လတ်တလော ခံစားချက်

အခုရက်ပိုင်း စိတ်ညစ်နေတယ်... နေကမကောင်းဘူး... ခေါင်းကရိုက်ခွဲ ချင်မိလောက်အောင် ကိုက်နေတယ်...ဘာကြောင့်လဲ မေးရင်ငိုမိတယ်... ယောကျာ်းလေးဆိုတော့ ငိုရင် အကိုတွေ အမတွေက ကြိုက်မှာမဟုတ်ဘူး... အားတင်းထားတယ်... အိမ်ကို ဖုန်းမဆက်တာ (၃)လရှိသွားပြီး... အဖေလုပ်သူက သားဖုန်းမလာတော့ စိတ်မကောင်းဘူး... မျှော်နေတယ်... သူငယ်ချင်းလုပ်သူကို ဖုန်းဆက်ပြီး အမေနဲ့ အဖေက သားအကြောင်း ရင်ဖွင့်တယ်... သားလုပ်သူက ဖုန်းမဆက်ဘူးတဲ့... သားကကျောင်းတက် နေတာ ခုလောက်ဆို ပြီးရောပေါ့တဲ့လေ... အဖေတို့ ထင်သလို မလုပ်ပေးနိုင်တဲ့ အတွက် အလွန်တရာ ဝမ်းနည်းမိနေတာ... ဒါကြောင့် အဖေအသံကြားရင် ငိုမိမယ်... စိတ်မကောင်းဖြစ်မယ် ဆိုပြီး ဖုန်းမခေါ်ဘူး ပေတေပြီးနေနေတယ်... သူငယ်ချင်းလုပ်သူက နင့်အဖေက နင့်အသံကြားချင်မှာပေါ့... နင်ခေါ်လိုက်ပါ ဆိုတော့ ဖုန်းခေါ်လိုက်တယ်... သားလုပ်သူက အဖေထင်ထားသလို ဘွဲ့ရဖို့ ပညာသင် မဟုတ်တဲ့ အတွက် အဖေနဲ့ ဖုန်းပြောတဲ့အခါ မျက်ရည်က အတောက်လိုက်... အဖေကတော့ မျှော်လင့်ချက်တစ်ခု... အဖေ့ကို လိမ်ခဲ့တာ မဟုတ်ပေမယ့် တနေ့တော့ အဖေဖြစ်ချင်သလို ဖြစ်လာမယ်ဆိုပြီး ရေလိုက်ငါးလိုက်နေခဲ့တာပါ... ထားပါတော့... အဖေနဲ့ ဖုန်းပြောပြီးတော့ ရင်ထဲမှာ မကျေနပ်ချက်တွေက များလာတယ်... ကိုယ့်ကိုယ်ကိုယ်ပါ... ငါ့အဖေဖြစ်စေချင် သလိုမဖြစ်တာလဲ့ဘဝဆိုပြီးတော့....


ဒါနဲ့ ညနေစားသောက်ဆိုင် ကိုအလုပ်သွားတယ်... အလုပ်ဝင်တော့ (SEA BASS)လို့ ခေါ်တဲ့ငါးတွေကို (fillet) လုပ်ဖို့ သူဌေးက ဝယ်ထားတယ်... ခါတိုင်းလဲ လုပ်နေကြ... ဆယ်နှစ်ကောင် လောက်ရှိမယ်... လုပ်နေရင်း စိတ်မကောင်းစရာ စဉ်စားမိတယ်... ခေါင်းကလဲ သေအောင်ကိုက်နေတယ်... ငါးအနံ့နဲ့ဆိုတော့ ပိုဆိုးတယ်... ဘယ်လိုဖြစ်တယ်မသိ... ရှိနေတဲ့ ငါးအားလုံးကို စိတ်တိုတိုနဲ့ နှုတ်နှုတ်စဉ်း မိရက်သားဖြစ်သွားရော...

သူဌေး လင်မယားကမြင်တယ်... ဒါပေမယ့် သူတို့သားလို ဖြစ်နေတဲ့ ကျနော့်ကို တစ်ခွန်းမှ အပြစ်မတင်ပဲ အဲဒီငါးတွေကို ငါတို့ဒီည အမြည်းလုပ်မယ် ဆိုပြီး နောက်သေးတယ်... ဘယ်လိုမှ ထိန်းချုပ်လို့ မရဘူး... အလုပ်လုပ်နေရင်းနဲ့ မျက်ရည်က အတောက်လိုက်...

သူဌေးက စိန်ရေ... ဝိုင်သောက်လိုက် ပြီးရင်အိပ်လိုက် ဆိုပြီး ဝိုင်သောက်တယ်... တိုက်တာက နည်းနည်းပါ... ကျနော်က ညစ်ညစ်နဲ့ သောက်မိတာက များတယ်... မူးတယ်ပေါ့... အဲဒီညက ဆိုင်ကယ်စီးလာတာ ရဲတားတယ်... ဒဏ်ကြေးဆောင် ရမယ်ဆိုတာပဲ သိလိုက်တယ်... အိမ်ရောက်တော့ သံယောဇဉ် ဘလော့လေးကို ဝင်တယ်... လာနေကျ အကိုကြီးထွေး နဲ့ မအယ်လေး က အဲဒီညက မလာဘူး... မအားတာနေမှာ... အွန်လိုင်းမှာတွေ့တဲ့ မငုံရယ် ညီမလေးရုံလေးရယ်ကို ရစ်မိတယ်... ပြီးတော့ အမတစ်ယောက်ကို ရစ်တယ်... ရစ်တယ်ဆိုတာ ဆဲတာမဟုတ်ဘူး... ဝမ်းနည်းမိတာ... ဖွင့်ချလိုက်တာ... ပြီးတော့ အကိုကြီးထွေး စီဘုံးမှာ မလာလို့ စိတ်မကောင်းတဲ့ အကြောင်းသွားရေးမိတယ် မူးပြီး ရိုက်တော့ (caps lock) ပွင့်နေတာ မသိဘူး... စာတွေ မပေါ်ဘူး... အကိုလုပ်သူကို စော်ကားသလို ဖြစ်သွားတယ်... ဒီနေ့ထိ ရင်ထဲမှာ မကောင်းဘူး... ခံစားလွယ်တာခက်တယ်... အကိုလုပ်သူက ညီလုပ်သူကို အပြစ်တောင် မပြောဘူးလေ... ဒါပေမယ့် ခုချိန်ထိ ဖြေလို့မရသေးဘူး...


ပြီးတော့ မကြီးခင်ဦးမေ ဘလော့ကိုသွားတော့ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန် ပိုစ့် မှာ ဖတ်လိုက်ရတယ်... ဖတ်နေရင်းနဲ့ ငိုမိပြန်ရော... အမကြီးက သူ့ အကြောင်းလေး ရေးထားတာပါ... မူးလွန်တော့ အိပ်သွားတယ်... အိမ်မက်ထဲမှာ မကြီးခင်ဦးမေကို စွဲပြီး သူက အိမ်မက်ထဲထိ ပါလာတယ်... နိုးလာတယ်... သူ့ပိုစ့်ကို ပြန်ဖတ်တယ်... ဘာကြောင့်မှန်း မသိ မျက်ရည်က တောက်တောက်ကျတယ်... ဝမ်းနည်းတယ်... ကိုယ်ချစ်တဲ့ အမတွေ အကိုတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တယ်...


အဲဒီမတိုင်ခင် ကလည်း မခင်ဦးမေ ကို တစ်ယောက်ယောက်က နောက်သွားတဲ့ စကားလေးတစ်ခွန်း... တော်တော်စိတ်မကောင်းဘူး... မခံမရပ်နိုင် ဖြစ်ရတယ်... စဉ်းစားရင် အိပ်တောင်မပျော်ဘူး... ပြီးတော့ ကိုကြီးရင်နော် စီဘုံးမှာ လက်သရမ်းသွားတဲ့ ကိစ္စ... မသိလိုက်ပေမယ့် ညီပေါ်ပေါ် ပြောပြတဲ့ အချိန်မှာ တော်တော် စိတ်မကောင်းဖြစ်ရတယ်... အကိုကြီး ကိုယ်တိုင် ဖတ်လိုက်ရတဲ့ မကောင်းတာတွေ ရေးထားတဲ့စာ တော်တော် စိတ်ထဲ ဝမ်းနည်းမှာပဲဆိုတာ တွေးကြည့်ရင်း အကိုကြီးရင်နော် အတွက် စိတ်ထဲမကောင်းဘူး... နေလို့မရဘူး... ပြီးတော့ မအယ်လေး စီဘုံး... မကောင်းကင်ပြာစီဘုံး... မှာ လက်သရမ်းတဲ့ကိစ္စတွေ... တော်တော်စိတ်မကောင်းဖြစ်ရတယ်..


