ဖျားနာနေတဲ့ တောင်ပံတစ်စုံ

ငါ့မှာ….. လရောင်တွေကိုသုတ်လိမ်း
မျက်ရည်များနဲ့ငြိမ်းသတ်
တဖျတ်ဖျတ် လှုပ်ခတ်နိုင်တဲ့တောင်ပံတစ်စုံရှိတယ်..


ဒီတောင်ပံတွေထဲမှာ
နာကျည်းမှုနဲ့ အရောင်ဆိုး
ဝမ်းနည်းခြင်းတွေ တန်ဆာဆင်
အလွမ်းတွေကို ရှတစွာ ထုဆစ်သက္ကရာဇ်တွေကို ဖြိုဖျက်ရင်း
ကျိုးပျက်ကွဲအက်နေတဲ့ နှလုံးသားတစ်စုံကို သဂြိုလ်ထားလေရဲ့…..။

ဒီနှလုံးသားကို တံခါးပိတ်ထားချိန်
လရောင်တွေ အရည်ပျော်
တောင်ပံတွေ မလှုပ်နိုင်ကြတဲ့
စက္ကန့် မိနစ် နာရီ နေ့ လ နှစ်တွေရဲ့
သဲ့ယူခြင်းခံနေရတဲ့ ညနေများစွာမှာ
လေးညှို့သံကိုတွေးကြောက်ရင်း
တိတ်ဆိတ်စွာ …ငိုညည်းနေခဲ့ရတယ်….။

တံလျှပ်ကရေမဖြစ်ခဲ့မို့
ရေငတ်ဝေဒနာ ရင်မှာလောင်မြိုက်
အနာဂတ်အစ ပစ္စုပန်လမ်းဆုံးမှာ
ခဲမှန်ဖူးတဲ့ ဒီတောင်ပံတစ်စုံက
ဒဏ်ရာနှလုံးသားနဲ့
လောကကို
မင်သက်စွာငေးမောတွေးတောရင်း.....

ဒီတစ်ကြိမ်လဲ ထောင်ချောက်မဖြစ်ဖို့
လမင်းကို တိတ်တဆိတ်
ဆုတောင်း ….
တမ်းတ….. ကြေကွဲ….ရင်း
ငါ................. ဖျားနာနေခဲ့တယ်….။


ဒီကဗျာလေးက (၂၀၀၁)ခုနှစ် တက္ကသိုလ်တက်နေတုန်းက သူငယ်ချင်းတွေစုပြီး ဗလာစာအုပ်မှာ အမှတ်တရ စုရေးခဲ့ဖူးတဲ့ ကဗျာလေးပါ... (ကဗျာစာအုပ်ထုတ်ဖို့ မတတ်နိုင်လို့လေ) ဒီကဗျာလေးကို တီချယ်မီကို ပေးဖတ်တော့ တီချယ်မီကပြောဖူးတယ်... အဲဒီဖျားနေတဲ့ တောင်ပံကို အမွေးနှုတ်ပြီး ကြော်စားလိုက်လေတဲ့...း) ခုတစ်လော စာရေးပျင်း အိမ်လည်ပျင်းနေပေမယ့် ကိုယ့်အမတွေ အကိုတွေရဲ့ ကဗျာကောင်းတွေ စာကောင်းတွေကိုမွှေနှောက်မိနေတယ်... အနည်ထိုင်အောင် ကြိုးစားရင်းပေါ့လေ... ကဗျာရေးကောင်းတဲ့ အမတွေရှေ့မှာ ဒီကဗျာလေးကို တင်လိုက်ရတာ အားတော့နာပါရဲ့... ဒါပေမယ့် အမကြီးတွေရဲ့ ကဗျာကောင်းကောင်း တွေကို ဖတ်နေတဲ့အချိန်မှာ ရေးထားခဲ့ဖူးတဲ့ ဒီကဗျာလေးကို သတိရသွားလို့ပါ... ခံစားချက်တစ်ချို့ ပါဝင်ခဲ့သလို ခုချိန်နဲ့ တိုက်ဆိုင်နေတာလဲပါတယ်...

ကဗျာဆရာမကြီး အမ နှစ်ယောက် လာဖတ်ရင်..... ကဗျာဆရာကြီး ... လာဖတ်ရင်တော့... ရှက်ပြုံးလေးနဲ့ သွားဖြဲပြုံးရင်း

“သားက ငယ်ပါသေးတယ်ဗျာ
”..... လို့ပဲပြန်ဖြေမှာနော်...း)

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

မြူးလေး said…
ဝေးးးး၁၁၁၁၁၁၁၁၁၁၁၁၁၁၁
taryar said…
ohh !!!!!!!!!! wait nay tar tg ma mee lite bu !! do' ka 2
mgnge said…
အမ်.. အခုချိန်မှာ ကဘယ်လို ဖြစ်နေတာလည်း
အသဲကွဲရောဂါနှင့်ဆပ်လျင်း ၍.. ပျောက်ကင်းစေသော ဆေးဝါးတော့မပေါ်သေးဘူးနော်...။


