စုံထောက်ကြီးဖိုးစိန် နှင့် စိန်တိုက်ပိုင်ရှင် မေတ္တာရောင်ပြန် အတွင်း ပစ္စည်းပျောက်ဆုံးမှု့
သာယာသော ညနေခင်း တစ်ခု၌ ကျုပ်စုံထောက်ကြီး ဖိုးစိန် ချစ်ညီအရဲ နှင့် ချစ်ယောက်ဖအိုင်ခီ တို့သည် အထပ်တစ်ရာ အမြင့်ရှိသော မှန်သားအတိဖြင့် ဆောက်လုပ်ထားသည့် သက်ပိုင်သူ ကိုယ်တိုင် စိတ်တိုင်းကျ ခေတ်မှီရှေ့ဟောင်း နည်းပညာဒီဇိုင်း များဖြင့် ပေါင်းစပ်တန်ဆာဆင်ထားသော ပိုင်ပိုင် ကော်ဖီဆိုင်တွင် Elvis Presley ၏ “Suspicisous Mind” သီချင်းလေးကို ကော်ဖီသောက် နားဆင်ရင်း ပလူတိုဂြိုလ်တွင် ဘလော့ဂါများနှင့် ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်မည့် ညီမငယ် ထာဝရကြယ်စင် မိုးခါး မွေးနေ့အတွက် စကားလက်ဆုံကျနေစဉ်
“တိ… တိ… တိ…တီ............”
ဟူသော အသံနှင့်အတူ ကျုပ်၏ လက်မောင်းတွင် ပတ်ထားသော အချက်ပေးကရိယာမှ အစိမ်းရောင် မီးလင်းလာလေသည်။
“ကိုကြီးယောက်ဖရေ… အစိမ်းရောင်မီးလင်းပြီး ဆိုတော့ ဒါကျနော်တို့ အတွင်းလူပဲ… ”
“သေချာတယ်… လေးချက်မြည်တယ်… ဘလောဂါထဲက ဖြစ်ရမယ် လပ်ဖ်လီး ဘရားသားရေ”…
“အေးကွ… ဒါမကြီးရောင်ပြန်ဆီက… တစ်ခုခုဖြစ်ပြီးထင်တယ်.. နေအုံး ဖုန်းဖွင့်လိုက်မယ်”
လက်ဝါးသာသာရှိသော ဖုန်းလေးကိုဖွင့်လိုက်သောအခါ မကြီး၏ စိုးရိမ်ပူပန်မှု နှင့် ဝမ်းနည်းနေသည့်မျက်နှာလေးကို မြင်ရပြီး
“မောင်လေးရေ… ခုမြန်မြန်လာ…ကယ်ပါအုံး မကြီး အတွင်းပစ္စည်းပျောက်သွားပြီး ဒီကိစ္စပြောချင်တယ်”
ဆိုတော့ ကျုပ်တို့ယောက်ဖိ ယောက်ဖသုံးယောက်လဲ အချိန်မဆိုင်းပဲ လေစကိတ်စီးလို့ မကြီးစိန်တိုက်ရှိရာဆီသို့…..