အရင်ကလဲ မကြီးဝါ ကိုရေးတာတွေ... မကြီးနော် ကိုစီဘုံးမှာ အော်သွားတာတွေ... ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်... ဒေါသဖြစ်တယ်... ကျနော်ကလူတစ်မျိုး... ကိုယ့်ကိုလာပြောရင် ဒီလောက်ဒေါသဖြစ်မှာ မဟုတ်ဘူး... ကိုယ့်ချစ်တဲ့သူကို သွားပြောရင်တော့ မခံနိုင်တာ အကျင့်တစ်ခုလိုဖြစ်နေတယ်... ဒီလိုကိစ္စတွေကြောင့်လဲ ရင်ထဲမှာစိတ်မကောင်းဘူး ဖြစ်နေတယ်...



နောက်တစ်ခုက ဒီရောက်တာ ငါးနှစ်ရှိနေပြီး... ဒါကြောင့် ပြန်ဖို့အချိန်ကျနေပြီးလေ... ပြန်ဖို့ ဖိုးစိန်အဆင်သင့် မဖြစ်သေးဘုး... ဆက်နေဖို့ လုပ်နေရတယ်... ပိုက်ဆံတွေ မတန်အောင်ပေးပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်ရအုံးမယ် ကျောင်းကို... ဒီကိစ္စအတွက် တင်းခံနေရတာ... ရင်ထဲမောတယ်... ပြန်လို့ကလဲ ဘာမှ မသေချာဘူး... ဘယ်သူ့မှ မပြောချင်ဘူး... ခုတော့ ရေးမိတယ်...


ဒီလိုဒီလို ကိစ္စတွေများလာတော့ ရင်ထဲမှာ မခံစားနိုင်တော့ဘူး... စဉ်းစားတဲ့ခေါင်းကလဲ မကောင်းတော့ ရူးချင်သွားပြီး... လုပ်ချင်ရာလုပ်မယ်ပေါ့.... မနေ့က မေလေးဆီက စိတ်ဖြေနည်း ဖတ်ခဲ့တယ်... ပြုံးမိသေးတယ်... ဘာကြောင့်လဲဆိုတော့ အမူးပြေပြီး နောက်နေ့ အကိုတစ်ယောက်ကို အမှားလုပ်မိတဲ့ ညီအဖြစ်လည်းကောင်း အဖေလုပ်သူရဲ့ ဆန္ဒတစ်ခုကို မဖြည့်ဆည်းနိုင်တဲ့ သားအဖြစ်လည်းကောင်း ကိုယ်တိုင်မသုံးမကျတဲ့ လူလို့ထင်ပြီး အိမ်တွင်းအောင်တယ်... မြင်သမျှ တွေ့သမျှ ကိုက်ဖြတ် ပေါက်ခွဲ.... ရလာဒ်က နွေ အကျီတွေ အပိုင်းပိုင်းပြတ်... အခန်းတစ်ခုလုံးလဲ အကွဲအပြဲ... နေစရာ ကုတင်တစ်နေရာစာပဲ ကျန်တယ်... ခုထိရှင်းနေတုန်း... ရှင်းရင်းနဲ့ စိတ်ကတိုလာလေ... ခံစားလေ ငိုမိလေ... ပြန်ဖွလေ... သံသရာ မဆုံးသေးဘူး...


ဒီကြားထဲ ကျောင်းကခေါ်နေသေးတယ်... ဘာလုပ်မှာလဲတဲ့... လုပ်မှာပါ... နေပါအုံး... ဦးနှောက်က မခံနိုင်သေးဘူး... ငါပြန်လို့ မဖြစ်သေးဘူး... ငါလာမှာပါလို့ စိတ်ထဲကပဲပြောနေမိတယ်... အကိုတွေ အမတွေ အိမ်အလာကို မျှော်မိတယ်... နက်ကမကောင်းဘူး... သူတို့အိမ် သွားရင် အလိုလိုနေရင်း မျက်ရည်ကျပြန်ရော... ဒါနဲ့ဘလော့ပိတ်လိုက်တော့မယ်လို့... နေဒေးကို ပိတ်နည်းလှမ်းတောင်တယ်... နေဒေးက စိတ်မကောင်းဖြစ်တယ်... ကိုယ်တိုင်လည်း မျက်ရည်နဲ့ ရေးထားတဲ့စာတွေ ရှိတယ်လေ... မဖျက်ရက်ပါဘူး... ဒါကြောင့် ပိတ်လိုက်မယ်ပေါ့ အလွမ်းပြေ ကြည့်မယ်ပေါ့... မရပါဘူး... အမတွေ အကိုအိမ်တွေ လိုက်ချောင်းပြီး မျက်ရည်ကျ... အိပ်မက်တွေမက်... ညီညီမလေးတွေကို မျှော်မိတော့ နောက်နေ့မှာ စာရေးကောက်တင်မိပြန်ရော... အမှန်တော့ စုံထောက်ဇာတ်လမ်းက တစ်သက်နဲ့ တစ်ကိုယ်ရေးဖို့ အိပ်မက်တောင် မမက်ဖူးဘူး... ဝသန်ကရေးပါဆိုတော့ ပျော်စေပျက်စေ... အရူးကို ဘုံမြှောက်ပေးသလို ဖြစ်သွားတော့ ရေးထားတာတွေက ပေါနေတယ်... သိပေမယ့် စိတ်ထဲက ဖြေဆေး တစ်ခုအနေနဲ့ ရေးမိတာပါ... အမှားပါရင် ခွင့်လွှတ်ကြပါ...


ဒီမနက်လဲ မကြီးရောင်ပြန်ဆီက အီးမေးလ်ရတော့ စိတ်မကောင်းဖြစ်ရပြန်တယ်... မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ခိုလိုညည်းချင်းပို့စ်ကို အခုမျက်ရည်တစ်ဝက်နဲ့ ရိုက်တင်လိုက်တယ်... စိတ်မကောင်းဘူး...


ကျနော့်အဖေ့ ဆန္ဒလေးပြည့်စေချင်တယ်.... ကျနော့်အမေငိုတာ မကြည့်ချင်ဘူး...

ကျနော့်ညီမလေးကို နေကောင်းစေချင်တယ်...

ကျနော့် ချစ်တဲ့ ဘလော့ပေါ်က အမတွေကို စိတ်ချမ်းသာစေချင်တယ်... နေကောင်းစေချင်တယ်...

ကျနော်ချစ်တဲ့ အကိုတွေကို အမြဲ ပြုံးနေစေချင်တယ်...

ကျနော်ချစ်တဲ့ အပြစ်ကင်းတဲ့ ညီညီမတွေကို အမြဲတမ်း အိမ်လာရင်ပျော်စေချင်တယ်...

ကျနော့်ကို ညီတစ်ယောက်လိုချစ်တဲ့ အကိုတွေကို စော်ကားမိတယ်ဆိုရင် တောင်းပန်ပါတယ်..

အမတွေကို စမိနောက်မိတယ်ဆိုရင် ဝမ်းနည်းစွာတောင်းပန်ပါတယ်...


တစ်ခုတော့ ပြောပါရစေ... ကျနော်က ခံစားလွယ်တယ်... အစွဲအလန်းကြီးတယ်ဆိုတော့ ဘလော့ပေါ်က အကိုတွေ အမတွေ ညီညီမတွေကို တကယ့် မောင်နှမအရင်းအချာလို ဆက်ဆံမိတော့ ရိုင်းသွားတာတို့ လွန်သွားတာတို့ ရှိရင် ခွင့်လွှတ်ပါဗျာ... တစ်ယောက်ယောက်များ အိမ်ကိုမလာရင် ကိုယ့်ကိုဖယ်ထားသလိုခံစားမိတယ်... အဲလောက်ထိ အစွဲအလန်းကြီးတယ်... အိပ်မက်မက်တဲ့အထိပေါ့လေ... နားလည်စေချင်ပါတယ်...

ခုလဲခံစားနေရတာတွေ များနေတော့ မတတ်နိုင်ဘူး... ခုရေးနေတာ ဘာတွေမှန်း ကိုယ့်ကိုယ်ကိုယ်သိအောင် ပြန်ဖတ်ဦးမယ်.. သေချာတာက အခုရေးနေရင်းနဲ့ မျက်ရည်ကျတယ်...

ဒါပဲပြောနိုင်တယ်...