ပြောသာပြောတယ်.. တားတား လည်းငယ်သေးတယ်..။
ဘာမှတိဘူး...။
တာရာ said…
အော် လူ.ဘဝ
တယ်ခက်ပါလားနော်
မြူးလေး said…
ကိုကြီးရေးးးးးးးးးးးးးးးးး


ဒီတစ်ကြိမ်လဲ ထောင်ချောက်မဖြစ်ဖို့
လမင်းကို တိတ်တဆိတ်
ဆုတောင်း ….
တမ်းတ….. ကြေကွဲ….ရင်း
ငါ................. ဖျားနာနေခဲ့တယ်…

ဖျားနေတာကကြေကွဲလို့လား
အဲလိုဆိုလိုတာလားဟင်?????
သိဖူးနော် နားမလည်လို့

မြူးလေး
Anonymous said…
ကဗျာလေးကောင်းတယ်

အားလုံး အဆင်ပြေပါစေ
MANORHARY said…
ဒီတစ်ခါတော့နံပါတ်မြင့်မြင့်ရတယ်။း)
ကဗျာလေးက ကောင်းပါတယ်။
ငယ်လက်ရာဆိုတော့ ပိုပြိးအသက်ဝင်တာပေါ့
အင်းးးး အမွေးနှုတ်ပြီးကျော်စားလိုက်တော့လို့
ပြောတဲ့အမတော်ကိုပြန်မေးလိုက်ဦးမယ်
ကျွတ်ရဲ့လားလို့..အဟားးး..
ကျဲကျဲ said…
ကျဲကျဲ

တယ်တော်ပါလား
ကဗျာတွေဘာတွေနဲ့
လန်းနေတယ်ပေါ့
ဟဟ
ချစ်ခင်တဲ့
ကျဲကျဲ
ကိုဖိုးစိန်ရေ..ကဗျာလေးလာခံစားပါတယ်.. ဒါလည်း ရတာပဲလားး.. စွယ်စုံကိုရနေတာပဲ..း)
kiki said…
ဒီတောင်ပံတွေထဲမှာ........
ကျိုးပျက်ကွဲအက်နေတဲ့ နှလုံးသားတစ်စုံကို သဂြိုလ်ထားလေရဲ့…..။

ခုခေတ်တော့ အတော်ပါဘဲ ။
ကြံတောလဲ မရှိတော့ ..
အဲဒီ အတောင်ပံတွေထဲ သဂြိုလ်လို့ ရလည်
မဆိုးဘူး ကွ
(ရေဝေးတို့  ထိန်ပင်တို့ လို ဝေးဝေးလံလံ သွားစရာ
လိုတော့ဘုး ..)

လူတွေအားလုံး အဆင်ပြေအောင် လုပ်ပေးတာ
ကျေးဇူး တင်ဖို့ ကောင်းလိုက်တာ..

ဖွားကိ လည်း တစုံလောက် ရှာထားဦးမှ..
ဟိဟိ
ကဗျာလေး ကောင်းတယ်..
ကဗျာလေးက ကောင်းပါ၏..
ကောင်မလေး နဲ့  အဆင်ပြေတယ်ဟုတ်..
Anonymous said…
လက်ရာနုပေမယ့်
စားသားတွေက သိပ်မညုပါဘူး ...
အနေတော်လေး
ဖတ်လို့ကောင်းတယ်
သဘောကျတယ်
နောက်တစ်ခေါက်ထပ်ဖတ်ဦးမယ် ...

နေဒေးသစ်။
ကဗျာကောင်းလေး လာဖတ်သွားတယ်...
ကိုကြီးရေ....
ညီမဂျစ် အထင်တော့ ကိုကြီးအရေးအသား
က ညီမလေးတို့ထက် အများကြီးသာပါတယ်..ဗျ၊
ကိုကြီးစိန် မမ နဲ့ အဆင်ပြေပါစေနော်....

ချစ်ခင်တဲ့..........
ညီမလေးဂျစ်
သုဒြေ္န said…
ဖျားနာနေတဲ့ တောင် ပံတစုံ........ရေြး့ပီးရင်..............တက်ကြွသန်မာတောင့် တင်းတဲ့ ......ခြေထောက်တစုံ...ရေးကြည်ပါဦး......ပြောင်းပြန်ဖြစ်တဲ့ ......ခံစားမှုရသ....ကိုဖတ်ကြည့် ချင်တယ်.....ခပ်ပျော့ ပျော့ ခံစားမှုတွေ....ဖတ်ကြည့် ရင်း...ညှောင်နာနာဖြစ်လာမှာစိုးရတယ်.......ဒီလိုကဗျာမျိုးလေး....မိုးအေးအေးမှာ....စောင်လေးခြုံ...ဖတ်ရရင်တော်တော်ကောင်းမယ်....ခုတော ......့အလုပ်တက်ရလို့ .....ညှောင်နာနာဖြစ်နေတယ်............ကဗျာလေးကောင်းလိုက်တာ...တကယ်ပြောတာ..........ချစ်တဲ့ ကိုကြီး......သုဒြေ္န
မေဇင် said…
ကဗျာလေး ဖတ်လို့ကောင်းတယ်...။ ခံစားလို့ ရတယ်..။
ခံစားချက်နဲ့ရေးတဲ့ ကဗျာပဲဖြစ်ဖြစ် စာပဲဖြစ်ဖြစ် ဖတ်ကောင်းတာပါပဲ..။
...ခင်မင်သောအားဖြင့်....
Ree Noe Mann said…
သယ်ရင်းရေ
ကဗျာလေး ကို မနက်ထဲက ဖတ်ပြီးသား။
အချိန်မရလို့ ခုမှာလာမန့်ရတာ။
ကောင်းတယ်ရော။ ရေးတက်တာပဲ သယ်ရင်းက