မကြီးရောင်ပြန် ဆိုသူမှာ မေတ္တာရောင်ပြန် စိန်တိုက် ပိုင်ရှင်ဖြစ်ပြီး ဂြိုလ် အသီးသီးမှ တင်သွင်းလာသော အဖိုးတန်ကျောက်များနှင့် စိန်များကို မူပိုင်တစ်ဦးတည်း ကိုယ်စလှယ်ယူ ရောင်းချသူ ဖြစ်ပြီး စိန်လောကတွင် မကြီးမေတ္တာရောင်ပြန်က ကမ္ဘာကျော်လေသည်… မကြီး၏ ယောက်ျားလုပ်သူ မောင် မှာ ယခုအခါ ကမ္ဘာ့ထိပ်သီး အထူးစီမံကိန်း ဖြစ်သော ပလူတိုဂြိုလ်အား လေဖိအားသုံးပြီး ကမ္ဘာမြေကြီးနှင့် အနီးဆုံးသို့ ဆွဲယူထားရာတွင် သိပံနည်းပညာ များသုံး၍ ဖော်မြူလာများ ရှာဖွေတွေ့ရှိခဲ့သူအဖြစ် မဟာသိပံနှင့် နည်းပညာ ဂုဏ်ထူးဆောင် ဆုရရှိခဲ့သူ တစ်ဦးဖြစ်သည်။ (ယခုအခါ ကမ္ဘာလှည့် ခရီးသွားများ လှည့်လည်နိုင်အောင် ကမ္ဘာ-ပလူတိုဂြိုလ် လေဟာနယ် တံတားတစ်စင်းဆောက်ရန် ကမ္ဘာဂုဏ်ဆောင် မြန်မာ့လမ်းတံတား အင်ဂျင်နီယာခေါင်းဆောင် နေဒေးသစ် မှ မကြီးမောင်နှင့် အတူ တာဝန်ယူထားခြင်းဖြစ်လေသည်။ )
ထိုကဲ့သို့သော နာမည်ကျော်ကြားသည့် လူနှစ်ယောက်၏ အတွင်းပစ္စည်း ပျောက်ဆုံးမှူ့ လူသိရှင်ကြား ဖြစ်သွားပါက လူစိတ်ဝင်စား နာမည်ကြီးသည့် အမှုဖြစ်လာသည်နှင့်အညီ တစ်ကမ္ဘာလုံး တုန်လှုပ် စိတ်ဝင်စားမှာ အမှန်ပင်… အမှုမှန်ကိုဖော်ထုတ်နိုင်ပါက ကျုပ်တို့ယောက်ဖ သုံးယောက် ကမ္ဘာကျော်မည့်အရေး တွေးကြည့်ရုံမျှဖြင့် အပြုံးတွေ ပီတိတွေ အသောမသတ်နိုင်ဖြစ်နေလေသည်။
ဒီလိုနဲ့ မကြီးရှိရာ စိန်တုံးပုံစံ အလူမီနီယံနှင့် ဖန်သားများဖြင့် တည်ဆောက်ထားသည့် စိန်တိုက်သို့ရောက်သောအခါ ငိုတော့မယောင် ပူပန်မှုမျက်နှာဖြင့် “မောင်လေးတို့ရေ.. မကြီးကို ကူညီပါအုံး… ဒီကိစ္စ အပြင်လူသိလို့မဖြစ်ဘူး… အထူးသဖြင့် မကြီးရဲ့မောင်… သူသိလို့လုံးဝ မဖြစ်ဘူး… ဒီပစ္စည်းက မောင်အမြတ်တနိုး ဝယ်ထားပေးတာ…သိရင်မိုးမီး လောင်လိမ့်မယ်.. ကူညီပါအုံးး…”
“နေပါအုံး မကြီးရယ်… အကျိုးအကြောင်းလေး ကိုသိပါရစေအုံး… စိတ်မပူပါနဲ့… ကျနော်တို့ သုံးယောက်ရဲ့ ပညာက မသေးပါဘူး… စိတ်ချပါ… မကြီးဖြစ်ပုံကိုသာ သေချာရှင်းပြစေချင်ပါတယ်…”