မကြီးတွေ အကိုကြီးတွေ ညီတွေ ညီမတွေ စိတ်ညစ်သွားလား... ဝမ်းနည်းသွားလား... ကျနော်လဲစိတ်မကောင်းပါဘူး... ဒီလိုပိုစ်ကိုရေးတာထက် ဟာသပိုစ့်ကို ပိုရေးချင်ပါတယ်...
ခွင့်လွှတ်ကြပါ...
ခုချိန် အဖြစ်ချင်ဆုံးဆန္ဒဆိုရင် ဦးနှောက်သွေးကြောပြတ်ပြီး ဘိုင်းကနဲ သေချင်တာပဲ... ကံကအဲလောက်ထိ မကုန်သေးဘူးလေ... ဆပ်ရအုံးမယ်...

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

(ငိုမိတဲ့သူများ ဘလော့တိုင်မှာ ဖိုးစိန်ငယ်ငယ်က လုံချည်လေး ချည်ထားတယ်... နှပ်တွေ မျက်ရည်တွေသုပ်ဖို့... လုံချည်က ဖိုးစိန် ပထမနှစ်သိမ့်ဆုယူတုန်းက လုံချည်... မလျှောထားဘူး... အားရပါးရသုတ်သွား) ဒီတစ်ကြောင်းလေးနဲ့ ပြန်ဖြေထား ပေးတယ်....

အားလုံးပျော်ရွှင်ပါစေ

Comments

အားလုံး အဆင်ပြေသွားမှာ မောင်လေးရေ
အရာ အားလုံးချောမွေ့နေရင်
ဘယ်လိုလုပ်ပြီး အောင်မြင်ခြင်းရဲ့
အရသာ အစစ်ကို ခံစားဖူးမှာလဲ နော့..

အိမ်ကို ဖုန်းလေးတော့ ဆက်လိုက်ပါ
မေမေ့ အသံ ကြားရင်
အားတွေ ပြန်ပြည့်မှာပါ
ကဲ.. ညီမလေး နဲ့ နာမည် တူတဲ့
မမ တယောက် အားပေးသွားပါတယ်.. နော်
:P said…
မောင်ဖိန်စိုး....
တော်တော်ခံစားတတ်တာပဲအေ... ငိုရင်ငိုပါ၊ နှပ်တော့ မထွက်စေနဲ့.....။

ဒီပို့စ်လေးဖတ်ပြီး နွေရာသီ အကျီင်္တွေ စုတ်ပြဲကုန်ပြီ ဆိုတဲ့ နေရာမှာ အခံစားရဆုံးပဲ.. (နှမျောလို့ )...
စ တာနော်.. နောက်ကနေ ဘလော့ဓားနဲ့ လိုက် နုပ်နုပ်စင်းနေဦးမယ်...လက်စလက်နရှိပြီးသားလူဆိုတော့ ၇ှိန်တယ်လေ.... အဟိ....။
၁။ အိမ်ကို ဖုန်းဆက်လိုက်ပါ.. ငိုချင်ငိုမိမယ်၊ ဒါပေမယ့် ခွန်အားတွေ ပြန်ရလာလိမ့်မယ်...။
၂။ ခံစားစရာရှိတာ လွှတ်ခံစားတတ်ရင် ခံစားပါ၊ ပြီးရင် မေ့ပစ်လိုက်ပါ၊
၃။ အစ်ကို အစ်မတွေကို ချစ်တတ်မှန်းဖိုးစိန်ပေးထားတဲ့ ကောမန့်တွေကြည့်ရင် သိပါတယ်...။ သူတို့နဲ့ ပတ်သက်တဲ့ ဝမ်းနည်းစရာအကြောင်းတွေတွေးပြီး ငိုနေမယ့် အစား သူတို့ အောင်မြင်မှု၊ပျော်ရွှင်မှုတွေကို သတိတရ ပြုံးပြုံးရွှင်ရွှင်နေရင် သူတို့ ပိုပျော်မှာပါ....။

အဲလို ဆရာကြီး လုပ်ပစ်လိုက်တယ်၊ မှတ်ပလား...၊

ပုဆိုးနဲ့တော့ သုတ်နိုင်ဘူေးအ့ တစ်ရှူးပါတယ်...။
မေလေး said…
ကိုကြီး မေလေးမအားသေးတဲ့ကြားကခိုးဖတ်နေတာ ..ဝမ်းမနည်းနဲ့နော်
ပြီးရင်တခေါက်လာရေးအုန်းမယ်
ညီမလေး
ဖြူ said…
ဘယ်လိုဖြစ်နေလဲ မောင်ရေ..
စိတ်ထိန်းမှပေါ့.
ယောက်ျားတို့မျက်ရည် မြေမကျကောင်းဘူးတဲ့.
ငါးက အရှင်ခုတ်တာလား အသေခုတ်တာလား
အရှင်ဆို ဖြစ်နိုင်ရင် မခုတ်ပါနဲ့.
ခေါင်းကိုက်တာ ငါးနံ့ကြောင့်လဲ ဖြစ်နိုင်ပါတယ်
ဟိုတခါပြောတဲ့ နည်းလေးမျိုး သုံးကြည့်သေးလား.
မရဘူးဆို ရှုတ်ပါတယ်.ခေါင်းအသစ်လဲလိုက်ပါလား
ပိုင်ဇေရဲထွန်းခေါင်းလေးဆို ဘယ်နှယ့်လဲ. မိုက်တယ်နော်
ကိုလူထွေးခေါင်း အစမ်းလဲကြည့်လိုက်ပါလား. အဟား
စတာပါ.
Anonymous said…
မောင်လေးရေ ........မကြီး ဘယ်မှမသွားတော့ဘူးလို့ ဆုံးဖြတ်ထာခဲ့ပေမယ့် မောင်လေးကို မကြီးဆီမှ ရှိသမျှအားနဲ့ အားပေးခဲ့တယ်နော်။ မကြီးလည်း မောင်လေးတို့ကို အ၇မ်းသတိရပါတယ်။ သူများအိမ်တွေ သွားလည်သလို မကြီးဆီကို မေးလ်ပို့ပြီး ရင်ဖွင့်နော်။ မကြီးလည်း ခံစားပေးမယ်လေ။ နိုင်ငံခြားမှာ နေရတဲ့ ဘ၀တွေရဲ့ အခက်အခဲတွေကို နာလည်ခံစား လို့ရပါတယ်။ မောင်လေးလည်း အားမငယ်နဲ့နော်။ အချိန်မရွေး မကြီးတို့ဆီလာခဲ့ပါ မောင်လေး။ ဒီက မောင်နှမတွေက မောင်လေးကို လက်ကမ်းကြိုနေမှာပါ။

ချစ်တဲ့
မကြီး
kyalkalay said…
ဟီး မန့်တာအကုန် မမ တွေကြီးပဲ
ဝင်ပါကြည့်အုံးမယ်

ရန်ကုန်မှာရေကြီးနေတယ် ချစ်ကိုကြီး
ငိုတာရပ်တော့ ဆက်ငိုရင် ဆူနာမီ ဖြစ်သွားမယ်
ဘကြီးတော် ခံစားနေတာကို ကိုယ်ချင်းစာပါတယ်ဗျာ။
စိတ်ဓါတ်မကျနဲ့ ။ ဝမ်းမနည်းပါနဲ့  မျက်ရည်သုတ်လိုက်
တော့ဗျာ။ ကျွန်တော်ထင်တာ တစ်ယောက်ထဲခံစားနေ
တာထက် အဖေအမေတွေကို ရင်ဖွင့်လိုက်ရင် ၉၀ ရာခိုင်နှုန်းလောက်က သူတို့ ရဲ့ မေတ္တာနှင့်တင် ပျောက်သွားလိမ့်မယ်။
ဘယ်တော့မှ အရှုံးမပေးနဲ့ ။ ဘယ်လောက်ခက်ခဲပါစေ
ဟားတိုက်ပြီး ရင်ဆိုင်လိုက်ပါ။

ခင်မင်ခြင်းများစွာနှင့်
တူရီးတော်
ကိုကြီးဖိုးစိန်..နောက်တစ်ခါ ငိုရင် ဗွီဒီယိုရိုက်ပြီး ပို့ပေးပါ.. ဟိဟိ.. ကြည့်ချင်လို့..နောက်တာနော်.. ပျော်အောင်..တိတ်တိတ်..ငိုနဲ့.. ( ) မျက်ရည်မြေမကျကောင်း.. အဲ.. မှားကုန်ပြီ.. အဟိ.. နောက်တာနော်.. နောက်နေ့ များများထပ်သောက်လိုက်လေ..ဟိဟိး)
Mae said…
အဆင်ပြေပါစေ
အဆင်ပြေမှာပါ ကိုစိန်ကလဲ .. စိတ်ဓာတ်မကျပါနဲ့ဗျာ.
ကျနော် လဲအားမပေးနိုင်လောက်တဲ့ အင်အားရှိသေးဘူး ကျနော် ကိုယ်တိုင်လဲ အကြီးကြီး ညစ်နေတယ် ...း(

