆိုကောင်းတော့
အမြဲ ကြားရတိုင်း လိုက်ဆိုဖြစ်တာလေ

မမတို့မော်ရွှေမြိုင် သာယာမဆုံးနိုင် xxxx
xxxx ဘုံပြတ်ခေါ် မြင်းလှည်းလေးနဲ့
ယဉ်ယဉ်ကျေးကျး ထိုင်...xxxx


မော်လမြိုင်သူတွေ အတော်ချော တယ် ဆို..

ယောင်္ကျားလေးတွေတော့ သိဘူးးး)
ကျိုက်သလန်ကို လွမ်းတယ်။

တောင်ဝိုင်းကိုလည်း လွမ်းတယ်။

အလွမ်းဆုံးက သံလွင်မြစ်ထဲ ပြေးလွှးနေတဲ့ နှစ်ထပ်သင်္ဘောကိုပေါ့....
လာလည်မယ် လာလည်မယ်.. ဘယ်သူလာကြိုမှာလဲ..း)
ကိုဖိုးစိန်က မော်လမြိုင်သားလား....
ခုမှပဲသိတော့တယ်...
မော်လမြိုင်က အစားတဲ့
ဟုတ်တယ် ဟုတ်
စကားဆိုလည်း
ဟုတ်တယ် ဟုတ်
ဟေး မွန် ဖထီး ကြီး
မွန် ဖထီးကြီး က ဘာလူမျိုးလဲဝေး
မွန် ဆိုတော့ မွန်လို မေး မယ်ဝေးး
မိုးထီးတဲ့ ပလောက်ပက် တဲ့
ဘာလဲဝေး
သိရင်ပြန်လာပြောဦးဝေး
ရောက်အောင်ကိုလာဦးမှာ.. ဘရိတ်ဆီဖိုးတွေ တစ်ယောက်တည်းနဲ့ မနိုင်မှာစိုးလို့

Popular Posts