သယ်ရင်းကို
ချစ်တဲ့
ရီနို
လက်ရှိရေးထားတဲ့ ကဗျာလို့တောင် ခံစားမိတယ်...

အဲဒါကြောင့် ငှက်ကလေးကို ပြောတာပေါ့

ငှက်ကိုတော့မပစ်ပါနဲ့
ကလေးတို့ရယ်
လေးလေး ငှက်ကျော်မကြိုက်လို့ .... လို့လေ...

မျက်ရည်နဲ့ ငြိမ်းသတ်ရလောက်အောင်
ပူလောင်တာတွေရှိနေသေးရင်
အမြန်ဆုံးငြိမ်းသတ်ပါစေ ဆုတောင်းပေးပါတယ်

ဖိုးစိန် သေမလောက် အတုံးလိုက်အတစ်လိုက်ချစ်တဲ့

ချစ်အကိုကြီး
လူတကာရဲ့ထွေးခံ
kaungkinpyar said…
ကဗျာလေး ကောင်းတယ် စိန်၊ အမထက်တော့ အများကြီးသာပါတယ်
ကဗျာလေးကောင်းတယ် သိလား...
ဖျားတာက ရိုးရိုးပဲလားးးးး
ဖလူလားးးးး
သတိထားနော်....
မငုံ said…
ကဗျာလေး ကောင်းတယ်။ မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းသွားတယ်နော့။
Mogok Thar said…
ဖျားနာနေတဲ့ တောင်ပံဆိုတော့
က်ြတုပ်ကွေး၊ ၀က်တုပ်ကွေး ကြောက်ပီး စားဘူးဗျို့။
Anonymous said…
ကောင်းတယ်ကဗျာလေး ခံစားသွားတယ်ဗျို့။
ဒါနဲ့ တောင်ပံတစုံ ဆိုတော့ ငှက်များလား ဖျားနေတယ်ဆိုတော့ ဘတ်ဖလူးများဖြစ်နေလားဗျ။ ကြိုပြောနော် နောက်ဆို မလာတော့ဘူး ကူးမှာစိုးလို့ အဟီး
khin oo may said…
ကောင်းတယ်။ ဖတ်လို့
chitpalone said…
ဝေးးးးးးးးးးးးး ဘိတ် အဟိ ဘိတ်လာလုတာ။ ကဗျာက မိုက်တယ်။ ပါးလုံးဆိုလုံးဝ မစပ်တတ်ဘူး။ အားကျမိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
WWKM said…
ဖိုးစိန်လေးက ကဗျာလည်းစပ်တတ်တာပဲ..း)
ငါ့ကိုကြီးက ကဗျာရေးလဲကောင်းတာပဲ.... :-)
ကဗျာလေးလာဖတ်သွားပါတယ်။

ခင်မင်ခြင်းနှင့်
တလနွန်
Dream said…
အဟတ်....ဖျားနာနေတော့ ဆေးသောက်ပါဆို ပေတာကိုး...ဟွန့်...

ထ...ထ... ဆေးသောက်မယ်.... နှာခေါင်းပိတ်ပီး တိုက်မယ်... :P

တားတားက အထုမှ နယ်နယ်ဖဲ ချိတေးယို့ တော်ဒေါ့ဒယ်...အဟတ်....

ကဗျာလေးက ဂွတ်တယ်....
မိုက်တယ်ဗျို့
ဒါတောင် ငယ်ပေလို့နော် :D
ဇော် said…
ဟာဂျာ ..
ကိုဂျီးကတောင် သွားဖြဲလေးနဲ့ ပြုံးပြမယ်ဆိုရင်
ကျနော်ကတော့ စားပွဲခုံအောက် ၀င်ပုံန်းတော့မှာ သိလား။ အဟီး။
ကဗျာလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်။
တစ်မျိုးလေးပဲဗျာ။
အဲ့သုံးယောက်တော့မသိဘူး။ ကျနော်ကတော့ အရမ်းကြိုက်တယ်။ ဟဲဟဲ။

Popular Posts