ခင်မင်လျှက်
အဆိပ်ခွက်
မခ said…
နောင်တချိန်ကျရင် ဒီအဖြစ်တွေဟာ ရယ်စရာတခုလိုဖြစ်သွားမှာပါ တို့မေမေကပြောဖူးတယ် အရှုံးရဲ့နောက်ကွယ်မှာ အောင်မြင်ခြင်းဆိုတဲ့ ပန်းတပွင့်ကအမြဲ စောင့်ကြိုနေတယ်တဲ့ အားတင်းထားပါ
မိဘဆိုတာ သားသမီအောင်မြင်မှ ချစ်ကြတာ၊ မဟုတ်ပါဘူး။ ကိုဖိုးစိန်ရဲ့ သိတတ်မှုတွေကိုလည်း မိဘတွေက ခံစားမိမှာပါ။
ပထမဆုံး စိတ်ကို အေးအေးထားပါ။ ပြီးရင် အားလုံးကို တခါတည်းဖြေရှင်းဖို့ မကြိုးစားပါနဲ့။ တခုချင်းဆီဖြေရှင်းပါ။ အားလုံးအဆင်ပြေသွားမှာပါ။
Mogok Thar said…
မန့်လို့ကိုမရဘူး။ စက်က အကောင်ကိုက်နေလို့။
ဆင်တလာ ပြောတဲ့ အချက် 3 ချက်ပို ထောက်ခံပါတယ်။
စိတ်ထွက်ပေါက် ဖြေတဲ့နည်းကိုတော့ မကြိုက်လှဘူး။
ညီလေးရေ....ဘာတွေ ဘယ်လိုပဲ ကြုံရရပါ။ မိဘကို လုပ်ကျွေး ပြုစုချင်စိတ် ရှိသူဟာ ဘယ်တော့မှ မတိမ်ကောပါဘူး။
အခိုက်အတန်ံ၊ အါမှမဟုတ် အချိန်အတိုင်းအတာ တခုအတွင်းမှာ အဆင် မပြေတာလေးတွေကို ညီလေး ဖြတ်ကျော်နိုင်မယ် ဆိုတာ အကို ယုံထားပါတယ်။
Mogok Thar said…
(မှတ်ချက်၊ အမှတ်မရတဲ့အတွက် ဒဏ်တပ်ပါမည်)
yehtutnaung said…
ဖတ်ပြီးတော့ မျက်ရည်တွေ၊ နှပ်တွေ ထွက်လာလို့  "...ပုဆိုးတစ်ထည် တွေ့ ပဟေ့၊ သုတ်မယ်ဝေ့..." အားတင်းထားကာမှ တွဲလောင်း၊ တွဲလောင်းတွေ တွေ့ လို့  ဒါဟာ ကိုဖိုးစိန်နဲ့  ရှေ့ က ကွန်မန့် သမားတွေ လက်ချက်ပဲ အတတ်သိလိုက်တယ်...။
အဲဒါနဲ့  မထူးဘူးဆိုပြီး မျက်စိရှေ့ မှာ မြင်တဲ့ ပင်လယ်ထဲ ဆင်းပြေးပြီး ပင်လယ်ထဲမှာ အစဖျောက်လိုက် တယ်ဗျာ..။ :P
အလကား စတာပါ...။ ကိုဖိုးစိန် ရေးထားတာတွေ ဖတ်ပြီး အတော် ခံစားရပါတယ်ဗျာ...။ ကျွန်တော်တို့  မြန်မာနိုင်ငံလဲ အမြန်ဆုံးတိုးတက်ပြီး ကိုဖိုးစိန်လဲ အမြန်ဆုံး ဖာသာကြီးဆီ ပြန်လာနိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်...။
Ree Noe Mann said…
သယ်ရင်း စာကိုဖတ်ပြီး ငိုချင်လာလို့ သယ်ရင်း
ရဲ့ ပုဆိုးလေနဲ့ မျက်နှာတစ်ခုလုံးကို အုပ်ထားမိလိုက်တယ်ကွာ။

ကိုယ်က နည်းနည်းအတ္တကြီးတယ်သယ်ရင်း
ကိုယ်ကိုတိုင်သာ ဘာဖြစ်နေနေ ကိုယ်နဲ့ပတ်သက်
တဲ့ ညီအကိုမောင်နှမတွေကို လုံးဝစိတ်ဓာတ် မကျစေချင်ဘူး။

ဟုတ်တယ်သယ်ရင်း စိတ်ထဲမှာ ဖြစ်ချင်နေတာနဲ့
ခုလက်ရှိဖြစ်နေတာတွေက စိတ်နောက်ကို မလိုက်နိုင်ဘူးဖြစ်နေတယ်သယ်ရင်း။

စိတ်ထဲမှာ လုပ်ချင်နေတာကများနေတယ်။
စိတ်သာရှိပြီး လက်တွေ့ဘာမှမလုပ်ပေးနိုင်
ဘူးဖြစ်နေတော့ ဘယ်လောက်ပဲ ပျော်အောင်နေနေ တစ်ခါတစ်ခါ ဦးနှောက်က လုံးဝလက်မခံဘူးကွာ။
အဲဒီစိတ်ကြောင့်ပဲ မလုပ်သင့်တာတွေ ကို လုပ်နေမိပြန်တယ် သယ်ရင်း

သယ်ရင်းကိုနားလည်ပါတယ်ကွာ။ ခုလို သယ်ရင်းရဲ့ ရင်ထဲမှာ ခံစားချက်ကို ဖေါ်ပြနိုင်
တာကိုက သယ်ရင်းကို ချီးကျူးတယ် သယ်ရင်း။

အကြံပေးချင်တယ်သယ်ရင်းရယ် တစ်ခုလောက်တော့။ စိတ်ထွက်ပေါက်ဖြစ်မဲ့
မျော်လင့်ချက်လေး တစ်ခုလောက်ရှာကြည့်ပါလား။
အလွန်အကျွံ လည်းမဖြစ်အောင် အမြဲတမ်းလည်း မျော်လင့်လို့ရတဲ့ စိတ်ထွက်ပေါက်ပေါ့ကွာ။

ကိုယ်လည်း သယ်ရင်းနဲ့ ဘဝတူပါကွာ။
သယ်ရင်းကမှ ကျောင်းတက်ရင်းပိုက်ဆံရှာနေရသေးတယ်။
ကိုယ်က ပိုက်ဆံရှာနေရင်းနဲ့ ပိုက်ဆံက ဘယ်ရောက်နေမှန်း ကိုမသိတော့ဘူးဖြစ်နေတယ်။

သယ်ရင်း ငိုလို့ ဝအောင် ငိုသာငို သယ်ရင်း
အထီးကျန်တယ်လို့ ခံစားရတဲ့ လူတွေရဲ့
စိတ်ထွက်ပေါက်တစ်ခုပဲ သယ်ရင်း။
စိတ်ပူနေရင်းတောင်မှ ငိုလိုက်မိတဲ့ အတွက်
စိတ်ထဲ နည်းနည်းတော့ သက်သာသွားလိမ့်မယ် သယ်ရင်း။

ဘာပဲဖြစ်ဖြစ် ကျန်မာရေးတော့ ဂရုစိုက်စေချင်တယ်။ မိဝေး ဘဝေး နေနေရတဲ့ ဘဝကိုနားလည်တယ်သယ်ရင်း။
လောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး သယ်ရင်း မဖြစ်သေးတာပဲရှိတယ်။
ကိုယ်အမြဲသုံးတဲ့ လက်စွဲပဲ။