“ဒီလိုငါ့မောင်ရဲ့… အရင်က ဒီပစ္စည်းကို မကြီးတို့က အိမ်မှာပဲထားတယ်… လွန်ခဲ့တဲ့ အပတ်ကမှ မကြီးမောင်က အလုပ်ကိစ္စနဲ့ ပလူတိုဂြိုလ် ပြန်ရမယ်ဆိုတော့ ဒီအတွင်းပစ္စည်းတွေကို စိတ်ချရအောင် အရေးကြီး ပစ္စည်းအားလုံးကို ဒီဘက်ကို ရွှေခဲ့တယ်လေ… ဖယ်ရီကားနဲ့ နှစ်ခေါက်စာတိုက်ခဲ့ရတယ်… ဒီပစ္စည်းတွေကို တံခါး (၅)ထပ်ရှိတဲ့ အခန်းထဲမှာ ထားတယ်… တံခါးတစ်ထပ်စီရဲ့ လျှို့ဝှက်နံပတ်က အစ မတူညီဘူးလေ… ပြီးတော့ မကြီးနဲ့ မောင့် လက်ဗွေရာနဲ့မှ ဒီအခန်းကို ဝင်လို့ရတယ်… ခု ညီမလေး မိုးခါးမွေးနေ့မှာ ဒီပစ္စည်းလေး ထုတ်သုံးမယ်ဆိုပြီး ဒီနေ့ အလုပ်မပြန်ခင်ဝင်ယူတော့ မကြီးချာချာလည်သွားတယ်… ကျန်တဲ့ပစ္စည်းတွေ ရှိတယ်… ဒီပစ္စည်းမရှိတော့ဘူး… ကူညီပါအုံး မောင်လေးရယ်… မကြီးဒီပစ္စည်း ပြန်မရရင် မကြီးသေလိမ့်မယ်… မောင်အမြတ်တနိုး ထားတဲ့ပစ္စည်းလေး”
“မကြီး ကျနော့်ကို အဲဒီလျှို့ဝှက်ခန်းကို လိုက်ပြပါ… ပြီးရင် မကြီးစိန်တိုက်က ဝန်ထမ်းအားလုံးနဲ့ တစ်ယောက်ချင်းစီ စကားပြောချင်တယ်… လုပ်ပေးပါ”
လျှို့ဝှက်ခန်းကိုဝင်တော့ ထုံးစံအတိုင်း ညီအရဲက ဓာတ်ပုံများကို မှတ်တမ်းတင် လက်ဗွေရာများကို စကမ်ဖတ်ပြီး ယောက်ဖလုပ်သူက သဲလွန်စရနိုင်မည့် အရာမှန်သမျှ အိတ်တစ်လုံးအတွင်းသို့…
“မကြီးရဲ့တိုက်မှာ စည်းကမ်းတစ်ခု ရှိတယ်… ဝန်ထမ်းအချင်းချင်း ရုံးချိန်မှာ စကားမပြောရဘူး… ဒီအခန်းကို မကြီးရဲ့ စက္ကထရီ ကောင်မလေး တစ်ခေါက်ရောက်ဖူးပေမယ့် သူကလျှို့ဝှက်နံပတ် တွေမသိဘူး… အပြင်တံခါးစောင့်က အလုပ်ဝင်တာ (၆)လပြည့်တော့မယ်… မကြီးလဲ မစဉ်းစားတတ်အောင်ပဲကွယ်”
အခန်းကို စိတ်တိုင်းကျ ကြည့်ရှုစစ်ဆေးပြီးသကာလ မကြီးဝန်ထမ်းများနှင့် မေးခွန်းအနည်းငယ်မေးပြီး ကျနော်တို့ စခန်းရှိရာ ရီနိုမာန် ဟိုတယ်ဆီသို့….
ဟိုတယ် လျှို့ဝှက်ခန်းတွင်တော့…
“လပ်ဖ်လီး လစ်တဲဘရားသားရေ… ဘာတွေရှာတွေလဲ ပြောပါအုံး…”
“အင်း… လက်ဗွေရာတွေ အရ ဒီအခန်းကို မကြီးတစ်ယောက်ပဲ ဝင်တဲ့ပုံပေါ်တယ်… ဒါပေမယ့် ညီတော့ မကြီးရဲ့ အတွင်းရေးမှူးမလေးကို သိပ်မယုံချင်ဘူးနော်… စကားပြောတာ ရှေ့နောက် မညီဘူး… တစ်ခုခုကိုဖုံးထားသလိုပဲ…”