ဘာမှ အားမငယ်နဲ့ သယ်ရင်း

ချစ်တဲ့ သယ်ရင်း ရီနို
မငုံ said…
သြော်.ဖိုးစိန်နှယ်။ ဘာမှမဖြစ်ပါဘူးဆို။ ရပါတယ်ဟ။ သူငယ်ချင်းအချင်းချင်း အဲဒီလောက်ထိ ဖြစ်မသွားပါနဲ့ဟ။ အားလုံးက နားလည်ပါတယ်။
အဲ..နောက်.အဲဒီလို အရက်များများမသောက်ဖို့ပဲ အကြံပေးပါတယ်။ ကျန်းမာရေးအရပါ။
JuneOne said…
အဆင်ပြေပါစေနော်။ဘယ်လိုပြောရမှန်းမသိလို့ ဆုပဲတောင်းပေးလိုက်တယ်။နှပ်ချီးကိုတော့ ဘေးနားမှရှိတဲ့ သားလေးဘောင်းဘီအဟောင်းနဲ့ပဲသုပ်လိုက်တယ်။
Anonymous said…
ကိုဖိုးစိန်ရေ ရောက်တယ်။ ပါးလုံးလေသိလား ကိုဖိုးစိန်ရဲ့ မကြီးရောင်စကပ်ဖတ်ပြီးကတည်းက ကျောင်းမှာလည်း ခေါင်းထဲဝင်လာပြီး ပြုံးမိတယ်။ တခါတလေ အော်ပါရယ်မိတယ်။ အဲ့ဒါတပတ်လုံး အဲ့ဒါအကိုများအသစ်တင်မလားဆိုပြီး ကျောင်းရောက်ရောက်ချင်းလာတာ။ အခုလည်း သေသေချာချာဖတ်ပြီး ထပ်တူခံစားသွားပါတယ်ဗျာ။ မဖတ်ခင်ကတော့ အ၀တ်မယူခဲ့ဘူးဗျ။ အခြေအနေမကောင်းတော့ ကိုယ့်အ၀တ်ကိုယ်ကိုင်ပြီး ပြန်လာခဲ့တာ။ တစ်ရှူးလေးလေ တော်သေးတာပေါ့ မဟုတ်ရင်ကိုဖိုးစိန်ထားထားတဲ့ အ၀တ်ကြီးသုတ်နေရဦးမှာ ကြက်သီးတောင်ထတယ်။ အဟိ ပျော်ရွှင်ပါစေ။
ညီမလေး ပါးလုံး
တောင့် ခံထား အကိုရေ
ဘယ်လို ပြောပြရမှန်းတောင် မသိပါဘူး
အဆင်ပြေပါစေဗျာ

ချစ်ညီလေး
ဖိုးဂျယ်
ညီလေးစိန်စိန်ရေ
စိတ်ညစ်တာတွေပျောက်
ကျန်းမာရွှင်လန်းပါစေကွာ

ညီလေးမိဘက နားလည်ပေးမှာပါကွာ
စိတ်မကောင်းမဖြစ်နဲ့တော့နော်

ခင်မင်စွာဖြင့်
သီဟသစ်
Moe Cho Thinn said…
မောင်လေး ဖိုးစိန်
စိတ်ဓာတ်မကျနဲ့။ ခုချိန်မှာ အဖေဖြစ်စေချင်သလို ကျောင်းမတက်နိုင်ပေမဲ့ အဲဒီ အဖေ့ရည်ရွယ်ချက် ပျောက်မသွားစေနဲ့။ တနေ့နေ့ ငါ ကျောင်းတက်မယ်၊ ပညာနဲ့ အသက်မွေးမယ်လို့ စိတ်ထဲမှာ ထားပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ပါ။
လူကြီးတွေက သားသမီးမျက်နှာ အရိပ်ကြည့်နေတာပါ။ သူတို့ သိပါတယ်။ မပြောလို့သာပါ။ မိသားစုနဲ့ အမြဲ ဆက်သွယ်နေ၊ ဒါက ကိုယ့်အတွက် အားဆေး။ မိဘအတွက်လဲ အားဆေး။ စိတ်ညစ်ပြီး အရက်သောက်တာ မူးတာ မလုပ်စေချင်ဘူး။ ဒါဟာ ထွက်ပေါက် မဟုတ်ဘူး။ ငါ ပျော့ညံ့လို့ မဖြစ်ဘူး ဆိုပြီး အားတင်းပါ။ စိတ်ကို ခိုင်ခိုင်ထား။ ဘလော့မောင်နှမတွေ ဒီလောက် ချစ်ကြတာ အားငယ်စရာမှ မလိုဘဲ။ ဖိုးစိန်က တော်ပြီးသား။ အမ ယုံတယ်။
ဒီလို အသက်အရွယ်မှာ တချို့တွေ ကိုယ့်လိုတောင် အဆင်မပြေတာ အမြဲသတိရပါ။ ငါ သူတို့ထက် အခွင့်အရေး အများကြီး ရှိတဲ့နေရာမှာ ရှိနေတယ်။ ဒါပေမဲ့ အခွင့်အရေးဆိုတာ ကိုယ်က ယူမှ ရတာ။ နို့မို့ဆို စိတ်ဓာတ်ကျနေရင် ကိုယ့် ရည်မှန်းချက် ပျောက်လိမ့်မယ်။
အမ ချိုသင်း
(အမမှာလဲ မောင်တယောက် ရှိဖူးတာမို့ ကိုယ့်မောင်လေး လို သဘောထားပြီး ပြောချင်တာ ပြောသွားတယ်။ ဘယ်လောက်ခင်ခင် ဒီအ၀တ်နဲ့တော့ နှပ်မသုတ်နိုင်ပါအေ..)
mysterysnow said…
ငိုနဲ့တော့နော်...
ယောက်ျားလေးဆိုတာ ငိုရဘူးနော်..
မျှော်လင့်ချက်ဆိုတဲ့ တံခါးမကြီးက တစ်ခုတည်းမှမဟုတ်တာ
တစ်ခုပိတ်သွားရင်တောင်...
အခြားအပြတင်းပေါက်လေးတွေ ပွင့်လာနိုင်သေးတယ်လေ...
စိတ်ဓါတ်မကျနဲ့နော်...
ရှစ်ခါလဲရင် ကိုးခါ ပြန်ထဖို့ ပြင်ဆင်ထားလိုက်ပါ...
မေလေး said…
ကိုကြီးစိန်
မေလေးခုမှအားလို့နောက်ကျသွားတယ်..ဘာမှအားမငယ်ပါနဲ့..မေလေးလဲမိဘတွေရဲ့ နားလည်မှုလွဲတာခံခဲ့ရဘူးတယ်..အချိန်တန်တော့လဲ သူတို့နားလည်မှာပါ..ဖုန်းတော့ဆက်ပါ ကိုကြီးရယ် မိဘဆိုတာကိုယ့်သားသမီးအသံတော့ ကြားချင်တယ်လေ..ပစ်တိုင်းထောင်လိုကျင့်စမ်းပါကိုကြီးရာ
မေလေးစိတ်ညစ်ရယ်အားပေးတဲ့ကိုကြီး
ခုလဲမေလေးလာအားပေးတယ်နော်
အားမငယ်နဲ့
မေလေးလိုဘာမဟုတ်တဲ့သူတောင်အခက်အခဲတွေကျော်ဖြတ်သေးတာ ကိုကြီးကပိုတောင်တော်သေးတယ်
လဲရင်ပြန်ထ ဒါဘဝဘဲ
ကိုကြီးသိပ်စိတ်ညစ်လာလို့စကားပြောချင်ရင် မေလေးဆီဆက်လိုက်နော်
မေလေး မေးလ်က sonenaingkhwint@gmail.com

ကိုကြီးအဝတ်ကညစ်ပတ်နေလို့မေလေး သဘက်အသစ်လဲသွားတယ်
ကိုကြီးပျော်ရွှင်ပါစေ
ညီမလေး
ဖိုးစိန်ရေ
ကိုယ်လုပ်ချင်တာတွေ ချရေးလိုက်
အဖြစ်နိုင်ဆုံးကို အရင်ဆုံးထလုပ်လိုက်
ဖြစ်ချင်ဆုံးကို မျက်ခြေမပြတ်နဲ့ 

လူဆိုတာတယောက်နဲ့ တယောက်အတတ်နိုင်ဆုံး ကူညီလို့ ပဲရတယ်။
တယောက်ကိုတယောက် တာဝန်ယူပေးလို့ မရဘူးတဲ့။

မိဘကို အမှန်တိုင်းဖွင့်ပြောလိုက်တာကောင်းတယ်။ ဒါမှ သူတို့ လည်း ဖိုးစိန်အတွက် အကြံညဏ်ပေးနိုင်မယ်။

နိုင်ငံခြားမှာ အလုပ်တဖက်နဲ့ ကျောင်းတက်တဲ့သူတွေများပါတယ်။ ပညာသင်နေတုန်းတော့ ဘယ်ထောက်ပံ့နိုင်မှာလဲ။

သေချင်တယ်လို့ ပြောလာတာ တော်တော်စိတ်ဓါတ်ကျနေတာကို ပြတာပဲ။
စဉ်းစဉ်းစားစားလုပ်ပါဖိုးစိန်။
သူများ အမှု့ တွဲတွေတောင် ဖော်နိုင်တာ ဆားပုလင်းဖိုးစိန် ကိုယ့်ကိစ္စ ကိုယ်သဲလွန်စ ပြောက်နေလား။
khin oo may said…
18 Jun 09, 20:09
kom: အစ်မမလာလဲချစိတယ်။ အစိမလာလည်းချစ်တယ်ဆိုတာ မှတ်ထားလိုက်ပါ။ ဝမ်းမနည်းနဲ့ တိတ်..တိတ်..

18 Jun 09, 20:09
kom: တို့ကအသည်းမာတယ။်ငိုပါဘူး. ပုဆိုးမလျော်ဘူးဆိုတာလည်းသိနေတာဘဲ။ အစ်မပြောတာတွေ သိတ်မခံစားနဲ့ တစ်ခါတစ်ခါ ယုံရတာမဟုတ်ဘူး မမိုးချိုသင်းဆိုသိတယ။်။ ချင့်ယုံ. သိတ်မခံစားနဲ့။ ဖိုးစိန်လေးကိုချစ်ပါတယ်။ အစ်မမလာလဲချစ
khin oo may said…
18 Jun 09, 20:10
kom: နျပ်တွေသုတ်လိုက်တော့. ရော့တစ်ရှုး
ဘာမှစိတ်မကောင်းစရာတွေ
တွေးမနေနဲ့ တော့
တွေးရင်ခေါင်းပိုကိုက်တယ်
ကိုကိုစိန်
စိတ်ကို နဲနဲ relax ပေးလိုက်
ဟုတ်ပီလား
အကောင်းဆုံးက တရားထိုင်ကြည့်ပါလား
ခင်တဲ့
ဝသန်မိုး
Anonymous said…
WAKE UP! YOU'RE STILL LOST..! WAKE UP AND THINK! THERE'RE LOTS OF THINGS YOU CAN DO WITH UR BEST! DON'T GIVE UP!

EP
Julian said…
အောင်မလေးတော် ....ငိုချက်ကတော့ ....

ဂလိုဘဲဟေ့ ၊ နိုင်ဂံချားဆိုတာ
ဘ၀သံသရာ ၊ ငိုလိုက် ရီလိုက် ၊ ခရီးဆက်ကြရမှာ...... အဟမ်းအဟမ်း အသံကနဲနဲဝင်နေတယ်....ဟဲဟဲ

အင်း မောင်ဖိုးစိန်တို့.... ဒေါ်မနော်ဟရီတို့.....အက်စထရာ အက်စထရာ....ဘလော့ဂ်ဂါတွေကမှ ကျမထက်သာပါသေးတယ် ........ စိတ်ထွက်ပေါက်ကလေးနဲ့ အားပေးမယ့်သူငယ်ချင်းတွေနဲ့.............

ကျမဆိုရင်ဘယ်လိုလုပ်မတုန်း..... ရေးလဲမရေးတတ်.....စိတ်ထဲရှိတာလဲပြောမရ.....

ငိုချင်တဲ့အခါငိုပါ ရီချင်ရင်လဲအားရပါးရရီပါ......
ဘယ်တော့မှ၂ခါပြန်မရတဲ့ခံစားချက်တွေလေ ......
ဒီတစ်ခါငိုတာနဲ့နောက်တစ်ခါငိုတာ ခံစားချက်မှမတူတာ....
ရယ်မောခြင်းလဲအတူတူဘဲ..........

ဖုန်းခသာအကုန်ခံနိုင်တယ်ဆိုလို့ကတော့မိဘတွေဆီကိုဆက်စေချင်ပါတယ်။ အမဆို ဖုန်းခနဲ့ကို ဘိုင်ကျတာ လတိုင်း ။ မိဘတွေကိုစိတ်ချမ်းသာစေချင်တယ်လေ။ အဟဲဟဲ ဖုန်းပြောရင်းကောက်တာတို့ ငိုတာတို့ကလွဲရင်ပေါ့.........

အင်း ခပ်ရှည်ရှည်မန့်တတ်သူဆိုတော့ ခွေးလွှတ်ပါမောင်ဖိုးစိန်၊ နောက်တစ်ခေါက် မေခဘလော့မှာနံပါတ် ၁ နေရာလာလုအုန်းမှာ မကျေပွဲ .

ဂျူ
Anonymous said…
စိန်ပြောတယ်လေ.. စိတ်မကောင်းစရာလို့တွေးရင် စိတ်မကောင်းဖြစ်မှာပဲ ဆိုတာ.. ဒီလိုမတွေးပဲနဲ့ ငါလုပ်စရာတွေ ကျန်နေသေးတယ်လို့ပဲ တွေးပါ..

လူဆိုတာ သူများကို မှီခိုချင်တဲ့အချိန်လဲ ရှိမှာပဲ.. အဲ့ဒီအချိန်မှာ စိန့်ကို အားပေးမယ့်လူတွေလဲ တစ်ပုံကြီးပါ..

ငိုချင်တယ်ဆိုလဲ ငိုလိုက်.. ရင်ဖွင့်ချင်တယ်ဆိုလဲ ဖွင့်လိုက်.. ပြီးသွားရင်တော့ အရင်လိုပဲ အားမွေးပါ.. စိန် လုပ်နိုင်တာ မ သိတယ်.. စိန့်မှာ ပန်းတိုင်ဆိုတာလဲ ရှိပြီးသားပဲ

ချစ်တဲ့
ရုံလေး said…
ကိုကြီးးးးးးးးးးးးးးးးး

အဆင်ပြေသွားမှာပါ
အအမယ်လေးပြေားသလိုပဲ
မိဘကိုဖွင့်ပြေားလိုက်ပါလား
ဘာမှစိတ်ဓါတ်မကျပါနဲ့ နော်
ကိုကြီးကိုယ်ချင်းစာပါတယ်
ဘာမှမစဉ်းစားပါနဲ့ 

ချစ်ခင်တဲ့
ညီမလေး
ရုံလေး
ကျဲကျဲ said…
ကျဲကျဲ...........

နေကောင်းအောင်နေပါ
ဘာမှမစဉ်းစားပါနဲ့ အဆင်ပြေပါစေနော်ကိုကြီး

ချစ်ညိမလေး
ကျဲကျဲ
MANORHARY said…
လတ်တလောခံစားချက်ဆိုတဲ့ခေါင်းစဉ်မြင်ကတည်းက
စိတ်ထဲထင်သား ထင်တာထက်ဆိုးနေတော့လည်း..
အင်း..ခုတလော ဘလော့ကာတွေ ဘလော့နာဖြစ်နေ
ကြလေရော့လို့များ ကျိန်စာတိုက်ခံထားရလားမှတ်တယ်
တစ်ယောက်မှလည်း အကောင်းမတွေ့ဘူး..ကိုယ်တိုင် လည်းကျန်းမာရေးကတော်တော်ဆိုး..ချိုသင်းလိုတော့ ဒီတောင်ကိုကျော်နိုင်ပါ့မလားတွေဘာတွေမတွေးပါဘူး
သေလို့မဖြစ်သေးဘူးဆိုတာသိနေတယ် ..
ဒီလိုပဲ ဖိုးစိန်လည်းသေလို့မဖြစ်သေးဘူး ...စိတ်လျှော့ လို့အချင်းချင်း ခပ်တည်တည်နဲ့ ဆရာကြီးလုပ်ခဲ့တယ် ဒါပဲ
မျက်ရည်တော့ မကျဘူးလို့ပဲ လိမ်ပြောခဲ့မယ် မဟုတ်ရင် မျက်ရည်သုတ်ရမယ့်အရာက ဘယ်လိုမှ အဆင်မပြေဘူး..း) ဝ
ချစ်ခင်စွာ
မကြီးနော်
(ဒီလောက်ဆေးလုံး ကွန်မင့်တွေရတာ သောက်လိုက် ပြီးရင်နေကောင်းအောင်နေတော့..)
kiki said…
ကဲ .. ကဲ ...
ရှေ့ ကလူ တွေ ပြောသွား ကြတာ အားလုံး ကုန်သလောက်..အဲ ...စုံ သလောက် ရှိသွားပြီ ။
ဘာမှ ဆက် မပြောချင်တော့ဘူး ။
မနက်ဖန် အိမ်လာလည် ။
မျောက် မူးလဲ အတွက် စပါယ်ရှယ် ပစ္စည်း တခု ကုမ္ပဏီ ကမှာထားပေးတယ် ။
ဟဲ ဟဲ..
နောက်ကျမှ ဝင်လာတာ .. မန့် တဲ့ တခန်းလုံး လဲ နှပ်တွေ ..နဲ့  အနံ့ အသက် သိပ်မကောင်းတော့ဘူး ။
ပြန်ဘီ...

ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့  ။လိပ်ဖြစ်တာ အခွံထူလို့ ။
မျောက်ဖြစ်ရင် ပိုထူသင့်တယ်..
ဒါဘဲ..
ဖိုးစိန်ရေ
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်။ ဒီအခြေအနေထိတောင် တောင့်ခံခဲ့ ပြီးပြီပဲ။ အားတင်းထားပါ။
ငိုချင်သလောက် ကို အားရပါးရ ငိုပါ။ ပြီးရင်တော့
ဆက်ငိုချင်တဲ့ စိတ်လေးကို ဖျောက်ပြီး အကောင်းဆုံးဖြစ်အောင် ဘာဆက်လုပ်ရမလဲ ဆိုတာကို စဉ်းစားပေါ့။ “ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ နောက်ပြီးရင် ကောင်းသွားမယ်” ဆိုတဲ့ သီချင်းလေးလိုပေါ့။ ကိုယ်လုပ်စရာ ရှိတာတွေကို လုပ်နိုင်သလောက် လုပ်ပြီးပြီ ဆိုတာ သေချာရင် ငါ့မောင် စိတ်ချမ်းသာလိုက်ပါ။ အဓိက ကတော့ တပြည်တစ်ရွာမှာ စိတ်ချမ်းသာ အောင်နေပါ။ မင်းမိဘတွေကလည်း ဒါကိုပဲ လိုလားမှာပါ။ ဖိုးစိန် ကံကောင်းပါစေ။
မခ said…
အိပ်ယာပေါ်ပက်လက်လှန်လိုက်တယ်
အခန်းမျက်နှာကျက်မှာ ပင့်ကူအိမ်တွေတွေ့တယ်
ထရှင်းလိုက်တယ်
ပင့်ကူတစ်ကောင် နှစ်ကောင်ကျန်တာ
သတိမထားလိုက်မိဘူး။

(တစ်လခန့်အကြာ…..)
အိပ်ယာပေါ်ပက်လက်လှန်လိုက်တယ်
အခန်းမျက်နှာကျက်မှာ ပင့်ကူအိမ်တွေတွေ့တယ်
ထရှင်းလိုက်တယ်
ပင့်ကူတစ်ကောင် နှစ်ကောင်ကျန်တာ
သတိထားမိလိုက်တယ်။

အကြီးဆုံးပင့်ကူကပြောတယ်
တက်….
မရပ်နဲ့…..
ဒါ…ငါတို့တိုက်ပွဲ
ဆင်နွှဲ….
သေရင်သေမယ်၊ ကြေရင်ကြေမယ်
ကျိုးရင်ကျိုးမယ်၊ ပဲ့ရင်ပဲ့မယ်
ငါတို့လမ်းငါတို့ထပ်ဖောက်
ငါတို့နန်းငါတို့ဆက်ဆောက်
လာ…
ရှေ့ဆက်…
ငါတို့ယက္ကန်း ငါတို့ရက်စို့….။

အမောင်(ပုဂံ)
Dream said…
:'(

မျက်ရည်တစက် တောက်ခနဲ ကျသွားတယ်... :P
ကဲ
အကိုကလည်း
အားတင်းထားပါ
အကို့ကိုလည်းအားလုံးကချစ်ကြတယ်လေ
အိမ်ကိုလည်းဖုန်းဆက်လိုက်ပါ
ဒီလိုပဲကြိုးစားရှင်သန်ကြရတာပဲပေါ့
အားတင်းထားနော်
Anonymous said…
ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့လို့ပြောချင်ပေမယ့် ... ညစ်ကြရတာပါပဲလေ။
မိဘအတွက် ကိုယ့်ရင်ထဲမှာ စေတနာအပြည့်အ၀ထားပြီး ကျေးဇူးဆပ်နိုင်အောင် ကြိုးစားနေပေးပါ... အမြဲနှလုံးသွင်းထားပါ။ စိတ်ချမ်းသာ ပီတိဖြစ်ရမှာပါ။ ယောက်ျားလေးဖြစ်လျက်နဲ့ မျက်ရည်ခဏခဏကျနေရတယ် ဆိုတော့ ခံစားရချက် အတိမ်အနက်ကိုလှမ်းမြင်မိပါတယ်။ တပါးသူတွေအပေါ် ထားရှိတဲ့ မေတ္တာရဲ့အကျိုးကို တန်ပြန်ရရှိကျေနပ်မိသည်အထိ အောင်မြင်ပျော်ရွှင်မှုများ ပိုင်ဆိုင်နိုင်ပါစေ...။
မသိမတတ်တဲ့သူက ဆရာကြီးလုပ်ကြည့်တာ ... ဟီး... ပေါတောတောများဖြစ်နေမလား? ဒါပေမယ့် တကယ့်စိတ်ရင်းနဲ့ပါနော်။
ငိုနဲ့တော့နော် :) ... တိုင်းတပါးရောက်နေတဲ့အချိန်မှာ ကျန်းမာရေးကိုတော့ ဂရုစိုက်ပါဗျာ ။
ကိုရဲ said…
အခုမှ ဖတ်ဖြစ်တရ် ။ လောကမှာ ဒီလိုပါပဲ အကိုရေ ။ ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့ ။ ယောက်ျားလေးလေ လောကကြီးမှာ ဒေါင်ကျကျ ပြားကျကျ နေနိုင်ရမယ် ။ ကျွန်တော့်ကြောင့်လည်းစိတ်မညစ်နဲ့ ဘယ်သူ့ကြောင့်မှ စိတ်မညစ်နဲ့ အကိုပျော်ရွှင်နေတာကိုပဲ မြင်ချင်ပါတရ် ။ တစ်ခုခုရင်ဖွင့်ချင်ရင် ညီ့ဆီကို မေးလ်ပို့ထားပေါ့ ။ ညီ ညနေကို ခရီးထွက်တော့မှာ ။ ကြာမယ် ပျော်သလောက်ပေါ့ ။ စိတ်လက်ပြေပျောက်လောက်ပြီထင်ရင် ပြန်လာမှာပါ ။ ခုနှုတ်ဆက်တာ ။ အားလုံးအဆင်ပြေပါစေ ။ အကို့မှာ ခံစားရတာများရင် ညီ့ဆီကို မေးလ်ပို့ထားပေးပါ ။ စောင့်နေမယ်

အကိုချစ်တဲ့

Your Lovely Brother (အရဲလေး)
Anonymous said…
မငိုပါနဲ့ကလေးရယ်.. :P
Anonymous said…
ကိုဖိုးစိန် .. အရောက်နောက်ကျလို့ တစ်မျိုး မထင်စေချင်ပါဘူး .. ကျွန်တော်လည်း စာမေးပွဲက တစ်ဖက်နဲ့ ရောက်လာတော့ ၄၃ ယောက်မြောက်တောင် ဖြစ်နေပြီ .. ဖတ်ပြီးတော့ ဘာပြောရမှန်း မသိဘူး ... ပြောချင်တာတွေများပြီး စကားလုံးတွေ အစရှာမရဘူး ဖြစ်နေတယ် .. ပြောမယ့်သာ ပြောတယ် .. ဒီအချိန်လောက်ဆို ကိုယ်အားပေးမယ့် စကားက အစပြန်ဖော်နေသလိုများ ဖြစ်နေမလားလို့တောင် ထင်မိပါတယ် .. အဲလိုလည်း မဟုတ်ရပါဘူး ... အခု ခံစားချက်တွေ အနည်ထိုင်သွားပြီ ဆိုရင်တောင် နောက်တစ်ခါ ဒီလို အဖြစ်မျိုး မဖြစ်စေဖို့ .. နောက်တစ်ခါ စိတ်အားမငယ်စေဖို့ အားပေးခဲ့ချင်လို့ ဒီကောမန့်ကို ရေးတာပါ ... ခံစားပါ ငိုချင်ရင် ငိုလိုက်ပါ .. ဒါပေမယ့် ရေရှည်အတွက်တော့ နာကျင်မှုတွေ ကြေကွဲမှုတွေ ဆွဲယူမသွားပါနဲ့ .. နောက်ပြီး စိတ်ညစ်တဲ့ အချိန်မှာ ကိုယ့်စိတ်ကို ပိုပြီးနောက်ကျိစေမယ့် အရက်၊ ဝိုင်ဆိုတာမျိုးတွေ မသောက်ဖြစ်ဖို့ ကြိုးစားစေချင်ပါတယ် .. နိုင်ငံရပ်ခြားမှာ နေနေကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံး အခက်အခဲ ကိုယ်စီနဲ့မို့လို့ တစ်ယောက်နဲ့ တစ်ယောက် မျှဝေခံစားတဲ့ သဘောပါ ... ဆရာလုပ်တာလည်း မဟုတ်ရပါဘူး ... ခံစားချက်တွေ ပေါ်လာခဲ့ရင် တစ်ခြားအရာတွေ လုပ်မယ့်အစား ဒီဘလော့လေးကနေပဲ ဖွင့်ထုတ်လိုက်ပါ ... ကျွန်တော်တို့လည်း မျှဝေခံစားရင်းနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် အကြံဥာဏ်တွေ ပေးချင်ပါတယ် ...
လေးစားမှုဖြင့်
နေဒေးသစ်။
ကိုစိန် ဘာဖြစ်ဖြစ်အားတင်းပြီးဆက်လျှောက်ပါနော်။ ဘ၀က ဘောလုံးပွဲလိုပဲလေ စပြီးပြီဆိုရင် တော့
မိနစ် ၉၀ ပြည့်အောင်သာဆက်ကန်ပေတော့။ ဒါမှမပြီးနိုင်သေးရင် လည်းအချိန်ပိုကန်တဲ့အခါ နိုင်အောင်ကန်ရမယ်လေ။ ကိုစိန် အောင်မြင်ပါ
စေဗျာ။