“ဟုတ်တယ်… ကိုကြီးယောက်ဖရေ… ကျနော်လဲ အခန်းစောင့်ကို သိပ်မယုံဖူး… အခန်းစောင့် နေတဲ့ဝန်းကျင်မှာ ကျနော်ဆံပင်ချည်တွေ ရှာတွေ့တယ်နော်… အဲဒီဆံပင်က အတွင်းရေးမှူးရဲ့ ဆံပင်တွေ ဆိုတာကို အတိအကျ ရှာထားပြီးပြီး… သူတို့နှစ်ယောက်ကို မယုံကြည်ရဖူးနော်…”
“အင်း… ဒီအချက်တွေကိုလဲ စဉ်းစားရမှာပေါ့… ဒါပေမယ့် မကြီးကိုကြည့်စမ်း… သူ့ရဲ့လျှို့ဝှက်ခန်းဝင်ဖို့ အချိန်ဘယ်လောက်ယူရမလဲ… သာမန်လူတစ်ယောက် သာဆိုဝင်ဖို့ လုံးဝမဖြစ်နိုင်ဘူးကွ… နောက်ပြီး မကြီးတောင် လျှို့ဝှက်နံပတ်မမှားအောင် သေချာ ဂရုစိုက်ရတယ်ဆိုတော့ အထဲကပစ္စည်းယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ… မကြီးပြောတဲ့စကားကို မှတ်မိလား… “ဒီအတွင်းပစ္စည်းတွေကို စိတ်ချရအောင် အရေးကြီး ပစ္စည်းအားလုံးကို ဒီဘက်ကို ရွှေခဲ့တယ်လေ… ဖယ်ရီကားနဲ့ နှစ်ခေါက်စာတိုက်ခဲ့ရတယ်” ဆိုတာလေ… ဖယ်ရီကား ကို မကြီးမောင်က မမောင်းမှာသေချာတယ်… ဒါကြောင့် ဖယ်ရီကားမောင်းတဲ့သူ ကဒီကိစ္စကို သိနိုင်တယ်… ဒီပစ္စည်းက လမ်းမှာပျောက်သွားနိုင်တယ်… စဉ်းစားကြည့်… မကြီးက အိမ်ကနေထည့်ပေးတယ်… မကြီးမောင် ဖယ်ရီအနောက်က လိုက်တယ်… ပစ္စည်းတွေကို အထပ်(၅၀) ထိရောက်အောင် သယ်လာမှာက ဖယ်ရီမောင်းတဲ့သူ… ပြီးတော့ အခန်းစောင့် ကကြိုနေမယ်… ကြားထဲမှာ မကြီးမောင် သတိတစ်ချက် လွတ်တာနဲ့ ဒီပစ္စည်းက ပါသွားနိုင်တယ်နော်… ပြီးတော့ တစ်ယောက်တည်း လုပ်လို့မရဘူး… ဒီပစ္စည်းကို ပြောင်းမယ်ဆိုတာ သိနေတဲ့သူက ဒီစိန်တိုက်က ဖြစ်ရမယ်… အင်းဘယ်သူတွေ ရှိမလဲ… စဉ်းစားကြည့်… ဘယ်သူဖြစ်နိုင်မလဲ… ခက်တာက ဖယ်ရီကားမောင်းသမားက စကားထစ်နေတယ်”
ကျုပ်နာရီကို ကြည့်လိုက်တော့ အချိန်က ည(၁၁)နာရီတိတိ…
“နေအုံး… ဒီညကို မှီနိုင်သေးတယ်… အကိုကြီးအချက်ပြလိုက်တာနဲ့ ညီတို့ အကိုကြီး ရှိတဲ့နေရာကို ရောက်အောင်လာပါ… ခုတော့ အိမ်မှာပဲအေးဆေးစောင့်နေပါ” ဆိုပြီး ကျုပ်ညီနှစ်ယောက် ကိုနှုတ်ဆက်ပြီး ထွက်လာခဲ့လေသည်။
မနက်မိုးစင်စင်လင်း တဲ့အခါကျမှ ကျုပ် ညီနှစ်ယောက်နဲ့အတူ အတွင်းပစ္စည်း ပျောက်ဆုံးနေသူ မကြီးကို တစ်ချိန်တည်း အချက်ပေးဖုန်းဆက်ခေါ်ပြီး တရားခံမိပြီး ဆိုတဲ့အကြောင်း... အေးအေးဆေးဆေးပင် ဖြစ်ကြောင်း... ထိုနေရာကိုလာရန် ချိန်းဆိုလိုက်လေသည်။ ချိန်းဆိုသောနေရာမှာ မကြီး၏ စိန်တိုက် ရှိရာအဆောက်အဦး၏ မြေညီထပ်တွင် ဖြစ်လေသည်။ ညီနှစ်ယောက်နှင့် အတူ မကြီးက မိထားသောတရားခံအား တွေ့သောအခါ အံ့အားသင့်သွားလေသည်။ ထိုသူမှာ အခြားသူ မဟုတ် မထင်မရှား သန့်ရှင်းရေးလုပ်နေသူ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။
“ဘယ်လိုဖြစ်တာလဲ ငါ့မောင်ရယ်… ရှင်းပြပါအုံး…”
“ဒီလိုမကြီးရဲ့… ကျနော်မနေ့က စကားပြောကြည့်တဲ့ အခါ ကျနော်တို့ ထင်ထားတဲ့ မကြီးအတွင်းရေးမှူးနဲ့ အခန်းစောင့်က မျက်နှာပျက်နေတာမှန်ပါတယ်… သူတို့က သမီးရည်းစား ဆိုတော့ အလုပ်မှာ မကြီးမသိအောင် ခိုးတွေ့ထားလို့ မျက်နှာပျက် နေဆိုတာသိရတယ်… ဖယ်ရီမောင်းတဲ့ကားသမား ကိုမေးကြည့်တော့လဲ သူသိတာ သိပ်မရှိဘူးလေ… မောင်းဆိုလို့ မောင်းလာတဲ့ပုံစံ… စွတ်စွဲခံထိမှာ စိတ်ပူနေပုံ ပဲလေ… ပစ္စည်းပျောက်တယ် ဆိုပြီး မကြီးသိတာကလဲ မနေ့က ညနေဆိုတော့ ပစ္စည်းကို ယူထားတဲ့သူက စိတ်ပူပြီး နေရာပြောင်းမယ်ဆိုတာကို တွက်မိတယ်… ဒါကြောင့် သံသယ ရှိတဲ့သူတွေကို သေချာရအောင်ဆိုပြီး ညကသူတို့နေတဲ့ နေရာတွေ လိုက်စုံစမ်းတော့… သူတို့တွေက အေးဆေးပဲ… ဒါနဲ့ မကြီးစိန်တိုက်ဘက် လှည့်ချောင်းတော့ ဒီမိန်းမကြီးကို ဒီအနီးအနား ပတ်ဝန်းကျင်မှာ တွေ့လိုက်တယ်… မသကာင်္လို့ နောက်ကနေလိုက်တော့ ဒီတိုက်နောက်က ပန်းခြံထဲမှာ ကုန်းကုန်းနဲ့ အပင်တွေကြားက တစ်ခုဆွဲထုတ်လိုက်တယ်… ကျနော်လဲ သေချာပြီး ဆိုပြီးဖမ်းမိတာလေ… ပစ္စည်းတွေ ပြောင်းလာကတည်းက အဖိုးတန် ပစ္စည်းမှန် သူက ရိပ်မိလို့ ဓာတ်လှေကား အတက်မှာတင် ရရာလှမ်းဆွဲလိုက်တယ်...ခုဆွဲလိုက်တဲ့ ပစ္စည်းက ဒါပါဆိုပြီး သူကဝန်ခံပါတယ်… သူကလူမမယ် သားလေးကို လုပ်ကျွေးနေတဲ့ အမေအိုကြီးတဲ့လေ… ဆေးကုဖို့ လိုတာကြောင့် ကြံမိကြံရာ ကြံစည်တာပါတဲ့လေ… ဒါကြောင့် ရဲလက်မအပ်ချင် သေးတာနဲ့ မကြီးတို့ကိုလှမ်းခေါ်လိုက်တာ.. ပစ္စည်းက မှန်ရဲ့လား မကြီး..”