(လုံချည်နဲ့တော့ နှပ်မသုတ်ပါရစေနဲ့ဗျာ)
ဒီလောက်လည်း ၀မ်းမနည်းပါနဲ့ ဗျာ.... ပန်းတိုင်က ကို့ နားမှာ ရှိပြီးတာပါ... နောက်ထပ် ခရီးဆက်ဖို့ က ကို့ တာဝန်ဘဲလေ... ဘာမှဖြစ်မနေနဲ့ ... ကျနော်တို့  ညီအစ်ကိုတွေ အစ်ကို့ နောက်မှ ရှိကြပါတယ်ဗျာ..

ပျော်ရွှင်ပါစေနော်...

လေးစားလျက်
ကိုကြီး...နေမြန်မြန်ပြန်ကောင်းပါစေ...ညီမလေး အလုပ်တွေရှုပ်နေလို့ ....မဂလဆ ကိစ္စလေ...
:P ... ပုဆိုးလေးအလစ်သုတ်သွားတယ်...
Anonymous said…
နိုပြန်ပရား.. နိုပါနဲ့ရှို..... ဘဝဆိုတာ ဒီလိုပဲကောင်လေးရ၊ စိတ်ဓာတ်မကျနဲ့၊ အဓိကကတော့ ဘယ်အရာကိုမှ ပုံသေ မျှော်မှန်းမထားနဲ့၊ အကောင်းဆုံးကိုတွေးထားသလို အဆိုးဆုံးကိုလဲ မျှော်လင့်ထားဗျို့။ ယောကျာင်္းပဲဗျာ ဒေါင်ကျကျ၊ ပြားကျကျ၊ အလုံး အရပ်လျော့သွားတာမှ မဟုတ်ဘဲ။ စိတ်ဓာတ်ကျနေလို့တော့ အလကားပဲ အဲဒါ အရှုံးပေးတာပဲ၊ လုပ်စမ်းပါဗျ၊ ဘဝကို ရဲရဲကြီး ရင်ဆိုင်လိုက်စမ်းပါ၊ မှတ်ထားဗျို့ သုံးလောကထွတ်ထား မြတ်စွာဘုရားတောင် အတိုက်အခံနဲ့ မကင်ခဲ့တာ ကျနော်တို့လို သာမန်လူသားအဖို့တော့.........................။
Rita said…
တို့တော့ မျက်ရည်မကျပေါင်။

ဒီ blog မရောက်ဖြစ်တာတောင် ကြာပြီ။ ဒါကြောင့် ခံစားချက်တွေ ခုမှ သိရတယ်။
ကိုယ့်ဆီ comment လာမပေးတာ ဒါကြောင့်ကိုး လို့ ထင်သွားပါတယ်။
ကြိုးစားပမ်းစား ရေးထားတဲ့ စာလေးတွေ စိတ်ပါရင် လာဖတ်ပါဦး။
အခုလောက်ဆိုရင်တော့ ချစ်ညီဖိုးစိန်တယောက် စိတ်ပြေလက်ပျောက် ဖြစ်နေလောက်ပီလို့ ယူဆရတာပဲ...
ဟုတ်ရဲ့ မဟုတ်လား ဆားပုလင်း ဖိုးစိန်...

ငါးတွေကို နုပ်နုပ်စင်းပစ်တာကို ဘာမှမပြောတဲ့ အလုပ်ရှင်တွေရထားတာ ဘာလိုသေးလို့လဲ။

ဖိုးစိန်တယောက် အမြန်နေကောင်းပါစေ။

ကိုကြီးထွေး
Zephyr said…
ကော်မန့်ရေးသွားပါတယ် ... ဖိုးစိန်ရေ ....။
လတ်တလောခံစားချက်ကိုဖတ်ပြီး ... ဖိုးစိန်ကို နားလည်ဖို့ကြိုးစားကြည့်ပါတယ်။ ဖြစ်ချင်တာတောတွေဖြစ်လာဖို့ တကယ်ကြိုးစားနေတာဆိုရင်တော့ တခြားမဖြစ်သေးတာတွေကို ခေါင်းထဲမထည့်ထားစေချင်ဘူး ...။ ဖိုးစိန်အဖေကိုလည်း လိမ်စရာမလိုဘူးလို့ထင်ပါတယ်..။ အဖေက ဒီသားကိုမွေးထားတာပါ ..။ အဖေ့ကို ပြောလိုက်တာက ဘလော့ခ်မှာ ရင်ဖွင့်တာထက်ပိုပြီး သက်သာရာရနိုင်မယ်လို့ထင်ပါတယ် ...။ ခေါင်းကိုက်တာက ဒီလိုဆိုးဆိုးရွားရွားကိုက်ရင် ဂရုစိုက်ဖို့လိုပါတယ် ...။ စွန့်စားဖို့မလိုအပ်ရင်မစွန့်စားပါနဲ့...။ အကောင်းဆုံးနည်းလမ်းကိုသေချာစဉ်းစားကြည့်ပါဦး ...။

Wishing you all the best,
Z
flowerworld said…
လူဆိုး မကောင်းဘူး ဖတ်ရင်းနဲ့ကျနေတဲ့မျက်ရည်တွေ နောက်ဆုံးစာကြောင်းနဲ့ ရပ်သွားတယ် ဟင့်
မျက်ရည်သုပ်ဖို့ကနံနေရောပဲ
မရဘူးနော် ဖိုးစိန်လက်မောင်းမှာ ငိုသွားတယ် ဒါပဲ ဟွန်းးးးးးး
ကျန်းမာရေးဂရုစိုက်
ကဲကဲ တိတ်ပါတော့ကွယ်
မငိုပါနဲ့ ခေးရယ် အဲလေ
မငိုပါနဲ့ ကိုကိုစိန် ရယ်
လျှော့လိုက်တော့နော်
စိတ်
း)
ခင်မင်စွာဖြင့်
ဝသန်
မောင်လေးရေ... အခုလို ချရေးလိုက်တာလည်း တနည်းသက်သာရာ ရသွားပါစေလို့ ဆုတောင်းပါတယ်။ ဘဝမှာ အဆင်မပြေတဲ့ အခိုက်အတန့်တွေတော့ ဒီလိုပဲပေါ့။ ငိုချင်တဲ့အချိန် ငိုချလိုက်တာလည်း ကောင်းပါတယ်။ အဖေအမေတို့ဆီကိုတော့ ဖုန်းဆက်လိုက်ပါဦးလား။ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ မောင်လေး။
mgnge said…
ဘယ်လို ပဲဖြစ်ဖြစ်ပေါ့အကိုရာ.... လူပဲ ..အခက်အခဲဆိုတာ
ရှိမှာပေါ့....။ အဆင်ပြေသွားမှာပါ...။

အကိုရေ... ညီလည်းဒီလို ပဲဖြစ်အောင် အားတင်းပြီး နေ ခဲ့ရတဲ့အချိန်တွေရှိခဲ့ တာပဲ..အကိုလည်း မှတ်မိမှာပေါ့..ညီပြော ပြ ဖူးတယ်လေ..။ ဒါပေမယ့် စိတ် ကို စိတ်နဲ့ ဖြေပေါ့အကိုရာ...။ စိတ်ညစ်စရာကြုံလာရင် အပျော်ကိုတွေး..တွေးမရ ဘူးဖြစ်နေရင်..ဘာကြောင့်စိတ် ညစ်လည်းတွေးပေါ့...။ အဖြေဆိုတာပေါ်လာမှာပါ...။
နည်းလမ်းဆိုတာထွက်လာမှာ ပါအကို...။

ရည်မှန်းချက်မပြည့်သေးသမျှတော့ .... စိတ်ကို ထိန်း ပြီး အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုး စား ပါအကိုရာ...။

Popular Posts