“အင်း… ဒီအထုတ်အတိုင်းဆိုတော့ မှန်ပါတယ်... မထင်ထားဘူး.လေ… ကဲပါ တရားလဲ မစွဲတော့ပါဘူး… မကြီးလဲ ပြန်ရပြီးပဲ… လွတ်ပေးလိုက်ပါ… ဒါပေမယ့် အလုပ်ကနေတော့ ထုတ်လိုက်ပါပြီး” ဆိုပြီး အဖွားကြီး ကိုတော့ သားဆေးရုံတက်ဖို့ ပိုက်ဆံနဲ့ ကောင်းရာကောင်းကြောင်းလုပ်စားဖို့ အရင်းအနှီးပေးလိုက်လေသည်။
ဒီလိုစိတ်ရင်းကောင်းတဲ့ အမကြီးဆိုပြီး ကျုပ်စုံထောက်ကြီးမှာ မိန့်မိန့်ကြီး ပြုံးလို့ အောင်ပွဲခံနေချိန်မှာ ညီနှစ်ယောက်က
“မကြီးရယ်… တရားခံလဲ မိပြီး… မကြီးပစ္စည်းလဲ ပြန်ရပြီး… မကြီးရဲ့ အဖိုးတန်တယ် မြတ်နိုးပါတယ် ဆိုတဲ့ ပစ္စည်းလေးကိုတော့ ညီတွေကို ပြသင့်ပါတယ်ဗျာ… ကိုယ့်အမဆီက မမြင်ဘူးတာ မြင်ဖူးရအောင်ဆိုတော့”
မကြီးက ရုတ်တရက် စဉ်းစားသွားပြီး ကျနော်တို့ကို ရှက်ပြုံးလေးပြုံးလို့...
“အင်းပါ… ငါ့မောင်တွေကို ချစ်တော့လဲ ပြရတာပေါ့လေ… ဟင်းး.ဟင်းးး… ဒီပစ္စည်းလေးက မကြီးမောင်ကလေ မကြီးမွေးနေ့ကို အမြတ်တနိုး ဝယ်ထားပေးတာ… မကြီးအရမ်းကြိုက်တယ်လေ… ပျောက်သွားလို့ မဖြစ်လို့ပါ… အစားမထိုးနိုင်တဲ့ မကြီး အကြိုက်ဆုံး ပစ္စည်းလေး” ဆိုပြီး ပြောရင်းနဲ့ ထုတ်ပြတော့ ကျုပ်တို့ယောက်ဖ သုံးယောက် မကြီးရဲ့ အမြတ်တနိုးပစ္စည်းလေးကို ကြည့်ရင်း အံ့အားသင့်စွာ တပြိုင်နက်ထဲ ထွက်မိတဲ့ တစ်ခုတည်းသောလေသံက
“ဟင်……………ဒါမကြီး ဝတ်နေကျ စကတ်ကြီးးးးးးးးးးးးးးးးးးးးးးးးးးးး”
လွဲတဲ့ အခါလဲ လွဲပေတော့မပေါ့လေ……………

ဘာဖြစ်ဖြစ် တစ်ချက်ပြုံးရင် ကျေနပ်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
နောက်ထပ်အပ်ထားသောအမှုများမှာ
နာမည်ကျော် ဘလော့ကိုယ်ဖျောက်ဝိဇ္ဖာ ဆရာကြီးဓားထက်ထက်၏ ညီမရှာပုံတော်နှင့်
ကြည်နူးရိပ်မှ တရုတ်မင်းသမီး မေလေး ၏ ချစ်သူပျောက်ဆုံးမှု များဖြစ်ပါသည်။
Comments
ပျော်အောင်နေ.. စိတ်ချမ်းသာအောင်နေနော်
ချစ်တဲ့
မ
တရားခံကို မိလို့ ဒီတခါတော့ ကျေးဇူးပါနော်။
မကြီး
နောက်ထပ် ဆက်လက်မျှော်နေမယ်
ပြီးမှထပ်လာပြီး မန့်မယ်...
စာဖတ်ရသေးဘူးဗျ............
ညီမငယ်...
ဂျစ်
လာဖတ်သွားပြီနော်
ညီမလး
မြူး
နေဒေးသစ်။
ဒီထက် အတွင်းကျကျ ပစ္စည်း တခု ရှိရအုံး မှာ။
အသင် စုံထောက်ကြီးများ နဲနဲတော့ လွဲနေကြပြီ။
သေချာ ပြန်ရှာကြည့်ကြပါအုံး။။
အဟဲ..
အတွင်းကျကျကို သိသူ အမည်မဖေါ်လိုသူ တဦး...
( အပေါ်မှာ ကြည့်ရင် သိပါတယ် )
လေးစားလျက်
တောင်ပေါ်သား
နောက် တဂြိုဟ် ပြောင်းဦးလေ
နောက်ထပ် အမှု တွေ လည်း ဆက်အားပေးနေမယ်
ချစ်ညီ
ဝသန်
နောက်အမှုတွဲတွေ စောင့်ဖတ်အုံးမယ်။
တွေးလဲတွေးနိုင်ပါပေ့။ ကြံကြံ ဖန်ဖန်တွေ... :-D
မမရောင်ကတော့ စကတ်နော်...သက်သက်သာသာလေးတော့ ရေးပါနော်..နော်....ဖလား.. ဖလား..မျက်ခုံးတွေလှုပ်လိုက်တာ ..မနက်ကလဲခေါင်းဆင်နင်းတယ် မက်သေးတယ်....
ကိုကြီး..လိမ်မာတယ်နော် ဒီတပတ် ဂျော်နီလမ်းလျှောက် ဝယ်တိုက်မယ်နော်
ညီမလေး
ဆားပုလင်းနှင်းမောင် နဲ့ ရန်ဖြစ်နေရမယ်နော်...
လုပ်ကြပါဦး...
ခင်မင်လျှက်
အဆိပ်ခွက်
အစ ကလန့်နေတာ
နောက်ထပ်နောက်ထပ်မျှော်နေပါကြောင်းးးးးးးး
ခင်မင်စွာဖြင့်
သီဟသစ်
အမူကအတွင်းခံပါ
အဲ့လေ အတွင်းခံပစ္စည်းပါ ဟုတ်တယ်နော် ချစ်ကိုကြီးယောက်ဖ အထုတ်ထဲက ကျန်နေသေးလားလို့ 
ပလစ်စတစ်အခွံလို့ ပြောမလို ပါ
တို့ အမကြီးတစ်ယောက်ပြန်ရောက်လို့ ဝမ်းသာရပါတယ်
ချစ်ကိုကြီးယောက်ဖ ရေ နောက်ဆက်တွအမူတွေ လိုက်ဖော်ရအောင် အတွင်းရေးတွေ
အဟတ်
ညီမလေး ပါးလုံး
မကြီးရောင်ပြန်စိတ်ဆိုးရင် ဖိုးစိန်ကိုပဲဆိုးနော်..ဟဲဟဲ
ဒီတခါ ဆာကတ်...နောက်တခါ ချို မမရောင်...ရဲ့ အတွင်းပစ္စည်းက ဘာဖြစ်မလဲမသိဘူး။။။ ဟီးဟီးးးး.....
ဒီစကတ်ပဲပြောနေတာပဲ ..
:D
ရီသွားတယ်ဗျို့
“စုံထောက်ကြီး ဖိုးစိန် ချောင်းရိုက်ခံရမှု” လေးလုပ်ပါဦး.. ဟီ ဟိ
လွမ်းလို့ လာခဲ့တာပါ။ လူတွေဆိုတာ ဒီလိုပါပဲကွာ။
အမှု့ကို ရေးထားတာ ထင်တောင်းမထင်ဘူး။
ကိုယ်တကယ်ထင်နေတာ အကယ့် အတွင်းပစ္စည်း လိုပဲ
တွေးနေတာကွ။
သယ်ရင်းက သတိရတယ်။ မကြီးရဲ့ အတွင်းပစ္စည်းကိုလေ။ (စကပ် ကိုပြောတာနော်)
သယ်ရင်းလည်း ကျန်းမာရေးဂရုစိုက်နော်။
နေ့လည်က စိတ်ပေါက်ပေါက်နဲ့ ပြောချင်ရာပြောသွားတာ အတွက်တော့ ဆေားရီး သယ်ရင်းရာ နော်။
သယ်ရင်း အရင်လို အမြန်ဆုံး ပြန်ဖြစ်ပါစေကွာ။
ချစ်တဲ့
သယ်ရင်း၇ီနို
အဲဒီ ဧည့်သည်ပြန်သွားရင်တော့ အိမ်မှာကျန်ခဲ့တဲ့
အိမ်ရှင်ရဲ့ ရင်ထဲမှာ ဟာ ပြီးကျန်ခဲ့တယ်။
အဲလို့ပဲ
ဖစ်မှဖစ်ရလေ
အကိုတော်အကြီးကြီးရယ်
ဟဟဟ